ကျွန်တော့်ကဗျာများရေးသားရာတွင်
ရေးသားထားသော အရာများ
လူသား ဘာသာဘာဝ တွင်ကျယ်မှုများ
လူနေမှုအခက်အခဲများ
လူမနေမှု အခက်အခဲများ
စသည်ဖြင့် . .
ကျွန်တော့်ကဗျာများရေးသားကြ
ကျွန်တော့်ကဗျာများရေးသားရာ
ဟိုလူ့ အသုံးအနှုန်းနည်းနည်း
ဟိုလူ့ အသုံးအဖြုန်းနည်းနည်း
ဟိုလူ့ အတုံးအရုံးနည်းနည်း
ဟိုလူ့ အရှုံးအမုန်းနည်းနည်း
ဒီလို ဒီလို
ကျွန်တော့်ကဗျာများရေးသားရာ
ရန်ကုန်မီးစက်များအကြောင်းက
ပထွေးနှိပ်စက်လို့ ပါဆိုတဲ့ ကေတီဗွီ ကကောင်မလေးက ဒီလို
အဆင်မပြေလို့ပါဆိုတဲ့ နိုက်ကလပ်က ကောင်မလေးလည်း ဒီလို
လူအိုရုံမရောက်နိုင်တဲ့ လမ်းဘေးက သူတောင်းစား အိုအိုကြီးတွေလည်းဒီလို
ဘတ်စ်ကားများအကြောင်းက ဒီလို
ပိုက်ဆံ အကြွေများအကြောင်းကလည်း ဒီလို
ကျွန်တော့်ကဗျာများရေးသားရာ
စမ်းချောင်းသားများ
တာမွေသားများ
အလင်းဆိုင်များ
စီးကရက်တိုများ
စာရွက်တိုများ
အိမ်များ
နောက်ကျောမှ ဓားရာများ
အရိပ်သုံးပါး
လူ့ကျင့်ဝတ်များ
ဓါတ်ကြီးလေးပါး နှင့်မပြေလည်ခြင်းများ
ကျွန်တော့်ကဗျာများရေးသားရာ
ပတ်ဝန်းကျင်အခြေအနေဆိုးဝါြး
စားဝတ်နေရေး မပြေလည်ခြင်း
ရေရှားပါးခြင်း
မီးရှားပါးခြင်း
အချို့အချို့ ကြောင့်
သူတို့ က ကျွန်တော့်ကဗျာရေးသားရာတွင်
ဒီလိုဖတ်ကြတယ်
ဒီလိုဖျက်ကြတယ်
ပြီးတော့ ဒီလို နှပ်ကြတယ်
ပြီးတော့ ဒီလို နှပ်ချတယ်
အရာရာ အဆင်မပြေတာကလွဲရင် အရာရာအဆင်ပြေတယ်ဆိုတာ
ကျွန်တော့်ကဗျာရေးသားရာတွင်
တစ်ခါတစ်ခါ ဖတ်ရေး
တစ်ခါတစ်ခါ ကျက်ရေး
တစ်ခါတစ်ခါ မှတ်ရေး
တစ်ခါတစ်ခါ ရပ်ရေး
တစ်ခါတစ်ခါ ဖျက်ရေး
တစ်ခါတစ်ခါ ရေးပြီးရပ်မရ
တစ်ခါတစ်ခါ ရေးပြီး ဖတ်မရ
တစ်ခါတစ်ခါ ရေးပြီး မှတ်မရ
တစ်ခါတစ်ခါ ရေးပြီး ဖတ်မရ
အဲဒီတော့
ကျွန်တော့ကဗျာများရေးသားရာတ
မောင်မိုးချို
ဥစ္စာစောင့်
ဘယ်လို ငရဲ မျိုး လဲ ။
အဲ့ ဒီ နံပါတ် ၈ ကို ပဲ ရူး နေ ရ ။
ဘယ် ဘ ၀ မှာ မှ ကျွတ် မှာ တဲ့ ။
ငါ့ မှာ
ဘယ် ကမ္ဘာ တိုင်အောင် လွမ်း ရ တယ် ။
လှမ်းပြီးခေါ်ရုံနဲ့ ငါကိုယ်ငါ မေ့ချင်သလိုလို ဖြစ်ပြတဲ့ အခါ
ငါးပွက်ရာ ငါးစာချ
ငါ့ဘ၀က ကြယ်တွေလည်း ခပ်ဟဟ မပွင့်ဘူး။
ကဲ …
ပြော “မိကြယ်စင်”
ငါ့ရေသောက်မြစ်မှာ ဓါးထစ်ထားတာ ဘယ်သူများလည်း။
ဟိုးရှေးရှေးတုန်းက
ဒုက္ခဆိုတဲ့ ထော့ကျိုးငနဲ ခရီးတွေကို
အမြဲ အမြဲ သွားတယ်တဲ့လား။
သွားစမ်းပါ။
မေ့လို့မရတဲ့ည “သွား”
ငါ့ ဘ ၀ က တစ်ခါနှစ်ခါ သုံးလေးခါ
ပြာပြာပြာ ခါခါ ကျချတယ်တဲ့ ဗျာ။
နေပေရော့ “မိကြယ်စင်”
ခုနှစ်ထပ်ဖွင့်ထားတဲ့ ကြာပွင့်မှာ နင်မတင့်တယ်ဘူး။
နင့်အဆင့်နဲ့ နင် ကောင်းကင်မှာနေ
ငါစေရင်လည်း နင်မကြွေလာပါဘူး ….. ။
ရှိပါစေတော့ကွာ …
တောထွက်ရာ အရပ်မျက်နှာမှာ
အရှေ့သံအနောက်သံ
ကြာသပတေးနံ မပါတဲ့ ကြာသပတေးမ
ငါ ခဏက ဟာကနဲ ကွာကျသွားပုံများ
မတွေ့ရက် မမြင်ရက် နင်သိပ်ရက်စက်တယ်တဲ့ ။
ဒီစကား နှုတ်ထွက်များရင်
ငါ့ လျှာကိုဖြတ်။
အရပ်ရပ်မှာ ပူဇော်ပသ တွေးလို့ မရစေနဲ့။
ခူးပြီး ခပ်ပြီးသားမှာ ငါ့ထမင်းဟင်းတွေ
မကြာမကြာ ၀င်ဆို့ထွက်ဆို့
….. ….. ….. ….. ….. ….. ။
ပြီးပါပြီ ဆိုမှတော့ …..
ပြောနေလည်း မထူးဘူး
လိုသလိုရူးပစ်ပေးပြီးရင်
ဒါပဲကောင်းပါတယ်လေ …..။
ကျောလေးခိုင်းရုံနဲ့
လုံလုံ လောက်လောက် ဝေး ..... ….. ….. … ..။
တွေးတွေးပြီး သေနေပါရစေလား
မှားစရာတွေ ထား
မှားပြီးရင် ခါး … တဟားဟားရယ်
သွေးလွန် ဓါးနက်နက်မှာ
တစ်ရက်ခစား အသွားပျောက် စာချွန်နဲ့
သွားတုတွေချွတ် .. ဟုတ်ပါတယ်
အဆွယ်ဆိုတဲ့ နိယာမနဲ့ နင်က ဂုတ်ချိုးစားခဲ့တာ ။
ငါလေ အပြစ်တွေ လျှော်ထုတ်
အလုပ်ဟုတ်ဟုတ်မဟုတ်ဟုတ်
“မိကြယ်စင်” သာ … ဘ၀ရဲ့
ပန်းတစ်ပုဒ် ဖြစ်စေ ရှိစေ တည်စေ ချင်ရဲ့။
အသက်တစ်သက်ထွက်ပြီးခါစ
နောက်တစ်သက် မ၀င်ခါနီး
နေမြင်ရင် ရေစွတ် … ငါ့ ထွက်လုနီး
ခန်းခြောက်မှုနဲ့ ….. ….. ….. ….. …..။
တစ်မျှော်တစ်ခေါ်လည်း လွမ်းပါတယ်ကွယ်။
“မိကြယ်စင်” ရေ …. …..
နင့် နံနက်ခင်းမရောက်ခင် အသက်စွန့် ကြိုးပမ်း
ရာဇ၀င်တင်မဲ့ နေ့ဆိုတာလည်း
ရာဇ၀င်တင်မဲ့ နေ့ပဲဆိုပါတော့ … .. ……. ။
ဟူး ကနဲ သက်မချ ….. ပြီး … သက်ထီးချ။
ထီးချ … ဦးထုပ်ချ ..
ကဲဆို .. ခဏခဏ
ရထားစီးတဲ့ ည။
သွားဆိုလည်း သွားပါ့မယ် “မိကြယ်စင်” ရယ်
မရောက်ခင် ပေါက်တဲ့ ဖိနပ်
ငါ့ တစ်သက်နဲ့ ငါ့ တစ်ကိုယ်ပဲ
ဝဲ ….. ၀ဲ ….. လည် ….. လည်
တစ်ခါနဲ့ တစ်ခါ မပြောဖူး ဖြစ်ခဲ့တဲ့စကား
တစ်ဟားဟား ရယ်သွမ်းဖြစ်တဲ့ ည
ဟ တ တ နဲ့
တစ်ခါက အခါခါ
တစ်လွှာပြီး တစ်လွှာ ….
ဘ၀ ရယ် … ဟာ ဆိုပြီး မဟာပါနဲ့ ကွယ်
“မိကြယ်စင်” ….. …..
နင် ပြန်ရာလမ်းမှာ
အခန်း ဘယ်နှစ်ရွက်စာ လွင့်ကျော်ဖြတ်ရွေ့
အဲဒါ ….. …..
နေ့ဆိုလည်း နေ့ပေါ့ ။
မပြောဝံ့ ….. မနာသာ
နင် ဆိုတာ ငါ ခါးရာလမ်း …..။
ခရမ်းတော ပန်းမှာ နင်မပွင့်လည်း
လမ်းနဲ့ ကမ်းမှာ နှင်းတလွင့်လွင့် ဟောဆိုရင် ပွင့်
“မိကြယ်စင်” ရယ်
ဒီနာမည်ကို ထပ်မခေါ်ဘဲ ငါရေတစ်ခွက်လောက်
အရင်သောက်
ဒါလည်း အမော မပြေခဲ့ပါဘူးလေ။
ငါက ….. ….. ….. …..
ဟိုးဟိုး ရှေ့ရှေးတုန်းက ငါပါပဲလေ ….. ။
“ ညအနီ ”
ကောင်းကင်ကို မော့ကြည့်ပြီး
လက်ညှိုးလေးတစ်ချက် “ ကွေး ” ချ လိုက်တယ်
ကြယ် တွေ ကြွေ လာ စမ်း
ရုပ်သေး
ဆုတောင်းကြမ်းသူများ
( ၁ )
ငါ က တော့ ငါ့ ထီး ကို
ရ မု ကွန် ထ ရိုး နဲ့ ပဲ ဖွင့် ဆောင် တယ်
ငါ့ ကိုယ် ငါ မိုး ဖို့
ငါ့ ကိုယ် ငါ မှောင် ပစ် ရ တယ်
ဟော ..
ပြော ရင်း ဆို ရင်း
ငါ့ ထီး ဟာ အဖုံး ပွင့် သွား ခဲ့ ရ
ငါ့ ဆု တောင်း ပုံ က
ငါ့ ကို ငါ ငရဲ အ ကြီး ကြီး ကျ စေ ခဲ့ တယ် ။ ။
ရုပ်သေး
ဆုတောင်းကြမ်းသူများ
( ၂ )
မင်း ရှိ ပါ လေ စ
မျှော် လို့ တောင် မ ဆုံး သေး ဘူး
ပန်း တွေ
ဘယ် ပုံ ဘယ် နည်း ပွင့် ခဲ့ လဲ မ သိ ရ
မင်း ရှိ ပါ လေ စ
မျှော် လို့ တောင် မ ဆုံး သေး ဘူး
လမ်း တွေ
ဘယ် ပုံ ဘယ် နည်း မာ နေ ခဲ့ ရ
ဘယ် ပုံ ဘယ် နည်း မှောင် နေ ခဲ့ ရ ။ ။
ရုပ်သေး
အပိုင်းအစတွေကို ပြန်ကောက် ။
တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ။
အိပ်မက်တွေ ၊ အိပ်မက်တွေ ။
ကြယ်တွေ ၊ ကြယ်တွေ ။
မိုးစက်တွေ ၊ မိုးစက်တွေ ။
တိမ်တွေ ၊ တိမ်တွေ ။
ဘာတွေလဲ ၊ ဘာတွေလဲ ။
ဘာတွေ့ လဲ ၊ ဘာတွေ့ လဲ ။
ခရမ်းနုရောင် ၊ ဇာဘော်လီ ။
ခရမ်းနုရောင် ၊ ဆေးလိပ်ငွေ့  ။
ခရမ်းနုရောင် ၊ ရေသန့်ဘူး ။
ခရမ်းနုရောင် ၊ အဲကွန်းလေ သန့်သန့် ။
မြင်သမျှ ၊ ခရမ်းရောင် ၊ ခရမ်းနုရောင်တွေ ။
တိမ်တွေ ၊ တိမ်တွေ ။
မိုးစက်တွေ ၊ မိုးစက်တွေ ။
ကြယ်တွေ ၊ ကြယ်တွေ ။
အိပ်မက်တွေ ၊ အိပ်မက်တွေ ။
မြင်မြင်သမျှ ၊ ခရမ်းရောင်တွေ ။
ဒီနေ့ ၊ ဒီလို ဖြစ်ရမယ် ။
ဖြစ်ကိုဖြစ်ရမယ်လို့ ပညတ်ပြီးပြီ ဆိုတော့လည်း ။
ဒီလိုပဲ ဖြစ်ကြရတော့မှာပေါ့ ။
ကုတင်ဘေးက မျက်မှန်တစ်လက် ။
ဒါက သူမပေါ့ ။
အင်္ကျီဖြူပေါ်က သွေးစွန်းကွက် ။
ဒါက သူမပေါ့ ။
အိုက်စ်ဘယ်ရီက ကော်ဖီခွက် ။
ဒါက သူမပေါ့ ။
ပုသိမ်မြို့ က လူမသိ သူမသိ အနမ်းတစ်ပွင့် ။
ဒါက သူမပေါ့ ။
ဒါတွေ အားလုံးက သူမ ဖြစ်တယ် ။
ဒါ့အပြင် ၊ မန်းမြို့ ရိုးပေါ်မှာ ပွင့်တဲ့ပန်းကလည်း
သူမဖြစ်ကြောင်း ၊ သူမကို ပြောမပြမိခဲ့ ။
....... အ နမ်း ........... တိမ် ...............................
....... အိပ် မက် ......... ကြယ် .............................
............................ ပန်း ...... သွေး .... ကွက် ......
............................. မိုး ........ စက် .................
................................................................
...... ကော် ဖီ ..... မျက်မှန် ....... ခွက် ....................
အားလုံး တစ်စစီ ဆွဲစုတ် ။
တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ..... ။
ဆူးခက်မင်း
18.4.2010
လူ ပီသသော လူ
ငါသည်သာ ကြွက်တစ်ကောင်ဖြစ်၍
ငါသည်သာ တစ်ကောင်ကြွက်ဖြစ်ကြောင်း ။
ဖြစ်ကြောင်းကုန်စင် ရှင်းပြရရင်
အကုန် ဆင်တူယိုးမှားတွေချည်း ။
အမှားရိုးရိုးလေးက ရိုးရိုးသားသားလေး
မှားခဲ့ကြောင်း ။ ပုဒ်မနံပတ် တပ်မရတဲ့
ပြစ်မှု ၊ ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း ။
လွန်လွန်ကျူးကျူး ၊ ကျိုးကျိုးနွံနွံ ။
ခင်ဗျားရှေ့ ၊ ကျုပ် ထွန်ကျူးလိုက်တယ် ။
လမ်းလို့ သတ်မှတ်ထားတဲ့ လမ်းကို
လျှောက်ဖို့ ။ လူရှေ့သူရှေ့ အော်ကြီးဟစ်ကျယ်
စကားမပြောဖို့ ။ မိန်းမတစ်ယောက်ဟာ
မိန်းမကျင့် ၊ မိန်းမကြံနဲ့
မိန်းမလိုသာ နေဖို့ ။
Black Day အကြောင်း ပြန်မတွေးမိဖို့ ။
ဖို့ ၊ ဖို့ ၊ ဖို့ ၊ ဖို့ ၊ .................. ။
မြေဆွေးတွေ နည်းနည်းထပ်ဖို့ ။
ပေါင်ဒါတွေ နည်းနည်းထပ်ဖို့ ။
ခင်ဗျားအပြစ်တွေ ဖုံးဖို့ ၊ ဖိဖို့ ။
လူဆိုတာကတော့ ၊ လူပါပဲ ။
` ဠူ ´ ဟု စာလုံးပေါင်းလိုက်သဖြင့်
အမြင်ခန့်သွားသည်မှ တစ်ပါး
ကြီးကျယ်ခမ်းနားသော လူ ဖြစ်မသွားနိုင် ဟု
လမ်းဘေးအုတ်ခုံတွင် ၊ ကွမ်းဝါးရင်း
သေးငယ်သိမ်နုပ်စွာ တွေးမိ ။
ရှင်မဟာရဌသာရ မဟုတ်လို့ ၊ ခရီးသွားတောလား
မရေးနိုင်သလို ။ ကိုညီထွဋ် မဟုတ်လို့
ခရီးသွားမီးခိုးတန်းများ မဆိုနိုင်ဘူး ။
ခရီးသွားမယ် ။ ခရီးသွားမယ် ။
ရထားနဲ့ ၊ ကားနဲ့ ၊ သဘောင်္နဲ့ ၊ လေယာဉ်ပျံနဲ့ ။
အဖေနဲ့ ၊ ဘော်ဒါနဲ့ ၊ ကောင်မလေးနဲ့ ၊ ဟိုဟာနဲ့ ၊ ဒီဟာနဲ့ ။
ဟိုပစ္စည်းနဲ့ ၊ ဒီပစ္စည်းနဲ့ ၊ ဟိုအင်္ကျီနဲ့ ၊ ဒီအင်္ကျီနဲ့ ။
လက်မှတ်လေး တစ်ချက်လောက် ။
လက်ပတ်စော် နံတယ် ။
ဟိုဘက် နည်းနည်း တိုးပေးပါ ။
စကားသံ နည်းနည်း တိုးပေးပါ ။
အတိုးပေးပါလို့ ပြောထားတာ ကြာပြီ ။
အတို့ အထိတွေ ထပ်မလုပ်ပါနဲ့ ။
ခုထိ လမ်းမဆုံးသေးဘူး ။
ခုထိ ခရီးမဆုံးသေးဘူး ။
ဒီခရီးကို ဒီလမ်းက သွားရင် ဒီနေရာ ရောက်မယ် ။
သေချာတာပေါ့ ၊ သေချာတာပေါ့ ။
ရေဘူးနဲ့ ထီး မပါ ၊ နွေအခါမှ သိ ။
နွေနာရင် ဘယ်ဆေးလိမ်းရလဲ ။
မသေပါနဲ့ဦး ၊ ငွေဆိုတာ မသေခင်သုံးရတာ ။
လူလိုသူလို ၊ လူအထင်ကြီးခံရဖို့ ။
ငွေဆိုတာ မသေခင် ဖြုန်းရတာ ။
ဆူးခက်မင်း
15.4.2010
အနက်ရောင်စကားလုံးများရဲ့  အနက်ရောင်ည
ကျွန်တော်၏ အသက်ရှူလမ်းကြောင်းစနစ်
ချို့  ယွင်း နေ ပါ သ ဖြင့် .. ၊
သူမ အသံကို မကြားနိုင်ခဲ့ပါ ။
သွေးလွှတ်ကြောတလျှောက် စီးဆင်းနေသော
သွေးလည်ပတ်မှုဆိုင်ရာ ဘာသာဗေဒ
မသိလိုက် ၊ မသိမိခင်မှာပဲ ။
ဆေးလိပ်သောက်ခြင်းနှင့် အသည်းကွဲခြင်းသည်
ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် ။
လိပ်ပြာတစ်ကောင် ၏ အတ္ထုပတ္တိကို
ဖတ်ရှုရန် ကြိုးစားနေပါသဖြင့် ၊
မိမိ၏ အတ္ထုပတ္တိကို ကိုယ်တိုင် မပြုစုနိုင်ခြင်း ။
ထိုမှန်ချပ်ရှေ့တွင် ရပ်ပြီး
“ အိုးပန်း ဆက်ဆမီ ” ဟု ၊ သုံးကြိမ် အော်
လိုက်ရုံမျှဖြင့် ၊ ဘယ်ညာလွဲခြင်း
ပျောက်မသွားနိုင်ကြောင်း
ထိုမှန်ရှေ့တွင် ရပ်လိုက်ချိန်မှစ၍
သိလိုက်ရ ။
“ တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ......... ”
အမှောင်ထုထဲမှာ နေရတာ ၊ ပို မှောင် တယ် ။
အဲသည့်ညက သူ့ထုံးစံအတိုင်း မှောင်တယ် ။
ညကို ညလို မြင်ရဖို့ ၊ သူငယ်အိမ်ကို
ဖောက် ပစ် လိုက် တယ် ။
တ ရွေ့  ရွေ့  ၊ တ ရွေ့  ရွေ့ 
စမ်း တ ၀ါး ၀ါး ။
မမြင်တော့မှ အမှောင်ဆိုတာကို
နှစ်ခြိုက်မိကြောင်း ၊ လက်လွတ်စပယ် လက်ခံလိုက်ရ ။
ဓားတစ်ချောင်းရဲ့  အဆုံးစွန်ထိ ထက်နိုင်စွမ်းက
ငါ့ လည်မြိုကို လာ ထောက် ။
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ ရာသီဥတုက
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ မိန်းမပျက်တစ်ယောက်လို
ဆံပင် ဖရိုဖရဲ ၊ ရွံစရာ နှုတ်ခမ်းတွေနဲ့
ပြု စား တယ် ။
မလာနဲ့ ၊ မလာနဲ့ ။
ဒီအတိုင်းလေး မှောင်နေရတာ ပိုကောင်းပါတယ် ။
ဒီ အ တိုင်း လေး ပဲ
မှောင် နေ ရ တာ ပို ကောင်း ပါ တယ် ။
ဆူးခက်မင်း ( http://sue-khat-min.myanmarbloggers.org )
10.4.2010
ကဗျာထဲက စကားလုံးတွေကို
တစ်မျိုးခြင်းဆီ တိုက်ချွတ်ခွဲခြားလိုက်ပါတယ်
ကောင်မလေးတစ်ယောက် ငွေအိပ်မက် မက်တဲ့
တနင်္လာနံဒေါင့်မှာ ဘာသီလမှ မလုံဘူး
နောက် အိုးတစ်လုံးထဲက ကဗျာလုံးတွေ တန်းစီပြီး
ထိုးချလိုက်တယ် ။
မြေကြီးကို စိုက်ပစ်ရင်
ခြေမ ကို ထိမယ်
တစ်
နှစ်
သုံး
လေး
ငါး
ဘယ်နေရာမှာမှ သူ့မ အကြောင်းမလွတ်ဘူး
မကျွတ်ဘူး
စီထားပါလိုက်ပါဆိုလို့ စီထားလိုက်တယ်
နံရံ ကို မော့မော့ကြည့်ပြီး
ဘုရားစာရွတ်တယ်
ဘုရားဘုရားဘုရား
အံတင်းကြိတ်မိလိုက်ရာက စ တာပဲ
လူ တစ် ယောက် ကို သတ် ချင် ရင်
အ ရင် ဆုံး လက် ညိုး လေး ကွေး တတ် ဖို့
ဆယ် နှစ် ဆယ် နှစ် … ။
ငါတို့ ကမ္ဘာဆုံးရင် ကမ္ဘာတစ်ဖက်ခြားမှာတွေ့ကြမယ်
ဘုရား ဘုရား ဘုရား
ခုထိ စီထားတုန်း
တိုက်ချွတ်ဆေးကြောတုန်း
ကမ္ဘာပေါ်မှာ နင် နဲ့ ငါ နှစ်ယောက်ပဲ ရှိတော့တယ်
ဘာကို ရှက်နေဦးမှာလဲ .. ( ဆိုတော့ )
လက်ငါးချောင်းထောင်ပြတယ် ။
“ခဗျား စိတ် နဲ့ ကျုပ် လည်း ခု ထိ ကံ မ ကုန် သေး ဘူး”
ငါလဲ ပြုံးနေနိုင်တာပဲပေါ့
အဲ့သလို မျက်နှာပေါ်မှာ
မရှက်ပြုံးတင်ပြီး
ခဗျားလေးလဲ ရှေ့ကသွား
ဘာကို ရှက်နေဦးမှာလဲ
ဤ ပန်းသီးလဲ ချိုပါတယ် .. ။
ရုပ်သေး
အကြွေး ဇာတ်ကား ဇာတ်ဝင်ခန်းမှ >>>
အ ရင် ဆုံး လက် ညိုး လေး ကွေး တတ် ဖို့
ဆယ် နှစ် ဆယ် နှစ် … ။
ပိတောက်တွေနဲ့ ရင်ပြည့်နေတဲ့ မြို့ (ခ)
ရာသီတစ်ဒါဇင်လောက်မေ့ထားပြီးမှ
ပြင်းရှရှဂီတသံနောက်မှာ စံပယ်ရုံနဘေးနားက
အနမ်းဘူတာအိုကြီးသိတယ် ။
လိမ်လည်မှုနဲ့ ရေမစိုခဲ့တဲ့ အတိတ်ကို
အနှေးပြကွက်နဲ့ ငါပြန်ရှာတွေ့တယ် ။
စိတ်ကူးထဲမှာကြယ်တွေကြွေတိုင်း
ပိတောက်မြို့က ပိတောက်မြို့ကို
အဖြေပေးလိုက်ပြီ
ငါ့ Evangeline ကလေးရေ …. ။
တစ်ယောက်ကို တစ်ယောက်
အလင်းမြဆုံးပွင့်လင်းနီမြန်
ဒါကို ပိတောက်လထဲက
ငါ့မွေးနေ့အိုကလေးအသိ .. ။
မြို့ကလေးရဲ့ ပိတောက်ဂီတကို
ရနံ့စားသုံးသူငါက
ဘယ်လိုမှခံစားလို့မရတော့ဘူး
သက်တံ့တိမ်တိုက်တွေရေ ….
နွေဦးလွင်ပြင်ကို ဆင်တူရိုးမှားမလုပ်ကြပါနဲ့ …
ဗိုလ်အောင်ကျော်လမ်းက
ပိတောက်ပင်တွေ ငိုကြလိမ့်မယ် … ။
ဧပရယ်အကြမ်းဆုံးညမှာ
ငါချုပ်ပေးခဲ့တဲ့ voodoo အရုပ်ကလေး
နင်သတ်ပစ်လိုက်ပြီလား … ။
ပိတောက်ပင်အောက်မှာ မြို့ကလေးနဲ့အတူ
စာမျက်နှာ ၂၉ကို ငါမြှုပ်ပေးခဲ့ပါ့မယ် … ။
အချစ်ဆိုတဲ့အမည်နာမတစ်ခုကို
ငါမကိုးကွယ်လိုတော့ဘူး
သံယောဇဉ် ပိတောက်သတ်တဲ့လမှာ
ငါ့နှလုံးသားကို
သင်္ကြန်အသစ်ကျတ်ချွတ်ကျပါရစေ
nelay
အချစ်အကြောင်း
သေနတ်ပြောင်းဝမှာ
ကိုယ့်နားထင် ကိုယ်ထားပြီး
တေ့ပစ်လိုက်ရသလို ၊
မီးခိုးတွေလဲ အူ လို့ ။
ဂြိုလ်စီး ဂြိုလ်နင်း မကောင်းရင်
မုဆိုး နဲ့ သားကောင် တစ်လှည့်စီ ဖြစ် ။
ကိုယ့်နက္ခတ်ကိုယ် မှန်အောင် ကြည့် တတ် ဖို့ လို တယ် ။
ညီစိမ်း
လေးထောင့်ဘီး
လူကိုယ်တိုင်တွေ့ နေရတာတောင် ဓါတ်ပုံထုတ် လွမ်းနေသေးတယ်
အဲဒီလူတွေပဲ နိုင်ငံတော်သီချင်းကို မဆိုတတ်တာ
တချိန်တခါ မှားမိပါပေါ့
မြေကဖြာတဲ့ မိုးလို
စကားလုံးကိုဖွာ ရွာ မုန်တိုင်းသီး
မှား ဦးထုပ်တစ်လုံးကို ခေါင်းနှစ်လုံးဝင်ဆောင်းတဲ့ အမှား
ရုန်းရင်း ရုန်းရင်းနဲ့  ဆန်အိုးကို ခတ်
လူးလွန့် ပန်းကန်ထဲ စိတ်ဓါတ်စုတ်ပဲ့ စိတ်ဓါတ်တွေ
ပေးပါတယ်ဆို ယူသွား ကာမဂုဏ်
ပြေးပါဦးမယ် လွမ်းပန်းရောင်စုံ
စိတ်မှာ ပွင့် ၊ စိတ်ကို ဖွင့်
မှန်ကို မှန်လို တော်တော်ကြည့်တတ်လာပြီ
လမ်းပေါ် လမ်းကို လမ်းလို မလျှောက်နိုင်တော့
ပတ်ပတ်လည်
လှည့်ပတ်ကြည့်
လည်ပတ်နေတဲ့အိမ်များ တွေ့ မလား
ငါ့တို့ ရွာမှာ ၁၂ နာရီထိုးခါနီးတိုင်း ၀ိုင်းအုံကြည့်ကြတဲ့ TV တစ်လုံး
တောင်းလို့  ရပြီးတော့ ဘယ် သူတောင်းစားက ကျေးဇူးတင်စကား ပြောသွားလဲ?
ဆံပင် အရမ်းမသပ်ပါနဲ့ 
ဈေးကွက်စီးပွါးရေးစနစ်ထဲ ပါးကွက်ကြားတွေ့ ရင် ပစ်
တောက်
တက်ခေါက်တဲ့ အသံလား ၊ တပ်ခေါက်တဲ့ အသံလား
သံ ပါလို့  တူမလိုဘူး ၊ နားမှာ ဆူးတယ်
ပြန်လာပါလို့  မခေါ်ချင်ဘူး
အတောင်တော် ဖုန်ကပ်နေကြောင်း သံတော်ဦးတင်
မျက်မှောင်ကုတ်
ယားလို့ တော့ မဟုတ်ဘူး ၊ သွားဖို့ မရှိဘူး
ဖိနပ်က ပါးပါးလေး ၊ သားသားလေး မွေးပြီ
မွှေးပြီ မီးခိုးအူ
အခွေလိုက်ကြီး ပူတယ်
ရေဆူရင် ချလိုက်တော့
ထမင်းတလုတ်အတွက် တကိုယ်လုံးကွေးကုတ်
ဘီးလုပ်ပြီး လိမ့် ရတာ
ချောက်ထဲမှာ လေးထောင့်အ၀ိုင်းကြီး ရပ်နေတယ်
ခြေထောက်ပါလို့  ဖြစ်မှာပေါ့
တောင်ဖောက်ရမလို ၊ ထောင်ဖောက်ရမလို
တိုင်ကို ပတ်ပြေးဆော့နေတဲ့ ကလေးငယ်တွေကို ကြည့်ရင်း
စိတ်က ပြုံးချင်ပေမယ့် နှုတ်ခမ်းက ကွေးတက်မလာတော့
လူက ကြီးနေသလို ၊ လူက သေးလာသလို
ချိုင့်ထဲ ဆင်းပြေးရမလို ၊ တိမ်ပေါ် တက်က ရမလို
ရင်ဘတ်က လွမ်းသလို ၊ စိတ်က တမ်းသလို
ဝိုးတ၀ါးစာလေးလောက် လှမ်းချင်လာသလို
အရှိန်မပြေသေးသလို ၊ ကုန်းဆင်းနေချင်သေးသလို
လက်တဖျားခါရုံနဲ့  ဒေါ်လာ ၃၀၀၀ လောက်ရရင်
ကဗျာရေးသလိုလိုနဲ့  ကဗျာရေးလိုက်ရရင်
၁၉၈၅ ကျွန်တော်မမွေးခင်က ကျွန်တော်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့
ကဗျာတစ်ပုဒ်လောက် ရွတ်ခွင့်ရရင်
မနက်ဖြန် ထီထိုးခွင့်ရရင်
ပရိက္ခရာဆယ်ပါးနဲ့  ဆိတ်ငြိမ်ရာကို စိတ်ထင်သလို ရှာခွင့်ရရင်
အထုတ်ကူထမ်းပေးချင်လာသလို ၊ နောက်တခါသေဖို့ ပျဉ်ဖိုးထပ်ရှာချင်လာသလို
ဟုတ်မလိုလိုနဲ့  ဆက်မလုပ်ဖြစ်တဲ့ အရာတွေ တခေါက်ပြန်ဖတ်
ပြေးထွက်ချင်လာသလို ၊ ပြေးကပ်ချင်လာသလို
စေတသိတ်ခွက်ချင် မမှန်သလို ၊ မြွေအဆိပ်လေး တက်ချင်လာသလို
သလို ၊ လိုလိုနဲ့  ထိုထိုပြောင်းဖူးဖုတ်များအား ကြောင်ရေချိုးပေး
ဆွေးမြေ့ ယိုဖိတ် ငိုချင်သလို ၊ Disco ရွ ထချင်နေသလို
ဆက်သွယ်မှုတွေ ရပ်တန့် ချင်သလို ၊ ပွေ့ ဖက်သွယ်ယှက် စီးမျောချင်သလို
အဖေတစ်ယောက်တည်း စီးပွါးရှာတဲ့ အဖေ့ ခေတ်ကို လွမ်းချင်လာသလိုလို
တမိသားစုလုံး ထိုင်စီးလို့ ရနေပြီဆိုတဲ့ ယခုခေတ်ဘတ်စ်ကားတွေကို ဆဲချင်လာသလိုလို
ဂလို ဂလို ဤတေးသံစုံစွာဖြင့်
ကျေးဇူးပြုပြီး ရောင်းရင်းချင်း လက်သည်းဝှက်ထိုးကြပါ ဆိုသော
လက်ဖေ့ရည်ဆိုင်ထဲက မစ္ဆိရိယကျားအော်သံတွေ နားမဆံ့
ရရင်တွေ တမ်းတလို့  ရတဲ့ယာဉ်ပေါ် ပြေးတက်လို့ 
တနေ့ လုပ် တလစား အိပ်မက်ထဲက ၂၀၁၀ သူကြီးသား
! မရိုက်မိတာ နာတယ်ကွာ !
ကွဲမသွားတာပဲ ကျေးဇူးတင်
တနေ့ တာ ညဥ့်နီ ထီးဖြူဆောင်း
ခြင်ကိုက်တောထဲ ခွေးအူသံ ကိုယ်ရံတော်လုပ်
မင်းတရားကြီး ပြန်လည် ကြွချီတော်မှုမယ်
....အူ....
အတောင်တော် ဖုန်ကပ်နေကြောင်း သံတော်ဦး ထပ်တင်
...............
...............
...............
ဟောင်တန်းယာဉ်အခန်းဝ
ဘော်လီကြိုးတန်းပေါ်က ဟောက်သံတွေ
နေထွက်မလား ရပ်စောင့်နေတယ်?
...............
...............
...............
တချိန်တခါ မှားမိပါပေါ့
သေမှ ငိုတဲ့ အမျိုးလို
ခြံရှေ့ မှာ တိုးတိုးလေး အော်ဆဲသွားတယ်
နေမထွက်သေးတဲ့ သံသရာမှာ
ခြေ ထောက် ပါ လို့  ….. ..… …..
အနော်မာ
၂၇.၃.၂၀၁၀
( မနက် ၃နာရီ ၃၉ မိနစ် )
ည ……. ရူး ခြင်း ( ၂ )
ည က ည အတိုင်း လင်း နေ ။
ဘာ ပ ယာ ဂ မှ မ ပါ ပဲ
ဝင် သက် ထွက် သက် နဲ့ မှန် မှန် လင်း တယ် ။
ကောင်း ကင် မ ရှိ ၊ ကြယ် မ ရှိ နဲ့
တိတ် တိတ် လေး လင်း တဲ့ ည ။
နာ ရီ မ လို တဲ့ ည ။
မျက် လုံး နက် နက် တွေ နဲ့ ကြည့် ပြီး
ငါ့ ကို ချောင် ပိတ် တဲ့ ည ။
အ မှောင် ထဲ ကို တ ရိ ရိ နဲ့ ဆွဲ ခေါ် ပြီး
ငါ့ ကို လွှတ် ချ ထား ခဲ့ တဲ့ ည ။
နာ ရီ မ ကြည့် ဖြစ် တဲ့ ည ။
ခေါင် ရမ်း ပန်း ကို ပန် ထား တဲ့
ခ ရမ်း ရောင် တောက် တောက် ည ။
ည ဟာ
ည ဖြစ် ကြောင်း သေ ချာ ဖို့
ကိုယ့် ကို ကိုယ် ထွန်း လိုက် ရ ။
ဒီ ည ထဲ မှာ
ဘာ ရ နံ့ မှ
ပါ မ လာ ဘူး ။
ဘာ သက် တန့် မှ
ပေါ် မ လာ ဘူး ။
ကိုယ် တိုင် ကိုယ် ကျ လင်း တဲ့ ည မို့
ည က ည အတိုင်း လှ တယ် ။
ညီစိမ်း
ဆူးလေမှာ လမ်းကူးရတာ အလုပ်ရှုပ်တယ်
ရေးသက် ၁၀ နှစ်မှာ
တစ်ပုဒ်မှ ဓါးချက်လှံသံမပါလို့
ဆူညံပူညံမရှိဘူး
ကဗျာကို မြားလုပ်မခုတ်ဖြစ်ဘူး
လမ်းတူတယ်ဆိုရင် ညာဘက်လက်မှာချိတ်
ကဗျာဆရာသွားလည်းလမ်းဖြစ်တယ်
မှန်ရာကိုပြောကြဆို
ရန်ကုန်ဖုန်းသံလို အသံမကြည်ဘူး
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်
ကြားဖူးနားဝ ချရေးလိုက်
၇ နှစ်ကျော်ရေးခဲ့တဲ့ အချစ်ကဗျာတွေမှာ
ပိုင်ရှင်တစ်ယောက်မပါဘူး
၂၀၁၀ မှာ ပိတောက်တွေပွင့်မှာကိုတွေးရတာ
သေရမှာထက်ကြောက်တယ်
ရန်ကုန်နဲ့ မကွေး ဝေးပါသလား
ငါ့ ကိုယ်ငါ ကျပ်တည်း ရင်း
ဒီနေ့နဲ့ မနက်ဖြန်တောင် နပ်မမှန်ချင်ဘူး
[ဗေဒင်ဆရာအလိုကျ အသက် ၂၉ နှစ်မှ အိမ်ထောင်ပြုရန်]
အိပ်မက်တွေတောင် မျက်ရည်စို့တယ်
ညာဘက်က ပါးချိုင့်လေး
ရောက်တတ်ရာရာ လွမ်းတယ်
ရန်ကုန်က လမ်းတွေလိုပဲ
ငါ လျှောက်ရတာ ၂၅ နှစ်လုံး
လေထဲတိုက်ဆောက်လိုက်
ဘေးထိုင်ဘုပြောလိုက်ပဲ
ငါ့ဝင်လေထွက်လေက မင်းအရိပ်နဲ့မလွတ်ဘူး
နှင်းဆီဝါ၀ါလေးကို ဆောင်းလို့
ငါ့အသိဥာဏ်မှာ မြေနီကုန်းကားဂိတ်မပါဘူး
၂၀၀၉ ကနေမျှော်ကြည့်ရတာ
ကောင်းရာမွန်ရာယဉ်ကျေးမှုက ဟင်းမကျက်သေးဘူး
ပုဂံခေတ်မှာ စီဒီ ထစ်နေတယ်
ကဗျာထဲရန်ဖြစ်ကြတာဖတ်ပြီး သိမ်ငယ်လိုက်ရတာ
ငါကိုယ်တိုင်က မြို့စွန်မှာနေတဲ့ကောင်ပါ
ငါတို့နားက ရှမ်းခေါက်ဆွဲဆိုင်မှာ မြေအိုးကောင်းပါသတဲ့
မင်းကြိုက်တဲ့ ကန်စွန်းရွက်ကြော်
ငါ ကောင်းကောင်းကြော်တတ်နေပြီ
တစ်ယောက်တည်းငိုရတာ
ကဗျာထဲမှာ စာလိုငိုရတာ
အိမ်ခန်းထဲမှာ ကလေးတစ်ယောက်လိုငိုရတာ
လမ်းပေါ်မှာ ကလေကချေလိုငိုရတာ
ကဗျာဆရာဆိုတော့ ကဗျာမဆန်ဘူးပေါ့
ဖက်ကြမ်းတွေ မီးခဏခဏသေတယ်
ကျေးဇူးပြုပြီး ပြာမချွေကြပါနဲ့
မင်းညီမလေးဆော့လိုက်တဲ့ ငါ့ငါးရုပ်လေးလိုပဲ
ဒီကဗျာအကြောင်း မင်းမသိလောက်ဖူး
ငါတို့ က ရန်ကုန်ထဲမှာတောင် ၂၈.၉ မိုင်ဝေးရတယ်
ဟယ်လို . . . ကျွန်တော် ရာဇဖွား စနေသားပါ
ရန်ကုန်-မကွေး ကားလက်မှတ်တွေ ဈေးတက်ဖို့ရှိပါသလား??
ကော်ဖီသောက်တိုင်းမှမဟုတ်ဘူး
နာရီရှိနေမှ မဟုတ်ဘူး
ငါ့ဝင်သက်ထွက်သက်ကိုက မင်းနာမည်ပါတယ်
၃ ရက်လောက်မအိပ်ပဲရေးတာဆိုတော့
တောင်ရောက်မြောက်ရောက်နဲ့
ဖတ်ရတာကိုက လေးလုံးမကွဲဘူးပေါ့
ကိုယ့်ဟာကိုယ် အလွမ်းကိုခွဲရတာ
ပဲလှော်ကြားဆားညပ်နေသလို
နေရထိုင်ရတာ သဲတရှပ်ရှပ်နဲ့
ကိုယ်ထူကိုယ်ထအပေါ် တံဆိပ်ကပ်အလံစိုက်ခြင်း
သူကြီးဘုရား ရွာသားကောင်းမှု များပြားခြင်း ကြောင့်
တာဝန်သိသူများ လမ်းဘေးချရပ်ခြင်းဖြင့် ကုသိုလ်ပြုပါ
ငါ လည်ကတုံးအဖြူမ၀တ်ဖြစ်တာကြာပြီ
ရွှေတိဂုံဘုရားပေါ်က ခေါင်းလောင်းဘေးမှာ တစ်ညလုံးထိုင်ဖြစ်တယ်
မဏ္ဍာပ်တိုင်တွေ မော့မော့ကြည့်လိုက်
သမ္မတရုံမှာ ဘာကားတင်လဲဖတ်ကြည့်လိုက်
ငါ မဆင်းဖြစ်တော့တဲ့ ကားမှတ်တိုင်တစ်ခု
၂၀၁၀ မှာတိုးသွားပြီ
တစ်သက်နဲ့ တစ်ကိုယ် . . .
ဖေဖော်ဝါရီ ၂၃ . . . .
မင်းစကားတစ်ခွန်းက ငါ့ဘ၀ကိုဖြိုတယ် . . . .
ဘောင်ဝင်ပါတယ် . . .
ကျွန်တော်ကိုယ်တိုင် ရန်ကုန်သားဆိုတော့
သူ့ကိုလွမ်းရတာ မီးစက်သံနဲ့ မကင်းဘူး
မကွေးမှာ မီးမှန်မှန်လာပါ့မလား
လရောင်နဲ့ဆို သူက ပိုလှတယ်လေ
ပလာဇာမှာ . . .
ဒဂုံစင်တာမှာ . .
ယူနိုက်တက်လစ်ဗင်းမောမှာ. . .
. . . . . . . မှာ
. . . . . . . . မှာ
စကပ်အတိုလေးတွေ ပေါတယ်
ကျွန်တော့်အမေသွားတဲ့ အခွန်လွတ်ဈေးမှာ
သမာဓိချိန်ခွင်တွေ အလေးမှန်ပါ့မလား
သူကြိုက်တာ ကန်စွန်းရွက်ကြော်လေ
အမေ ဒီဈေးက၀ယ်ခဲ့တာ . . .
ကွန်ပျူတာသမားဘ၀ ဆိုတော့
ငတ်တစ်လှည့် ပြတ်တစ်လှည့်
ကျွန်တော် နစ်နေတဲ့နွံက ဒီနေ့ပြီးရင်
မနက်ဖြန်အတွက်မပါဘူး
ဘုရားပေးပေး ကျမ်းပေးပေးပါ
ရန်ကုန်-မကွေး ကားလက်မှတ် ဈေးမတက်ရင်တော်ပြီ
ကော်ဖီဖျော်ရတာ အသက်ရှူမ၀ချင်တော့ဘူး
သူကြိုက်တဲ့ ပရီမီယာ တူးအင်ဝမ်း
အေးသွားရင်သောက်မကောင်းဘူး
အနေဝေးသွေးအေးသလို
ဗေဒင်အလိုအရ ၂၆နှစ်ထဲမှာ ခွဲနေတာ အကောင်းဆုံးပါတဲ့
မကာရ ရာသီဖွားမှာ အလွမ်းနစ်နေတယ်
ကဗျာဆရာ ဆိုတော့
ငတ်တစ်လှည့် ပြတ်တစ်လှည့်
ဖက်ကြမ်းမီးဆိုတော့
ထိသမျှ ထထ ပေါက်တယ်
ပြက္ခဒိန်တွေ မင်ပေါက်ရာ မကင်းကြဘူး
အမေ ဘုရားရှိခိုးသံကြားရင်
မနက်အတွက် ဆန်တစ်ပြည်ဝယ်ရမယ်
သူ မကြိုက်တဲ့ ကြက်ဥမှာ ဘာပိုးပဲပါပါ
တစ်မိသားစုလုံး ဟင်းတစ်ခွက်ဖြစ်တယ်
စံသွေဖီမှုမပါဘူး
သူ့စကားက ရင်တည့်တည့်ကိုထိတယ်
နံမိတ်ပုံတွေ အပြည့်နဲ့ အမေမျက်ရည်တွေ
ကျွန်တော့သက်ပြင်းချသံတွေ ဗဟိုချက်မဲ့ကြတယ်
ကဗျာက ရောက်တက်ရာရာ
ထွေရာလေးပါရောနေတော့
အာရုံရိပ်လည်း ပျောက်နေတယ်
သူ့အရိပ်လေး အိပ်မက်ထဲရောက်လာတိုင်း
လက်သည်းတွေတောင် အလွမ်းမကင်းကြဘူး
ဝန်ထမ်းသားသမီးဆိုတော့
ငတ်တစ်လှည့် ပြတ်တစ်လှည့်
အမေ့ပင်စင်လစာက
သူ့ဖိနပ်လေးတစ်ရံစာဆိုတော့
မကွေး အသွားကားခ လောက်ပဲဆိုတော့
အမေကို သနားတယ်
အဖေသောက်တဲ့ ဆေးလိပ်တွေ
အမေကဆူ အဖေကဆဲ
အိမ်ထဲမှာ ပြဿနာတွေပူတယ်
သူ့ကိုလွမ်းရင်း နွေတစ်ခုလုံး ပိုက်အိပ်ထားရတယ်
တစ်ခါတစ်ခါ ကွန်ပျူတာရှေ့မှောက်ရင်း
တစ်ခါတစ်ခါ ကဗျာရေးရင်း
တစ်ခါတစ်ခါ အမေ့ပင်စင် စာရွက်လေးဖတ်ရင်း
တစ်ခါတစ်ခါ ကျွန်တော်ဟာ သူ့ချစ်သူဖြစ်ကြောင်းတွေးရင်း
တစ်ခါတစ်ခါ ကျွန်တော်ဟာ အမေ့သားဖြစ်ကြောင်းတွေးရင်း
တစ်ခါတစ်ခါ ကျွန်တော်ဟာ ကဗျာဆရာပေါက်စဖြစ်ကြောင်းတွေးရင်း
တစ်ခါတစ်ခါ ရန်ကုန် မီးမမှန်သေးတာကိုတွေးရင်း
တစ်ခါတစ်ခါ မကွေးကိုသွားဖို့တွေးရင်း
တစ်ခါတစ်ခါ ကျွန်တော်ဆိုတာ ငါဖြစ်ကြောင်းတွေးရင်း
သံသရာမှာ နှင်းဆီဝါနဲ့မကင်းဘူး
တစ်ထီးတစ်နန်းလုံးတောင်မှ အမှားမကင်းကြတော့
ကန်တော်ကြီးစောင်းက အလုပ်သမားဆေးရုံမှာ
၁၉၈၅ ခု စနေနေ့တစ်ရက်က
ပန်ကာတစ်လုံးမလည်တာသေချာတယ်
ရွာရိုးကိုးပေါက်လျှောက်ပြီ လွမ်းရတာ
မီးစက်သံနဲ့မကင်းဘူးပေါ့
ခဏခဏ မီးစက်သံတွေ ရှူရတာ
အစာအိမ်တွေ မသန့်တော့ဘူး
နေရထိုင်ရ သဘာဝကိုကျတယ်
၃၆ လမ်းက အခုထိ မြောင်းနံ့နဲ့
လျှောက်လို့ကောင်းတုန်းပဲ
ဒဂုံကို အမှိုက်ပုံရွှေ့ပြီးတာတောင်
ပြဿဒ်တွေ မီးခဏခဏလောင်တယ်
ရန်ကုန်က ရန်ကုန်ပီသတယ်
ဈေးသစ်တွေ တိုက်သစ်တွေ
လူသစ်တွေနဲ့ မျက်နှာသစ်တွေနဲ့
တစ်ခေါက်မှ မရောက်ဖူးသေးတော့
မကွေးကရော မကွေးလိုပဲလား
လိုရာဆု တောင်းကြေးဆို
သူ အချစ်သစ်နဲ့မတွေ့ပါစေနဲ့ပေါ့
အားလုံးဟာ အားလုံးပီသကြတယ်
ကျွန်တော်ကလည်း "ငါ"ဆိုတာပီသဖို့ လွယ်အိတ် လွယ်ရတာ . . .
သူလွယ်တဲ့ အိတ်လေးက ကျွန်တော့် တစ်လစာ
တံဆိပ်တောင် အလွတ်မရဖြစ်ဘူး
အရင်တုန်းက အင်းယားလည်း အနမ်းမကင်းသလို
အခုလည်း အရက်နံ့မကင်းသလို
ကျွန်တော်လည်း ငွေနံ့ကို ခူးလို့ခပ်လို့ကောင်းတုန်း
သူခူးကျွေးသွားတဲ့ ကျွန်တော့်နေ့လည်စာမှာ
ဘာဆေးခပ်ထားခဲ့ပါသလဲ . . .
ကျွန်တော်ခူးပေးဖူးတဲ့ ပိတောက်ဝါမှာတော့
ကျွန်တော့် ဘယ်လက်ဖျံက အနာလေးတစ်ခုပါတယ်
မကွေး ကို မျှော်မျှော်လွမ်းတယ်
ကျွန်တော်တို့က စိတ်ချင်းဆက်ပြီးမှ
ရင်ချင်းလွဲနေကြရတာ
ရန်ကုန်လိုင်းကားတွေ မှတ်တိုင်နဲ့ နေရာလွဲကြတယ်
ဘယ်ကမ္ဘာ က မာနတွေ ကင်းပါသလဲ
ဘယ်ကမ္ဘာ က ဆန္ဒတွေ ကင်းပါသလဲ
ကိုယ်ချင်းကိုယ်ချင်း လည်ပင်းတွေ ရင်းကြရ
ကိုယ်ချင်းကိုယ်ချင်း နောက်ကျောတွေ ဓားနဲ့ထိုးကြရ
တစ်ဆယ်ချင်း ယှဉ်ရင်တောင်
သူတို့ က ထမင်းတစ်နပ်ရတယ်
ကျွန်တော်နဲ့သူစားတဲ့ ထမင်းအနပ်တိုင်းမှာ
ကန်စွန်းပလိန်းဆိုတာပါတယ်
ငရုတ်သီးစပ်စပ် . . ကော်ရည်များများ
သူ့မှာ လိုအပ်ချက်တွေများတော့
ကျွန်တော်က ကျွန်တော့်ကိုယ်ရင်းရ
အရင်းထဲ အရင်းထပ်ဝင်တော့
ရန်ကုန်လမ်းတွေလို မိုးတွင်းပြီးရင်
ပြန်ဖာရတယ် . . .
လုပ်သလိုမဖြစ်တော့
မဖြစ်သလိုပဲ လုပ်ကြရ
ကောင်းရောင်းကောင်းဝယ် မကင်းသလို
အဟောင်းရောင်း အဟောင်းဝယ်မကင်းကြ
သူနေခဲ့တဲ့ မြို့ဟောင်းက
မြို့သစ်လို့ တံဆိပ်ကပ်ထားတဲ့ ရွာဟောင်း
ကျွန်တော့်မှာ ရင်ဘတ်အဟောင်း နဲ့ အိပ်မပျော်ရ
ကျွန်တော့်မှာ ဓါတ်ပုံအဟောင်းတွေနဲ့ အိပ်မပျော်ရ
ကျွန်တော့်မှာ အိပ်မက်အဟောင်းတွေနဲ့ အိပ်မပျော်ရ
ကျွန်တော့်မှာ မီးစက်သံတွေနဲ့ အိပ်မပျော်ရ . . . . ။ ။
မောင်မိုးချို
ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့
အလိုလို သေသွားမှာ...
ပြောလို့မရတဲ့ အသံတွေကို..
တိတ်တိတ်တိုးတိုး သတ်ပစ်လိုက်ချင်တယ် ၊၊
အလိုလို မသေခင်...
အလိုလို မသေခင် ... ၊၊
‘နာကျည်းလိုက်တာ’
အလိုလို မသေခင်
လေတွေတိုးတိုးလာ
အလိုလို တိုးတိုးလာ
အသက်ရှုရတာ ရောဂါတစ်မျိုးပဲ
အထပ်ထပ် တိုးတိုးလာ
ငါ့ကို ထိုးသတ်သွားတာ
နတ်သမီးဟာ ဓားယောင်ဆောင်လို့
ငါ့ ကို ထိုး သတ် သွား တာ
အထပ်ထပ် တိုးတိုးလာ
‘နာကျည်းလိုက်တာ’
ငါ့ အသံလဲ ငါ ပြန်သိမ်း
နင့် အသံ လဲ ငါ ပြန်ပြန်သိမ်း
နင့်စကားတွေကို ငါ နားမလည်ဘူး
နင့်အသံကို ပဲ ငါ နားလည်တာ
ဆူးလေ တံတားအောက်မှာ
အသံတွေနဲ့လောင်ကျွမ်းသွားတဲ့
ဖိနပ်တစ်ရံ …
တယ်လီဖုန်း ခလုတ်တွေနဲ့
ငါ့လက်ဗွေရာတွေ ဟာ အလာ့ဂျစ်ဖြစ်ဖြစ်နေ ..
‘ငါ နာကျည်းလိုက်တာ’
လေတိုးသံကြားတောင်
ငါ့ဝိဥာဉ်က ငါ့ကိုလန့်
နင့်ဝိဥာဉ်က ငါ့ကိုလှန့်
နှလုံးသွေးဟာ နှေးကွေးလာတယ်
စာလုံးပေါင်းတောင်မြင်လို့မရ
နာမည်လေးလုံးကိုကြားလို့မရ
သွေးကြောတွေထဲမှာ တဆစ်ဆစ်နာတယ်၊၊
ဒေါင်းယောင်ဆောင်တဲ့တောမှာ ကျီးဟာမဲနက်
သစ်ခြောက်ပင်ကိုအစိမ်းချိုးပြီး
လေပြေတွေငိုသွားသည်အထိ
ငါ့ကိုတောခြောက်သွားတာ
ပွင့်ထွက်တော့မဲ့ မွေးရပ်ညမှာ
နတ်ဘုရားကိုဖွဖွဆုတောင်း
ဒီကောင်က ကြားပေမဲ့ မဖြည့်ပေးတတ်တဲ့အမျိုး
ဘာကိုဘယ်လိုနာကျည်းရမယ်မှန်းမသိတဲ့ငါက
ခေါင်းကိုခဏခဏဖြုတ်ထားရမယ်
ငါ့ကိုတောခြောက်သွားတာ
တိတ်တခိုးအသံတို့ သေရွာကပြန်လာပါစေ
အိပ်မက်ကိုနှိုးပြီး မင်းကိုပြောရအုံးမယ်
လေစကားဟာ လေထဲမှာပဲ သေဆုံး
အဖြစ်မရှိပဲရှုံးသွားတဲ့ယုန်တစ်ကောင်ပါ၊၊
အဲ့ဒီလို ငါ့လက်ခုပ်ထဲ ကျလာတဲ့
ကြယ်အပဲ့တွေကို အစိမ်းချုပ်ချုပ်ပြီး
မီးလောင်တိုက်သွင်းရမှာ ..
မှော်မဆန်ဘူး ဒီလိုညလေးလိုမျိုး
သိမ့်သိမ့်တုန်အောင် သိမ့်သိမ့်တုန်အောင်
ငါ့ ရင် ငါ ခြမ်း ..
ဘာမှလဲမရှိတော့ဘူး .
အခုထိလှနေတုန်းပဲ .. ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့ထဲ ... ။
တောယောင်ဆောင်သွားတဲ့ ငါ့တိမ်ပျိုရေ ...
ငါ့ကျောရိုးမှာ နူးညံ့တဲ့နိမိတ်တို့သေဆုံးတောက်ပ
ဘ၀ပန်းဝတ်ငုံတွေပွင့်မရဖူးမရ
နာကျည်းစရာမိုးတွေသာ မှတ်ဥာဏ်ထဲမှာ လှိုင်လှိုင်သွန်းချ
ဒီမြေသြဇာနဲ့ နက္ခတ်အကျိုးတွေသာ အပြိုင်ပြိုင်တောက်ပနေတယ် ...။
သုံးလုံးတပ်မနက်ဖြန်
စိတ်မျဉ်းကျားဖြတ်ကူး
လျှာအဟုန်ဝင်ဆောင့်
နှလုံးသွေး
ငါ့ ...
သူငယ်တော် ပျော်လိုက်တာ .... ။
စက်ကွင်း
မိုးသားတွေ အောင်မြင်လှပစွာ ပြီးဆုံးရပ်တန့်သွားတယ်
မီးတန်းတွေ အလုံးလိုက် နဲ့
သိပ်လှတဲ့ ကောင်းကင်ဆီ ။
ငါ့ မြင်း ငါ ရိုင်း အောင်သင်ပြီး
ငါ စိုင်း စရာ ။
တိမ်တွေလဲ ညိုလာပြီ ယုန်ငယ်ရေ
အခုပဲ မိုးသားတွေ အပြေး
ကွေးထားတဲ့ လက်ညှိုးဝိုင်းလေးထဲ သက်တန့်မှာ ခေါင်းစိုက် ငိုက်လို့ ။
ရုပ်သေး
မျက်စိနှစ်လုံး ပွင့်တာနဲ့
ခရမ်းရောင်မြို့ ပြကို ရောက်တယ် ။
ကံကိုက ဆိုးတယ် ။
နွေခေါင်ခေါင်ထင်ပြီး
လူလုံးပြမိကာမှ
မိုးသည်းနေတာနဲ့ တည့်တည့်ကို တိုးတော့တယ် ။
လက်ခုပ်ထဲကိုမှ ရွေးပြီး
ခရမ်းရောင်ပန်းတွေက လာ လာ ပွင့်ပြကြတယ် ။
ဘယ်သူမှ မပြောနဲ့ ။
ဘာမှ မကြားချင်ဘူး ။
အရင်က လမ်းတွေအတိုင်း
ငါ့ကိုယ် ငါ အငွေ့ပျံတက်သွားမယ် ။
ဘယ်သူမှ ငါ့နောက် မ လိုက် နဲ့ ။
သံချေးတက်နေတဲ့ ဓားတစ်ချောင်းနဲ့ပဲ
အနက်ရှိုင်းဆုံး ထိုးစိုက်ပစ်လိုက်တယ် ။
ခရမ်းရောင်မြို့ ပြမှာတော့ ကြယ် တွေ လင်း လို့ ။
ငါကတော့ မျက်နှာမသစ်ရသေးဘူး ။
သွားမတိုက်ရသေးဘူး ။
နာရီမကြည့်ရသေးဘူး ။
အိပ်ရာမ၀င်ရသေးဘူး ။
ခရမ်းရောင်မြို့ ပြကတော့
ခုချိန်ဆို လေအေးပေးစက်အခန်းထဲမှာ
တယ်လီဖုန်း တဂွမ်ဂွမ် နဲ့ ။
လမ်းဟောင်းထဲမှာ ချွတ်ချထားခဲ့တဲ့
ကုတ်အင်္ကျီပေစုတ်စုတ်ကိုပဲ
ကျကျနန ပြန်ဝတ်ပြီးဆက်လျှောက်မယ် ။
ခရမ်းရောင်မြို့ ပြက
သူ့ရဲ့ဂုဏ်သရေရှိ လူကြီးမင်းတွေနဲ့
ဖန်ခွက်နှုတ်ခမ်းချင်း တေ့ လို့ ။
ညနေဟောင်းက
ခရမ်းရောင်မြို့ ပြမှာ
နေတတ်သလို နေရင်း
သေတတ်သလို သေရတယ် ။
ပလတ်စတစ်လောင်းထားတဲ့
ခရမ်းရောင်မြို့ ပြက
အချိန်တန်ရင် အိမ်ပြန်တယ် ။
ငါကတော့
သေ
ပြီး
မှ
ပြန်
လာ
ခဲ့
မယ် ။
ညီစိမ်း
