Hands Of Enlightenment

လင်းပွင့်လက်များ


ပိတောက်တွေနဲ့ ရင်ပြည့်နေတဲ့ မြို့ (ခ)


ရာသီတစ်ဒါဇင်လောက်မေ့ထားပြီးမှ
တစ်လထဲပွင့်ပြ
ပြင်းရှရှဂီတသံနောက်မှာ စံပယ်ရုံနဘေးနားက
အနမ်းဘူတာအိုကြီးသိတယ် ။


လိမ်လည်မှုနဲ့ ရေမစိုခဲ့တဲ့ အတိတ်ကို

အနှေးပြကွက်နဲ့ ငါပြန်ရှာတွေ့တယ် ။


စိတ်ကူးထဲမှာကြယ်တွေကြွေတို
င်း
ပိတောက်တွေလိုက်ကောက်လို့မဆုံး ။


ပိတောက်မြို့က ပိတောက်မြို့ကို

အဖြေပေးလိုက်ပြီ
ငါ့ Evangeline ကလေးရေ …. ။


တစ်ယောက်ကို တစ်ယောက်

အလင်းမြဆုံးပွင့်လင်းနီမြန်
းခဲ့ကြတာပါ …
ဒါကို ပိတောက်လထဲက
ငါ့မွေးနေ့အိုကလေးအသိ .. ။


မြို့ကလေးရဲ့ ပိတောက်ဂီတကို

ရနံ့စားသုံးသူငါက
ဘယ်လိုမှခံစားလို့မရတော့ဘူး
… ။


သက်တံ့တိမ်တိုက်တွေရေ ….

နွေဦးလွင်ပြင်ကို ဆင်တူရိုးမှားမလုပ်ကြပါနဲ့ …
ဗိုလ်အောင်ကျော်လမ်းက
ပိတောက်ပင်တွေ ငိုကြလိမ့်မယ် … ။


ဧပရယ်အကြမ်းဆုံးညမှာ

ငါချုပ်ပေးခဲ့တဲ့ voodoo အရုပ်ကလေး
နင်သတ်ပစ်လိုက်ပြီလား … ။


ပိတောက်ပင်အောက်မှာ မြို့ကလေးနဲ့အတူ

စာမျက်နှာ ၂၉ကို ငါမြှုပ်ပေးခဲ့ပါ့မယ် … ။


အချစ်ဆိုတဲ့အမည်နာမတစ်ခုကို

ငါမကိုးကွယ်လိုတော့ဘူး
သံယောဇဉ် ပိတောက်သတ်တဲ့လမှာ
ငါ့နှလုံးသားကို
သင်္ကြန်အသစ်ကျတ်ချွတ်ကျပါရစေ
တော့ကွယ် … ။




nelay

အချစ်အကြောင်း


သေနတ်ပြောင်းဝမှာ
ကိုယ့်နားထင် ကိုယ်ထားပြီး
တေ့ပစ်လိုက်ရသလို ၊
မီးခိုးတွေလဲ အူ လို့ ။
ဂြိုလ်စီး ဂြိုလ်နင်း မကောင်းရင်
မုဆိုး နဲ့ သားကောင် တစ်လှည့်စီ ဖြစ် ။
ကိုယ့်နက္ခတ်ကိုယ် မှန်အောင် ကြည့် တတ် ဖို့ လို တယ် ။

 

                                                                                      ညီစိမ်း

 

 

 



လေးထောင့်ဘီး


လူကိုယ်တိုင်တွေ့ နေရတာတောင် ဓါတ်ပုံထုတ် လွမ်းနေသေးတယ်
အဲဒီလူတွေပဲ နိုင်ငံတော်သီချင်းကို မဆိုတတ်တာ
တချိန်တခါ မှားမိပါပေါ့
မြေကဖြာတဲ့ မိုးလို
စကားလုံးကိုဖွာ ရွာ မုန်တိုင်းသီး
မှား ဦးထုပ်တစ်လုံးကို ခေါင်းနှစ်လုံးဝင်ဆောင်းတဲ့ အမှား
ရုန်းရင်း ရုန်းရင်းနဲ့  ဆန်အိုးကို ခတ်
လူးလွန့် ပန်းကန်ထဲ စိတ်ဓါတ်စုတ်ပဲ့ စိတ်ဓါတ်တွေ
ပေးပါတယ်ဆို ယူသွား ကာမဂုဏ်
ပြေးပါဦးမယ် လွမ်းပန်းရောင်စုံ
စိတ်မှာ ပွင့် ၊ စိတ်ကို ဖွင့်
မှန်ကို မှန်လို တော်တော်ကြည့်တတ်လာပြီ
လမ်းပေါ် လမ်းကို လမ်းလို မလျှောက်နိုင်တော့
ပတ်ပတ်လည်
လှည့်ပတ်ကြည့်
လည်ပတ်နေတဲ့အိမ်များ တွေ့ မလား
ငါ့တို့ ရွာမှာ ၁၂ နာရီထိုးခါနီးတိုင်း ၀ိုင်းအုံကြည့်ကြတဲ့ TV တစ်လုံး
တောင်းလို့  ရပြီးတော့ ဘယ် သူတောင်းစားက ကျေးဇူးတင်စကား ပြောသွားလဲ?
ဆံပင် အရမ်းမသပ်ပါနဲ့ 
ဈေးကွက်စီးပွါးရေးစနစ်ထဲ ပါးကွက်ကြားတွေ့ ရင် ပစ်
တောက်
တက်ခေါက်တဲ့ အသံလား ၊ တပ်ခေါက်တဲ့ အသံလား
သံ ပါလို့  တူမလိုဘူး ၊ နားမှာ ဆူးတယ်
ပြန်လာပါလို့  မခေါ်ချင်ဘူး
အတောင်တော် ဖုန်ကပ်နေကြောင်း သံတော်ဦးတင်
မျက်မှောင်ကုတ်
ယားလို့ တော့ မဟုတ်ဘူး ၊ သွားဖို့ မရှိဘူး
ဖိနပ်က ပါးပါးလေး ၊ သားသားလေး မွေးပြီ
မွှေးပြီ မီးခိုးအူ
အခွေလိုက်ကြီး ပူတယ်
ရေဆူရင် ချလိုက်တော့
ထမင်းတလုတ်အတွက် တကိုယ်လုံးကွေးကုတ်
ဘီးလုပ်ပြီး လိမ့် ရတာ
ချောက်ထဲမှာ လေးထောင့်အ၀ိုင်းကြီး ရပ်နေတယ်
ခြေထောက်ပါလို့  ဖြစ်မှာပေါ့
တောင်ဖောက်ရမလို ၊ ထောင်ဖောက်ရမလို
တိုင်ကို ပတ်ပြေးဆော့နေတဲ့ ကလေးငယ်တွေကို ကြည့်ရင်း
စိတ်က ပြုံးချင်ပေမယ့် နှုတ်ခမ်းက ကွေးတက်မလာတော့
လူက ကြီးနေသလို ၊ လူက သေးလာသလို
ချိုင့်ထဲ ဆင်းပြေးရမလို ၊ တိမ်ပေါ် တက်က ရမလို
ရင်ဘတ်က လွမ်းသလို ၊ စိတ်က တမ်းသလို
ဝိုးတ၀ါးစာလေးလောက် လှမ်းချင်လာသလို
အရှိန်မပြေသေးသလို ၊ ကုန်းဆင်းနေချင်သေးသလို
လက်တဖျားခါရုံနဲ့  ဒေါ်လာ ၃၀၀၀ လောက်ရရင်
ကဗျာရေးသလိုလိုနဲ့  ကဗျာရေးလိုက်ရရင်
၁၉၈၅ ကျွန်တော်မမွေးခင်က ကျွန်တော်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့
ကဗျာတစ်ပုဒ်လောက် ရွတ်ခွင့်ရရင်
မနက်ဖြန် ထီထိုးခွင့်ရရင်
ပရိက္ခရာဆယ်ပါးနဲ့  ဆိတ်ငြိမ်ရာကို စိတ်ထင်သလို ရှာခွင့်ရရင်
အထုတ်ကူထမ်းပေးချင်လာသလို ၊ နောက်တခါသေဖို့ ပျဉ်ဖိုးထပ်ရှာချင်လာသလို
ဟုတ်မလိုလိုနဲ့  ဆက်မလုပ်ဖြစ်တဲ့ အရာတွေ တခေါက်ပြန်ဖတ်
ပြေးထွက်ချင်လာသလို ၊ ပြေးကပ်ချင်လာသလို
စေတသိတ်ခွက်ချင် မမှန်သလို ၊ မြွေအဆိပ်လေး တက်ချင်လာသလို
သလို ၊ လိုလိုနဲ့  ထိုထိုပြောင်းဖူးဖုတ်များအား ကြောင်ရေချိုးပေး
ဆွေးမြေ့ ယိုဖိတ် ငိုချင်သလို ၊ Disco ရွ ထချင်နေသလို
ဆက်သွယ်မှုတွေ ရပ်တန့် ချင်သလို ၊ ပွေ့ ဖက်သွယ်ယှက် စီးမျောချင်သလို
အဖေတစ်ယောက်တည်း စီးပွါးရှာတဲ့ အဖေ့ ခေတ်ကို လွမ်းချင်လာသလိုလို
တမိသားစုလုံး ထိုင်စီးလို့ ရနေပြီဆိုတဲ့ ယခုခေတ်ဘတ်စ်ကားတွေကို ဆဲချင်လာသလိုလို
ဂလို ဂလို ဤတေးသံစုံစွာဖြင့်
ကျေးဇူးပြုပြီး ရောင်းရင်းချင်း လက်သည်းဝှက်ထိုးကြပါ ဆိုသော
လက်ဖေ့ရည်ဆိုင်ထဲက မစ္ဆိရိယကျားအော်သံတွေ နားမဆံ့
ရရင်တွေ တမ်းတလို့  ရတဲ့ယာဉ်ပေါ် ပြေးတက်လို့ 
တနေ့ လုပ် တလစား အိပ်မက်ထဲက ၂၀၁၀ သူကြီးသား
! မရိုက်မိတာ နာတယ်ကွာ !
ကွဲမသွားတာပဲ ကျေးဇူးတင်
တနေ့ တာ ညဥ့်နီ ထီးဖြူဆောင်း
ခြင်ကိုက်တောထဲ ခွေးအူသံ ကိုယ်ရံတော်လုပ်
မင်းတရားကြီး ပြန်လည် ကြွချီတော်မှုမယ်
....အူ....
အတောင်တော် ဖုန်ကပ်နေကြောင်း သံတော်ဦး ထပ်တင်
...............
...............
...............
ဟောင်တန်းယာဉ်အခန်းဝ
ဘော်လီကြိုးတန်းပေါ်က ဟောက်သံတွေ
နေထွက်မလား ရပ်စောင့်နေတယ်?
...............

...............
...............
တချိန်တခါ မှားမိပါပေါ့
သေမှ ငိုတဲ့ အမျိုးလို
ခြံရှေ့ မှာ တိုးတိုးလေး အော်ဆဲသွားတယ်
နေမထွက်သေးတဲ့ သံသရာမှာ
ခြေ ထောက် ပါ လို့  ….. ..… …..

အနော်မာ
၂၇.၃.၂၀၁၀
( မနက် ၃နာရီ ၃၉ မိနစ် )


ည ……. ရူး ခြင်း ( ၂ )

 

 

ည က ည အတိုင်း လင်း နေ ။

ဘာ ပ ယာ ဂ မှ မ ပါ ပဲ

ဝင် သက် ထွက် သက် နဲ့ မှန် မှန် လင်း တယ် ။

ကောင်း ကင် မ ရှိ ၊ ကြယ် မ ရှိ နဲ့

တိတ် တိတ် လေး လင်း တဲ့ ည ။

နာ ရီ မ လို တဲ့ ည ။

မျက် လုံး နက် နက် တွေ နဲ့ ကြည့် ပြီး

ငါ့ ကို ချောင် ပိတ် တဲ့ ည ။

အ မှောင် ထဲ ကို တ ရိ ရိ နဲ့ ဆွဲ ခေါ် ပြီး

ငါ့ ကို လွှတ် ချ ထား ခဲ့ တဲ့ ည ။

နာ ရီ မ ကြည့် ဖြစ် တဲ့ ည ။

ခေါင် ရမ်း ပန်း ကို ပန် ထား တဲ့

ခ ရမ်း ရောင် တောက် တောက် ည ။

ည ဟာ

ည ဖြစ် ကြောင်း သေ ချာ ဖို့

ကိုယ့် ကို ကိုယ် ထွန်း လိုက် ရ ။

ဒီ ည ထဲ မှာ

ဘာ ရ နံ့ မှ

ပါ မ လာ ဘူး ။

ဘာ သက် တန့် မှ

ပေါ် မ လာ ဘူး ။

ကိုယ် တိုင် ကိုယ် ကျ လင်း တဲ့ ည မို့

ည က ည အတိုင်း လှ တယ် ။

 

 

 

                                                                                           ညီစိမ်း

နေပူထဲက မီးပွိုင့်တွေ

ဆူးလေမှာ လမ်းကူးရတာ အလုပ်ရှုပ်တယ်

ရေးသက် ၁၀ နှစ်မှာ

တစ်ပုဒ်မှ ဓါးချက်လှံသံမပါလို့

ဆူညံပူညံမရှိဘူး

ကဗျာကို မြားလုပ်မခုတ်ဖြစ်ဘူး

လမ်းတူတယ်ဆိုရင် ညာဘက်လက်မှာချိတ်

ကဗျာဆရာသွားလည်းလမ်းဖြစ်တယ်

မှန်ရာကိုပြောကြဆို

ရန်ကုန်ဖုန်းသံလို အသံမကြည်ဘူး

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်

ကြားဖူးနားဝ ချရေးလိုက်

၇ နှစ်ကျော်ရေးခဲ့တဲ့ အချစ်ကဗျာတွေမှာ

ပိုင်ရှင်တစ်ယောက်မပါဘူး

၂၀၁၀ မှာ ပိတောက်တွေပွင့်မှာကိုတွေးရတာ

သေရမှာထက်ကြောက်တယ်

ရန်ကုန်နဲ့ မကွေး ဝေးပါသလား

ငါ့ ကိုယ်ငါ ကျပ်တည်း ရင်း

ဒီနေ့နဲ့ မနက်ဖြန်တောင် နပ်မမှန်ချင်ဘူး

[ဗေဒင်ဆရာအလိုကျ အသက် ၂၉ နှစ်မှ အိမ်ထောင်ပြုရန်]

အိပ်မက်တွေတောင် မျက်ရည်စို့တယ်

ညာဘက်က ပါးချိုင့်လေး

ရောက်တတ်ရာရာ လွမ်းတယ်

ရန်ကုန်က လမ်းတွေလိုပဲ

ငါ လျှောက်ရတာ ၂၅ နှစ်လုံး

လေထဲတိုက်ဆောက်လိုက်

ဘေးထိုင်ဘုပြောလိုက်ပဲ

ငါ့ဝင်လေထွက်လေက မင်းအရိပ်နဲ့မလွတ်ဘူး

နှင်းဆီဝါ၀ါလေးကို ဆောင်းလို့

ငါ့အသိဥာဏ်မှာ မြေနီကုန်းကားဂိတ်မပါဘူး

၂၀၀၉ ကနေမျှော်ကြည့်ရတာ

ကောင်းရာမွန်ရာယဉ်ကျေးမှုက ဟင်းမကျက်သေးဘူး

ပုဂံခေတ်မှာ စီဒီ ထစ်နေတယ်

ကဗျာထဲရန်ဖြစ်ကြတာဖတ်ပြီး သိမ်ငယ်လိုက်ရတာ

ငါကိုယ်တိုင်က မြို့စွန်မှာနေတဲ့ကောင်ပါ

ငါတို့နားက ရှမ်းခေါက်ဆွဲဆိုင်မှာ မြေအိုးကောင်းပါသတဲ့

မင်းကြိုက်တဲ့ ကန်စွန်းရွက်ကြော်

ငါ ကောင်းကောင်းကြော်တတ်နေပြီ

တစ်ယောက်တည်းငိုရတာ

ကဗျာထဲမှာ စာလိုငိုရတာ

အိမ်ခန်းထဲမှာ ကလေးတစ်ယောက်လိုငိုရတာ

လမ်းပေါ်မှာ ကလေကချေလိုငိုရတာ

ကဗျာဆရာဆိုတော့ ကဗျာမဆန်ဘူးပေါ့

ဖက်ကြမ်းတွေ မီးခဏခဏသေတယ်

ကျေးဇူးပြုပြီး ပြာမချွေကြပါနဲ့

မင်းညီမလေးဆော့လိုက်တဲ့ ငါ့ငါးရုပ်လေးလိုပဲ

ဒီကဗျာအကြောင်း မင်းမသိလောက်ဖူး

ငါတို့ က ရန်ကုန်ထဲမှာတောင် ၂၈.၉ မိုင်ဝေးရတယ်

ဟယ်လို . . . ကျွန်တော် ရာဇဖွား စနေသားပါ

ရန်ကုန်-မကွေး ကားလက်မှတ်တွေ ဈေးတက်ဖို့ရှိပါသလား??

ကော်ဖီသောက်တိုင်းမှမဟုတ်ဘူ

နာရီရှိနေမှ မဟုတ်ဘူး

ငါ့ဝင်သက်ထွက်သက်ကိုက မင်းနာမည်ပါတယ်

၃ ရက်လောက်မအိပ်ပဲရေးတာဆိုတော

တောင်ရောက်မြောက်ရောက်နဲ့

ဖတ်ရတာကိုက လေးလုံးမကွဲဘူးပေါ့

ကိုယ့်ဟာကိုယ် အလွမ်းကိုခွဲရတာ

ပဲလှော်ကြားဆားညပ်နေသလို

နေရထိုင်ရတာ သဲတရှပ်ရှပ်နဲ့

ကိုယ်ထူကိုယ်ထအပေါ် တံဆိပ်ကပ်အလံစိုက်ခြင်း

သူကြီးဘုရား ရွာသားကောင်းမှု များပြားခြင်း ကြောင့်

တာဝန်သိသူများ လမ်းဘေးချရပ်ခြင်းဖြင့် ကုသိုလ်ပြုပါ

ငါ လည်ကတုံးအဖြူမ၀တ်ဖြစ်တာကြာပြီ

ရွှေတိဂုံဘုရားပေါ်က ခေါင်းလောင်းဘေးမှာ တစ်ညလုံးထိုင်ဖြစ်တယ်

မဏ္ဍာပ်တိုင်တွေ မော့မော့ကြည့်လိုက်

သမ္မတရုံမှာ ဘာကားတင်လဲဖတ်ကြည့်လိုက်

ငါ မဆင်းဖြစ်တော့တဲ့ ကားမှတ်တိုင်တစ်ခု

၂၀၁၀ မှာတိုးသွားပြီ

တစ်သက်နဲ့ တစ်ကိုယ် . . .

ဖေဖော်ဝါရီ ၂၃ . . . .

မင်းစကားတစ်ခွန်းက ငါ့ဘ၀ကိုဖြိုတယ် . . . .

ဘောင်ဝင်ပါတယ် . . .

ကျွန်တော်ကိုယ်တိုင် ရန်ကုန်သားဆိုတော့

သူ့ကိုလွမ်းရတာ မီးစက်သံနဲ့ မကင်းဘူး

မကွေးမှာ မီးမှန်မှန်လာပါ့မလား

လရောင်နဲ့ဆို သူက ပိုလှတယ်လေ

ပလာဇာမှာ . . .

ဒဂုံစင်တာမှာ . .

ယူနိုက်တက်လစ်ဗင်းမောမှာ. . .

. . . . . . . မှာ

. . . . . . . . မှာ

စကပ်အတိုလေးတွေ ပေါတယ်

ကျွန်တော့်အမေသွားတဲ့ အခွန်လွတ်ဈေးမှာ

သမာဓိချိန်ခွင်တွေ အလေးမှန်ပါ့မလား

သူကြိုက်တာ ကန်စွန်းရွက်ကြော်လေ

အမေ ဒီဈေးက၀ယ်ခဲ့တာ . . .

ကွန်ပျူတာသမားဘ၀ ဆိုတော့

ငတ်တစ်လှည့် ပြတ်တစ်လှည့်

ကျွန်တော် နစ်နေတဲ့နွံက ဒီနေ့ပြီးရင်

မနက်ဖြန်အတွက်မပါဘူး

ဘုရားပေးပေး ကျမ်းပေးပေးပါ

ရန်ကုန်-မကွေး ကားလက်မှတ် ဈေးမတက်ရင်တော်ပြီ

ကော်ဖီဖျော်ရတာ အသက်ရှူမ၀ချင်တော့ဘူး

သူကြိုက်တဲ့ ပရီမီယာ တူးအင်ဝမ်း

အေးသွားရင်သောက်မကောင်းဘူး

အနေဝေးသွေးအေးသလို

ဗေဒင်အလိုအရ ၂၆နှစ်ထဲမှာ ခွဲနေတာ အကောင်းဆုံးပါတဲ့

မကာရ ရာသီဖွားမှာ အလွမ်းနစ်နေတယ်

ကဗျာဆရာ ဆိုတော့

ငတ်တစ်လှည့် ပြတ်တစ်လှည့်

ဖက်ကြမ်းမီးဆိုတော့

ထိသမျှ ထထ ပေါက်တယ်

ပြက္ခဒိန်တွေ မင်ပေါက်ရာ မကင်းကြဘူး

အမေ ဘုရားရှိခိုးသံကြားရင်

မနက်အတွက် ဆန်တစ်ပြည်ဝယ်ရမယ်

သူ မကြိုက်တဲ့ ကြက်ဥမှာ ဘာပိုးပဲပါပါ

တစ်မိသားစုလုံး ဟင်းတစ်ခွက်ဖြစ်တယ်

စံသွေဖီမှုမပါဘူး

သူ့စကားက ရင်တည့်တည့်ကိုထိတယ်

နံမိတ်ပုံတွေ အပြည့်နဲ့ အမေမျက်ရည်တွေ

ကျွန်တော့သက်ပြင်းချသံတွေ ဗဟိုချက်မဲ့ကြတယ်

ကဗျာက ရောက်တက်ရာရာ

ထွေရာလေးပါရောနေတော့

အာရုံရိပ်လည်း ပျောက်နေတယ်

သူ့အရိပ်လေး အိပ်မက်ထဲရောက်လာတိုင်း

လက်သည်းတွေတောင် အလွမ်းမကင်းကြဘူး

ဝန်ထမ်းသားသမီးဆိုတော့

ငတ်တစ်လှည့် ပြတ်တစ်လှည့်

အမေ့ပင်စင်လစာက

သူ့ဖိနပ်လေးတစ်ရံစာဆိုတော့

မကွေး အသွားကားခ လောက်ပဲဆိုတော့

အမေကို သနားတယ်

အဖေသောက်တဲ့ ဆေးလိပ်တွေ

အမေကဆူ အဖေကဆဲ

အိမ်ထဲမှာ ပြဿနာတွေပူတယ်

သူ့ကိုလွမ်းရင်း နွေတစ်ခုလုံး ပိုက်အိပ်ထားရတယ်

တစ်ခါတစ်ခါ ကွန်ပျူတာရှေ့မှောက်ရင်း

တစ်ခါတစ်ခါ ကဗျာရေးရင်း

တစ်ခါတစ်ခါ အမေ့ပင်စင် စာရွက်လေးဖတ်ရင်း



တစ်ခါတစ်ခါ ကျွန်တော်ဟာ သူ့ချစ်သူဖြစ်ကြောင်းတွေးရင်း

တစ်ခါတစ်ခါ ကျွန်တော်ဟာ အမေ့သားဖြစ်ကြောင်းတွေးရင်း

တစ်ခါတစ်ခါ ကျွန်တော်ဟာ ကဗျာဆရာပေါက်စဖြစ်ကြောင်းတွေးရင်း

တစ်ခါတစ်ခါ ရန်ကုန် မီးမမှန်သေးတာကိုတွေးရင်း

တစ်ခါတစ်ခါ မကွေးကိုသွားဖို့တွေးရင်း

တစ်ခါတစ်ခါ ကျွန်တော်ဆိုတာ ငါဖြစ်ကြောင်းတွေးရင်း

သံသရာမှာ နှင်းဆီဝါနဲ့မကင်းဘူး

တစ်ထီးတစ်နန်းလုံးတောင်မှ အမှားမကင်းကြတော့

ကန်တော်ကြီးစောင်းက အလုပ်သမားဆေးရုံမှာ

၁၉၈၅ ခု စနေနေ့တစ်ရက်က

ပန်ကာတစ်လုံးမလည်တာသေချာတယ်

ရွာရိုးကိုးပေါက်လျှောက်ပြီ လွမ်းရတာ

မီးစက်သံနဲ့မကင်းဘူးပေါ့

ခဏခဏ မီးစက်သံတွေ ရှူရတာ

အစာအိမ်တွေ မသန့်တော့ဘူး

နေရထိုင်ရ သဘာဝကိုကျတယ်

၃၆ လမ်းက အခုထိ မြောင်းနံ့နဲ့

လျှောက်လို့ကောင်းတုန်းပဲ

ဒဂုံကို အမှိုက်ပုံရွှေ့ပြီးတာတောင်

ပြဿဒ်တွေ မီးခဏခဏလောင်တယ်

ရန်ကုန်က ရန်ကုန်ပီသတယ်

ဈေးသစ်တွေ တိုက်သစ်တွေ

လူသစ်တွေနဲ့ မျက်နှာသစ်တွေနဲ့

တစ်ခေါက်မှ မရောက်ဖူးသေးတော့

မကွေးကရော မကွေးလိုပဲလား

လိုရာဆု တောင်းကြေးဆို

သူ အချစ်သစ်နဲ့မတွေ့ပါစေနဲ့ပေါ

အားလုံးဟာ အားလုံးပီသကြတယ်

ကျွန်တော်ကလည်း "ငါ"ဆိုတာပီသဖို့ လွယ်အိတ် လွယ်ရတာ . . .

သူလွယ်တဲ့ အိတ်လေးက ကျွန်တော့် တစ်လစာ

တံဆိပ်တောင် အလွတ်မရဖြစ်ဘူး

အရင်တုန်းက အင်းယားလည်း အနမ်းမကင်းသလို

အခုလည်း အရက်နံ့မကင်းသလို

ကျွန်တော်လည်း ငွေနံ့ကို ခူးလို့ခပ်လို့ကောင်းတုန်း

သူခူးကျွေးသွားတဲ့ ကျွန်တော့်နေ့လည်စာမှာ

ဘာဆေးခပ်ထားခဲ့ပါသလဲ . . .

ကျွန်တော်ခူးပေးဖူးတဲ့ ပိတောက်ဝါမှာတော့

ကျွန်တော့် ဘယ်လက်ဖျံက အနာလေးတစ်ခုပါတယ်

မကွေး ကို မျှော်မျှော်လွမ်းတယ်

ကျွန်တော်တို့က စိတ်ချင်းဆက်ပြီးမှ

ရင်ချင်းလွဲနေကြရတာ

ရန်ကုန်လိုင်းကားတွေ မှတ်တိုင်နဲ့ နေရာလွဲကြတယ်

ဘယ်ကမ္ဘာ က မာနတွေ ကင်းပါသလဲ

ဘယ်ကမ္ဘာ က ဆန္ဒတွေ ကင်းပါသလဲ

ကိုယ်ချင်းကိုယ်ချင်း လည်ပင်းတွေ ရင်းကြရ

ကိုယ်ချင်းကိုယ်ချင်း နောက်ကျောတွေ ဓားနဲ့ထိုးကြရ

တစ်ဆယ်ချင်း ယှဉ်ရင်တောင်

သူတို့ က ထမင်းတစ်နပ်ရတယ်

ကျွန်တော်နဲ့သူစားတဲ့ ထမင်းအနပ်တိုင်းမှာ

ကန်စွန်းပလိန်းဆိုတာပါတယ်

ငရုတ်သီးစပ်စပ် . . ကော်ရည်များများ

သူ့မှာ လိုအပ်ချက်တွေများတော့

ကျွန်တော်က ကျွန်တော့်ကိုယ်ရင်းရ

အရင်းထဲ အရင်းထပ်ဝင်တော့

ရန်ကုန်လမ်းတွေလို မိုးတွင်းပြီးရင်

ပြန်ဖာရတယ် . . .

လုပ်သလိုမဖြစ်တော့

မဖြစ်သလိုပဲ လုပ်ကြရ

ကောင်းရောင်းကောင်းဝယ် မကင်းသလို

အဟောင်းရောင်း အဟောင်းဝယ်မကင်းကြ

သူနေခဲ့တဲ့ မြို့ဟောင်းက

မြို့သစ်လို့ တံဆိပ်ကပ်ထားတဲ့ ရွာဟောင်း

ကျွန်တော့်မှာ ရင်ဘတ်အဟောင်း နဲ့ အိပ်မပျော်ရ

ကျွန်တော့်မှာ ဓါတ်ပုံအဟောင်းတွေနဲ့ အိပ်မပျော်ရ

ကျွန်တော့်မှာ အိပ်မက်အဟောင်းတွေနဲ့ အိပ်မပျော်ရ

ကျွန်တော့်မှာ မီးစက်သံတွေနဲ့ အိပ်မပျော်ရ . . . . ။ ။





မောင်မိုးချို

ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့

အလိုလို သေသွားမှာ...
ပြောလို့မရတဲ့ အသံတွေကို..
တိတ်တိတ်တိုးတိုး သတ်ပစ်လိုက်ချင်တယ် ၊၊
အလိုလို မသေခင်...
အလိုလို မသေခင် ... ၊၊


‘နာကျည်းလိုက်တာ’

အလိုလို မသေခင်
လေတွေတိုးတိုးလာ
အလိုလို တိုးတိုးလာ
အသက်ရှုရတာ ရောဂါတစ်မျိုးပဲ
အထပ်ထပ် တိုးတိုးလာ
ငါ့ကို ထိုးသတ်သွားတာ
နတ်သမီးဟာ ဓားယောင်ဆောင်လို့
ငါ့ ကို ထိုး သတ် သွား တာ
အထပ်ထပ် တိုးတိုးလာ

‘နာကျည်းလိုက်တာ’

ငါ့ အသံလဲ ငါ ပြန်သိမ်း
နင့် အသံ လဲ ငါ ပြန်ပြန်သိမ်း
နင့်စကားတွေကို ငါ နားမလည်ဘူး
နင့်အသံကို ပဲ ငါ နားလည်တာ
ဆူးလေ တံတားအောက်မှာ
အသံတွေနဲ့လောင်ကျွမ်းသွားတဲ့
ဖိနပ်တစ်ရံ …
တယ်လီဖုန်း ခလုတ်တွေနဲ့
ငါ့လက်ဗွေရာတွေ ဟာ အလာ့ဂျစ်ဖြစ်ဖြစ်နေ ..

‘ငါ နာကျည်းလိုက်တာ’

လေတိုးသံကြားတောင်
ငါ့ဝိဥာဉ်က ငါ့ကိုလန့်
နင့်ဝိဥာဉ်က ငါ့ကိုလှန့်
နှလုံးသွေးဟာ နှေးကွေးလာတယ်
စာလုံးပေါင်းတောင်မြင်လို့မရ
နာမည်လေးလုံးကိုကြားလို့မရ
သွေးကြောတွေထဲမှာ တဆစ်ဆစ်နာတယ်၊၊

ဒေါင်းယောင်ဆောင်တဲ့တောမှာ ကျီးဟာမဲနက်
သစ်ခြောက်ပင်ကိုအစိမ်းချိုးပြီး
လေပြေတွေငိုသွားသည်အထိ
ငါ့ကိုတောခြောက်သွားတာ
ပွင့်ထွက်တော့မဲ့ မွေးရပ်ညမှာ
နတ်ဘုရားကိုဖွဖွဆုတောင်း
ဒီကောင်က ကြားပေမဲ့ မဖြည့်ပေးတတ်တဲ့အမျိုး
ဘာကိုဘယ်လိုနာကျည်းရမယ်မှန်းမသိတဲ့ငါက
ခေါင်းကိုခဏခဏဖြုတ်ထားရမယ်
ငါ့ကိုတောခြောက်သွားတာ
တိတ်တခိုးအသံတို့ သေရွာကပြန်လာပါစေ
အိပ်မက်ကိုနှိုးပြီး မင်းကိုပြောရအုံးမယ်
လေစကားဟာ လေထဲမှာပဲ သေဆုံး
အဖြစ်မရှိပဲရှုံးသွားတဲ့ယုန်တစ်ကောင်ပါ၊၊

အဲ့ဒီလို ငါ့လက်ခုပ်ထဲ ကျလာတဲ့
ကြယ်အပဲ့တွေကို အစိမ်းချုပ်ချုပ်ပြီး
မီးလောင်တိုက်သွင်းရမှာ ..
မှော်မဆန်ဘူး ဒီလိုညလေးလိုမျိုး
သိမ့်သိမ့်တုန်အောင် သိမ့်သိမ့်တုန်အောင်
ငါ့ ရင် ငါ ခြမ်း ..
ဘာမှလဲမရှိတော့ဘူး .
အခုထိလှနေတုန်းပဲ .. ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့ထဲ ... ။
တောယောင်ဆောင်သွားတဲ့ ငါ့တိမ်ပျိုရေ ...
ငါ့ကျောရိုးမှာ နူးညံ့တဲ့နိမိတ်တို့သေဆုံးတောက်ပ
ဘ၀ပန်းဝတ်ငုံတွေပွင့်မရဖူးမရ
နာကျည်းစရာမိုးတွေသာ မှတ်ဥာဏ်ထဲမှာ လှိုင်လှိုင်သွန်းချ
ဒီမြေသြဇာနဲ့ နက္ခတ်အကျိုးတွေသာ အပြိုင်ပြိုင်တောက်ပနေတယ် ...။



စိတ်/ သ င တ

သုံးလုံးတပ်မနက်ဖြန်
စိတ်မျဉ်းကျားဖြတ်ကူး
လျှာအဟုန်ဝင်ဆောင့်
နှလုံးသွေး
ပေါက်ထွက်သွားရ
ငါ့ ...
သူငယ်တော် ပျော်လိုက်တာ .... ။


nelay

စက်ကွင်း






မိုးသားတွေ အောင်မြင်လှပစွာ ပြီးဆုံးရပ်တန့်သွားတယ်

မီးတန်းတွေ အလုံးလိုက် နဲ့

သိပ်လှတဲ့ ကောင်းကင်ဆီ ။

ငါ့ မြင်း ငါ ရိုင်း အောင်သင်ပြီး

ငါ စိုင်း စရာ ။

တိမ်တွေလဲ ညိုလာပြီ ယုန်ငယ်ရေ

အခုပဲ မိုးသားတွေ အပြေး

ကွေးထားတဲ့ လက်ညှိုးဝိုင်းလေးထဲ သက်တန့်မှာ ခေါင်းစိုက် ငိုက်လို့ ။





ရုပ်သေး

မျက်စိနှစ်လုံး ပွင့်တာနဲ့
ခရမ်းရောင်မြို့ ပြကို ရောက်တယ် ။


ကံကိုက ဆိုးတယ် ။

နွေခေါင်ခေါင်ထင်ပြီး
လူလုံးပြမိကာမှ
မိုးသည်းနေတာနဲ့ တည့်တည့်ကို တိုးတော့တယ် ။

လက်ခုပ်ထဲကိုမှ ရွေးပြီး

ခရမ်းရောင်ပန်းတွေက လာ လာ ပွင့်ပြကြတယ် ။

ဘယ်သူမှ မပြောနဲ့ ။

ဘာမှ မကြားချင်ဘူး ။
အရင်က လမ်းတွေအတိုင်း
ငါ့ကိုယ် ငါ အငွေ့ပျံတက်သွားမယ် ။
ဘယ်သူမှ ငါ့နောက် မ လိုက် နဲ့ ။

သံချေးတက်နေတဲ့ ဓားတစ်ချောင်းနဲ့ပဲ

အနက်ရှိုင်းဆုံး ထိုးစိုက်ပစ်လိုက်တယ် ။

ခရမ်းရောင်မြို့ ပြမှာတော့ ကြယ် တွေ လင်း လို့ ။


ငါကတော့ မျက်နှာမသစ်ရသေးဘူး ။

              သွားမတိုက်ရသေးဘူး ။
              နာရီမကြည့်ရသေးဘူး ။
              အိပ်ရာမ၀င်ရသေးဘူး ။


ခရမ်းရောင်မြို့ ပြကတော့
ခုချိန်ဆို လေအေးပေးစက်အခန်းထဲမှာ
တယ်လီဖုန်း တဂွမ်ဂွမ် နဲ့ ။

လမ်းဟောင်းထဲမှာ ချွတ်ချထားခဲ့တဲ့

ကုတ်အင်္ကျီပေစုတ်စုတ်ကိုပဲ
ကျကျနန ပြန်ဝတ်ပြီးဆက်လျှောက်မယ် ။

ခရမ်းရောင်မြို့ ပြက
သူ့ရဲ့ဂုဏ်သရေရှိ လူကြီးမင်းတွေနဲ့
ဖန်ခွက်နှုတ်ခမ်းချင်း တေ့ လို့ ။

ညနေဟောင်းက

ခရမ်းရောင်မြို့ ပြမှာ
နေတတ်သလို နေရင်း
သေတတ်သလို သေရတယ် ။

ပလတ်စတစ်လောင်းထားတဲ့

ခရမ်းရောင်မြို့ ပြက
အချိန်တန်ရင် အိမ်ပြန်တယ် ။

ငါကတော့


         သေ
                   ပြီး
                           မှ

                       ပြန်

                              လာ
                                      ခဲ့
                                            မယ်  ။





                                                                            ညီစိမ်း

ခရမ်းရောင်မြို့ ပြက
တံခါးတွေ အမြဲတမ်း ဖွင့်ထားတယ် ။

ဒါပေမယ့်
ခရမ်းရောင်မြို့ ပြက
သူ့လမ်းတွေ သူ ဘယ်တော့မှ ပြန်မလျှောက်ဘူး ။

ခရမ်းရောင်မြို့ ပြက
နေပူပူ မိုးရွာရွာ ထီး မဆောင်းဘူး ။

ခရမ်းရောင်မြို့ ပြက  အသားမဲမှာစိုးလို့
နေကွယ် လေကွယ် မှာပဲ နေတယ် ။

ခရမ်းရောင်မြို့ ပြက
ညညဆို တော်ရုံနဲ့ မအိပ်ဘူး ။

ခရမ်းရောင်မြို့ ပြက
ခုချိန်ဆို
လေအေးပေးစက်အခန်းထဲမှာ
တယ်လီဖုန်း တဂွမ်ဂွမ် နဲ့ ။

ခရမ်းရောင်မြို့ ပြက
သူ့ကို စိမ်းတယ်လို့ ပြောရင် မကြိုက်ဘူး ။

ဒါပေမယ့်
ခရမ်းရောင်မြို့ ပြက
သူ့ကိုယ်သူ ဘာဖြစ်တယ် ညာဖြစ်တယ် ခဏခဏ ပြောတယ် ။

ခရမ်းရောင်မြို့ ပြက
ဘဲလေးအကကို စံချိန်မှီအောင် က တတ်တယ် ။

ခရမ်းရောင်မြို့ ပြက
သူ့ရဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေနဲ့
ဖန်ခွက်နှုတ်ခမ်းချင်း တေ့ လို့ ။

ခရမ်းရောင်မြို့ ပြက
အချိန်တန်ရင် အိမ်ပြန်တယ် ။



                                                                                                      ညီ
စိမ်း

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter