Hands Of Enlightenment

လင်းပွင့်လက်များ

Showing posts with label ဆူးခက်မင်း . ညီစိမ်း. Show all posts
Showing posts with label ဆူးခက်မင်း . ညီစိမ်း. Show all posts

ခရမ်းဖြူ ရူးခြင်း



မသေရုံတမယ် မိုးခဲ့ရတဲ့ ကောင်းကင် ..
ခုတော့ .. ထီးရွက်တွေ .. တဖြုတ်ဖြုတ် ကြွေ .. .. .. .. ..
ဟာ ... .. သွား ပြီ ...
အစတည်းက မှားခဲ့တာတွေ ..
ပြန်မမှန်ချင်တော့ပါဘူး ..
ဂြိုဟ်ဆိုး နက္ခတ်တွေ ဝေနေတဲ့ကောင် အဖို့ ..
စက်ဝိုင်းသီအိုရီလည်း မလိုအပ်တော့ပါဘူး ..
ကျောက်ဆစ်ရုပ်ရဲ့ လက်တစ်ဖက်မှာ ..
မင်း ကိုယ်သင်းနံ့တွေ စွဲ ကျန် ရစ် ..
သေချာတာပေါ့ .. .. ..
ငါ ၀ဋ်အကြီးကြီးလည်တယ် .. အဖြူရောင် ရေ .. .. .. ။

မယုံကြည်တော့ဘူး ။
ဘာကိုမှ မယုံကြည်တော့ဘူး ။
နာရီမြည်သံတွေကြားတိုင်း
သွေးပျက်တတ်ခဲ့တာ .....
အရိပ်ကို လိုချင်တယ်တော့ မဟုတ်ပါဘူး ။
နေပူမှာပဲ ရပ်စာင့်နေခဲ့တယ် ။
ဘာနာမည်တပ်ရမယ်မှန်းတောင်မသိတဲ့ ရောဂါအတွက်
သောက်ဆေး ထိုးဆေးတွေ ၊
ခုတ်ရာ နဲ့ ရှရာ တေ့တေ့လွဲနေတာ များပြီ ။
မျက်လုံးထဲကို တည့်တည့်ကြည့် ။
ငါ့ မျက်လုံး ကို တည့် တည့် ကြည့် ။


အရှုံးနဲ့ နဖူးတွေ့ ဒူးတွေ့တွေ့လိုက်ရမှ ..
ငါ့ အတ္တကို ငါ ပြန် သနားလိုက်မိသလိုလို ...
မဟုတ်ဘူး ။
ငါ့ မျက်လုံးကို တည့်တည့် ကြည့်လိုက် ..
ငါ့ ဒူးနှစ်ဖက်မှာ တင်ကျန်နေတဲ့ ဖုန်မှုန့်တွေ မြင်ရလိမ့်မယ် ။
ဖုန်တက်နေတဲ့ အတွေးတွေရယ် ..
ဖုန်တက်နေတဲ့ မျှော်လင့်ချက်တွေရယ် ..
သေလွဲသာ လွဲလိုက်ချင်ရဲ့ .. ။
ရှင်ရက်နဲ့ လွဲဖို့တော့ .. ငါ့ လိပ်ပြာ ငါ မလုံဘူး ။
အိပ်ယာဝင်တိုင်း ကြားနေကျ ခြင်အော်သံတွေက ..
" ညီ ... ညီ ... ညီ .. "
တစ်သက်နဲ့ တစ်ကိုယ် ၀ံ့ကြွားခဲ့သမျှ .. ။
အကြီးကြီး ရှုံးတာပဲ ။
တကယ်ပါ ... ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် .. ။
ခရမ်း ရူး ရူးခဲ့သမျှ ။
မျက်နှာစုံညီတိုင်း အရှုံးကြီး ရှုံးတာပဲ ။


ဆူးခက်မင်း ၊ ညီစိမ်း

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter