Hands Of Enlightenment

လင်းပွင့်လက်များ

Showing posts with label ရုပ်သေး. Show all posts
Showing posts with label ရုပ်သေး. Show all posts

ကျွန်တော်ပြောသော မင်ရည်ကျဲလောက တစ် ၏ စာရွက်နောက်ကွယ်



ငါကျေနပ်ပါတယ် . . ဒီလိုနေရတာ
လမ်းလျှောက်ရင် ပီကေဖောက်မယ်
မကျေနပ်ရင် ခါးထောက်ရှိုးတယ်
အရှေ့ကလူတွေကံဆိုးတယ်
ဖက်ကြမ်းဖတ်ပီး ကဗျာသောက်တယ်
ငါနေပျော်ပါတယ်
ဘီယာစုပ်ပြီး ၅သုံးလုံးခဲတယ်
ခဲတံမလိုဘူး စာရွက်မပါဘူး
ရတယ်
ကဗျာတွေဖြစ်တယ်
လွယ်အိတ်ထဲခေါက်မထည့်ဘူး . . လက်ပ်တော့ပ် ပါတယ် . . တစ်ပုဒ်ချင်းထုတ်စားပြမယ် . .
တစ်ပုဒ်ချိုတယ်
ရှေ့က အစ်ကိုတွေကို ကျနော် လေးစားတယ်
နောက်တစ်ပုဒ်ခါးတယ်
နောက်လာမယ့် ညီလေး
အစ်ကိုလေးစားပါတယ်
လေယာဉ်ပျံကြီး စီးမှ ကဗျာဆရာ မဟုတ်ပါဘူး ။
လေထဲ တိုက်အိမ်ဆောက်တတ်ရင် ကဗျာဆရာ ဖြစ်တယ် ။
ဂရမ်းမီးရထားဟိုတယ်လ် မှာ တက်ရေးမှာ ကဗျာဆရာ မဟုတ်ပါဘူး ။
ဂရမ်းရွိုင်ရယ်လ် သောက်ပြီးရေးလည်း ကဗျာဆရာ ဖြစ်တယ် ။
ကိုယ့်ခံယူချက်နဲ့ ကိုယ် တလွဲလုပ်ကြတာတွေတော့ ရှိတာပေါ့ ။
ကိုယ့်အလွဲနဲ့ကိုယ် မှန်နေကြတဲ့လူတွေကြားမှာ
ကဗျာတစ်ပုဒ် ဆက်ရေးဖို့ ..
စီးကရက်ငွေ့တွေ မှုတ်ထုတ်ပစ်လိုက်တယ် .. ။
" ဟူးးးးးးးးးးးးးး "
မောတယ် ။
လေထဲဆောက်ရမယ့် အိမ်ကို မော့ကြည့်ရတာမောတယ် ။
အခြေမခိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်ရတာလည်း မောတယ် ။
တစ် နှစ် သုံး လေး ငါး ၊
ဒီအတိုင်းပဲ ဆက်ရေးတော့ ။
ဘာမှ ဆက်ရေနေစရာမလိုဘူး ။
တစ် ပြီးရင် နှစ် လာမယ် ။
သစ် ပြီးရင် ဟောင်း လာမယ် ။
ကဲ ... ပြော ။
ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ။
ဘာက ဆုံးဖြတ်မှာလဲ ။
မှားနေကျ မှန် ကပဲလား ။
ဒါမှမဟုတ် မှန်နေကျ ... တစ်ခုခုကများလား ။
ထားပါ ။ ပြောချင်တဲ့ အထဲမှာ အဲ့ဒါတွေမပါဘူး ။
မနက်ရောက်တာနဲ့ ထွက်သွားတော့မယ့် ရထားကြီးရယ် ။
မနက်ရောက်တာနဲ့ ဆိုက်လာတော့မယ့် လေယာဉ်ပျံကြီးရယ် ။
ကိုယ့်ကိုကိုယ် ပြန်မှုတ်ထုတ်နေတဲ့ စီးကရက်တစ်လိပ်ရယ်လောက်ပါပဲ ။
ပြောပြချင်တာကတော့ ဒီလောက်ပါပဲ ။
ဒီ့ထက်ပိုပြီး ဘာများ သိချင်သေးလဲ ။
ဒီ့ထက်ပိုပြီး ဘာများ အသိပေးချင်သေးလဲ ။
မှာစရာရှိတာ မှာလိုက်ကြပေါ့
သွားရ လာရ ခရီးက လေးဆယ့်ငါး ၊ ငါးဆယ်
သွားစရာရှိတာ သွားလိုက်ကြပေါ့
ကံဆိုးတဲ့နောက်လိုက်ကြတဲ့ ကံကောင်းကောင်တွေ
ရောက်နေကျနေရာက ရပ်စောင့်ကြ
ကျနော်ရယ် ကျနော့် အစ်ကိုတွေရယ်
ပြီးတော့ လမ်းအတုတွေရယ် လမ်းအစစ်တွေရယ်
မျက်နှာပေါ်က ရိုင်းပျခြင်းက တစ်ယောက် ပခုံးပေါ် တစ်ယောက် ဖက်လှဲတငင်
ဒီ လောကရဲ့ နောက်ဘက်က မျက်နှာ
ကျနော့် အစ်ကိုတွေရဲ့ မျက်နှာနဲ့ ခပ်ဆင်ဆင်ရယ်
မှာစရာရှိတာ မှာကြ
ကျနော်ရယ် ကံကောင်းကောင်တွေရယ်
ဘယ်သူမှ မစောင့်ကြဘူး ထထွက်သွားတယ်
မှာစရာရှိတာ မှာလိုက်ကြ
ဒီလောက ရဲ့ ဒီ ခရီး ဖိနပ်ပါးပါးပဲစီး
ထွက်လျှောက်လိုက်တော့
ဟိုးအရှေ့ ကျနော့် အစ်ကိုတွေကို မှီတယ် ... ။               ။


                                     မောင်မိုးချိုဆူးခက်မင်းညီစိမ်း ရုပ်သေး


အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter