Hands Of Enlightenment

လင်းပွင့်လက်များ

Showing posts with label ကဗျာ ( ဆူးခက်မင်း ). Show all posts
Showing posts with label ကဗျာ ( ဆူးခက်မင်း ). Show all posts

အမှောင်ထုထဲမှာ ခု မှောင်နေတယ် ဘာ ဘာ
မြင်ရသလဲ ဘာ ဘာ မှ မ မြင် ရ ဘူး ဟုတ်လား
ကိုယ့်လက်ကိုယ် ပြန်စမ်းကြည့် အရိုးပေါ် အရေတင်
ပျင်းလိုက်တာ အရည်ကို ထွက်လို့ ဆိုတာ ခု ထွက်ပြီ
လား မထွက်သေးဘူး လား ဦးနှောက်ယိုစီးမှု အသိဥာဏ်
ရေစီးကမ်းပြိုလိုက်မှု အမှုမထားနဲ့ မေ့ပစ်လိုက် အမှုပိတ်လိုက်
တစ်ပတ်လောက်ကြာရင် ရမယ် ရမန်ကြီး ငရမန်ကန်းကြီး
တစ်ဖက်လပ်ကြီး တစ်ခုလပ်ကြီး လက်လက်ကို ထ လို့
ထိုင်လို့ မရ လိပ်ခေါင်းရောဂါစွဲကပ်လာ ဆောင်ပါ သားရေကွင်း
တွေ လျှောက်လှိမ့်မနေနဲ့ ဟေး ဂေါ်လီမလေး အိမ်မပိုင်ဘူးလား
ဂရန်ကော ရှိရဲ့ လား ဆောင်ရန် ရှောင်ရန် လှောင်ရန် ပြောင်ရန်
ရန်သူမျိုး ငါးပါး ငါပါ ငါပါ တံခါးဖွင့် ငါပါ ငါပါ တံခါးပိတ် စနစ်
ကျင့်သုံးရန် ငါးသလောက်စီးပွားရေး တံခါးပိတ်ဆန့်ကျင်ရန်
ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးရွားလှတာ မင်း သိဖို့ကောင်းတယ်
စွဲမိတဲ့ကိုယ့်ရဲ့အကြောင်းလေး တွေ ဝေနေရင်းနဲ့ပဲ ထမင်းလည်း
ဆန်ပြုတ်ဖြစ်လိုဖြစ် အိမ်ခေါင်မိုးလည်း ကျည်ကာအင်္ကျီဖြစ်လိုဖြစ်
ဖျစ်ဖျစ်မြည်အောင် ခြစ်ခြုတ်ပြီး ချောက်တီးချောက်ချက် ဂယောက်ဂယက်
ဒီကျင်း/မင်း မကောင်းရင် ဟိုကျင်း/မင်း မကောင်းရင် ဒီကျင်း/မင်း
ပေါင်းတစ်ထောင် ကုန်အောင်တူးမယ့် သိုက်တူးသမားတွေပါ
လိုက်ဖူးသလား မိုက်ဖူးသလား ဒါမှမဟုတ် ရိုက်ဖူးသလား ဘုန်းကြီးတွေကို
အရုဏ်ဆွမ်းလောင်းလှူရန် မစွမ်းရင်းလည်းရှိပြန် ကန်စွန်းခင်းလည်းငြိပြန်
ဆိုတော့ ထိရန် မိရန် ခပ်ရိုင်းရိုင်းစကားလုံးများကို ခပ်ရိုင်းရိုင်း ပစ်ပယ်မိ
တချို့က ပေါ်ပင်ဖြစ်ဖို့ / ဗီဇအရ / ရိုင်းချင်လို့ကို ရိုင်းကြ ရွှိုင်းကြ လိုင်းကျ
ပြန်ပြီ တာ့တာ ။

- ဆူးခက်မင်း -
2 0 n o v e m b e r 2 0 1 0

ပထ၀ီ




သက်ရှိဖြစ်စေ/သက်မဲ့ဖြစ်စေ
အဖိုဓါတ်အမဓါတ်ရှိကိုရှိရမည်
အဖိုဖြစ်ခြင်း/ အမဖြစ်ခြင်းဖြစ်ကိုဖြစ်ရမည် ။
မီးရေလေမြေပေါင်းစပ်ခြင်းကြောင့်
ပေါ်ပေါက်လာရသောအကျိုးတရားအကြောင်းတရား
သက်ရှိသည် ဒြပ်ရှိ၊သက်မဲ့သည် စွမ်းအင်တစ်မျိုး
အဖိုစွမ်းအင်/အမစွမ်းအင်ရှိကိုရှိရမည်။
မြေကြီးထဲထွက်လာကြတဲ့သူတွေမဟုတ်ပေမယ့်
ငါတို့တတွေ
မြေကြီးထဲကို ၀င်ဖို့ အခွင့်အခါကိုစောင့်နေကြတယ်။
ဒီမြေပေါ်မှာပဲကြီးပြင်း
ဒီမြေပေါ်မှပဲထွန်ယက်
ဒီမြေပေါ်မှာပဲ စိုက်ပျိုး
ဒီမြေပေါ်မှာပဲရိတ်သိမ်း ရင်းကနေ
ဒီမြေပေါ်မှာပဲ အငြိုးတေးတွေထားလို့
ဒီမြေပေါ်မှာပဲ အမုန်းတရားတွေပွားကြပြန်တယ်
ဒီမြေပေါ်မှာပဲသံယောဇဉ်တွေများပြီး
ဒီမြေပေါ်မှာပဲ အသားအရောင်တွေကွဲခြား
ဒီမြေပေါ်မှာပဲ အဆင့်အတန်းတွေခွဲခြားရင်း
ဒီမြေပေါ်မှာပဲအနိုင်ထက်စီးနင်းပြုကျင့်ကြပြန်တယ်
ဒီမြေပေါ်မှာကျွန်စနစ်စတင်
ဒီမြေပေါ်မှာပဲ ပဒေသရာဇ်စနစ်ဖြစ်တည်
ဒီမြေပေါ်မှာပဲကုသိုလ်တွေဖန်တီး
ဒီမြေပေါ်မှာပဲ အကုသိုလ်တွေမွေးဖွား
ဒီမြေပေါ်မှာပဲ စစ်ပွဲတွေ မဖြစ်ဖြစ်အောင်ဆင်နွဲ
ဒီမြေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်
ဒီမြေပေါ်မှာပဲငြိမ်းချမ်းရေးတွေရယူကြပြန်တယ်
ဒီမြေပေါ်မှာပဲ ပက်ကြားအက်အိပ်မက်ဆိုးတွေထပ်တလဲလဲမက်
ဒီမြေပေါ်မှာပဲလူ့တန်ဖိုးလူ့ယဉ်ကျေးမှုတွေထွက်ပေါ်
ဒီမြေပေါ်မှာပဲဟန်ဆောင်လိမ်ညာမှုတွေအသက်ဆက်
ဒီမြေပေါ်မှာပဲအတုတွေနဲ့အစစ်တွေရောနှော
ဒီမြေပေါ်မှာပဲအမှားနဲ့အမှန်ကိုနံပါတ်စဉ်တွေပြောင်းတပ်
ဒီမြေပေါ်မှာပဲအယူဝါဒတွေဂိုဏ်းဂဏတွေစွဲ
ဒီမြေပေါ်မှာပဲဘာသာရေးတွေမေ့ကိုယ်ချင်းစာတရားတွေပျောက်
ဒီမြေပေါ်မှာပဲမာယာကော့စကီးဘောင်းဘီဝတ်မိုးတိမ်ရေးခဲ့တယ်
ဒီမြေပေါ်မှာပဲအလက်ဇန္ဒား ပွတ်ရှကင်ပလေတိုရာဘင်ဒြာနတ်တဂိုးဖြစ်ခဲ့တယ်
ဒီမြေပေါ်မှာပဲ မြို့မငြိမ်းရဲ့သီချင်းတွေပေါ်ခဲ့တယ်
ဒီမြေပေါ်မှာပဲ ဒဂုန်တာရာ ဖြစ်ခဲ့တယ်
ဒီမြေပေါ်မှာပဲ မောင်ချောနွယ်ဖြစ်ခဲ့တယ်
ဒီမြေပေါ်မှာပဲကဗျာတွေ ဖြစ်တည်ခဲ့တယ်
ဒီမြေပေါ်မှာပဲ ငါတို့ရပ်တည်ခဲ့ကြတယ်
ဒီမြေပေါ်မှာပဲမြေကြီးထဲပြန်ဝင်ဖို့အချိန်တွေစောင့်ရင်း
ဒီမြေပေါ်မှာပဲ.........ဒီမြေပေါ်မှာပဲ
ဒီ......မြေ.....ပေါ်.....မှာ....ပဲ
ဒီ
မြေ
ပေါ်
မှာ
ပဲ

လွတ်မြောက်ရာလမ်းစဉ်ရှာဖွေတူးဆွရင်း
ဒီ
မြေ
ပေါ်
မှာ
ပဲ ။ ။






အမည်မဲ့ (သတိရတိုင်းခဏခဏထုတ်ကြည့်လို့ရတယ်)







တေဇော




ပထ၀ီမြေကြီးပေါ် ဘယ်ညာပွတ်တီးနေတဲ့ မီး
ရင်ရင်ခြင်းခတ် မျက်ဝန်းမှာ အာပေါမီးထွက်
ဟင်းကနဲဆင်း သက်ပြင်း
ဆန်လေ၀ါယောမီး
နာမ်မီးဖွဲလောင်ကျ
ဗျာပါတ
ဘောပင် ၊ လက်
စာရွက် ၊ မှင်ထိပ်
နှာခေါင်း ၊ ရှိုက်လေ
သွေး ၊ သွေးကြော
ရှင်သန်မှု ၊ လောကဓံ
ဟင်းလင်းပြင် ၊ ဒြပ်
ဘုံ ၃၁ ပူတိုက်လှုပ်ရွ
ဖဿ ပစ္စယာ ဝေဒနာ
ပရမတ္တလျှောက် အပူရောင်
မောဟလျှောက် တဏှာကောင်
မွေးလမ်းကြောင်းက အပူကောင်
ဒေါသထမ်းပြေး တဏှာရောင်
ပုံပြောဆဲ ၂၀၁၀ မီး
ရွာထဲက ဖယောင်းတိုင်မီး
ဘယ်လိုစောင်းစောင်း ဆောင်းဟာ နေထွက်ဆဲ
သမိုင်းဟာ စစ်မီးတွေကလွဲပြီး ဘယ်စာရွက်မှ ပိုမလာဘူး
အမာရွတ်မပါတဲ့ သူရဲကောင်းကြီး အာဏာရှင် ၂၂
ရေမီး ၊ လေမီး ၊ နေမီး
ဇီဝမီး ၊ အေးမီး ၊ ပူမီး
အနုမြူမီး ၊ မီးတကာမီး
ဘယ်မီး ၀မ်းမီးမမှီနိုင်
နိုင်ထက်စား သတ္တ၀ါများစုပေါင်း
ဂရုဏာရှင်များ နှစ်ပတ်လည်... ခိုးရာပါပစ္စည်းများ လောင်းလှူပွဲ
ကလက်တက်တက် ပါတီပွဲတက်
Punk သီချင်းသံနဲ့ ခေါင်းကွဲပြန်တဲ့ ရှိုးပွဲ
သင်္ကြန်ခါဦး အရေးပေါ်ရွှင်မြူး
ဆိတ်ငြိမ်ရာ လောင်
ဆိတ်ကွယ်ရာ လောင်
နှစ်ဦးတည်းလောင်သော တည်းခိုခန်း
Sectionကြေး ၇၀၀၀ထောင် အခွန်ဆောင်
စာရိတ္တမဲ့မိဘများလင်းတဲ့ နောက်မီး၊ရှေ့ မီး HIV သားသမီး
တဦးတည်းလောင်သော စိတ္တဇ
ငရဲဘုံမှာ ပိုကာပွဲ
ဘုရားဒကာကြီးဆွဲတဲ့ ၈ချပ်တွဲကြီး ဂျိုကာဖဲ
စိတ်သွား ရုပ်လောင်
ရုပ်သွား စိတ်လောင်
မင်းကိုငါချစ်တယ်
နှလုံးသဲက ချစ်ဘုရားပွဲ မီးလောင်
အူဝမ်းထဲမှာ ၀ီစကီ မီးလောင်
ရွှေပြည်စိုး မီးလောင် ၊ Red Ruby မီးလောင်
ရတနာပုံဈေး မီးလောင် ၊ ကြောင်အိမ်ထဲ မီးလောင်
ဒုတိယကမ္ဘာစစ် ဘောက်ကျ
ဟီရိုရှီးမား မီးသွေးခေါင်းလျှော်ရည်
ဘေးထိုင်ဘိုင်ကျ Man U ကွ
ဘုရား၊တရား၊သံဃာ နှစ်လုံးခြင်းဆွဲသွားသော အိမ်သူများ
ချစ်တီးပွဲစား သမီးကလေး ဆွဲသွား
South East Asia ဆူနာမီ
သဘာဝနဂါးကြီးလက်ထဲက ဧရာဝတီမင်းသမီးလေး နာဂစ်နှင့်
NGO မင်းသားလေး ရိုမန်တစ်
မယုံကြနဲ့ 
ဂေါ်ဂေါ်ဂွီ အလင်းပေးနေသည်
သွေးထိုးနေသည်
ဂေါ်ဂေါ်ဂွီ အမှန်တရားပြောနေသည်
ရှက်တတ်ရင် လဲသေဖို့ ကောင်းတယ်
ဟ ဟ
ဟ ဟ
အလုပ်မရှိပဲ အိမ်ထောင်ပြုနိုင်ရေး တို့ အရေး
ဆင်းရဲသားတော်လှန်မှုမပါပဲ တရားမျှတသော လူ့ အဖွဲ့ အစည်းတည်ထောင်ရေး တို့ အရေး
လျှပ်စစ်ဓါတ်အသုံးမပြုသော ပြည်တွင်းဖြစ် လူအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရေး တို့ အရေး
သီလ ၊ သမာဓိ ၊ ပညာ မပါပဲ ပုထုဇဉ်နိဗ္ဗာန် ရောက်ရေး တို့ အရေး
အစိမ်းရောင်ကမ္ဘာကြီးအား အဖြူရောင်အနွေးထည်ခြုံရေး တို့ အရေး
လျှောကျခြင်း ၊ မြင့်တက်ခြင်းမပါပဲ လောကဓံ ထမင်းမှန်မှန်စားရေး တို့ အရေး
၂၀၁၂ နေကိုးစင်းထွက် ၊ ၂၀၁၃ လကိုးစင်းထွက် ၊ ၂၀၁၄ စကြာဝဌာတိုက်တစ်သောင်း တိုးတက်ရေး တို့ အရေး
နဂါးငွေ့ တန်း ၊ ဥက္ကာခဲ ၊ကြယ် ၊ နေ ၊ လ ၊ ကမ္ဘာ ရုပ်အဖွဲ့ အစည်းမပါသော နာမ်လူသားကမ္ဘာကြီး တည်ထောင်ရေး တို့ အရေး
အစရှိသည်ဖြင့် ၊ ချစ်သူ အနိစ္စ
etc ၊ ရန်သူ ဒုက္ခ
အစရှိသည်ဖြင့် ၊ သတ္တ၀ါ အနတ္တ
ဒြပ် ၊ ရုပ် ၊ သုသာန် ၊ ကြေးစည် ၊ မျက်ရည်
မာကျော ပျော့ပျောင်း
စီးမျော ဖြည့်စွက်
ရွေ့ လျား တွန်းတိုက်
ပူအေး လောင်ခဲ
ဟောဒီက ကောက်ညှင်းပေါင်း ပူပူလေး ရမယ်
ဘူတာရုံတေးသွား
ရေသန့် ဘူးလေး ပစ်ချပေးပါ ခင်ဗျာ
လေမရှိဘီးကြီးနဲ့  လယ်ကွင်းထဲက ထော်လာဂျီ
တေဇော မှ ပထ၀ီ
တေဇော မှ ၀ါယော
တေဇော မှ အာပေါ
တေဇော မှ တေဇာ
ရထားလား ရထားလား
ရရင် အကြောင်းပြန်
ဒါပဲ



အနော်မာ
၃.၁.၂၀၁၀ ( ၃နာရီ ၁၅ မိနစ် )







အာပေါ




ခု ရေတွင်းတူး ၊ ခု ရေကြည်သောက်ဖို့
ရေကြည်ရာ မြက်နုရာ ၊ ရှာနေတဲ့ကောင် ။
ဘာမှလည်း ရေရေရာရာ မရှိ ။
ရေမရှိတဲ့ ချောင်းမှာ ၊ ဘာဖော်ပြီး
သေမယ်ဆိုလား ။ ရေမှုတ်တစ်ဖက် ။
မီးတုတ်တစ်ဖက်နဲ့ ၊ အော်နေလိုက်တာများ ။
" ရေလိုတယ် .... ရေလိုတယ် ... "
ပြီးတော့ ၊ ပုဝါမကူ ရေမရှူကြေး ဆိုပြီး
ရေပက်မ၀င် ၊ ပြောနေသေးတယ် ။
မင်းလိုသာဆို ၊ ရေပုံးနှစ်လုံးရှိရင်
ထမင်း မငတ်ဘူး ။ ငါ့လိုသာဆို
ရေသောက် ၊ ဗိုက်မှောက် ၊ ကဗျာရေးနေလည်း
ဖြစ်တယ် ။ ဟော ... ။ နားထောင် .... ။
" အင်္ဂါဂြိုဟ်ပေါ်မှာ ရေတွေ့  ပြီ ... "
ဘာများလဲလို့ ၊ အင်္ဂါဂြိဟ်ပေါ်က ရေမှာလည်း
ဟိုက်ဒရိုဂျင်နှစ်လုံး ၊ အောက်ဆီဂျင်တစ်လုံး ။
အပိုပါတာ မှတ်လို့ ။ လူတွေကိုက မဟုတ်တာ ။
သူ့ ဟာသူ နေတဲ့ ရေကို တံဆိပ်ကပ်လို ကပ် ။
ရေစေး တဲ့ ၊ ရေနောက် တဲ့ ။
ရေသေ တဲ့ ၊ ရေရှင် တဲ့ ။
ဒါနဲ့ ရေမှာ အရောင် ရှိလား ။
နေမကောင်းရင် ရေစိမ်းတွေ မသောက်နဲ့လေ ။
( ရေကျက်အေး သောက်တဲ့လူတွေ နေကောင်းကြတယ် ။ )
" ကန်တော်ကြီးက ရေထဲ .. ငါ ခုန်ဆင်းလိုက်တာနဲ့
ကြယ်တွေ ထကကြတာ ... ဘာသဘောလဲ .. "
အမိမဲ့သား ပေမယ့် ၊ ရေနည်းငါး မဟုတ်တဲ့
ငါလိုကောင် ။ ရေလည်း မခပ်ဘူး ။
ထင်းလည်း မခွေဘူး ။ ရေရေရာရာ မရှိ
တဲ့ ၊ ဘ၀မှာ ၊ မရေမရာနဲ့ ။
ပြောချင်တာက ၊ ရေတွင်းပျက်ထဲ ခုန်ချ
သွားတဲ့ ၊ ရေသောက်မြစ်အကြောင်း ။
အသက်ရှင်ဖို့  ၊ ရေ မလိုဘူး ။
အသက်ရှင်ဖို့  ၊ အသက်ပဲ လိုတယ် ။
" ရေအသက် တစ်မနက် "
သွားစမ်း ... ။ ထွေလီကာလီတွေ ။
ရေတွေ စီး/စေး တယ် ။
ရေတွေ ကျဉ်း/ကျင်း တယ် ။
ရေတွေ ပြာ/ပျာ တယ် ။
ရေနက်ထဲ မသွားနဲ့ ။
မင်းတစ်ကိုယ်လုံး ၊ မည်း (မဲ) ကုန်မယ် ။
" မဲ ကုန်ပြီ ၊ မဲ ကုန်ပြီ "
ကောင်းတာပေါ့ ။
နားလှည့် ပါးရိုက်မယ့်ကောင်ကို
ထောက် ၊ ထောက်ပြီး ၊ ခံနေစရာ မလိုတော့ဘူး ။


ဆူးခက်မင်း




ဝါယော




ကျွန်တော် အလိုရှိနေတဲ့သူက
အမှတ်တမဲ့ကြည့်ရင်
ကောလဟာလနဲ့ တူတယ်
ထိုင်နေရင် ပွယောင်းငြီးစီနေပြီး
ထသွားတဲ့အခါ အရပ်ထဲ ဟိုစပ်စပ် ဒီစပ်စပ်
အကြိုအကြားအနှံ့ 
အရူးဗုံမြှောက်သလို မြူးခုန်ပေါက်တဲ့ပုံစံ
ငိုမလိုမျက်နှာပေးနဲ့ 
စနေထောင့်က ပြေးထွက်လာတဲ့ပုံစံ
သဇင်တွေကို နှင်းနဲ့ ပက်ဖို့ 
မြောက်ဘက်အရပ်ကနေ ပြန်လာတဲ့ပုံစံ
မူပိုင်ခွင့်တင်ထားတဲ့ ဟန်တွေပဲပေါ့
အလင်္ကာဆင်ပြီး ပြောရရင်
ကြင်သာကြင်ပြီး မမြင်ရတဲ့ ဘဝ
ရှင့်သတင်းတွေ ကျွန်မကြားပါတယ်
လေ
တိုင်ထိပ်မှာ အလံနဲ့တွဲပြီးကတယ်တဲ့
သူများမင်္ဂလာယူချိန်မှာ
ပူဖောင်းထဲဝင် ဇောက်ထိုးဆွဲပြတယ်တဲ့
ဖြတ်သွားတဲ့ကားနောက်မှာ
ဖုန်မှုန့် တွေနဲ့ တရုန်းရုန်း
ကလေးဆန်ချင်ဆန်နေပြန်ရော
ဆံပင်တွေကို ဆွဲ ဖွ
စကက်တွေကို ဆွဲ မ တတ်သူက
ကြွပ်ကြွပ်အိတ်ဟောင်းကို
လမ်းတစ်ဖက် လိုက်ပို့ တယ်တဲ့
သစ်ရွက်တွေကို ငိုချင်လျက်လက်တို့ ပြီး
သံဝေဂတွေ ဘာတွေ ပြလို့ 
အရောင်မရှိ
အဆင်းမရှိ
မရှိတဲ့ထဲကနေမှ
အနီရောင်လေးက
ဖျက်လို ဖျက်ဆီး စိတ်ဓာတ်
အစိမ်းရောင်လေးက
မဆုံတာကြာသူတွေ စကားနာထိုးဖို့ နဲ့ 
မကျန်းမာသူတွေကို တားဆီးဖို့ အတွက်
ဤသို့ ဖြင့် ကျွဲ ဖြစ်ရလေသည်ပေါ့ကွာ
ငါ့ကိုယ်ထဲမှာ ငှက်တွေ ကူးခတ်ကြ
ရနံ့ တွေက ငါ့ကို ခိုစီးပြီး
အသံတွေက ငါ့ကို တွန်းထိုးကြ
မုန်တိုင်းကျသလို ပြေးသွားရင်
ငါ့ ကို အပြစ်မြင်ကြ
မီးလောင်တဲ့အနား ရောက်သွားရင်
ငါကပဲ အချွန်နဲ့  မ သလိုနဲ့ 
တကယ်တော့
ဒါဟာ သင့်ရဲ့ 
မုန်လာဥ အကွက်တွေပဲပေါ့
ဖန်လုံအိမ်က ဆွဲလို့ 
အပျိုရည်ပြဲခဲ့တာက လွဲရင်
ကဗျာဆရာလို ကဗျာလို
အရေးတယူလည်း
သိပ်မရှိကြပါဘူးလေ။ ။



သုဏော်စိုင်း
--

ရေငတ်တုန်း ရေတွင်းထဲ ကျသလို ရေမကူးတတ်တော့ ခက်သား

ဇီးသား မန်ကျည်းသား တချို့  ဆဲသလို (xxx)သား သားမွေးထားတော့

သမီးရတာပေါ့ ဒီလောက်ကတော့ ရတာပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား

စားစားသောက်သောက် သောက်သောက်စားစား လူ့မင်းသား

လူမင်းသား ဧရာဝတီလူမင်း ဘာလူမင်း ညာလူမင်း မင်းလူ ငါ့လူ

သူတစ်လူ ငါတစ်မင်း ဟိုဒင်း သည်ဒင်း ရဲဒင်းကို အရိုးချွတ်ပြီး ဆန်ပြုတ်

လုပ်သောက် ပုံပြင်တစ်ပုဒ်မှာ ဖတ်ဖူးတယ် ငယ်ငယ်တုန်းက ငယ်ငယ်လေး

ငယ်လေး ကိုကြီး ကို ကို ကို ကြီး သွားလိုက် သေးသွားလိုက် ၀မ်းသွားလိုက်

တူးသွားလိုက် ကျက်သွားလိုက် လိုက်လျောရတာနဲ့ လိုက်ရောရတာနဲ့

အကြိုက်ပြောဖို့ ဆိုဖို့ သွားဖို့ လာဖို့ ဟိုဖို့ ဒီဖို့ ပိုက်ဆံလည်း ကုန်တာများပြီ

ခုရေတွင်းတူး ခုရေကြည်ရာ မြက်နုရာ နွားအိုကြိုက် မင်းကြိုက် စိုးကြိုက်

အိုး .. နိုက်စ် ကောင်းတယ်ဘေဘီ ခပ်မြန်မြန်လေး ခပ်မြန်မြန်လေး

ကားကထွက်တော့မှာ ကားလိုက်ရင် ထွက်တော့မှာ ၀င်တော့မှာ

ဝင်လိုက်ထွက်လိုက် ဖြစ်တော့မှာ ပျက်တော့မှာ ပြတ်တော့မှာ ကိစ္စက

ဒီနားတင် ပြတ်တော့မှာ ပြန်ဆက်ဖို့ ကော်လိုမယ် ကော်လိုက်ဖို့ လိုမယ်

လိုလိုမယ်မယ် လိုလိုမည်မည် လိုရမည်ရ လိုရင် မည်ရ မလိုချင်ပါဘူး

မင်းရဲ့  တုံ့ပြန်မှု တစ်နေ့နေ့ တစ်ညည တစ်နေ့နဲ့ တစ်ည တစ်ထောင့်နဲ့

တစ်ည နှစ်ည သန်းခေါင်ထက် နက်တဲ့ ည ဒါမှမဟုတ်လည်း ညဥ့်

တစ် နှစ် တစ်တစ်နှစ်နှစ် ပျစ်ပျစ်နှစ်နှစ် ဆဲစမ်းကွာ ဆဲလိုက် စမ်းလိုက်

ဘယ်လိုမျိုးလေးလဲ ကောင်း မကောင်း ပြန်ပြောပြ သေချာမှတ်ထား

ဒီလက်ညှိုးကွေးဖို့ ဆယ်နှစ် အချိန်ယူရတယ် အချိန်ပြန်ပေးရတယ်

ရော့ ပတ္တမြား ရော့ နဂါး မီးမှုတ်တတ်ရင် နဂါးဖြစ်ပြီလား ဒါမှမဟုတ်

ရေတက်နေတက်မှာ မွေးဖို့ လိုမလား ဒီခေတ်ကြီးမှာ မီးရဖွားရ

ခက်ပါဘိသနဲ့ ဘိသိက်သွန်းတုန်းက ဒီစကား ဘာလို့ မကြားလိုက်မိလဲ

နားပင်းနေတာလား ပြောနေရင် မသိသလိုနဲ့ နင်ဘာကောင်လဲ

နင်ဘာကောင်းလဲ ပြောပြရရင် ဇာတ်လမ်းတွေက ရှုပ်ကုန်တော့မယ်

ကြာလာရင် ခက်မယ် ကြာတိုင်းကောင်းတာ တစ်နေရာပဲရှိမယ်

ကြာမျိုးငါးပါး ကြာညိုနံ့လေးကို သင်းလို့ ငါ ရင့်ရင့်သီးသီး မသုံးနှုန်းချင်ပါဘူး

သင်းကိုက အရိပ်သုံးပါး နားမလည်တာ နားလည်တာ အပထား

အပမှီရင် ဒီရေမန်းလေး ဖြန်းပေးပါ ကြက်သီးတောင်ထတယ်

ဖြန်းခနဲ ဖြန်းခနဲ ဆို လန့်လိုက်တာရှင် ဖြန်းလိုက်တာ ပက်လိုက်တာ

ရေရေတွေ ရွှဲကုန်ပြီ အရည်တွေ ရွှဲကုန်ပြီ ဟောတော့ ရပြီဆရာ

စဟောပါတော့ ဒါက ထီးရိုးလေ ဟုတ်တယ် ဟုတ်တယ်

အသက်ရှည်မယ် အနာကင်းမယ် ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်

ရပြီ ဒီလောက်ဆို ရပါပြီ စိတ်ကုန်တဲ့ထဲမှာ အဲ့ဒီ ဟိုကကြား

ဒီကမြင်တာတွေကို လျှောက်ပြောနေတဲ့ မုတ်ဆိတ်ဖွားဖွားတွေ ပါတယ်

ဒါနဲ့ စကားမစပ် ကျုပ်ပြောနေတာ ဘယ်ရောက်သွားပြီလဲ ။ ...... ။



ဆူးခက်မင်း

ပြတိုက် ထဲ/ရှေ့ က အရုပ်





သူမက ဓားတစ်ချောင်း ကမ်းပေးတယ် ။ မျက်ရည်တွေ “လွင့်” .. “လွင့်”

ကျလာလိုက်ပုံများ ။ ကျွန်တော် နှုတ်ခမ်းကို ကိုက်ထားမိသလား ။ ပထမဆုံး

အကြိမ် နမ်းခဲ့တုန်းကလိုမျိုး ပြန်ခံစားမိရတယ် ။ သူမက ဓားတစ်ချောင်းလို

“မြ” နေအောင် ပြုံးတယ် ။ ကြယ်တွေ အိပ်တန်းတက်တော့မယ် အရုပ်မ ရဲ့ ။

ကျွန်တော် ဓားသွေးကျောက်ပေါ် ကျောခင်း အိပ်လိုက်တယ် ။ ကျနော့်ကို

“သွေး” ပါ အရုပ်မ ရေ ။ သွေးတွေ ဖြိုင်ဖြိုင် ရွာတဲ့ထိ “သွေး” ပါ ။ ခင်ဗျားက

ပြတိုက်ထဲက အရုပ်မ ဖြစ်တယ် ။ အရင်စိတ်မျိုးနဲ့ဆို သူ နေရာမှာတင် ငိုချလိုက်

မိမှာ အမှန်ပဲ ။ ခုတော့ ကျွန်တော် မငိုဘူး အရုပ်မ ရေ ။ သူမက ပြတိုက်မှူးရဲ့

ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ဖုန်တစ်မျှင်မျှ ကပ်ငြိခြင်း မရှိ ။ ၀ံ့ဝံ့ကြွားကြွားလေး

လှနေတယ် ။ သူ ဘာလုပ်သင့်သလဲ ။ ကျွန်တော် မသိတော့ဘူး အရုပ်မရယ် ။

သူမ အရာရာ အဆင်ပြေပါစေ ။ ပြတိုက်မှူးက သူမကို တစ်နေ့နှစ်ကြိမ် ရေချိုးပေးတယ် ။

ကျွန်တော်က ယဉ်ကျေးမှု အငွေ့အသက် မကောင်းတဲ့ကောင် ဆိုတော့ ပြတိုက်

အပြင်ဘက်မှာပဲ နေတယ် ။ ဓားကို ပြန်သိမ်းထားလိုက်ပါ အရုပ်မရေ ။ သူမ ဓားတစ်ချောင်း

လို “မြ” နေအောင် ပြုံးပြန်တယ် ။ “သွေး” ပါ ။ ကျွန်တော့်ကိုယ်ထဲက ဗီဇအရိုင်းတွေ

“ပါး” သွားတဲ့ထိ “သွေး” ပါ ။ သူ အရူးတစ်ယောက်လို အော်ဟစ်နေတယ် ။

သူမ ကြားသလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။ ကျွန်တော့် အသံစနစ်က

ပြတိုက်နံရံတွေကို ဖောက်ထွင်းသွားနိုင်မယ် မထင်ဘူး ။ လေလုံမိုးလုံ အခန်းထဲ

အရုပ်မ အသက်ရှူ ၀ပါ့မလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။

အဲသည့် ဓားကို ကျွန်တော့် နောက်ကျောမှာ ၀ှက်ထားပေးပါ ။ သူ တောင်စဉ်ရေမရ

ရေရွတ်နေမိတယ် ။ သူမ သူ့နောက်နားမှာ ပုန်းလျှိုးကွယ်လျှိုး ရပ်ရင်း ပြုံးတယ် ။

ခင်ဗျား ဘယ်မှာလဲ အရုပ်မ ။ ပြတိုက်နံရံတွေပေါ် ပန်းချီကား တစ်ချပ်လို တွယ်ကပ်နေမှာလား ။

ဒါမှမဟုတ် ၊ ပါရီမြို့ရဲ့ အေးအေးချမ်းချမ်း ညနေခင်းမှာ ကော်ဖီဆိုင်ထဲ အေးအေးချမ်းချမ်း

ထိုင်နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျားရဲ့ မက်လက်စ အိပ်မက်တွေကို ရေလောင်းပေါင်းသင်

နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျား ဘယ်မှာလဲ အရုပ်မ ရေ ။ သူ့ အရုပ်မက ပြတိုက်မှာနေတယ် ။

ကျွန်တော်က ပြတိုက်ရဲ့ သန့်စင်ခန်းသာသာ ကျယ်ဝန်းတဲ့ အခန်းစုတ်လေးထဲ နေတယ် ။

သူ ပြတိုက်ရှေ့ အုတ်ခုံလေးမှာထိုင်ရင်း တစ်နေ့တာ ကုန်ဆုံးတယ် ။ ခင်ဗျားက ပြတိုက်ထဲ

(ပြုံးပြုံးလေး) ခါးထောက် ရပ်နေတယ် ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။

သူ ခင်ဗျားကို မတော်တဆ မြင်ရမယ့် တစ်နေရာရာကနေ ငေးကြည့်နေပါလိမ့်မယ် ။

ပြတိုက် ဘယ်အချိန် ပိတ်မှာလဲ လို့ ကျွန်တော် အရုပ်မကို မေးလိုက်တယ် ။

သူ ညည ဆို ခင်ဗျားကို သီချင်း ဆိုပြလိမ့်မယ် ။ ကျွန်တော် ဂစ်တာ မတီးတတ်ဘူး အရုပ်မရဲ့ ။

သူ သူမကို အိပ်မက်လှလှ မက်ပါစေလို့ ဆုတောင်းပေးတယ် ။ အရုပ်မ အိပ်ရင်ရော

ပြုံးနေတတ်လား ။ ခင်ဗျား ပြောလေ ။ ဟင့်အင်း ၊ သူ မသိဘူး ။ ကျွန်တော် မသိလို့ မေးတာပါ ။

အရုပ်မ ၊ ခင်ဗျား ဆံပင်တွေ အရမ်းလှတယ် ။ နောက်ပြီး သူမ မျက်နှာထားတင်းတင်း က တော်တော်

ကြည့်ကောင်းတယ် ။ ဟင့်အင်း မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ကျွန်တော် သူမကို ငေးကြည့်နေချင်တာ

သက်သက်ပါ ။ သူ အရုပ်မကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ် ။ ကျေးဇူးပြုပြီး ပြောပါရစေ ။

ကျွန်တော် ခင်ဗျားကို ချစ်တယ် ။ သူ သူမကို ချစ်တယ် ။ ကျွန်တော် အရုပ်မကို ချစ်တယ် ။

သူ ခင်ဗျားကို ချစ်တယ် ။ ကျွန်တော် သူမကို ချစ်တယ် ။ သူ အရုပ်မကို ချစ်တယ် ။ ကျွန်တော်

သူမကို ချစ်တယ် ။ အရင်လိုပဲ ပြုံးနေပါ ။ သူ့ကြောင့် သူမ စိတ်ညစ်သွားပြီလား ။ ကျွန်တော်

ပြန်မရုပ်သိမ်းပေးနိုင်ဘူး အရုပ်မ ။ သူ အခန်းကျဉ်းလေးထဲက ပြူတင်းပေါက်တွေ တွန်းဖွင့်လိုက်တယ် ။

ကျွန်တော် ခင်ဗျားကို အသက် ၀၀ ရှူစေချင်တယ် ။ လိုက်ခဲ့ အရုပ်မ ၊ လိုက်ခဲ့ ။ သူ သူမကို

ကမ္ဘာအသေးစားလေး တစ်ခုထဲ ဆွဲခေါ် ရှင်သန်စေဖို့ သိမ်ငယ်စွာ တွေးတောနေတယ် ။

အရုပ်မ ပြတိုက်ထဲကနေ ကပိုကရို ၊ လှလှပပလေး ထွက်လာတယ် ။ ကျွန်တော့်နား ရောက်လာတယ် ။

သူ ဘယ်လို ခံစားမှုမျိုးနဲ့မှ နှိုင်းယှဉ်မရအောင် တလှပ်လှပ် ပျော်သွားတယ် ။ လာပါ အရုပ်မ ၊

ကျွန်တော့်နား လာပါ ။ သေးငယ်သိမ်နုပ်တဲ့ ကမ္ဘာအသေးစားလေးထဲ ပျော်ဝင်လှည့်ပါ ။

သူမ သူ့အနား ရောက်လာတယ် ။ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဓားတစ်ချောင်း နဲ့ ။

အရုပ်မ မထေမဲ့မြင် ပြုံးလိုက်တယ် (ထင်တယ်) ။ ကျွန်တော် တစ်ခုခုကို စိုးရွံ့စွာ ဘုရား “တ” မိလိုက်တယ် ။

ရင်ဘတ်ထဲမှာ ပူခနဲ ။ သူ့နောက်ကျောဘက်က (သူမကိုယ်တိုင်) နှုတ်ခဲ့တဲ့ ဓားနဲ့ ၊ သူ့ရင်ဘတ်ကို

(သူမကိုယ်တိုင်) ထိုးစိုက်ပစ်လိုက်တယ် ။ ပြီးသွားပါပြီ အရုပ်မ ။ ပြီးသွားပါပြီ ။ ခင်ဗျား တိုက်ခဲ့တဲ့

ကျိန်စာအတိုင်း ကျွန်တော် ခင်ဗျားပြတိုက်ရှေ့မှာ စောင့်တဲ့ အရုပ်တစ်ခု ဖြစ်နေပါပြီ ။

လာရာလမ်းအတိုင်း ကပိုကရို ၊ လှလှပပလေး ပြန်ဝင်သွားပါ ။ သူမရဲ့ ပြတိုက်ရှေ့မှာ သူ အရုပ်တစ်ရုပ်

အဖြစ်နဲ့ အမြဲ ရှိနေမှာ သေချာပါတယ် ။ ကျွန်တော် ကတိပေးပါတယ် အရုပ်မ ။ ခင်ဗျားရဲ့

ပြတိုက် ဂေဟာ ရှေ့မှာ အမြဲ ရှိနေမယ် ဆိုတာ .......................... ...... ။




ဆူးခက်မင်း
http://sue-khat-min.myanmarbloggers.org

“ ၂၁ ရာ စု မှာ ”




၂၁ ရာစုမှာ တိုက်အမြင့်ကြီးတွေ

ဆောက်ကြတယ် ။ မီးအကြီးကြီးတွေ

လောင်ကြတယ် ။ ဘာမှန်းမသိတဲ့

သတ္တ၀ါတွေ ၊ သူတို့ကိုယ်သူတို့

လောင်ကျွမ်းကြတယ် ။

(ကိုယ့်ဟာကိုယ်ရော ဘာမှန်းသိရဲ့လားတော့ မသိဘူး )

ဒါတွေဟာ နှင်းဆီမီးညွန့်တွေ ဖြစ်တယ် ။

အမြဲစိမ်း သစ်တောတွေ ဖြစ်တယ် ။

မွေးသမိခင်ရဲ့ မျက်ရည်တွေကို

ကျင်းတူးမြှုပ်နှံလိုက်တဲ့နေ့က

ငါ ရေခဲနဲ့ ကျွမ်းလောင်တယ် ။

ကမ္ဘာပျက်မှာ မသိတဲ့ လူမိုက်တွေ

ကမ္ဘာပေါ်ထိုင်ရင်း ဝေစုခွဲနေကြ ။

အို့ .. အို ၊ သနားစရာ ။

ငါတို့ မြို့လေး အသိုက်ပြောင်းရတော့မယ် ။

ငါ နင်းခဲ့တဲ့ ခြေရာတိုင်းရဲ့ အရိပ်မှာ

သွေးတွေ စွန်းထင်းနေ ။

အဝေးပြေးလမ်းမကြီးကတော့

ငူငူငိုင်ငိုင်နဲ့ ငေးလို့ကောင်းတုန်း ။

ခြေပစ်လက်ပစ် ပစ်စလက်ခတ် နေလို့ ကောင်းတုန်း ။

မြို့တော်သူ မြို့တော်သားတို့ရေ .... ။

ငါတို့ နှင်းဆီခင်းတွေပေါ် ပျံဝဲကြစို့ ... ။

ငါ့ အ၀ါရောင်လယ်ကွင်းထဲ ဘယ်မှော်ဆရာ

ခြေချခဲ့ပါသလဲ ။

ဘယ်ဘက်လက်က ပါးစပ်ဖြစ်ပြီး

ညာဘက်လက်က နားဖြစ်တယ် ။

ကိုယ့်အသံကိုယ်ပြန်ကြားရဖို့ ၊ ငါ့လက်နှစ်ချောင်းကို

တင်းတင်း ဆုပ်ကိုင် ။

ကပိုကရို ဖြာကျနေတဲ့ လရောင်အောက် ၊

စင်ရော်ငှက်တစ်ကောင် လမ်းပျောက်နေ ။

တိုက် ဟောင်း/ပျက် တစ်ခုရဲ့ လှေကားရင်းမှာ

မိန်းမငယ်တစ်ယောက် ၊ မျှော်လင့်ချက်အသေတွေနဲ့

မှောင်ရီခိုးဝေ ။ ဘာတွေကို ဆုပ်ကိုင်ထားမလဲ ။

ဘာတွေကို လွှတ်ချခဲ့မလဲ ။ ဘာတွေကို ၊

ဘာတွေကို ၊ ဘာတွေကို ၊ ဘာတွေကို ။

သဲမှုန်တွေ လွင့်နေတဲ့ ကြားက ၊

ကန္တာရကို စောင့်တဲ့ နတ်သမီး ။

ခင်ဗျား ၊ ညစ်ညစ်ထေးထေး လှတယ် ။

လှေကားထစ်စိုက်ခင်းတွေ

တောင်ပူစာ မို့မို့တွေ

သစ်ပင်တစ်ပင်လောက် စိုက်ခဲ့ပါ ။

ငါ ထိုင်ကြည့်ရင်း လွမ်းနေချင်လို့ ။

သောင်တင်နေတဲ့ ဆည်းဆာနဲ့

ညနေခင်းက စက်ဆုပ်ရွံရှာဖွယ် အတိ ။

ငါတို့ ကျောရိုးတွေနဲ့ ကမ္ဘာကြီးကို ငြမ်းဆင်ကြ ။

ငါတို့ လက်တွေနဲ့ ကမ္ဘာကြီးကို (ကိုယ်တိုင်) တည်ဆောက်ကြ ။

ယန္တရားအရေခွံနဲ့ ဖုံးအုပ်ထားတဲ့ ငါတို့ကမ္ဘာက

သတ္ထုစော် နံ တယ် ။

၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ အနီရောင်ပန်းပွင့်တွေရယ် ။

၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရယ် ။

၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကဗျာဟောင်းတချို့ရယ် ............. ။




ဆူးခက်မင်း
၁၈ ၊ ဂျူလိုင် ၊ ၂၀၁၀ ။

အလင်းည နတ်သမီး

ဖြာကျနေတဲ့ လရောင်အောက်မှာ

တစစီ လွင့်ဝေနေတဲ့

ငါ့ ခြေလက် အပိုင်းအစတွေ တစစီ လိုက်ကောက် ။

ငါ့ ခန္ဓာကိုယ် အထက်ပိုင်းကို

မလွတ်တမ်း ဖက်တွယ် ။

ညခိုးပြာပြာတွေ လွင့်လွင့် တက်လာ ။

ဒီတိုက်ပွဲဟာ ငါတို့အတွက်

ဘ၀တစ်ခုဖြစ်တယ် ။

တိမ်တွေကြားမှာ စိတ္တဇတွေ

ထုတ်လုပ်ပေးမယ့် စက်ရုံတစ်ခုလောက်

ဆောက် ကြ မယ် ။

တောင်ပံတွေကို ဖြန့်ထားပါ နတ်သမီးရေ ။

ပင်လယ်ကဗွီးပင်တွေက ၊ မင်းကို ကြည့်ပြီး

ငိုကောင်း ငိုနေလိမ့်မယ် ။

မီးခလုတ်တွေ ပတ်ပတ်လည် စီထားတဲ့

သော့ပေါက်ကြားက ၊ ၀ံပုလွေတစ်ကောင်

ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့

ငါ့ကို ကြည့်နေတယ် ။

မင်းကိုင်ထားတဲ့ ကြေးနီကွင်းထဲ

ခုန်ဝင်ဖို့ ငါက ၊ ခွေးတစ်ကောင်လောက်တောင်

အစွမ်းအစ မရှိဘူး ။

မှန်ထဲက ငါက ၊ အပြင်လောက က ငါ့ကို

သနားစရာ သတ္တ၀ါတစ်ကောင်လို

ကြည့်နေ ။ သူမမှုတ်ထုတ်လိုက်တဲ့

စီးကရက်မီးခိုးငွေ့တွေက

သူမ ဖြစ်သွား ။ အပိုင်းအစတွေအဖြစ်

ကွဲအက်နေတဲ့ ကားလမ်းမဘေးမှာ

ငိုကြွေးနေတဲ့ ကလေးမတစ်ယောက်က

သူမ ဖြစ်သွား ။ ငါက ကျားသစ်တစ်ကောင်ရဲ့

မျက်လုံးမျိုးနဲ့ သူမကို ကင်မရာမှန်ဘီလူးမှတဆင့်

စိမ်းစိမ်းရဲရဲ စိုက်ကြည့်နေ ။

သဲနဲ့ ဆောက်ထားတဲ့ မြို့တော်ရဲ့

ဝိုင်ပုလင်းထဲ ၊ တိမ်တွေ အသိုက်လုပ် နေကြတယ် ။

ဒီလိုနဲ့ နေရော လရောဟာ ငါတို့ ကန်ရေပြင်ထက်က

ငါးတွေ ဖြစ်တယ် နတ်သမီးရေ ။

မျက်နှာဖုံးတွေနဲ့ ရံထားတဲ့ တံတိုင်းက

နှင်းဆီတစ်ပွင့်အတွက် လုံခြုံမှု ကောင်းကောင်း

ပေးနိုင်မှာပါ ။ Breathing Apparatus မပါပဲနဲ့တော့

Rome မြို့ကြီး မီးလောင်နေတာကို

ငြိမ်းသတ်ဖို့ မကြိုစားနဲ့ နတ်သမီး ။

မင်းလျှောက်နေတာ ၀က်ဝံလေးတစ်ကောင်ရဲ့

အိမ်ပြန်လမ်း မဟုတ်ဘူး ။ မင်းထင်သလောက်

ရိုးစင်းနေလိမ့်မယ် မဟုတ်ဘူး ။

ညာဘက်လက်က ဓားကို ကိုင်ပါ ။

ဘယ်ဘက်လက်က လက်ဝါးကပ်တိုင်ကို ကိုင်ပါ ။

မင်းကို ဘုရားသခင်နဲ့ မိစ္ဆာနတ်ဆိုးတွေ

တလှည့်စီ စောင့်ရှောက်ပါလိမ့်မယ် ။

ချောကလက်ရောင် အဘိဓမ္မာတွေ ကြီးစိုးနေတဲ့

လောကဓံက ၊ မင်းကို ကောင်းချီးပေးပါလိမ့်မယ် ။

ရေနွေးကရားထဲက ထွက်ကျလာမယ့် မီးလျှံတွေ ။

ဇယားကွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဘ၀ထဲက

ရုန်းထွက်ဖို့ ၊ စိုက်ခင်းမှာ ပွင့်နေတဲ့

မျက်လုံးတွေကို လျစ်လျူရှုလိုက်ပါ နတ်သမီး ရေ ။

ကနူးလှေကလေးရဲ့ တစ်ဖက်တစ်ချက်မှာ

မျက်နှာချင်းဆိုင်ထိုင်ရင်း .... ။


ငါတို့ လှော်တက်တစ်ချောင်းစီကိုင်ရင်း .. ။

လောကသမုဒ္ဒရာထဲ လှော်ခတ်ကြမယ် .. ။ ........... ။



ဆူးခက်မင်း

ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့

သစ်ပင်တစ်ပင်ဖြစ်တယ် ၊ ပင်စည်ကျောရိုးမရဲ့

အလယ်တည့်တည့်မှာ လက်ဝါးကပ်တိုင် တစ်ချောင်း

“ထင်း” နေ အောင် စိုက် ထူ လို့ ။

ငါ့ကိုယ်ငါ ပြန်ရှာ မတွေ့တော့ဘူး ။

ဆာလောင်မွတ်သိပ်မှုတွေနဲ့ အသားကျနေတဲ့

မြို့ပျက်ထဲမှာ ကြယ်အပြတ်တွေ လိုက်ဖမ်း ။

ငါ ကောင်းကင်ကို ခိုးတာ မဟုတ်ဘူး ။

တယောတစ်လက်နဲ့ တိမ်တွေကို မိုးပေးဖို့

ကြိုးစားခဲ့တာ ဖြစ်တယ် ။

အပေါက်ခပ်ကျဉ်းကျဉ်းလေးထဲကေ


ကမ္ဘာကြီး ဘာတွေ ဖြစ်နေတယ် ဆိုတာ

ခိုး ခိုး ကြည့်ရတာ ။

မပျော်ဘူးကွာ ၊ မပျော်ဘူး ။

အဲသည့် ကမ္ဘာကြီးထဲ ၀င်ရောက်ကခုန်ခွင့် ပြုပါ ။

ရာသီကြို ယဉ်ကျေးမှုတွေ မရှိတဲ့

အလယ်အလတ်တန်းစား ငရဲဘုံမှာ

ဆလိုက်မီး ခပ်မှိန်မှိန်တွေ ကြားမှာ

ပေါင်သားဖွေးဖွေးတွေ ကြားမှာ

စိမ်းရွှေရွှေ အနံ့တွေ ကြားမှာ

အယ်လ်ကိုဟောတွေကို အစာအိမ်ထဲ ထည့်လွယ်ထားတဲ့

မကောင်းမှု ဒုစရိုက်တွေကို လည်ပင်းက လော့ကက်သီးလေးထဲ

အမြတ်တနိုး ထည့်ဆွဲထားကြတဲ့

အဲသည့် အလယ်အလတ်တန်းစား ငရဲဘုံမှာ

ကပွဲလက်မှတ် မပါတဲ့ ငါ့ကို

ဝ င်ေ ရာ က် က ခု န် ခွ င့် ပြု ပါ ။

အပြုံးတုတွေ ၊ မာယာလတ်လတ်ဆတ်ဆတ်တွေ

လင်စိတ်သားစိတ် ပြင်းထန်နေတဲ့ မျက်လုံးတွေ

လင်ယူသားမွေးကိစ္စကို လွယ်လင့်တကူ

လူကြားသူကြား ဆွေးနွေးနေတဲ့ သတ္တ၀ါတချို့

လမိုင်းကို မကပ်ပါဘူးကွာ ။

လိင်ကိစ္စကို လာရာလမ်းအတိုင်းပြန်သယ်သွားဖို့ထက်

လမ်းဘေးမှာ ၊ လူသူမနီး တစ်နေရာရာမှာ

လူမြင်သူမြင် အမှောင်ခန်းထဲမှာ

လွယ်လွယ်လေးပဲ လွှတ်ချလို လွှတ်ချ ။

လိပ်စာ ပေးထားခဲ့မယ်ဆိုတဲ့ လော်လီမှုတွေ ။

လူဆိုတာ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ် ဆိုတဲ့ သီချင်း ။

လင်းလင်းထင်းထင်း ဖြစ်သွားအောင်

လိမ္မာဖို့ လိုတယ် မိတ်ဆွေ ။

လူသားဆန်ဆန် ၊ လေလွင့်လူ လုပ်နေလိုက်တာ

လောက်လောက်လားလား ဖြစ်မှာပါ ။

အမောပြေသောက်ဖို့ မာလ်တီနီ တစ်ခွက်လောက် ရမလား ။

ငါ ကခုန်ရတာ တော်တော် မောရှနေလို့ပါ ။

အမောပြေ မပြေတော့ မသိဘူး ။

အသွေးအသားထဲ လက်ကျန်ယဉ်ကျေးမှုလေး စိမ့်ဝင်နေတာ

အဆုံးစွန်ထိ ပြေလျော့သွားတယ် ။

ကျေးဇူးပြုပြီး မီးတွေ ခဏ မှိတ်ထားပေးပါ ။

သမ္မာကျမ်းစာထဲက ဆုတောင်းရွတ်ဆိုသံတွေ ခဏ ပိတ်ထားပေးပါ ။

ငါ့ရင်ဘတ်က လက်ဝါးကပ်တိုင်ကို ဆွဲဖြုတ်ခွင့်ပြုပါ ဘုရားသခင် ။

ငါ့ခြေထောက်မှာ နွယ်တက်နေတဲ့ အရှိတရားတွေကို

မသိကျိုးကျွံပြုနေပါရစေ ။

ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့ သစ်ပင်တစ်ပင်ဖြစ်တယ် ။


ဆူးခက်မင်း

“ ပုံပြင် အစ ၊ ပုံပြင်အဆုံး ”




အပိုင်းအစတွေကို ပြန်ကောက် ။

တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ။

အိပ်မက်တွေ ၊ အိပ်မက်တွေ ။

ကြယ်တွေ ၊ ကြယ်တွေ ။

မိုးစက်တွေ ၊ မိုးစက်တွေ ။

တိမ်တွေ ၊ တိမ်တွေ ။

ဘာတွေလဲ ၊ ဘာတွေလဲ ။

ဘာတွေ့ လဲ ၊ ဘာတွေ့ လဲ ။

ခရမ်းနုရောင် ၊ ဇာဘော်လီ ။

ခရမ်းနုရောင် ၊ ဆေးလိပ်ငွေ့  ။

ခရမ်းနုရောင် ၊ ရေသန့်ဘူး ။

ခရမ်းနုရောင် ၊ အဲကွန်းလေ သန့်သန့် ။

မြင်သမျှ ၊ ခရမ်းရောင် ၊ ခရမ်းနုရောင်တွေ ။

တိမ်တွေ ၊ တိမ်တွေ ။

မိုးစက်တွေ ၊ မိုးစက်တွေ ။

ကြယ်တွေ ၊ ကြယ်တွေ ။

အိပ်မက်တွေ ၊ အိပ်မက်တွေ ။

မြင်မြင်သမျှ ၊ ခရမ်းရောင်တွေ ။

ဒီနေ့ ၊ ဒီလို ဖြစ်ရမယ် ။

ဖြစ်ကိုဖြစ်ရမယ်လို့ ပညတ်ပြီးပြီ ဆိုတော့လည်း ။

ဒီလိုပဲ ဖြစ်ကြရတော့မှာပေါ့ ။

ကုတင်ဘေးက မျက်မှန်တစ်လက် ။

ဒါက သူမပေါ့ ။

အင်္ကျီဖြူပေါ်က သွေးစွန်းကွက် ။

ဒါက သူမပေါ့ ။

အိုက်စ်ဘယ်ရီက ကော်ဖီခွက် ။

ဒါက သူမပေါ့ ။

ပုသိမ်မြို့ က လူမသိ သူမသိ အနမ်းတစ်ပွင့် ။

ဒါက သူမပေါ့ ။

ဒါတွေ အားလုံးက သူမ ဖြစ်တယ် ။

ဒါ့အပြင် ၊ မန်းမြို့ ရိုးပေါ်မှာ ပွင့်တဲ့ပန်းကလည်း

သူမဖြစ်ကြောင်း ၊ သူမကို ပြောမပြမိခဲ့ ။





....... အ နမ်း ........... တိမ် ...............................
....... အိပ် မက် ......... ကြယ် .............................
............................ ပန်း ...... သွေး .... ကွက် ......
............................. မိုး ........ စက် .................
................................................................
...... ကော် ဖီ ..... မျက်မှန် ....... ခွက် ....................




အားလုံး တစ်စစီ ဆွဲစုတ် ။

တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ..... ။






ဆူးခက်မင်း
18.4.2010

လူ ပီသသော လူ


ငါသည်သာ ကြွက်တစ်ကောင်ဖြစ်၍
ငါသည်သာ တစ်ကောင်ကြွက်ဖြစ်ကြောင်း ။
ဖြစ်ကြောင်းကုန်စင် ရှင်းပြရရင်
အကုန် ဆင်တူယိုးမှားတွေချည်း ။

အမှားရိုးရိုးလေးက ရိုးရိုးသားသားလေး
မှားခဲ့ကြောင်း ။ ပုဒ်မနံပတ် တပ်မရတဲ့
ပြစ်မှု ၊ ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း ။
လွန်လွန်ကျူးကျူး ၊ ကျိုးကျိုးနွံနွံ ။
ခင်ဗျားရှေ့ ၊ ကျုပ် ထွန်ကျူးလိုက်တယ် ။
လမ်းလို့ သတ်မှတ်ထားတဲ့ လမ်းကို
လျှောက်ဖို့ ။ လူရှေ့သူရှေ့ အော်ကြီးဟစ်ကျယ်
စကားမပြောဖို့ ။ မိန်းမတစ်ယောက်ဟာ
မိန်းမကျင့် ၊ မိန်းမကြံနဲ့
မိန်းမလိုသာ နေဖို့ ။
Black Day အကြောင်း ပြန်မတွေးမိဖို့ ။
ဖို့ ၊ ဖို့ ၊ ဖို့ ၊ ဖို့ ၊ .................. ။
မြေဆွေးတွေ နည်းနည်းထပ်ဖို့ ။
ပေါင်ဒါတွေ နည်းနည်းထပ်ဖို့ ။
ခင်ဗျားအပြစ်တွေ ဖုံးဖို့ ၊ ဖိဖို့ ။
လူဆိုတာကတော့ ၊ လူပါပဲ ။
` ဠူ ´ ဟု စာလုံးပေါင်းလိုက်သဖြင့်
အမြင်ခန့်သွားသည်မှ တစ်ပါး
ကြီးကျယ်ခမ်းနားသော လူ ဖြစ်မသွားနိုင် ဟု
လမ်းဘေးအုတ်ခုံတွင် ၊ ကွမ်းဝါးရင်း
သေးငယ်သိမ်နုပ်စွာ တွေးမိ ။
ရှင်မဟာရဌသာရ မဟုတ်လို့ ၊ ခရီးသွားတောလား
မရေးနိုင်သလို ။ ကိုညီထွဋ် မဟုတ်လို့
ခရီးသွားမီးခိုးတန်းများ မဆိုနိုင်ဘူး ။
ခရီးသွားမယ် ။ ခရီးသွားမယ် ။
ရထားနဲ့ ၊ ကားနဲ့ ၊ သဘောင်္နဲ့ ၊ လေယာဉ်ပျံနဲ့ ။
အဖေနဲ့ ၊ ဘော်ဒါနဲ့ ၊ ကောင်မလေးနဲ့ ၊ ဟိုဟာနဲ့ ၊ ဒီဟာနဲ့ ။
ဟိုပစ္စည်းနဲ့ ၊ ဒီပစ္စည်းနဲ့ ၊ ဟိုအင်္ကျီနဲ့ ၊ ဒီအင်္ကျီနဲ့ ။
လက်မှတ်လေး တစ်ချက်လောက် ။
လက်ပတ်စော် နံတယ် ။
ဟိုဘက် နည်းနည်း တိုးပေးပါ ။
စကားသံ နည်းနည်း တိုးပေးပါ ။
အတိုးပေးပါလို့ ပြောထားတာ ကြာပြီ ။
အတို့ အထိတွေ ထပ်မလုပ်ပါနဲ့ ။
ခုထိ လမ်းမဆုံးသေးဘူး ။
ခုထိ ခရီးမဆုံးသေးဘူး ။
ဒီခရီးကို ဒီလမ်းက သွားရင် ဒီနေရာ ရောက်မယ် ။
သေချာတာပေါ့ ၊ သေချာတာပေါ့ ။
ရေဘူးနဲ့ ထီး မပါ ၊ နွေအခါမှ သိ ။
နွေနာရင် ဘယ်ဆေးလိမ်းရလဲ ။
မသေပါနဲ့ဦး ၊ ငွေဆိုတာ မသေခင်သုံးရတာ ။
လူလိုသူလို ၊ လူအထင်ကြီးခံရဖို့ ။
ငွေဆိုတာ မသေခင် ဖြုန်းရတာ ။

ဆူးခက်မင်း
15.4.2010

အနက်ရောင်စကားလုံးများရဲ့  အနက်ရောင်ည



ကျွန်တော်၏ အသက်ရှူလမ်းကြောင်းစနစ်
ချို့  ယွင်း နေ ပါ သ ဖြင့် .. ၊
သူမ အသံကို မကြားနိုင်ခဲ့ပါ ။
သွေးလွှတ်ကြောတလျှောက် စီးဆင်းနေသော
သွေးလည်ပတ်မှုဆိုင်ရာ ဘာသာဗေဒ
မသိလိုက် ၊ မသိမိခင်မှာပဲ ။
ဆေးလိပ်သောက်ခြင်းနှင့် အသည်းကွဲခြင်းသည်
ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် ။
လိပ်ပြာတစ်ကောင် ၏ အတ္ထုပတ္တိကို
ဖတ်ရှုရန် ကြိုးစားနေပါသဖြင့် ၊
မိမိ၏ အတ္ထုပတ္တိကို ကိုယ်တိုင် မပြုစုနိုင်ခြင်း ။
ထိုမှန်ချပ်ရှေ့တွင် ရပ်ပြီး
“ အိုးပန်း ဆက်ဆမီ ” ဟု ၊ သုံးကြိမ် အော်
လိုက်ရုံမျှဖြင့် ၊ ဘယ်ညာလွဲခြင်း
ပျောက်မသွားနိုင်ကြောင်း
ထိုမှန်ရှေ့တွင် ရပ်လိုက်ချိန်မှစ၍
သိလိုက်ရ ။
“ တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ......... ”
အမှောင်ထုထဲမှာ နေရတာ ၊ ပို မှောင် တယ် ။
အဲသည့်ညက သူ့ထုံးစံအတိုင်း မှောင်တယ် ။
ညကို ညလို မြင်ရဖို့ ၊ သူငယ်အိမ်ကို
ဖောက် ပစ် လိုက် တယ် ။
တ ရွေ့  ရွေ့  ၊ တ ရွေ့  ရွေ့ 
စမ်း တ ၀ါး ၀ါး ။
မမြင်တော့မှ အမှောင်ဆိုတာကို
နှစ်ခြိုက်မိကြောင်း ၊ လက်လွတ်စပယ် လက်ခံလိုက်ရ ။
ဓားတစ်ချောင်းရဲ့  အဆုံးစွန်ထိ ထက်နိုင်စွမ်းက
ငါ့ လည်မြိုကို လာ ထောက် ။
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ ရာသီဥတုက
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ မိန်းမပျက်တစ်ယောက်လို
ဆံပင် ဖရိုဖရဲ ၊ ရွံစရာ နှုတ်ခမ်းတွေနဲ့
ပြု စား တယ် ။
မလာနဲ့ ၊ မလာနဲ့ ။
ဒီအတိုင်းလေး မှောင်နေရတာ ပိုကောင်းပါတယ် ။
ဒီ အ တိုင်း လေး ပဲ
မှောင် နေ ရ တာ ပို ကောင်း ပါ တယ် ။


ဆူးခက်မင်း ( http://sue-khat-min.myanmarbloggers.org )
10.4.2010

ဒီနေ့နဲ့ မတူပါဘူးဗျာ




စဖွင့်ကတည်းက ၊ အစနဲ့ အဆုံး မတူဘူး ။

အဆုံးအစ မရှိဘူး ၊ မရှိတာတွေ မတူဘူး ။


နင်နဲ့ ငါနဲ့ ၊ ငါနဲ့ နင်နဲ့ ၊ ( အိုး ) ၊ မတူဘူး ။


တူတူ ရေ ၊ ၀ါး ၊ မတူဘူး ။


မတူတာတွေ နဲ့ တူတာတွေ ၊ မတူဘူး ။


တူတာတွေနဲ့ မတူတာတွေ ၊ မတူဘူး ။


မတူတာတွေနဲ့ မတူတာတွေ ၊ မတူဘူး ။


တူတာတွေနဲ့ တူတာတွေ ၊ မတူဘူး ။


တူတူ မတူတူ ၊ မတူဘူး ။


တူတူ မတူတူ ၊ မတုဘူး ။


တုတု မတုတု ၊ မတူဘူး ။



" တူ .... တူ ...... တူ ......... တူ .... "



" လူကြီးမင်း ခေါ်ဆိုလိုသော ကဗျာဆရာမှာ ... တူတူပုန်းတမ်း ကစားနေပါသဖြင့် ... "





ဟုတ်ကဲ့ဗျ . . . သွားတော့မှာပါ


ရောက်မယ်ထင်ပါတယ် . .


ခဏနော် . . . ညမချုပ်သေးလို့


ဟော . . . .


ဟုတ်ဘူးဗျ . . . ရောက်နေပါပြီ


နေဦးနော် . . . ညစင်စင်ချုပ်ပါပြီ


ကျွန်တော့် ပြက္ခဒိန်တွေ့လိုက်မိလား


သွားပါပြီ . . .


ဒီနေ့နဲ့လည်း မတူဘူးဗျာ






ခင်ဗျား ပြက္ခဒိန်လား ..


ရော့ ..... ဒီမှာ ... ။


သတိရတိုင်း ထုတ်ထုတ်လှန်လို့ ရတယ် ။


လူကြားထဲတော့ ထုတ်မလှန်နဲ့ ။


လူသိရှင်ကြား ထုတ်မလှန်နဲ့ ။


လူမသိ သူမသိ ။


လူမ သိ ၊ သူမ သိ ။


လူမ တစ်ယောက် ဖြစ်သော သူမ ကိုယ်တိုင် သိ / မသိ ။


လူထီး တစ်ယောက် ဖြစ်သော သူထီး ( ကျွန်တော် ) ကိုယ်တိုင် သိ / မသိ ။


မသိလိုက် မသိဖာသာနဲ့ပဲ ။


ရော့ ..... ။






မထွန်းနဲ့ အလင်းတိုင်တွေ. . မတွန်းလိုက်နဲ့


မတွန်းနဲ့ ကျွန်တော်နောက်ကျောကို. . မထွန်းလိုက်ပါနဲ့


မမြင်လဲ သွားမှာပါ


ရောက်ရာ ကို ပေါက်ခဲ့ပြီးမှတော့


ပေါက်ရာနေရာမှာ ပွင့်မှာပါ . .


ကဲ ပွင့်သွားတော့ . . .


ကျည်းဘောင်သက်သက် တံခါးပေါက်ရေ . . .






ငါ့ခြေလှမ်း ငါပြင်ပြီး ၊ ငါ့ အခန်း ငါဝင်ခဲ့တယ် ။

ငါ့ ခန္ဓာ ငါ သယ် ၊ ငါ့ နားသယ်စပ် ငါ နမ်းခဲ့ရ ။


ငါ့ မျက်လုံးနဲ့ ငါ မြင်ပြီး ၊ ငါ့ လက်ဖ၀ါးနဲ့ ငါ နွေးထွေးအေးစက် ။


ဘယ်မှာလဲ .... ။ ဘယ်မှာလဲ .... ။


ဒီနေ့ မဟုတ်တဲ့ ၊ မနေ့က ရဲ့  မနက်ဖြန်တွေ ။


ဘယ်မှာလဲ ... ။


ဘယ်မှာလဲ ၊ ဘယ်မှာ လဲနေလဲ ။


ဒီနေ့ မဟုတ်တဲ့ ၊ မနေ့က ရဲ့  မနက်ဖြန်တွေ ။


ဘယ်မှာ ၊ ဘာတွေ လဲနေလဲ ။


ပုလင်းတွေလား ၊ အတင်းတွေလား ။


အရိုးတွေ ရင့်နေတာလား ၊ သူခိုးတွေ မြင့်နေတာလား ။


ဒီနေ့မှာ စပြီး ၊ မနေ့မှာ ဆုံးတာတွေ ။


မနေ့မှာ စပြီး ၊ ဒီနေ့ မှာ စတာတွေ ။


ဒီနေ့ နဲ့ မနေ့မှာ ၊ မနေ့ နဲ့ ဒီနေ့ ၊ ဒီနေ့ နဲ့ မနေ့ ။


မနေနဲ့ .... ဒီနေ့  .. ။


ဒီနေ့ မနေနဲ့ ... ။


မနက်ဖြန်ရော .... ။


မနက်ဖြန်ကျရင် ပြန်လာကြည့် ။


ဒီနေ့ဆိုတာကို မနေ့ကအတိုင်း ၊ မနက်ဖြန်မှာ တွေ့ ရလိမ့်မယ် ။





( ဆူးခက်မင်း + မောင်မိုးချို )

( AD – 3009 )

ည ။
Nuclear ဓာတ်ငွေ့ တို့ ဖြင့် ဆွတ်ပျံ့ သော
ထိုည ။
Robot ကမ္ဘာသစ်တွင် ၊ စက်ရုပ်ဆန်သော ယန္တရား
တို့ ၊ တိတ်တဆိတ် ရွေ့ လျား ။
ဟိုးးးးးးးး ၊ ရှေ့ မှာ
ဓာတ်ပေါင်းဖို တစ်ခု လှုပ်
လှုပ် ၊ လှုပ် ၊ လှုပ် ၊ လှုပ်
နီ ၊ ၀ါ ၊ ပြာ ၊ စိမ်း ၊ နက် ၊ ဖြူ ၊
( ဘာရယ် မသဲကွဲသော အရောင်တချို့  ) ။
လွင့် ဖြာ လှုပ် ခတ် ။

မျက်လုံးသေတွေတောင် ၀ိုင်းစက် ။
ဝိုင်း / စက် ။ စက် / ၀ိုင်း ။
စက်ဝိုင်း သဏ္ဍာန် ၊ ၀ိုင်းစက်စက် မျက်လုံးသေတွေ
အစိမ်းလိုက် ၊ လိုက်စိမ်းကြ ။

လွန်းပျံယာဉ်တွေ ၊ ရုတ်တရက်
တစ်ရက် ၊ တစ်ရက် ၊ တစ်ရက် ပြီး တစ်ရက်
စကြ၀ဠာ အပြင်ဘက် တိုးထွက် ။
ထိုးထွက် ၊ ဖောက်ထွက် ။

ဘေးတိုက်ရွေ့ လျားနေတဲ့ …
အက်ဆစ်မိုးတွေ ..
တစ်ပေါက်ချင်း ၊ တစ်ပေါက်ချင်း
ရွာချ / ရွာကျ ။

ည ။
သတ္ထုရနံ့တို့ မွှမ်းထုံသော ကမ္ဘာ၏ နောက်ဆုံးည ။


အားလုံး ၊ အား ……….. လုံး ။
တမလွန် တံခါးဝမှာ ၊ စောင့်ဆိုင်းနေကြ ။
( ကိုယ်တိုင် အပါအ၀င် )

ထိုစဉ် ။
ထို - စဉ် ။
ထို / စဉ် ။

အားကောင်းမောင်းသန် Black Hole တို့ ။
အနီးကပ်ဆုံး နီးကပ်လာကြ ။
နီး - ကပ် - လာ - ကြ ။
ဘုရားသခင် ။
သေခြင်းတရားမှ လွတ်ကင်းအောင်
အရှင့် ဂုဏ်တော်တွေနဲ့ ချီးမွမ်းလှည့်ခြင်းငှာ ..
မစွမ်းတော့ဘူးလား သခင် ။

ရုတ်ခြည်း ။
အမှောင်ထုတို့ ကြီးစိုး ။
အားလုံး ၊ အား …….. လုံး ..
တွင်းနက်ကြီးရဲ့  ဆွဲငင်မှုကို လွန်ဆန်ဖို့ အားမရှိ ။
အားးးးးးးးးးးးးးးးးးးးး
မရှိ ၊ မရှိ ၊ မရှိခဲ့ ။

ထိုအခိုက် ။
နစ်ရှေး မသိလိုက်တဲ့ လရောင်တချို့ 
ဖြာ ကျ ၊ ဖြာ - ကျ ၊ ဖြာ/ကျ
ခဲ့ ။
ကမ္ဘာ နှစ်ခြမ်း အက် ။
ထို အက်ကွဲကြောင်းကြားမှ ထိုးထွက်လာသော ။
ထိုး ထွက် လာ သော ။
နှင်းဆီ တစ်ပွင့် ။
ငြိမ်းချမ်းရေး နှင်းဆီ လား ?
သေမင်းတမာန် နှင်းဆီ လား ?
မကွဲပြား ။
မ / ကွဲ ပြား ။

လရောင် ဖြာကျနေသော သတ္ထုကမ္ဘာရဲ့ 
အက်ကွဲကြောင်းကြားမှ ထိုနှင်းဆီ
ငွားငွားစွင့်စွင့် ပွင့် ၊ ပွင့် ၊ ပွင့် လန်း ၏ ။

အားလုံး ၊ အား ………. လုံး
လရောင်ဆမ်းသော နှင်းဆီရဲ့  ညှို့ ငင်မှုကြား
ရီဝေ တိမ်းမူး ။

Black Hole ကို တဆိတ် မေ့သွားကြ ။

ကစင့်ကလျား ပြေးလွှား ….

နှင်းဆီ ရဲ့  လူသားဆန်တဲ့ ရနံ့ ကို ငတ်မွတ်တောင့်တ ..

အတ္တတစ်ပိုင်း လွှမ်းခြုံထားတဲ့ ခြေလှမ်းတွေနဲ့
Black Hole ထဲ စိတ်လိုလက်ရ ပြေးဝင်သွားကြ ။

ထိုည ။
နှင်းဆီ တစ်ပွင့်၏ ညှို့ ငင်မှုဖြင့်
ကမ္ဘာတစ်ခု အဆုံးသတ်ခဲ့၏ ။

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter