နေပူထဲက မီးပွိုင့်တွေ
ဆူးလေမှာ လမ်းကူးရတာ အလုပ်ရှုပ်တယ်
ရေးသက် ၁၀ နှစ်မှာ
တစ်ပုဒ်မှ ဓါးချက်လှံသံမပါလို့
ဆူညံပူညံမရှိဘူး
ကဗျာကို မြားလုပ်မခုတ်ဖြစ်ဘူး
လမ်းတူတယ်ဆိုရင် ညာဘက်လက်မှာချိတ်
ကဗျာဆရာသွားလည်းလမ်းဖြစ်တယ်
မှန်ရာကိုပြောကြဆို
ရန်ကုန်ဖုန်းသံလို အသံမကြည်ဘူး
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်
ကြားဖူးနားဝ ချရေးလိုက်
၇ နှစ်ကျော်ရေးခဲ့တဲ့ အချစ်ကဗျာတွေမှာ
ပိုင်ရှင်တစ်ယောက်မပါဘူး
၂၀၁၀ မှာ ပိတောက်တွေပွင့်မှာကိုတွေးရတာ
သေရမှာထက်ကြောက်တယ်
ရန်ကုန်နဲ့ မကွေး ဝေးပါသလား
ငါ့ ကိုယ်ငါ ကျပ်တည်း ရင်း
ဒီနေ့နဲ့ မနက်ဖြန်တောင် နပ်မမှန်ချင်ဘူး
[ဗေဒင်ဆရာအလိုကျ အသက် ၂၉ နှစ်မှ အိမ်ထောင်ပြုရန်]
အိပ်မက်တွေတောင် မျက်ရည်စို့တယ်
ညာဘက်က ပါးချိုင့်လေး
ရောက်တတ်ရာရာ လွမ်းတယ်
ရန်ကုန်က လမ်းတွေလိုပဲ
ငါ လျှောက်ရတာ ၂၅ နှစ်လုံး
လေထဲတိုက်ဆောက်လိုက်
ဘေးထိုင်ဘုပြောလိုက်ပဲ
ငါ့ဝင်လေထွက်လေက မင်းအရိပ်နဲ့မလွတ်ဘူး
နှင်းဆီဝါ၀ါလေးကို ဆောင်းလို့
ငါ့အသိဥာဏ်မှာ မြေနီကုန်းကားဂိတ်မပါဘူး
၂၀၀၉ ကနေမျှော်ကြည့်ရတာ
ကောင်းရာမွန်ရာယဉ်ကျေးမှုက ဟင်းမကျက်သေးဘူး
ပုဂံခေတ်မှာ စီဒီ ထစ်နေတယ်
ကဗျာထဲရန်ဖြစ်ကြတာဖတ်ပြီး သိမ်ငယ်လိုက်ရတာ
ငါကိုယ်တိုင်က မြို့စွန်မှာနေတဲ့ကောင်ပါ
ငါတို့နားက ရှမ်းခေါက်ဆွဲဆိုင်မှာ မြေအိုးကောင်းပါသတဲ့
မင်းကြိုက်တဲ့ ကန်စွန်းရွက်ကြော်
ငါ ကောင်းကောင်းကြော်တတ်နေပြီ
တစ်ယောက်တည်းငိုရတာ
ကဗျာထဲမှာ စာလိုငိုရတာ
အိမ်ခန်းထဲမှာ ကလေးတစ်ယောက်လိုငိုရတာ
လမ်းပေါ်မှာ ကလေကချေလိုငိုရတာ
ကဗျာဆရာဆိုတော့ ကဗျာမဆန်ဘူးပေါ့
ဖက်ကြမ်းတွေ မီးခဏခဏသေတယ်
ကျေးဇူးပြုပြီး ပြာမချွေကြပါနဲ့
မင်းညီမလေးဆော့လိုက်တဲ့ ငါ့ငါးရုပ်လေးလိုပဲ
ဒီကဗျာအကြောင်း မင်းမသိလောက်ဖူး
ငါတို့ က ရန်ကုန်ထဲမှာတောင် ၂၈.၉ မိုင်ဝေးရတယ်
ဟယ်လို . . . ကျွန်တော် ရာဇဖွား စနေသားပါ
ရန်ကုန်-မကွေး ကားလက်မှတ်တွေ ဈေးတက်ဖို့ရှိပါသလား??
ကော်ဖီသောက်တိုင်းမှမဟုတ်ဘူး
နာရီရှိနေမှ မဟုတ်ဘူး
ငါ့ဝင်သက်ထွက်သက်ကိုက မင်းနာမည်ပါတယ်
၃ ရက်လောက်မအိပ်ပဲရေးတာဆိုတော့
တောင်ရောက်မြောက်ရောက်နဲ့
ဖတ်ရတာကိုက လေးလုံးမကွဲဘူးပေါ့
ကိုယ့်ဟာကိုယ် အလွမ်းကိုခွဲရတာ
ပဲလှော်ကြားဆားညပ်နေသလို
နေရထိုင်ရတာ သဲတရှပ်ရှပ်နဲ့
ကိုယ်ထူကိုယ်ထအပေါ် တံဆိပ်ကပ်အလံစိုက်ခြင်း
သူကြီးဘုရား ရွာသားကောင်းမှု များပြားခြင်း ကြောင့်
တာဝန်သိသူများ လမ်းဘေးချရပ်ခြင်းဖြင့် ကုသိုလ်ပြုပါ
ငါ လည်ကတုံးအဖြူမ၀တ်ဖြစ်တာကြာပြီ
ရွှေတိဂုံဘုရားပေါ်က ခေါင်းလောင်းဘေးမှာ တစ်ညလုံးထိုင်ဖြစ်တယ်
မဏ္ဍာပ်တိုင်တွေ မော့မော့ကြည့်လိုက်
သမ္မတရုံမှာ ဘာကားတင်လဲဖတ်ကြည့်လိုက်
ငါ မဆင်းဖြစ်တော့တဲ့ ကားမှတ်တိုင်တစ်ခု
၂၀၁၀ မှာတိုးသွားပြီ
တစ်သက်နဲ့ တစ်ကိုယ် . . .
ဖေဖော်ဝါရီ ၂၃ . . . .
မင်းစကားတစ်ခွန်းက ငါ့ဘ၀ကိုဖြိုတယ် . . . .
ဘောင်ဝင်ပါတယ် . . .
ကျွန်တော်ကိုယ်တိုင် ရန်ကုန်သားဆိုတော့
သူ့ကိုလွမ်းရတာ မီးစက်သံနဲ့ မကင်းဘူး
မကွေးမှာ မီးမှန်မှန်လာပါ့မလား
လရောင်နဲ့ဆို သူက ပိုလှတယ်လေ
ပလာဇာမှာ . . .
ဒဂုံစင်တာမှာ . .
ယူနိုက်တက်လစ်ဗင်းမောမှာ. . .
. . . . . . . မှာ
. . . . . . . . မှာ
စကပ်အတိုလေးတွေ ပေါတယ်
ကျွန်တော့်အမေသွားတဲ့ အခွန်လွတ်ဈေးမှာ
သမာဓိချိန်ခွင်တွေ အလေးမှန်ပါ့မလား
သူကြိုက်တာ ကန်စွန်းရွက်ကြော်လေ
အမေ ဒီဈေးက၀ယ်ခဲ့တာ . . .
ကွန်ပျူတာသမားဘ၀ ဆိုတော့
ငတ်တစ်လှည့် ပြတ်တစ်လှည့်
ကျွန်တော် နစ်နေတဲ့နွံက ဒီနေ့ပြီးရင်
မနက်ဖြန်အတွက်မပါဘူး
ဘုရားပေးပေး ကျမ်းပေးပေးပါ
ရန်ကုန်-မကွေး ကားလက်မှတ် ဈေးမတက်ရင်တော်ပြီ
ကော်ဖီဖျော်ရတာ အသက်ရှူမ၀ချင်တော့ဘူး
သူကြိုက်တဲ့ ပရီမီယာ တူးအင်ဝမ်း
အေးသွားရင်သောက်မကောင်းဘူး
အနေဝေးသွေးအေးသလို
ဗေဒင်အလိုအရ ၂၆နှစ်ထဲမှာ ခွဲနေတာ အကောင်းဆုံးပါတဲ့
မကာရ ရာသီဖွားမှာ အလွမ်းနစ်နေတယ်
ကဗျာဆရာ ဆိုတော့
ငတ်တစ်လှည့် ပြတ်တစ်လှည့်
ဖက်ကြမ်းမီးဆိုတော့
ထိသမျှ ထထ ပေါက်တယ်
ပြက္ခဒိန်တွေ မင်ပေါက်ရာ မကင်းကြဘူး
အမေ ဘုရားရှိခိုးသံကြားရင်
မနက်အတွက် ဆန်တစ်ပြည်ဝယ်ရမယ်
သူ မကြိုက်တဲ့ ကြက်ဥမှာ ဘာပိုးပဲပါပါ
တစ်မိသားစုလုံး ဟင်းတစ်ခွက်ဖြစ်တယ်
စံသွေဖီမှုမပါဘူး
သူ့စကားက ရင်တည့်တည့်ကိုထိတယ်
နံမိတ်ပုံတွေ အပြည့်နဲ့ အမေမျက်ရည်တွေ
ကျွန်တော့သက်ပြင်းချသံတွေ ဗဟိုချက်မဲ့ကြတယ်
ကဗျာက ရောက်တက်ရာရာ
ထွေရာလေးပါရောနေတော့
အာရုံရိပ်လည်း ပျောက်နေတယ်
သူ့အရိပ်လေး အိပ်မက်ထဲရောက်လာတိုင်း
လက်သည်းတွေတောင် အလွမ်းမကင်းကြဘူး
ဝန်ထမ်းသားသမီးဆိုတော့
ငတ်တစ်လှည့် ပြတ်တစ်လှည့်
အမေ့ပင်စင်လစာက
သူ့ဖိနပ်လေးတစ်ရံစာဆိုတော့
မကွေး အသွားကားခ လောက်ပဲဆိုတော့
အမေကို သနားတယ်
အဖေသောက်တဲ့ ဆေးလိပ်တွေ
အမေကဆူ အဖေကဆဲ
အိမ်ထဲမှာ ပြဿနာတွေပူတယ်
သူ့ကိုလွမ်းရင်း နွေတစ်ခုလုံး ပိုက်အိပ်ထားရတယ်
တစ်ခါတစ်ခါ ကွန်ပျူတာရှေ့မှောက်ရင်း
တစ်ခါတစ်ခါ ကဗျာရေးရင်း
တစ်ခါတစ်ခါ အမေ့ပင်စင် စာရွက်လေးဖတ်ရင်း
တစ်ခါတစ်ခါ ကျွန်တော်ဟာ သူ့ချစ်သူဖြစ်ကြောင်းတွေးရင်း
တစ်ခါတစ်ခါ ကျွန်တော်ဟာ အမေ့သားဖြစ်ကြောင်းတွေးရင်း
တစ်ခါတစ်ခါ ကျွန်တော်ဟာ ကဗျာဆရာပေါက်စဖြစ်ကြောင်းတွေးရင်း
တစ်ခါတစ်ခါ ရန်ကုန် မီးမမှန်သေးတာကိုတွေးရင်း
တစ်ခါတစ်ခါ မကွေးကိုသွားဖို့တွေးရင်း
တစ်ခါတစ်ခါ ကျွန်တော်ဆိုတာ ငါဖြစ်ကြောင်းတွေးရင်း
သံသရာမှာ နှင်းဆီဝါနဲ့မကင်းဘူး
တစ်ထီးတစ်နန်းလုံးတောင်မှ အမှားမကင်းကြတော့
ကန်တော်ကြီးစောင်းက အလုပ်သမားဆေးရုံမှာ
၁၉၈၅ ခု စနေနေ့တစ်ရက်က
ပန်ကာတစ်လုံးမလည်တာသေချာတယ်
ရွာရိုးကိုးပေါက်လျှောက်ပြီ လွမ်းရတာ
မီးစက်သံနဲ့မကင်းဘူးပေါ့
ခဏခဏ မီးစက်သံတွေ ရှူရတာ
အစာအိမ်တွေ မသန့်တော့ဘူး
နေရထိုင်ရ သဘာဝကိုကျတယ်
၃၆ လမ်းက အခုထိ မြောင်းနံ့နဲ့
လျှောက်လို့ကောင်းတုန်းပဲ
ဒဂုံကို အမှိုက်ပုံရွှေ့ပြီးတာတောင်
ပြဿဒ်တွေ မီးခဏခဏလောင်တယ်
ရန်ကုန်က ရန်ကုန်ပီသတယ်
ဈေးသစ်တွေ တိုက်သစ်တွေ
လူသစ်တွေနဲ့ မျက်နှာသစ်တွေနဲ့
တစ်ခေါက်မှ မရောက်ဖူးသေးတော့
မကွေးကရော မကွေးလိုပဲလား
လိုရာဆု တောင်းကြေးဆို
သူ အချစ်သစ်နဲ့မတွေ့ပါစေနဲ့ပေါ့
အားလုံးဟာ အားလုံးပီသကြတယ်
ကျွန်တော်ကလည်း "ငါ"ဆိုတာပီသဖို့ လွယ်အိတ် လွယ်ရတာ . . .
သူလွယ်တဲ့ အိတ်လေးက ကျွန်တော့် တစ်လစာ
တံဆိပ်တောင် အလွတ်မရဖြစ်ဘူး
အရင်တုန်းက အင်းယားလည်း အနမ်းမကင်းသလို
အခုလည်း အရက်နံ့မကင်းသလို
ကျွန်တော်လည်း ငွေနံ့ကို ခူးလို့ခပ်လို့ကောင်းတုန်း
သူခူးကျွေးသွားတဲ့ ကျွန်တော့်နေ့လည်စာမှာ
ဘာဆေးခပ်ထားခဲ့ပါသလဲ . . .
ကျွန်တော်ခူးပေးဖူးတဲ့ ပိတောက်ဝါမှာတော့
ကျွန်တော့် ဘယ်လက်ဖျံက အနာလေးတစ်ခုပါတယ်
မကွေး ကို မျှော်မျှော်လွမ်းတယ်
ကျွန်တော်တို့က စိတ်ချင်းဆက်ပြီးမှ
ရင်ချင်းလွဲနေကြရတာ
ရန်ကုန်လိုင်းကားတွေ မှတ်တိုင်နဲ့ နေရာလွဲကြတယ်
ဘယ်ကမ္ဘာ က မာနတွေ ကင်းပါသလဲ
ဘယ်ကမ္ဘာ က ဆန္ဒတွေ ကင်းပါသလဲ
ကိုယ်ချင်းကိုယ်ချင်း လည်ပင်းတွေ ရင်းကြရ
ကိုယ်ချင်းကိုယ်ချင်း နောက်ကျောတွေ ဓားနဲ့ထိုးကြရ
တစ်ဆယ်ချင်း ယှဉ်ရင်တောင်
သူတို့ က ထမင်းတစ်နပ်ရတယ်
ကျွန်တော်နဲ့သူစားတဲ့ ထမင်းအနပ်တိုင်းမှာ
ကန်စွန်းပလိန်းဆိုတာပါတယ်
ငရုတ်သီးစပ်စပ် . . ကော်ရည်များများ
သူ့မှာ လိုအပ်ချက်တွေများတော့
ကျွန်တော်က ကျွန်တော့်ကိုယ်ရင်းရ
အရင်းထဲ အရင်းထပ်ဝင်တော့
ရန်ကုန်လမ်းတွေလို မိုးတွင်းပြီးရင်
ပြန်ဖာရတယ် . . .
လုပ်သလိုမဖြစ်တော့
မဖြစ်သလိုပဲ လုပ်ကြရ
ကောင်းရောင်းကောင်းဝယ် မကင်းသလို
အဟောင်းရောင်း အဟောင်းဝယ်မကင်းကြ
သူနေခဲ့တဲ့ မြို့ဟောင်းက
မြို့သစ်လို့ တံဆိပ်ကပ်ထားတဲ့ ရွာဟောင်း
ကျွန်တော့်မှာ ရင်ဘတ်အဟောင်း နဲ့ အိပ်မပျော်ရ
ကျွန်တော့်မှာ ဓါတ်ပုံအဟောင်းတွေနဲ့ အိပ်မပျော်ရ
ကျွန်တော့်မှာ အိပ်မက်အဟောင်းတွေနဲ့ အိပ်မပျော်ရ
ကျွန်တော့်မှာ မီးစက်သံတွေနဲ့ အိပ်မပျော်ရ . . . . ။ ။
မောင်မိုးချို
ဆူးလေမှာ လမ်းကူးရတာ အလုပ်ရှုပ်တယ်
ရေးသက် ၁၀ နှစ်မှာ
တစ်ပုဒ်မှ ဓါးချက်လှံသံမပါလို့
ဆူညံပူညံမရှိဘူး
ကဗျာကို မြားလုပ်မခုတ်ဖြစ်ဘူး
လမ်းတူတယ်ဆိုရင် ညာဘက်လက်မှာချိတ်
ကဗျာဆရာသွားလည်းလမ်းဖြစ်တယ်
မှန်ရာကိုပြောကြဆို
ရန်ကုန်ဖုန်းသံလို အသံမကြည်ဘူး
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်
ကြားဖူးနားဝ ချရေးလိုက်
၇ နှစ်ကျော်ရေးခဲ့တဲ့ အချစ်ကဗျာတွေမှာ
ပိုင်ရှင်တစ်ယောက်မပါဘူး
၂၀၁၀ မှာ ပိတောက်တွေပွင့်မှာကိုတွေးရတာ
သေရမှာထက်ကြောက်တယ်
ရန်ကုန်နဲ့ မကွေး ဝေးပါသလား
ငါ့ ကိုယ်ငါ ကျပ်တည်း ရင်း
ဒီနေ့နဲ့ မနက်ဖြန်တောင် နပ်မမှန်ချင်ဘူး
[ဗေဒင်ဆရာအလိုကျ အသက် ၂၉ နှစ်မှ အိမ်ထောင်ပြုရန်]
အိပ်မက်တွေတောင် မျက်ရည်စို့တယ်
ညာဘက်က ပါးချိုင့်လေး
ရောက်တတ်ရာရာ လွမ်းတယ်
ရန်ကုန်က လမ်းတွေလိုပဲ
ငါ လျှောက်ရတာ ၂၅ နှစ်လုံး
လေထဲတိုက်ဆောက်လိုက်
ဘေးထိုင်ဘုပြောလိုက်ပဲ
ငါ့ဝင်လေထွက်လေက မင်းအရိပ်နဲ့မလွတ်ဘူး
နှင်းဆီဝါ၀ါလေးကို ဆောင်းလို့
ငါ့အသိဥာဏ်မှာ မြေနီကုန်းကားဂိတ်မပါဘူး
၂၀၀၉ ကနေမျှော်ကြည့်ရတာ
ကောင်းရာမွန်ရာယဉ်ကျေးမှုက ဟင်းမကျက်သေးဘူး
ပုဂံခေတ်မှာ စီဒီ ထစ်နေတယ်
ကဗျာထဲရန်ဖြစ်ကြတာဖတ်ပြီး သိမ်ငယ်လိုက်ရတာ
ငါကိုယ်တိုင်က မြို့စွန်မှာနေတဲ့ကောင်ပါ
ငါတို့နားက ရှမ်းခေါက်ဆွဲဆိုင်မှာ မြေအိုးကောင်းပါသတဲ့
မင်းကြိုက်တဲ့ ကန်စွန်းရွက်ကြော်
ငါ ကောင်းကောင်းကြော်တတ်နေပြီ
တစ်ယောက်တည်းငိုရတာ
ကဗျာထဲမှာ စာလိုငိုရတာ
အိမ်ခန်းထဲမှာ ကလေးတစ်ယောက်လိုငိုရတာ
လမ်းပေါ်မှာ ကလေကချေလိုငိုရတာ
ကဗျာဆရာဆိုတော့ ကဗျာမဆန်ဘူးပေါ့
ဖက်ကြမ်းတွေ မီးခဏခဏသေတယ်
ကျေးဇူးပြုပြီး ပြာမချွေကြပါနဲ့
မင်းညီမလေးဆော့လိုက်တဲ့ ငါ့ငါးရုပ်လေးလိုပဲ
ဒီကဗျာအကြောင်း မင်းမသိလောက်ဖူး
ငါတို့ က ရန်ကုန်ထဲမှာတောင် ၂၈.၉ မိုင်ဝေးရတယ်
ဟယ်လို . . . ကျွန်တော် ရာဇဖွား စနေသားပါ
ရန်ကုန်-မကွေး ကားလက်မှတ်တွေ ဈေးတက်ဖို့ရှိပါသလား??
ကော်ဖီသောက်တိုင်းမှမဟုတ်ဘူး
နာရီရှိနေမှ မဟုတ်ဘူး
ငါ့ဝင်သက်ထွက်သက်ကိုက မင်းနာမည်ပါတယ်
၃ ရက်လောက်မအိပ်ပဲရေးတာဆိုတော့
တောင်ရောက်မြောက်ရောက်နဲ့
ဖတ်ရတာကိုက လေးလုံးမကွဲဘူးပေါ့
ကိုယ့်ဟာကိုယ် အလွမ်းကိုခွဲရတာ
ပဲလှော်ကြားဆားညပ်နေသလို
နေရထိုင်ရတာ သဲတရှပ်ရှပ်နဲ့
ကိုယ်ထူကိုယ်ထအပေါ် တံဆိပ်ကပ်အလံစိုက်ခြင်း
သူကြီးဘုရား ရွာသားကောင်းမှု များပြားခြင်း ကြောင့်
တာဝန်သိသူများ လမ်းဘေးချရပ်ခြင်းဖြင့် ကုသိုလ်ပြုပါ
ငါ လည်ကတုံးအဖြူမ၀တ်ဖြစ်တာကြာပြီ
ရွှေတိဂုံဘုရားပေါ်က ခေါင်းလောင်းဘေးမှာ တစ်ညလုံးထိုင်ဖြစ်တယ်
မဏ္ဍာပ်တိုင်တွေ မော့မော့ကြည့်လိုက်
သမ္မတရုံမှာ ဘာကားတင်လဲဖတ်ကြည့်လိုက်
ငါ မဆင်းဖြစ်တော့တဲ့ ကားမှတ်တိုင်တစ်ခု
၂၀၁၀ မှာတိုးသွားပြီ
တစ်သက်နဲ့ တစ်ကိုယ် . . .
ဖေဖော်ဝါရီ ၂၃ . . . .
မင်းစကားတစ်ခွန်းက ငါ့ဘ၀ကိုဖြိုတယ် . . . .
ဘောင်ဝင်ပါတယ် . . .
ကျွန်တော်ကိုယ်တိုင် ရန်ကုန်သားဆိုတော့
သူ့ကိုလွမ်းရတာ မီးစက်သံနဲ့ မကင်းဘူး
မကွေးမှာ မီးမှန်မှန်လာပါ့မလား
လရောင်နဲ့ဆို သူက ပိုလှတယ်လေ
ပလာဇာမှာ . . .
ဒဂုံစင်တာမှာ . .
ယူနိုက်တက်လစ်ဗင်းမောမှာ. . .
. . . . . . . မှာ
. . . . . . . . မှာ
စကပ်အတိုလေးတွေ ပေါတယ်
ကျွန်တော့်အမေသွားတဲ့ အခွန်လွတ်ဈေးမှာ
သမာဓိချိန်ခွင်တွေ အလေးမှန်ပါ့မလား
သူကြိုက်တာ ကန်စွန်းရွက်ကြော်လေ
အမေ ဒီဈေးက၀ယ်ခဲ့တာ . . .
ကွန်ပျူတာသမားဘ၀ ဆိုတော့
ငတ်တစ်လှည့် ပြတ်တစ်လှည့်
ကျွန်တော် နစ်နေတဲ့နွံက ဒီနေ့ပြီးရင်
မနက်ဖြန်အတွက်မပါဘူး
ဘုရားပေးပေး ကျမ်းပေးပေးပါ
ရန်ကုန်-မကွေး ကားလက်မှတ် ဈေးမတက်ရင်တော်ပြီ
ကော်ဖီဖျော်ရတာ အသက်ရှူမ၀ချင်တော့ဘူး
သူကြိုက်တဲ့ ပရီမီယာ တူးအင်ဝမ်း
အေးသွားရင်သောက်မကောင်းဘူး
အနေဝေးသွေးအေးသလို
ဗေဒင်အလိုအရ ၂၆နှစ်ထဲမှာ ခွဲနေတာ အကောင်းဆုံးပါတဲ့
မကာရ ရာသီဖွားမှာ အလွမ်းနစ်နေတယ်
ကဗျာဆရာ ဆိုတော့
ငတ်တစ်လှည့် ပြတ်တစ်လှည့်
ဖက်ကြမ်းမီးဆိုတော့
ထိသမျှ ထထ ပေါက်တယ်
ပြက္ခဒိန်တွေ မင်ပေါက်ရာ မကင်းကြဘူး
အမေ ဘုရားရှိခိုးသံကြားရင်
မနက်အတွက် ဆန်တစ်ပြည်ဝယ်ရမယ်
သူ မကြိုက်တဲ့ ကြက်ဥမှာ ဘာပိုးပဲပါပါ
တစ်မိသားစုလုံး ဟင်းတစ်ခွက်ဖြစ်တယ်
စံသွေဖီမှုမပါဘူး
သူ့စကားက ရင်တည့်တည့်ကိုထိတယ်
နံမိတ်ပုံတွေ အပြည့်နဲ့ အမေမျက်ရည်တွေ
ကျွန်တော့သက်ပြင်းချသံတွေ ဗဟိုချက်မဲ့ကြတယ်
ကဗျာက ရောက်တက်ရာရာ
ထွေရာလေးပါရောနေတော့
အာရုံရိပ်လည်း ပျောက်နေတယ်
သူ့အရိပ်လေး အိပ်မက်ထဲရောက်လာတိုင်း
လက်သည်းတွေတောင် အလွမ်းမကင်းကြဘူး
ဝန်ထမ်းသားသမီးဆိုတော့
ငတ်တစ်လှည့် ပြတ်တစ်လှည့်
အမေ့ပင်စင်လစာက
သူ့ဖိနပ်လေးတစ်ရံစာဆိုတော့
မကွေး အသွားကားခ လောက်ပဲဆိုတော့
အမေကို သနားတယ်
အဖေသောက်တဲ့ ဆေးလိပ်တွေ
အမေကဆူ အဖေကဆဲ
အိမ်ထဲမှာ ပြဿနာတွေပူတယ်
သူ့ကိုလွမ်းရင်း နွေတစ်ခုလုံး ပိုက်အိပ်ထားရတယ်
တစ်ခါတစ်ခါ ကွန်ပျူတာရှေ့မှောက်ရင်း
တစ်ခါတစ်ခါ ကဗျာရေးရင်း
တစ်ခါတစ်ခါ အမေ့ပင်စင် စာရွက်လေးဖတ်ရင်း
တစ်ခါတစ်ခါ ကျွန်တော်ဟာ သူ့ချစ်သူဖြစ်ကြောင်းတွေးရင်း
တစ်ခါတစ်ခါ ကျွန်တော်ဟာ အမေ့သားဖြစ်ကြောင်းတွေးရင်း
တစ်ခါတစ်ခါ ကျွန်တော်ဟာ ကဗျာဆရာပေါက်စဖြစ်ကြောင်းတွေးရင်း
တစ်ခါတစ်ခါ ရန်ကုန် မီးမမှန်သေးတာကိုတွေးရင်း
တစ်ခါတစ်ခါ မကွေးကိုသွားဖို့တွေးရင်း
တစ်ခါတစ်ခါ ကျွန်တော်ဆိုတာ ငါဖြစ်ကြောင်းတွေးရင်း
သံသရာမှာ နှင်းဆီဝါနဲ့မကင်းဘူး
တစ်ထီးတစ်နန်းလုံးတောင်မှ အမှားမကင်းကြတော့
ကန်တော်ကြီးစောင်းက အလုပ်သမားဆေးရုံမှာ
၁၉၈၅ ခု စနေနေ့တစ်ရက်က
ပန်ကာတစ်လုံးမလည်တာသေချာတယ်
ရွာရိုးကိုးပေါက်လျှောက်ပြီ လွမ်းရတာ
မီးစက်သံနဲ့မကင်းဘူးပေါ့
ခဏခဏ မီးစက်သံတွေ ရှူရတာ
အစာအိမ်တွေ မသန့်တော့ဘူး
နေရထိုင်ရ သဘာဝကိုကျတယ်
၃၆ လမ်းက အခုထိ မြောင်းနံ့နဲ့
လျှောက်လို့ကောင်းတုန်းပဲ
ဒဂုံကို အမှိုက်ပုံရွှေ့ပြီးတာတောင်
ပြဿဒ်တွေ မီးခဏခဏလောင်တယ်
ရန်ကုန်က ရန်ကုန်ပီသတယ်
ဈေးသစ်တွေ တိုက်သစ်တွေ
လူသစ်တွေနဲ့ မျက်နှာသစ်တွေနဲ့
တစ်ခေါက်မှ မရောက်ဖူးသေးတော့
မကွေးကရော မကွေးလိုပဲလား
လိုရာဆု တောင်းကြေးဆို
သူ အချစ်သစ်နဲ့မတွေ့ပါစေနဲ့ပေါ့
အားလုံးဟာ အားလုံးပီသကြတယ်
ကျွန်တော်ကလည်း "ငါ"ဆိုတာပီသဖို့ လွယ်အိတ် လွယ်ရတာ . . .
သူလွယ်တဲ့ အိတ်လေးက ကျွန်တော့် တစ်လစာ
တံဆိပ်တောင် အလွတ်မရဖြစ်ဘူး
အရင်တုန်းက အင်းယားလည်း အနမ်းမကင်းသလို
အခုလည်း အရက်နံ့မကင်းသလို
ကျွန်တော်လည်း ငွေနံ့ကို ခူးလို့ခပ်လို့ကောင်းတုန်း
သူခူးကျွေးသွားတဲ့ ကျွန်တော့်နေ့လည်စာမှာ
ဘာဆေးခပ်ထားခဲ့ပါသလဲ . . .
ကျွန်တော်ခူးပေးဖူးတဲ့ ပိတောက်ဝါမှာတော့
ကျွန်တော့် ဘယ်လက်ဖျံက အနာလေးတစ်ခုပါတယ်
မကွေး ကို မျှော်မျှော်လွမ်းတယ်
ကျွန်တော်တို့က စိတ်ချင်းဆက်ပြီးမှ
ရင်ချင်းလွဲနေကြရတာ
ရန်ကုန်လိုင်းကားတွေ မှတ်တိုင်နဲ့ နေရာလွဲကြတယ်
ဘယ်ကမ္ဘာ က မာနတွေ ကင်းပါသလဲ
ဘယ်ကမ္ဘာ က ဆန္ဒတွေ ကင်းပါသလဲ
ကိုယ်ချင်းကိုယ်ချင်း လည်ပင်းတွေ ရင်းကြရ
ကိုယ်ချင်းကိုယ်ချင်း နောက်ကျောတွေ ဓားနဲ့ထိုးကြရ
တစ်ဆယ်ချင်း ယှဉ်ရင်တောင်
သူတို့ က ထမင်းတစ်နပ်ရတယ်
ကျွန်တော်နဲ့သူစားတဲ့ ထမင်းအနပ်တိုင်းမှာ
ကန်စွန်းပလိန်းဆိုတာပါတယ်
ငရုတ်သီးစပ်စပ် . . ကော်ရည်များများ
သူ့မှာ လိုအပ်ချက်တွေများတော့
ကျွန်တော်က ကျွန်တော့်ကိုယ်ရင်းရ
အရင်းထဲ အရင်းထပ်ဝင်တော့
ရန်ကုန်လမ်းတွေလို မိုးတွင်းပြီးရင်
ပြန်ဖာရတယ် . . .
လုပ်သလိုမဖြစ်တော့
မဖြစ်သလိုပဲ လုပ်ကြရ
ကောင်းရောင်းကောင်းဝယ် မကင်းသလို
အဟောင်းရောင်း အဟောင်းဝယ်မကင်းကြ
သူနေခဲ့တဲ့ မြို့ဟောင်းက
မြို့သစ်လို့ တံဆိပ်ကပ်ထားတဲ့ ရွာဟောင်း
ကျွန်တော့်မှာ ရင်ဘတ်အဟောင်း နဲ့ အိပ်မပျော်ရ
ကျွန်တော့်မှာ ဓါတ်ပုံအဟောင်းတွေနဲ့ အိပ်မပျော်ရ
ကျွန်တော့်မှာ အိပ်မက်အဟောင်းတွေနဲ့ အိပ်မပျော်ရ
ကျွန်တော့်မှာ မီးစက်သံတွေနဲ့ အိပ်မပျော်ရ . . . . ။ ။
မောင်မိုးချို
0 comments:
Post a Comment