ဆုတောင်းကြမ်းသူများ
( ၁ )
ငါ က တော့ ငါ့ ထီး ကို
ရ မု ကွန် ထ ရိုး နဲ့ ပဲ ဖွင့် ဆောင် တယ်
ငါ့ ကိုယ် ငါ မိုး ဖို့
ငါ့ ကိုယ် ငါ မှောင် ပစ် ရ တယ်
ဟော ..
ပြော ရင်း ဆို ရင်း
ငါ့ ထီး ဟာ အဖုံး ပွင့် သွား ခဲ့ ရ
ငါ့ ဆု တောင်း ပုံ က
ငါ့ ကို ငါ ငရဲ အ ကြီး ကြီး ကျ စေ ခဲ့ တယ် ။ ။
ရုပ်သေး
ဆုတောင်းကြမ်းသူများ
( ၂ )
မင်း ရှိ ပါ လေ စ
မျှော် လို့ တောင် မ ဆုံး သေး ဘူး
ပန်း တွေ
ဘယ် ပုံ ဘယ် နည်း ပွင့် ခဲ့ လဲ မ သိ ရ
မင်း ရှိ ပါ လေ စ
မျှော် လို့ တောင် မ ဆုံး သေး ဘူး
လမ်း တွေ
ဘယ် ပုံ ဘယ် နည်း မာ နေ ခဲ့ ရ
ဘယ် ပုံ ဘယ် နည်း မှောင် နေ ခဲ့ ရ ။ ။
ရုပ်သေး
Posted by
handsofenlightenment
0 comments:
Post a Comment