ရေငတ်တုန်း ရေတွင်းထဲ ကျသလို ရေမကူးတတ်တော့ ခက်သား
ဇီးသား မန်ကျည်းသား တချို့  ဆဲသလို (xxx)သား သားမွေးထားတော့
သမီးရတာပေါ့ ဒီလောက်ကတော့ ရတာပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား
စားစားသောက်သောက် သောက်သောက်စားစား လူ့မင်းသား
လူမင်းသား ဧရာဝတီလူမင်း ဘာလူမင်း ညာလူမင်း မင်းလူ ငါ့လူ
သူတစ်လူ ငါတစ်မင်း ဟိုဒင်း သည်ဒင်း ရဲဒင်းကို အရိုးချွတ်ပြီး ဆန်ပြုတ်
လုပ်သောက် ပုံပြင်တစ်ပုဒ်မှာ ဖတ်ဖူးတယ် ငယ်ငယ်တုန်းက ငယ်ငယ်လေး
ငယ်လေး ကိုကြီး ကို ကို ကို ကြီး သွားလိုက် သေးသွားလိုက် ၀မ်းသွားလိုက်
တူးသွားလိုက် ကျက်သွားလိုက် လိုက်လျောရတာနဲ့ လိုက်ရောရတာနဲ့
အကြိုက်ပြောဖို့ ဆိုဖို့ သွားဖို့ လာဖို့ ဟိုဖို့ ဒီဖို့ ပိုက်ဆံလည်း ကုန်တာများပြီ
ခုရေတွင်းတူး ခုရေကြည်ရာ မြက်နုရာ နွားအိုကြိုက် မင်းကြိုက် စိုးကြိုက်
အိုး .. နိုက်စ် ကောင်းတယ်ဘေဘီ ခပ်မြန်မြန်လေး ခပ်မြန်မြန်လေး
ကားကထွက်တော့မှာ ကားလိုက်ရင် ထွက်တော့မှာ ၀င်တော့မှာ
ဝင်လိုက်ထွက်လိုက် ဖြစ်တော့မှာ ပျက်တော့မှာ ပြတ်တော့မှာ ကိစ္စက
ဒီနားတင် ပြတ်တော့မှာ ပြန်ဆက်ဖို့ ကော်လိုမယ် ကော်လိုက်ဖို့ လိုမယ်
လိုလိုမယ်မယ် လိုလိုမည်မည် လိုရမည်ရ လိုရင် မည်ရ မလိုချင်ပါဘူး
မင်းရဲ့  တုံ့ပြန်မှု တစ်နေ့နေ့ တစ်ညည တစ်နေ့နဲ့ တစ်ည တစ်ထောင့်နဲ့
တစ်ည နှစ်ည သန်းခေါင်ထက် နက်တဲ့ ည ဒါမှမဟုတ်လည်း ညဥ့်
တစ် နှစ် တစ်တစ်နှစ်နှစ် ပျစ်ပျစ်နှစ်နှစ် ဆဲစမ်းကွာ ဆဲလိုက် စမ်းလိုက်
ဘယ်လိုမျိုးလေးလဲ ကောင်း မကောင်း ပြန်ပြောပြ သေချာမှတ်ထား
ဒီလက်ညှိုးကွေးဖို့ ဆယ်နှစ် အချိန်ယူရတယ် အချိန်ပြန်ပေးရတယ်
ရော့ ပတ္တမြား ရော့ နဂါး မီးမှုတ်တတ်ရင် နဂါးဖြစ်ပြီလား ဒါမှမဟုတ်
ရေတက်နေတက်မှာ မွေးဖို့ လိုမလား ဒီခေတ်ကြီးမှာ မီးရဖွားရ
ခက်ပါဘိသနဲ့ ဘိသိက်သွန်းတုန်းက ဒီစကား ဘာလို့ မကြားလိုက်မိလဲ
နားပင်းနေတာလား ပြောနေရင် မသိသလိုနဲ့ နင်ဘာကောင်လဲ
နင်ဘာကောင်းလဲ ပြောပြရရင် ဇာတ်လမ်းတွေက ရှုပ်ကုန်တော့မယ်
ကြာလာရင် ခက်မယ် ကြာတိုင်းကောင်းတာ တစ်နေရာပဲရှိမယ်
ကြာမျိုးငါးပါး ကြာညိုနံ့လေးကို သင်းလို့ ငါ ရင့်ရင့်သီးသီး မသုံးနှုန်းချင်ပါဘူး
သင်းကိုက အရိပ်သုံးပါး နားမလည်တာ နားလည်တာ အပထား
အပမှီရင် ဒီရေမန်းလေး ဖြန်းပေးပါ ကြက်သီးတောင်ထတယ်
ဖြန်းခနဲ ဖြန်းခနဲ ဆို လန့်လိုက်တာရှင် ဖြန်းလိုက်တာ ပက်လိုက်တာ
ရေရေတွေ ရွှဲကုန်ပြီ အရည်တွေ ရွှဲကုန်ပြီ ဟောတော့ ရပြီဆရာ
စဟောပါတော့ ဒါက ထီးရိုးလေ ဟုတ်တယ် ဟုတ်တယ်
အသက်ရှည်မယ် အနာကင်းမယ် ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်
ရပြီ ဒီလောက်ဆို ရပါပြီ စိတ်ကုန်တဲ့ထဲမှာ အဲ့ဒီ ဟိုကကြား
ဒီကမြင်တာတွေကို လျှောက်ပြောနေတဲ့ မုတ်ဆိတ်ဖွားဖွားတွေ ပါတယ်
ဒါနဲ့ စကားမစပ် ကျုပ်ပြောနေတာ ဘယ်ရောက်သွားပြီလဲ ။ ...... ။
ဆူးခက်မင်း
မေမေက သား........မိုးလင်းပြီထထဆိုလို့ ထလိုက်ရတယ်။
ကိုယ်လည်းလူးလည်းရုန်းထ.....
အင်....မိုးလင်းပြီသာ ဆိုတယ်....
ဘာမှလည်းမထူးခြားဘူး...
နေမင်းနဲ့ လမင်း ဂျူတီချင်းချိန်းသွားရုံတင်ပါလား...
ဟင်း...လာပါချစ်သူရယ်...
ဟို..နားထောင့်မှာ...ကိုယ်တို့
မလုံမခြုံ...မလောက်မင ကုပ်ကပ်သွားငိုင်နေကြတာပေါ့...။
ပတမဆိုတဲ့ဘ၀တွေက...
ငါတို့နဲ့ဟိုးအဝေးမှာ..ဝေးလွန်ကွာဝေး
ငါက...တေလေအိပ်မက်နဲ့ ငေးနေရတယ်။
ငါကျင်လည်နေတဲ့ ....
တိုးတက်မျှော်ရပ်ဝန်းမှာ
လူလူသူသူကျင်လည်ဖို့ဆိုတာ...
သက်ရှိဘုရားနှစ်ဆူရဲ့
နှစ်ဦးပေါင်း...ဦးဆွေးဆံမြည့်ကြေး....လေးနဲ့...
လောက်ငဖို့ဆိုတာ....ငါ..က မှော်ပညာမှမတတ်တာပဲကွယ်။
သင်ယူဖို့တော့ ငါ...၁၉ ရာစု စာကြည့်တိုက်ကို ပြန်လှန်ဖတ်နေပါရဲ့...
ဘာပဲဖြစ်ဖြစ် မှန်းရာရောက်မယ်ဆို ကျေနပ်တတ်အောင် သင်ကြားခဲ့တာပေါ့..။
ငါတို့အိမ်လေးက လှတယ်...
ဝန်းပစိုပြေ....နေကြာနဲ့နေလို တင့်လဲ့ရွှန်းဝေ...
ချစ်သူရေ...ငါတို့ဟာ...မြဒေါင်းတောင်ကိုလည်း
ဖြစ်နိုင်ရင်...တပ်ချင်ခဲ့တာမဟုတ်ပါဘူး....
ရင်မှာအတင်းလာစိုက်...ငါပြန်ပြီးမိုက်လိုက်ရမှာလား။
ငါက ....မေတ္တာတရားနဲ့.....ငြိမ်းမြချင်ခဲ့သူပါ...ချစ်သူရယ်...
မိုးပြိုခေတ်ကကြမ်းတယ်.....လေတွေကလည်းရမ်းရဲ့
လာလာ.....ချစ်သောပန်းငယ်....ငါတို့....တေးအသစ်တွေကို
အခုချက်ချင်းပဲချရေးဆိုပစ်ကြရင်ကောင်းမယ်ထင်တယ်....
ပြီး....မှ မျက်နှာချင်းဆိုင် ...ဂဲနဲ့ပစ်ကြတာပေါ့ကွယ်။
ခက်တယ်ခက်တယ်.....ကိုယ်တို့ကလည်း
ဒေါင်း.....ခန္စာမှာ.....ကျီးတောင်တွေနဲ့..
လှချင်ယောင်ဆောင်နေရဦးမှာပေါ့.....။
အဝေးမှာက....ကြယ်ရောင်တွေဖြိုးဖျပ်ထလို့..
အားကျငေးမော....အော်
သက်ပြင်းတွေရောနေတယ်။
မနက်ခင်းဆိုတော့......ချစ်သူကလှတယ်......တဲ့..၊
နေ့ခင်းနေပြင်းချိန်မှာ...တချို့ ညလေးတွေ
ပေတစ်ရာလမ်းမမှာ ဖွတ်ဖွတ်ညက်ညက်ကျေလို့...
ရပါတယ်...ရပါတယ်....
ငါ..ထာဝရ..မျက်ရည်စက်တွေနဲ့...
ကျီးယောင်ဆောင်ပေးနေပါ့မယ်....။
အားလုံးပေါင်းလို့မှ တစ်မဖြစ်နိုင်တာပဲ
တတ်သလောက်မှတ်သလောက်နဲ့....
မီးတောက်ဗျောက်ကို...
ငါ....တို့...တုတ်နဲ့မထိုးသင့်ဘူး။
လင်းတတ်သမျှဆိုတာ...
မလောက်ငတဲ့......ငါတို့ရဲ့၊
သံထမင်းပုဂံပေါက်လေးရဲ့...ညတွေကိုခေါ်တယ်.။
အင်း...
ခါးပြီဆိုမှတော့...သကြားလည်းမစားချင်တော့ဘူး...
ငါ.....လေ.....တစ်ခါတစ်ခါ
ပါးစပ်တစ်ခုလုံးနဲ့....လေဗျောက်ပြန်ဖောက်နိုင်ရုံကလွဲပြီး
တစ်ခြား ငါ....ဘာမှ သင်ယူမလာနိုင်ခဲ့ဘူး....
ညဆို...ကြယ်တွေကိုငေး...
မေမေ...နွေညတေးတွေကို မုန်းတယ်။
အားလုံးလင်းပြနိုင်ပါရဲ့နဲ့....ကြိတ်မှိတ်မှောင်နေရတဲ့....ည
ချစ်သူရေ.....ငါတို့.....က
ကျိမ်စာကို အဖန်ဖန်ကျခဲ့ကြတယ်လား။
နှုတ်ခမ်းတစ်လန်ပန်းတစ်လန်နဲ့.....အော်ကြီးဟစ်ကျယ်
ကိုယ်လည်းရယ်ပြတတ်တာပါပဲကွယ်.....
ဒါပေမဲ့.........
ပျင်းတယ်....
မိုးပေါ်မြောက်....ဂဲမြှောက်ဖို့ပျင်းတယ်။
လင်းယောင်လူနောက်လိုက်ဖို့ ပျင်းတယ်။
ချစ်သူကို ချစ်ပြဖို့ကလွဲရင်...
ငါ....အားလုံးပြင်းခဲ့တယ်။
တစ်ခါမကလည်း...ချစ်လွန်းလို့
ငါလေ...........................
ဒေါင်းဖန်ဝါကိုငေး....ဒူးထောက်ငိုကြွေး....
ချစ်သူရေ.....
အရှေ့...ရိုးတစ်လျှောက်မှာ....မိုးပြိုအိပ်မက်တို့နှင့်ဝေးပါစေကွယ်။
Demigod
လက်တော်တွေ........ရဲရင့်မြင့်မားစွာ ကမ်းလင့်ထားပါ။
ဒီမှာကြည့်စမ်း....
ပန်းတွေကို ခင်းခဲ့ကြ။ ကောင်းကင်က သတင်းတွေကို
ဝေမျှကူးလူး လွှင့်ခဲ့ကြ။ လှေကားတွေကို တက်ခဲ့ကြ။
လှေကားပျက်တွေ ပြင်ခဲ့ကြ။
ငါတို့ဟာ... နတ်တမာန်တွေထက် မြင့်မြတ်ကြတဲ့...
လူသားသွေးတော်တွေကွ။
မြင့်မြတ်ရှင်းသန့်သော ယဉ်ကျေးမှုနဲ့လေ....
ဧရာဝတီကနေ နိုင်းဆီ၊ ကျန်စီကနေ စူးအက်ဆီ။
သမုဒ္ဒရာတွေတောင် လှလို့ပေါ့။
ရော့....... သွေးတော်တို့...
ဒီဓားဟာ ဆူးခြုံထွင်းဖို့။
ဒီဒိုင်းဟာ မျောက်ပြန်မဖြစ်ဖို့။
ဒီဖိနပ်ဟာ ခရီးဆက်ဖို့။
ဒီရေစက်ဟာ စိတ်ကို ငြိမ်းဖို့။
ငါကတော့ ဟောဟို.... လင်းပွင့်ရာဆီ သွားရတော့မယ်။
ပိရမစ်ဆောက်တတ်ရုံ၊ တံတားဆင်တတ်ရုံ၊
မီးပုံဖိုတတ်ရုံနဲ့ မရဘူးကွဲ့။
လင်းပွင့်တတ်ရမယ်။
မည်း၊ ညို၊ ၀ါ၊ ဖြူ..... ငါတို့ ၀တ်ရုံမတူစေဦး...
ညီဖြူမျှတ... လင်းပွင့်ရာဆီ တစ်နေ့မှာ လှမ်းရမယ်။
အို... သွေးငယ်သစ်တို့..
လက်တော်တွေ မြင့်မြတ်ဖြူမွှေးစွာပွင့်ပါ။
ရော့.... ဟောဒီမှာ လင်းပွင့်မီးအိမ်....
မှောင်မိုက်သူကို လင်းပေးပါ။
လဲကျသူကို တွဲမပါ။
နိုင်လိုမင်းထက် စိတ်တွင်းပျက်သူကို ပြင်ဆင်ပါ။
လှသော လောကဆီ လမ်းပြပေးပါ။
လက်တော်တွေ ကိုယ်ပိုင်မလင်းပွင့်နိုင်မီ...
ဒီမီးအိမ်နဲ့ လင်းပြပေးပါ။
တစ်နေ့ လင်းပွင့်တဲ့အခါ... ထပ်ဆင့် လက်ကမ်းပေးပေါ့။
အို..... လူသားသွေးတော်တို့..
သင့်တို့ “လက်တော်”ဟာ လင်းပွင့်နိုင်တယ်။
သင်တို့ “လက်တော်”ဟာ တည်ဆောက်နိုင်တယ်။
လင်းပွင့်သောလူ၊ လင်းပွင့်သောလက်များ....
လင်းပွင့်သော တရား....
“လင်းပွင့်လက်များ”နဲ့ လောကသစ်ကို ဆောက်ကြစို့။
ဓားပစ်လှံချ... ဆောက်ကြပါစို့...သွေးတော်တို့....
ဘုန်းသန့်ခန့်
P124521JUN09
--
http://www.phonethantkhant.co.cc
ငိုလိုက်ပါ....ငါ့ အတွက်တော့ဘာမှမချန်ရစ်နဲ့
မျက်ရည်တွေကို ၀မ်းနည်းပက်လက်ရွံတယ်။
အရာရာကို ရုတ်သိမ်းလိုက်တယ်....
အ၀တ်ကြိုးတန်းပေါ်က လှန်းပြီးအ၀တ်ပြန်ရုတ်သလို....
ဘ၀ကို အဲလို ရုတ်လို့ ရလား။
ခြေထောက်တစ်ခြား....အိပ်မက် တစ်ခြား....
ငါက ကောသွားမှာလား။ မင်းကကော လိုက်မှာလား။
ကျောင်းသားဘ၀နဲ့ စာတွေကို ဗရွတ်ရွှတ်တရွတ်ပြီးခဲ့ပြီပဲ....
လုံလောက်ပါတော့ကွယ်။
ကျမ်းတွေ ဖတ်ပြမှ....လူတွေရိုသေကြသတဲ့လား...ခါးတယ်။
ငါမ၀ါးဘူး.....
ငါမကြိုက်တဲ့ အစားအစာတွေကလည်း သိပ်များနေလို့ လား....
လောကမှာရှားတယ်။
နောက်ဆုံးဆိုတဲ့ စာလုံးအတွက်....
ရှေးပညာကျော်တွေ ဘယ်လိုပေါင်းခဲ့သလဲ။
ငါကတော့...တိတ်တိတ်လေးနဲ့ တိုးတိုးလေး...
ချစ်သူလက်လေးခဏကိုင်ပြီး....
နေချင်သေးရဲ့ .....
ဘ၀ဟာ ဘာညာ...အိုကြာပါတယ်ကွာ....
ကြီးကြီးမားမား....ရှေးရိုးဆန်ဆန်...ပဲ...
ငါတို့ နေကြမှာလား။ ငါတို့ ပြန်ကြမှာလား။
မိုးစက်တွေကြားမှာ.....မိုးစက်တွေကြားမှာ.....
လူသားပေမယ့်...မိတ္တူလူသားဘ၀ကို
ငါ့တို့ မရချင်မိတာ....အပြစ်သားဖြစ်ပြီ...ထင်ရဲ့ ....ချစ်သူရေ...
ဘုန်းသန့် ခန့်
လက်ခုံနဲ့သုတ်မိတယ်...........
လေကအေးလို့လား၊ ဆောင်းမှာမို့ အေးအေးစိမ့်ခြောက်သွေ့နေပုံများ
မျက်လုံးစုံဖွင့်ရင်း အရှေ့ကို မမြင်၊ မမြင်သလို အနာဂတ်ဆီ မမြင်သလို
အရာရာကို တိတ်တိတ်လေးငေးရင်း၊ လူတွေကြားမှာ စကားနေဟန်ကွဲပြားခြင်းပိုက်ထွေး
စကားနေဟန်တူညီရင်းမှာ လူတွေကွဲပြားရင်း ပိုက်မှာထွေး
နောက်ဆုံးမှာ ကလေးငယ်လေး မျက်ရည်ကို လက်ခုံနဲ့သုတ်ရင်း
စီးရီးအောက်နေတဲ့ လူနံပါတ်ဟောင်းကြီးတွေကို ငေးဖူးချိန်
လေက အေးလို့လားမသိ.......... နေပူကြီးမှာ
ဒီ ကျွန်းနိုင်ငံလေး အနွေးထည်ဝတ်ထားရပြီ.........
လက်တစ်ဖက်နဲ့ထူလို့လည်း မထ၊
လက်နှစ်ဖက်နဲ့ ထူလို့လည်း မထ၊
ဒါနဲ့ပဲ ချောလဲရောထိုင်......
ပင်လယ်မှာ ရွက်တိုင်လွှင့်ကတည်းက
ထားလိုက်ပါတော့လေလို့ လက်ခုံလေးကို နှစ်သိမ့်တယ်။
ကလေးငယ်လေး နောက်ဆုံးမှာ...........
ထပ်ထပ်ကာကာ မြှင့်တင်ဖို့လိုနေဆဲ ပုံရိပ်တွေကို
နောက်မှ၊ နောက်မှလို့ ငြင်း........
မနက်ဖြန်ကို ပြတင်းပေါက်လေးက မျှော်
မြို့လေးငယ်ငယ်၊ လယ်ကွင်းရိုးပြတ်၊ ကွန်တိန်နာတွေ အထပ်ထပ်နဲ့
ပြတင်းပေါက်ကို မနက်ဖြန်က ပြန်ငေး.......
ဝဠ်ကြွေးလို့ခေါ်တယ်။
လက်ခုံလေးကို သုတ်ရင်း
မျက်ဝန်း၊ အနီတစ်ဝက်၊ ရေတစ်ဝက်၊
ပြီးတော့
အိပ်စက်ခြင်းကို ဆေးလိုသောက်တဲ့ရက်၊
ပြက္ခဒိန်မှာ ခြစ်ခြစ်ပစ်ပြီးသား မင်နီစက်.....
သူ့ကျောင်းစာအုပ်လေးကို အမှတ်တရ၊ နောက်.. သတိရ
သူ့ခုံတန်းလေးဆီသူပြန်လာလိုက်တယ်။
အထီးတည်းတိတ်တိတ်သွေတည်
သူ့တစ်ယောက်တည်း ညီခဲ့ရပြန်ပေါ့...........
လက်ခုံလေးပေါ်မှာ
ရေစင်တစ်စက် ဖျပ်ဆိုတိတ်တိတ်သာသာခုန်သွား
ရေစက်လေးတုန်နေလိုက်တာများ ချမ်းနေလို့လား။
”တောက်”
ဟော........ ကမ္ဘာမြေဆီ ပြန်ပေါင်းစည်းသွား၊
အသက်နဲ့ဥာဏ်ရည်မမျှသူတွေကို
ဘယ်လိုခေါ်ရမလဲ..........
ပြီးတော့....
ဘယ်လို.........
ငါ့မှာ လက်ခုံလေးရှိတယ်။
မင်းမှာ လက်ခုံလေးရှိတယ်။
သူ့မှာ လက်ခုံလေးရှိတယ်။
ငါတို့ ဆင်တူမျှညီ........။
ကလေးငယ်လေးတွေ မနက်ဖြန်မှာ...
ကျွန်တော် လက်ခုံလေးပေါ်.......
ချွေးစက်တွေပဲ ဖြူဖြူစင်စင် စိုစေချင်လိုက်တာ.....
ဆောင်းလေက အေးတယ်.....
ဟိုး............ ငါ့ အနောက်မြောက်က
အရပ်လေး မနက်ဖြန်မှာ
ဖြူစင်ပါစေကွယ်.......
ဘုန်းသန့်ခန့်
သန့်ရှင်းသော တလင်းပြင်တစ်နေရာ………
ပေရွက်၊ ဘာမှ မရေးထားတဲ့ ပါဠိမဲ့ ပေရွက်တွေ ဝေနေအောင်ဆင်
သစ်တစ်ပင်ပေါ်မှာ
“ဘယ်လိုများလဲလို့တော့ ခဏခဏတွေးမိဖူးတာပါပဲလေ
လူပြောသူပြောများလိုက်ကြတိုင်း ငါတို့သမိုင်းရိုင်းရမလား၊
လှေစီးတိုင်း လှေနံမှာ ဓားမထစ်တတ်ပါဘူးကွယ်….
မျက်ဝန်းတွေကျယ်ပြောတဲ့ ဒေသဆီ ငါသွားချင်လှရဲ့”
တအား…အာ အာရင်း… ကျီးတစ်ကောင်နဲ့ ၀တ်ရုံနက်….
ပြီးတော့ ကိုယ့်ကိုယ်ကို ပြင်ဖို့သိပ်ခက်တဲ့ လူတစ်လက်…
မြေပြင်မှာ ချိတ်သူချိတ်၊ ကောင်းကင်မှာ ခြေခင်းလက်ဆန့် သာလို့သာ၊
ဒီလိုပဲ… ပေပင်ရိပ်မှာ တိတ်တိတ်လေးရပ်နေ…………..
ဆက်ရေးဖို့တွေဝေနေတယ် ၊
မိုးတွေရွာသွားကြောင်း၊ နေတွေပူသွားကြောင်း၊ ဆောင်းလေအေးသွားကြောင်း
သွားကြောင်းတွေကြောင့်ပဲ သောကြောင့်တွေဖြစ်…
ရင်မှာ တစ်ဆို့တနင့်နင့်ပေါ့၊ အခန်းတံခါးကို ပိတ်..။တိတ်တိတ်လေး ပြန်အိပ်ချင်တယ်…
ဘာပဲဖြစ်ဖြစ်ပေါ့လေ… အဲဒီ ပေပင်လေးကို မော့ကြည့်နေတဲ့သူ၊ ပေပင်ကိုင်းပေါ် မှီနားနေတဲ့သူ၊
နောက်ခံတေးသွားကို tong hua နဲ့ဆိုရင် လွမ်းဖို့ကောင်းမလား၊ အာဇာနည်ကိုပဲ ဆိုခိုင်းရမလား…
ဒီမီးချောင်းကတော့ အားစားနည်းပါတယ်လေ…၊
ကဲပါ… လေက ဖြူးဖြူးလေးတငြိမ့်ငြိမ့်တိုက်နေတယ်….
ဗီဇသတ္တိအရတော့ ကျီးကန်တွေမှာလည်း အနစ်နာခံကူညီစိတ်ရှိတယ်တဲ့…နောက်၊
နောက်ပြီးမှ ဆက်ဖတ်ဖို့ ထားတာတွေလည်း များနေပြီ….၊
အခုတော့ ကျီးကန်းလေး အာနေသည်။
ပေရိပ်ကို ခိုရင်း လူငယ်လေး တစ်စုံတစ်ရာကို စောင့်နေတယ်။
နေကသာ၊ ကျီးကအာ၊ ပြီးတော့ ပေပင်က ကြွေကျလာတဲ့ ပေသီးတွေများစွာ၊
သူ့ရှေ့ပျံကျဲနေလိုက်တာ…………. ရေးလက်စ စာရွက်ပိုင်းတွေ၊
လက်ကိုဆုပ်ချီဖြန့်ချီလုပ်နေမိတာက စိတ်မတည်ငြိမ်နေတာကို ပြတာဆိုရင်
သူ့မျက်လုံးတွေက အဝေးကိုငေးနေရမယ်… တစ်စုံတစ်ရာကို၊
တစ်ရာဖိုးဝယ်ရင် ရေခဲရေနှစ်ခွက်ရတဲ့ခေတ်မှာ
သူက ဘယ်လောက်ဖိုးဝယ်ချင်တာလဲ၊ ဘယ်လောက်ကြာကြာ……
ရွှေကျီးသံကြားလို့ သူ့ဆီဧည့်သည်လာလိမ့်မယ်…
ဘယ်လောက်ကြာကြာ….
သံသရာခရီးမှာ….. ဆေးလည်းပေးမယ်၊ မီးရောင်လည်း ပြပါ့မယ်…ချစ်သူ၊
ဘယ်လောက်ကြာကြာ…
ပေတစ်ပင်လို…ကျီးတစ်ကောင်လို…လူတစ်ယောက်စောင့်နေလိုက်တာ၊
ပေရိပ်မှာ လူငယ်တစ်ယောက် ကျီးအာသံ သာသာနားဆင်ပြီး…
ဘယ်လောက်ကြာကြာ ရပ်စောင့်နေမိတာ…
လေပြေသံတိုးတိုးရယ်၊ ရွက်ကြွေတွေ တွတ်ထိုးသံရယ်၊
နားမခံသာအောင်ပြန်ကြား.. နည်းနည်းတော့ခြောက်ခြားသင့်တဲ့အချိန်ပေါ့…
မကြာတဲ့ခဏမှာ ခပ်ကြာကြာမြဲလာတဲ့ လက်လေးတစ်ဖက်ကို ထာဝရဆွဲခွင့်လေး…
ဘယ်လောက်ကြာကြာ… စက္ကန့်တွေက ကမ္ဘာဘာ…..
ပျံ့ကျဲကြွေပေးပြီးသား….. ပေတစ်ပင်ရဲ့ တစ်သက်စာ ပေသီးလေးတွေ
ကားဘီးရာမှာ ကွဲကျနစ်ကြေလို့ကြေ
ကျီးညိုလေးလည်း လန့်ကာပျံဝဲ… ကောင်းကင်လွတ်ရာမြေဆီ
တစ်စက္ကန့်လေးပါပဲ…. ဖိတ်စာတစ်စောင်
ကောင်လေးနာမည်ကလွဲရင် အိပ်မက်တွေအားလုံးပါသွား
တစ်ခါက၊၊ ကောင်မလေး၊၊ ပေးသွားတယ်၊၊
ပေတစ်ပင်ရယ်၊ ကျီးတစ်ကောင်ရယ်၊ လူတစ်ယောက်ရယ်
ဘုန်းသန့်ခန့်
FI:ED211503SEP10
ပိုး မျှင် ရေ
ပြော ကောင်း ဆို ကောင်း ပြော ချင်တယ်
ဝတ် မှုန် က လေ ပြည် ကို ပြော သ လို
သစ် တော က မိုး ဥ တု ကို ပြော သ လို
ငါ့ က နင့် ကို ပြော ချင် တယ် ။
အ ခု ဆို ရင်
ငါ့ ရေ သောက် မြစ် တွေ က
ဆုတ် ဖြဲ ခံ နေ ရ တာ နဲ့ တင်
ဥာဏ် ရည် ဥာဏ် သွေး တွေ နိမ့် ကျ ကုန် ပါ ပြီ ။
တိမ် တွေ မ ဖြူ တော့ ဘူး ဆို တဲ့
တစ် နေ့ က
နင် မ ဟုတ် ဘူး လား...ပိုး မျှင်
ငါ့ အ သိ ဥာဏ် တွေ ထဲ
ပြေး လွှား က ခုန် နေ ခဲ့ တာ
ကြည် နှုး မှု တေး သွား တွေ က
မှတ် သား ဖွယ် ရာ မိုး ရေ ချိန် တွေ လို
တစ် ချက် တစ် ချက် အုံ ဆိုင်း လာ တယ်
နင် ဆို တာ ငါ မ သိ သေး တဲ့
ငါ့ ရင် ဘတ် ထဲ က နို ၀င် ဘာ
ရေ စက် မ ပါ တဲ့ မိုး တွေ
ဒီ နေ ရာ မှာ မ ရွာ နဲ့
နွေ စက် လက် စို လည်းငါ သွေ့ ခြောက် ဖို့ ရဲ တယ် ။
ပိုး မျှင် ရေ
ခေါ် ဆို ရ မ ခက် ခဲ လောက် ပါ ဘူး
မ မြင် ကွယ် ရာ မှာ
တစ် ရာ သီ စာ ပုန်း နေ တော့ မှာ လား
နင် ကိုယ် တိုင် ဖန် ဆင်း အပ် သော
ရ နံ့ အ ပြည့် နဲ့ နှင်း ဆီ တစ် ပွင့်
ငါ့ ရင် ဘတ် မှာ လာ စိုက် ပေး ပါ
ငါ့ ကို လာ ပြီး တော့ ရစ် ပတ် လှည့် ပါ ။
ပိုး ချည် မျှင် နဲ့ ယက် လုပ် ထား တဲ့
နှုတ် ခမ်း ပါး လေး ရေ
စိတ် ရှိ လက် ရှိ သာ ပြော ခွင့် ရ မယ် ဆို ရင်
" ချစ် တယ် " ဆို တဲ့စ ကား တစ် ခွန်း ထက် ငါ ပို မ ပြော ဘူး
ငါ့ ဂူ တံ ခါး က မင်း မန္တာန် နဲ့ ဖွင့် မှ ရ မှာ မို့ ပါ ။
ပြီး ပြီ လား.....ပြီး ပြီ တဲ့ လား
ဒါ ဆို.....နင့် ဓါး ကို သိမ်း တော့
တံ ခါး တွေ ဖွင့် မီး တိုင် တွေ ထွန်း
ဗုံ သံ တွေ ကို ခုန် ပေါက် စေ လိုက်
အဲ ဒီ တေး သွား နဲ
့
ငါ.....စီး ချင်း ထိုး မ လို့
ဟင်း လင်း ပွင့် ကြင် နာ ခြင်း တွေ နဲ့
ပ ညတ် တော် တွေ မ ပါ ပဲ
သေ ချာ တဲ့ အ က္ခ ရာ တစ် ခု ကို
ို
သိပ် သည်း ဆ လေး နက် သွား စေ ဖို့
ပိုး မျှင် ရေ..........ငါ တို့ နှစ် ယောက်တစ် ယောက်
ရင် ကို တစ် ယောက် တူး ဆွ ကြ မယ် ။
အ ရောင် မဲ့ ဒြပ် မဲ့ ဖြစ် သော ပိုး ချည် မျှင် မ လေး
ရေပိုး တုံး လုံး လေး တွေ
လိပ် ပြာ ဖြစ် လာ မယ့် နေ့ ကို
ငါ..................မျှော်.........နေ..........တယ်
အ မှန် တ ကယ် လူ လုံး လှ စေ ဖို့ အ တွက် ။
အမည်မဲ့
စက္ကူ ဈာပန
ရေငုံထားတုန်းပေါ့စင်ပေါ်က ပြတင်းတံခါးမှာ
လေလွှင့်သူရဲ့ခြေရာကိုခိုတွဲဆီမီးခင်းတဲ့ပွဲတော်
နမူနာမုဆိုးအိုနဲ့ ဆေးလိပ်တိုဆီနီကာ
မဟာလင်္ကာညှိစွန်းခဲ့တဲ့ သူရူးသစ္စာ
အလည်ခုရောက်လမ်းပြောက်သွားတဲ့ဧည်သည်မဲမဲများ
ပြင်နိုင်ရင်ပျက်ဖို့မခဲ နှင်းဆီမှောက်တဲ့တစ်ဖဲ
ဘာကိုမပြီး တရတဲ့ ရားယံခြင်းမှာ တစ်ခွန်းထဲငြိမ်းမရ
မနက်ဖြန်များစွာ ကျောက်ခဲဖြစ်သွားပြီ
လည်မျိုထိချိုလွန်းတဲ့အသံ
ထက်သန်နိုးကြားအဆိပ်များ
မီးဒဏ်ပွင့်ခိုပန်းမှာ နာမ၀ိသေသနစိတ်ကူးများမြေသြဇာဖြစ်ရ
မျက်မမြင်တစ်ယောက်ရဲ့အလင်းရနံ့လှုံ့ခိုပျံသန်း
အိမ်ပြန်လမ်းရဲ့နိမိတ်ပုံမှတ်တမ်း
သေဆုံးခြင်းဈာပန
အဆင့်အတန်းရှိမှုကိုခရေလမ်းခွဲ ထွင်းဖောက်ပျံသန်းခဲ့ရ
ရေသက်စေ့လှူရင်းသေသွားတဲ့သစ်ပင် လူမမြင်ရပီတိများမှာ
၎င်းအရာ၏အညွှန်းအရပ်မှာ ဘာတွေရဲ့အကြောင်းအရာပြီးဆုံးခြင်း ... ။
nelay
.
အပ်ရာရှိ အပ်ချလောင်း ငါထောင်း
ကကြီးနဲ့ ပတ်သက်ရင်
ကြိမ်လုံးတောင် မရှိဘူး ။
ယမထာနဲ့ တူတာဆိုလို့ ယမကာပဲ ရှိမယ် ။
ကိုယ်တွေမှာ အယူမရှိဘူး
သောက်သော် မူး၏ ။
မူးသော် ပြဲ၏ ။
ပြဲနေတယ်
ဟိုကောင်မလေး အကျီ င်္ ပြဲနေတယ်
အနီရောင်လေး ၊ အ၀ါရောင်လေး
ရောင်စုံပျိုမေတွေရယ် လှလို့ငေး
ဟိုချာတိတ်လိုက်ကြည့်နေတယ်
တစ်ဖက်ကိုလှည့် ၊ တခြားတစ်ဖက်ကို မြင်ရလိမ့်မယ် ။
မြင်တတ်ရင် မင်းအတွက်ချည်းပဲ ငါ့ကောင် ။
မှန်ပါ့
ကြေးမုံဟူ၍ နောက်တစ်မည် ခေါ်တွင်လတ္တံ့  ။
သတင်းထူးတွေ သတင်းထူးတွေ
လူနှစ်ယောက် ပေါင်းလိမ်တော့မယ့်သတင်းထူးတွေ
ဘယ်သူတွေလဲ ။
ခင်ဗျားနဲ့ ကျွန်တော်လေ ။
လာ ၊ လုပ်ငန်း စရအောင် ။
အချဉ်တစ်ကောင်တော့မိပြီဟေ့
အဲ့ဘက်က တစ်လုံး ၂၀ ပါ ။
သံပုရာသီးတွေ ၊ သံပုရာသီးတွေ ။
တိုက်ကြီးသံပုရာတွေ
မှော်ဘီ တိုက်ကြီး ၊ မှော်ဘီ တိုက်ကြီး ၊ နှစ်ယောက်လို ။
တစ်ခါတည်းထွက်မှာ
နောက်ဆုံးကားနော်
လိုက်လာလိုက်လာ
နေအိမ်မှ နေ့လည် ၁ နာရီ နောက်ဆုံးထွက်မည် ဖြစ်ပါသည် ။
ပုံ - ကျန်ရစ်သူ မိစုသား
မိစုသားနဲ့ ကိုသောင်းတင်သမီးနဲ့ က
ဘာဆိုလားတဲ့အေ့
လင်နဲ့ မယားဆိုတော့ လျှာနဲ့သွားပေါ့ အေ
ခြေထောက်မရှိတော့လည်း ခက်သားလား
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ စလုံး လက်ခတ်သံ
အဲ့ကောင်မကို ချေးပြီးရင် ပြန်တောင်းရတာ လက်ခက်ပါတယ်အေ
ယနေ့ အကြွေး မရောင်းပါ
မနက်ဖြန်ကျလျင် ဤစာသားကို တစ်ခေါက်လာထပ်ဖတ်ပါ ။
အကြွေးယူရမဲ့သူက ဘာကိုသည်းခံရမှာလဲ
သည်းခံခြင်းသည် အောင်မြင်ရာ၏ ချစ်သား တို့ (ဘုရားဟော)
တွံ။ ။ သင်သည်။ ဂဏှာဟိ။ ။ မှတ်လော့ ။
-သုဏော်စိုင်း ၊ ဆူးခက်မင်း-
နိဒါန်း (သို့) နိဂုံး
အမေ.....သန္ဓေတည်
လူ့ ရဲ့ ဘ ၀ အ စ
နောက်ဆုံး...............သခ
..........................
The First ( or ) The End
Mother.........Fertilizati
The Begining Of Human Life
The End..........The Cementry
အမည်မဲ့
ဒီရေဒီယိုက အသံဟောင်းတွေပဲလား
စက္ခုအတုနဲ့ နှလုံးသား
လက်ဖျံရိုးထဲ သံယောဇဉ်အသစ် တိုးဝင်လာနေတယ်
မရင်းနှီးနိုင်တဲ့ သတိရခြင်းမဲ့ အတိတ်
နှမြောစရာ ဇာတ်ပြ နှုတ်ခမ်းက နှုးနေပြီ
အတိတ်က အတိတ် ပြန်ပြောပြတဲ့ ရေညို့ဇာတ်တွေက နောက်ထပ်ပြန် က
သတိရတယ် သာရီ
ဓာတ်ကူးတယ် ညအအရှုပ်မှာ ပုံသေ က ကွက်နဲ့
အခုအလွမ်းသစ်သီးတွေ စိုက်ပျိုး
အို .. လှလိုက်တဲ့ ဧကရီ
အနမ်း ၃၈၅
ပြန်လာပါ ပြန်လာပါ ပြန်လာပါ
ဘယ်ခရီးမှာ ခြေဖနောင့်တွေ ပေါက်နေလဲ
အိုမင်းလာတဲ့ နှုတ်ခမ်းတွေ ပြီးသွားတာတွေပဲ ထပ်လို့ မြူးလို့
ခေါ်တဲ့ နားထဲ နားတွေ ပြန်ထပ်
ကျူးခဲ့ ရူးခဲ့ အရိပ်တွေ ဆွေးသွား
ညဟာ ကဝေရဲ့ မညို့တချက်မှာ သတိပြန်လည်တာ
ဒါ ဒါ ဒါ ဒါ သာရီ ဒါ ဒါ ဒါ ဒါ
ပန်းရနံ့တွေ ထူးထူးခိုက်ခိုက်
နှစ်တစ်သောင်းလဲ လွမ်းတယ်
နှစ် နှစ်သောင်းလဲ လွမ်းတယ်
အခုတော့ အိုပြီ
ရုပ်ပြောင်းမရေ ... လွမ်းတဲ့ အခါ ငါ ခဏခဏ သေဖြစ်တယ်
အခုတော့ မသိမ်းရသေးတဲ့ ဆံစတွေ
အခုတော့ မသိမ်းရသေးတဲ့ အိပ်မက်တွေ လူရာဝင်သည် လူရာမ၀င်သည်
ငါမသိတော့
ရှစ်ခေါက်ချိုး နှစ်ချိုး အခါးများတော့ အခါး
ကိုယ့် ဒုက္ခ နဲ့ ကိုယ်သံယောဇဉ်နဲ့
နတ်ဆိုးမီးထဲ လောင်လို့ ကျွမ်းလို့
ဒုက္ခပါပဲ သာရီ
ကိုယ်ထင် ကုတင် ရွှေနန်းတဲ့
ရာဇ၀င်အသစ်ပဲထင်ထင် ရာဇ၀င်ဟောင်းပဲထင်ထင်
ခြေရာကွက်သေးသေးလေးထဲ ရောင့်ရဲတဲ့ စိတ်နဲ့
မကြာခဏ မြေမြိုခံနေခဲ့တယ် ။
စိတ်ကူးရဲ့ လက်တည့်စမ်းရာဟာ ဘ၀ ပဲ
ဘယ်တော့မှ မဆုံးတဲ့ ရနံ့ဟာ မင်းတယောက်ဖြစ်ခဲ့
ဘယ်တော့မှ ဖတ်လို့မပြီးတဲ့ သေတမ်းစာဟာ မင်းဖြစ်ခဲ့
ရူးရဲ မိုက်ရဲ တဲ့ ငါ
မင်းဟာ ငါ့အတွက် မဆုံးတဲ့ ပုံပြင်
အရိုးသာသာ ည ပဲ ရှိတယ်
င့ါမှာ မချင့်မရဲ စိတ် နဲ့ အိပ်မက် မဆန့်မပြဲတွေကို မက်လို့
လသာသာ ခရီးတွေဘာတွေ ထွက်လို့
ငိုတယ် ... ။
-ရုပ်သေး-
ငါ့ ကုန်ကျစရိတ်နဲ့ ငါ
ပျော်မွေ့ တယ်
ငါက ဘယ်ဘက်မှာပါ
ခု ငါ ညာဘက် ရောက်နေပြန်ပြီ
ငါ့ နေရာအစစ်အမှန်က ဘယ်မှာလဲ
ငါထိုင်နေတာ ကုလားထိုင်ရော ဟုတ်ရဲ့ လား
ငါ့ နန်းတော်ထဲက ပလ္လင်ရော ဘယ်မှာလဲ
ငါက ပုလ္လိင်ရော ဟုတ်ရဲ့ လား
ငါက နပုလ္လိင်များလား
ငါ မြင်နေရတာ ဟန်နီကယ်လ်ဘူးရော ဟုတ်ရဲ့ လား
ငါမြင်နေရတာ ရေထဲမျောနေတဲ့ သဘောင်္သီးများလား
ခု ဘယ်နှစ်နာရီ ထိုးပြီလဲ
ငါ့လက်မှာ နာရီ မရှိဘူး
ရေထဲမျောနေတဲ့ သဘောင်္သီးမှာရော နာရီရှိနိုင်မလား
ငါ ခု ဘာလုပ်နေတာလဲ
ငါ ဘာလုပ်ဖို့ ခုနေတာလဲ ငါက ညာဘက်မှာပါ
ခု ငါ ဘယ်ဘက်ရောက်နေပြန်ပြီ
မသိလို့ မေးပါဦးမယ်
ငါက ဘယ်သူလဲငါ့မှာ နာမည်ရောရှိရဲ့ လား
ဘာ ... ငါ့မှာ နာမည်မရှိဘူး ဟုတ်လား
ဒါဆို ငါက အမည်မဲ့ သတ္တ၀ါပေါ့
ဒါဆို မင်းကရော ငါလား
ငါကရော မင်း မဖြစ်နိုင်ဘူးလား
ဟန်နီကယ်လ် ဘယ်ရောက်သွားလဲ
ပြည်သူ့ကုန်တိုက်က ဘီအီးဒီစီတွေကြားမှာလား
ဒါမှမဟုတ် ငါ့ထိုင်ခုံပေါ်မှာလား
ငါက ထိုင်ခုံပေါ်မှာလား
ခုနက ငါ ထိုင်ခုံပေါ်မှာပါ
ခု ဘာလို့ ထိုင်ခုံအောက် ရောက်သွားရတာလဲ
ငါ့မျက်စိတွေက ရေချိန်လွန်သွားတာလား
ငါကပဲ အိုဗာဒရန့်ခ် ဖြစ်နေတာလား
ငါ သိတာ တစ်ခုပဲ ရှိတယ်
ငါက အမည်မဲ့ သတ္တ၀ါ ။ .............. ။
ဆူးခက်မင်း