ခင်ဗျားဆိုလိုရင်း ခင်ဗျားကိုယ်တိုင်နားလည်ရဲ့လား
လူတစ်ယောက်ရဲ့စိတ်အကန့်အသတ်ကို ပြောင်းပြန်လှန်ကြည့်လိုက်ပါ
ကံဆိုတာအလုံးအပြားအတိုအရှည်လေးထောင့်အ၀ိုင်းဟုတ်မဟုတ်တွေ့ရလိမ့်မည်မဟုတ်
မျက်နှာဖုံးတပ်လိုက်တိုင်းခင်ဗျားကံကောင်းသွားရောလားအဲဒီမျက်နှာဖုံးဆိုတာကရော
ပွဲဈေးမှာဝမ်းရေးအတွက် တစ်ခု ၅၀ ကျပ်တန်တဲ့ ဈေးနှုန်းသတ်မှတ်ပြီးကလေးအကြိုက်ကတ္ထူစက္ကူတစ်ခုလား
အပြုံးဆိုတာအမျိုးမျိုးရှိသည် မချိပြုံး မဲ့ပြုံး မလိုတမာပြုံး အပြုံးဋီကာ ဖွဲ့ပြနေရဦးမှာလား
လေတိုက်တိုင်းသစ်ရွက်ကြွေသည်ဆိုပါစို့
လူဆိုတာ တစ်ခုခုကိုအမြဲမျှော်နေတတ်တဲ့သတ္တဝါအကြီးစားဖြစ်သည်ဆိုလျှင်အခုချိန်ကစပြီး
ခင်ဗျားနားတွေပိတ်ထားလိုက်တော့ မျက်လုံးတွေဆွံ့အသွားသည့်တိုင်အောင်သံယောဇဉ်ကို ပိုးမွေးသလိုမွေးမြူကြည့်ကြတာပေါ့
အဆုံးမရှိသောအစတဲ့ အစမရှိသောအဆုံးကို ပြန်လည်ရှာဖွေကြည့်သောအခါ
၁။မနက်ဖြန်ဘယ်ပုံစံနဲ့ ခင်ဗျားအသက်ရှုမလဲ
၂။ကိုယ်ကျင့်သိက္ခာကို ပက်လက်လှန်ထားကြည့်မိသောအခါ
၃။ဆေးစိမ်ထားတဲ့ဝါကျအတိုများ စသည်ဖြင့်....စသည်ဖြင့်
လျှာယားစရာကောင်းသောစာသားတစ်ချို့တစ်လေကို လျှာဖျားလေးနှင့်မတို့ပါနှင့်
ခင်ဗျားလည်ချောင်းအ၀မှာ ကျွန်တော်မြင်လိုက်မိတဲ့ စကားလုံးအသေ က တိုးလို့တန်းလန်း
ကျေးဇူးပြု၍ မျှားချိတ်မှာအစာအတုတပ်၍၀ါကျအရှင်ဖြင့်ကျွန်ုပ်ကို မျှား ပါ။
မထင်မိဘူး ။ ဓားသွားနဲ့ ။
ဇာတ်လမ်း အစကလည်းက ခရမ်းရောင် ကိုယ်စီနဲ့ ။
လွန်ခဲ့သော မနေ့က နှစ်သန်းပေါင်းများစွာဆီ ။
လည်ပတ်ဆဲ ကမ္ဘာဟာ
ယန္တရားအသစ် ၊ ဝင်္ကဘာအသစ် ၊ အသက်ရှင်နေထိုင်မှုအသစ်နဲ့ ။
မြောက်ဝင်ရိုးစွန်းသွားပြီး ကြယ်တွေကို ကြည့်ဖို့ ။
ညတိုင်း လကို မျှော်ဖို့ ။
သရေခေတ္တရာ ၊ ပုဂံမြို့ဟောင်း ။
လသာည ဘယ်နှစ်ကြိမ် တိုင်ခဲ့တယ် ။
ဘလိတ်ဓားရှရာလေးကနေ ဖွားကနဲ ပန်းတွေ ပွင့်လာသလို ။
ရှူစရာလေမရှိတော့တဲ့ မီးတောက်လေးက
အခန်းထောင့်မှာ ငိုလို့ ကြွေးလို့ ။
ဦးခေါင်းအတွင်းပိုင်း နံရံပေါ်မှ ပင့်ကူမျှင်များ ။
ရီမုကွန်ထရိုးကြားခံနယ် နှင့် ဘာမြူဒါတြိဂံနယ်မြေသစ်များကြား ။
လက်လှမ်းမှီသလောက် ပြတင်းပေါက်တွေ လိုက်ပိတ်ပစ်တယ် ။
ငေးမိတဲ့ သူမနောက်ကျောမှာ “မဖြစ်နိုင်တော့ဘူး” ဆိုတဲ့ တံဆိပ်ကို ကပ်လို့ ။
မြရာပင်လည်း ပန်းတွေနဲ့ ။
တရုတ်စကားပင်လည်း ပန်းတွေနဲ့ ။
တီ တီ တီ မြည်နေတဲ့ ဖုန်းကို ကောက်ကိုင်တော့
ဗိဿနိုးမြို့ဟောင်း ၊ မိုးပြာရောင် ၂၀၀၈ ။
အနှေးပြကွက်များ ။
အရူးတစ္ဆေခြောက်ခံရတဲ့ ည ။
ကူးခတ်လို့ မဆုံးနိုင်တော့မယ့် ပင်လယ်ထဲ ။
တ ၀ဲ ၀ဲ ။
ရေပြင်ထဲကို ရောင်စုံကျောက်စရစ်ခဲတွေ တစ်လုံးပြီး တစ်လုံး ပစ်ပေါက်
ကျန်ရစ်ခဲ့တဲ့ ဆိပ်ကမ်းဟာ အထီးကျန်မီးခိုးငွေ့တလူလူနဲ့ ။
တစ်စထက် တစ်စ ပိုမိုဝေးကွာခြင်း က
အေးစက်တိတ်ဆိတ်စွာ ချဉ်းကပ်ဝင်လောက်လာ ။
အေဒီ နှစ်ထောင့်ဆယ့်တစ် ၊ တိမ်နံပါတ် ကိုး ၊
သစ်ပင်အတု ၊ ကျောက်ဖြစ်ရုပ်ကြွင်းကမ္ဘာ ၊
တစ်ယောက်တည်းနေ ၊ တစ်ယောက်တည်း နေ့ ။
ကျပ်မပြည့်တဲ့ ဒင်္ဂါးဟာ စားပွဲပေါ်မှာ တ၀ီဝီ လည် လို့ ။
ဧဒီ
အချိန်တွေထဲက ထွက်ပြေးဖို့ ငြင်းဆန်/လှည့်စား မဖြစ်နဲ့ ၀ိညာဉ်တွေ
တုန်ခါနေ ဝေဒနာက မင်းဆီပြန်လာတဲ့လမ်းမှာ ဗားရှင်းအသစ်နဲ့
ကြောက်စရာကောင်းတဲ့ အမြှေးပါးတစ်ထပ်နဲ့ ပါးစပ်ထဲကို ငွေစက္ကူတွေ
အထပ်လိုက် ထိုးထည့်/ပြီးတာနဲ့ တဖြည်းဖြည်း သေးငယ်သွားမယ့်
မင်းမျက်နှာကို ငါ ကျေကျေနပ်နပ်ကြီး ထိုင်ကြည့်ရတာပေါ့ မိုးစက်တွေ
ငါ့ကို သတ်လိမ့်မယ် မင်းကို သတ်လိမ့်မယ် ငါတို့အားလုံးကို သတ်လိမ့်မယ်
ငါတို့ကိုယ်ငါတို့ နံရံတွေပေါ် ပစ်တင်ထားလိုက်ကြမယ် ဘယ်သူမှ မမြင်နိုင်
မယ့် နံရံမျိုးတွေပေါ် ငါတို့ကိုယ်ငါတို့တောင် ပြန်မမြင်ရတော့လောက်အောင်
အထိ လမ်းတွေပေါ် လှဲအိပ်နေတဲ့ နတ်ဆိုးတွေ ငါတို့ ကျရှုံးသွား ကျဆုံးသွား
လျှို့ဝှက်ချက်ဟာ တဖြည်းဖြည်းရူးသွပ်လာ အရူးပဲ အနှမ်းပဲ အသစ်တွေ
အကုန်လုံးကို သတ်ပစ်ကြမယ် ငါတို့ဟာ အဟောင်းအမြည့်တွေနဲ့ ရှူသွင်း
ရှိုက်သွင်း လှည့်စားချက်က ဘာလဲဆိုရင် ငါတို့မှာ ရှိပြီးသား စကားလုံး
အမှိုက်တွေ ဘယ်သူလိုသေးလဲ ငါတို့ကျော်လွန်ခဲ့ပြီးသား မျက်လုံးတွေထဲ
ကြည့်လိုက် အမှိုက်တွေ အမိုက်စားတွေ ဘာမှမရှိခြင်းဟာ ငါတို့မှာ
ရှိပြီးသား ရုပ်ဝတ္ထုပစ္စည်း ငါက အရာအားလုံးကို လွဲသွားတာ ငါတို့ ပြီးသွား
ကြပြီလို့ ထင်လား ငါက တစ်ယောက်တည်းပဲ နံရံပေါ်ချိတ်ဆွဲထားတဲ့ နတ်ဆိုး ။
ဆူး ခ က် မ င်း
120720111318
မကြာမီမှာ ခင်ဗျား လက်ခံရရှိမှာက
ချောကလက် ည၊
နောက်တစ်ခေါက် ရောက်မလာသေးတဲ့ အသံ။
အရင်တုန်းက ဒီရေမြောင်းလေးထဲ
ကျွန်တော့် စက္ကူလှေလေးတွေမျော ဖူးတယ်။
(အရမ်း နှမြောနေတုန်းပဲ)
ဟောဒီတောင်ကုန်းလေးပေါ်က
ဖြတ်ပြန်သွားတဲ့ တောဘဲတစ်အုပ်ကို
ငေးကြည့်ဖူးတယ်။ (ငေးနေတုန်းတော့ ဘာတွေမှန်းမသိခဲ့ဘူးပေါ့)
နောက်ပြီး
သူမရဲ့ နှုတ်ခမ်းကို စိတ်ကူးနဲ့ နမ်း ....
- နေနှင်းစက် -
{ ဒီကဗျာကို ဆက်ပြီး ရေးဖို့ ဒြဒ်စင် တစ်ခု လိုအပ်နေတယ် }