ဥစ္စာစောင့်
ဘယ်လို ငရဲ မျိုး လဲ ။
အဲ့ ဒီ နံပါတ် ၈ ကို ပဲ ရူး နေ ရ ။
ဘယ် ဘ ၀ မှာ မှ ကျွတ် မှာ တဲ့ ။
ငါ့ မှာ
ဘယ် ကမ္ဘာ တိုင်အောင် လွမ်း ရ တယ် ။
ဥစ္စာစောင့်
ဘယ်လို ငရဲ မျိုး လဲ ။
အဲ့ ဒီ နံပါတ် ၈ ကို ပဲ ရူး နေ ရ ။
ဘယ် ဘ ၀ မှာ မှ ကျွတ် မှာ တဲ့ ။
ငါ့ မှာ
ဘယ် ကမ္ဘာ တိုင်အောင် လွမ်း ရ တယ် ။
လှမ်းပြီးခေါ်ရုံနဲ့ ငါကိုယ်ငါ မေ့ချင်သလိုလို ဖြစ်ပြတဲ့ အခါ
ငါးပွက်ရာ ငါးစာချ
ငါ့ဘ၀က ကြယ်တွေလည်း ခပ်ဟဟ မပွင့်ဘူး။
ကဲ …
ပြော “မိကြယ်စင်”
ငါ့ရေသောက်မြစ်မှာ ဓါးထစ်ထားတာ ဘယ်သူများလည်း။
ဟိုးရှေးရှေးတုန်းက
ဒုက္ခဆိုတဲ့ ထော့ကျိုးငနဲ ခရီးတွေကို
အမြဲ အမြဲ သွားတယ်တဲ့လား။
သွားစမ်းပါ။
မေ့လို့မရတဲ့ည “သွား”
ငါ့ ဘ ၀ က တစ်ခါနှစ်ခါ သုံးလေးခါ
ပြာပြာပြာ ခါခါ ကျချတယ်တဲ့ ဗျာ။
နေပေရော့ “မိကြယ်စင်”
ခုနှစ်ထပ်ဖွင့်ထားတဲ့ ကြာပွင့်မှာ နင်မတင့်တယ်ဘူး။
နင့်အဆင့်နဲ့ နင် ကောင်းကင်မှာနေ
ငါစေရင်လည်း နင်မကြွေလာပါဘူး ….. ။
ရှိပါစေတော့ကွာ …
တောထွက်ရာ အရပ်မျက်နှာမှာ
အရှေ့သံအနောက်သံ
ကြာသပတေးနံ မပါတဲ့ ကြာသပတေးမ
ငါ ခဏက ဟာကနဲ ကွာကျသွားပုံများ
မတွေ့ရက် မမြင်ရက် နင်သိပ်ရက်စက်တယ်တဲ့ ။
ဒီစကား နှုတ်ထွက်များရင်
ငါ့ လျှာကိုဖြတ်။
အရပ်ရပ်မှာ ပူဇော်ပသ တွေးလို့ မရစေနဲ့။
ခူးပြီး ခပ်ပြီးသားမှာ ငါ့ထမင်းဟင်းတွေ
မကြာမကြာ ၀င်ဆို့ထွက်ဆို့
….. ….. ….. ….. ….. ….. ။
ပြီးပါပြီ ဆိုမှတော့ …..
ပြောနေလည်း မထူးဘူး
လိုသလိုရူးပစ်ပေးပြီးရင်
ဒါပဲကောင်းပါတယ်လေ …..။
ကျောလေးခိုင်းရုံနဲ့
လုံလုံ လောက်လောက် ဝေး ..... ….. ….. … ..။
တွေးတွေးပြီး သေနေပါရစေလား
မှားစရာတွေ ထား
မှားပြီးရင် ခါး … တဟားဟားရယ်
သွေးလွန် ဓါးနက်နက်မှာ
တစ်ရက်ခစား အသွားပျောက် စာချွန်နဲ့
သွားတုတွေချွတ် .. ဟုတ်ပါတယ်
အဆွယ်ဆိုတဲ့ နိယာမနဲ့ နင်က ဂုတ်ချိုးစားခဲ့တာ ။
ငါလေ အပြစ်တွေ လျှော်ထုတ်
အလုပ်ဟုတ်ဟုတ်မဟုတ်ဟုတ်
“မိကြယ်စင်” သာ … ဘ၀ရဲ့
ပန်းတစ်ပုဒ် ဖြစ်စေ ရှိစေ တည်စေ ချင်ရဲ့။
အသက်တစ်သက်ထွက်ပြီးခါစ
နောက်တစ်သက် မ၀င်ခါနီး
နေမြင်ရင် ရေစွတ် … ငါ့ ထွက်လုနီး
ခန်းခြောက်မှုနဲ့ ….. ….. ….. ….. …..။
တစ်မျှော်တစ်ခေါ်လည်း လွမ်းပါတယ်ကွယ်။
“မိကြယ်စင်” ရေ …. …..
နင့် နံနက်ခင်းမရောက်ခင် အသက်စွန့် ကြိုးပမ်း
ရာဇ၀င်တင်မဲ့ နေ့ဆိုတာလည်း
ရာဇ၀င်တင်မဲ့ နေ့ပဲဆိုပါတော့ … .. ……. ။
ဟူး ကနဲ သက်မချ ….. ပြီး … သက်ထီးချ။
ထီးချ … ဦးထုပ်ချ ..
ကဲဆို .. ခဏခဏ
ရထားစီးတဲ့ ည။
သွားဆိုလည်း သွားပါ့မယ် “မိကြယ်စင်” ရယ်
မရောက်ခင် ပေါက်တဲ့ ဖိနပ်
ငါ့ တစ်သက်နဲ့ ငါ့ တစ်ကိုယ်ပဲ
ဝဲ ….. ၀ဲ ….. လည် ….. လည်
တစ်ခါနဲ့ တစ်ခါ မပြောဖူး ဖြစ်ခဲ့တဲ့စကား
တစ်ဟားဟား ရယ်သွမ်းဖြစ်တဲ့ ည
ဟ တ တ နဲ့
တစ်ခါက အခါခါ
တစ်လွှာပြီး တစ်လွှာ ….
ဘ၀ ရယ် … ဟာ ဆိုပြီး မဟာပါနဲ့ ကွယ်
“မိကြယ်စင်” ….. …..
နင် ပြန်ရာလမ်းမှာ
အခန်း ဘယ်နှစ်ရွက်စာ လွင့်ကျော်ဖြတ်ရွေ့
အဲဒါ ….. …..
နေ့ဆိုလည်း နေ့ပေါ့ ။
မပြောဝံ့ ….. မနာသာ
နင် ဆိုတာ ငါ ခါးရာလမ်း …..။
ခရမ်းတော ပန်းမှာ နင်မပွင့်လည်း
လမ်းနဲ့ ကမ်းမှာ နှင်းတလွင့်လွင့် ဟောဆိုရင် ပွင့်
“မိကြယ်စင်” ရယ်
ဒီနာမည်ကို ထပ်မခေါ်ဘဲ ငါရေတစ်ခွက်လောက်
အရင်သောက်
ဒါလည်း အမော မပြေခဲ့ပါဘူးလေ။
ငါက ….. ….. ….. …..
ဟိုးဟိုး ရှေ့ရှေးတုန်းက ငါပါပဲလေ ….. ။
“ ညအနီ ”
ကောင်းကင်ကို မော့ကြည့်ပြီး
လက်ညှိုးလေးတစ်ချက် “ ကွေး ” ချ လိုက်တယ်
ကြယ် တွေ ကြွေ လာ စမ်း
ရုပ်သေး
ဆုတောင်းကြမ်းသူများ
( ၁ )
ငါ က တော့ ငါ့ ထီး ကို
ရ မု ကွန် ထ ရိုး နဲ့ ပဲ ဖွင့် ဆောင် တယ်
ငါ့ ကိုယ် ငါ မိုး ဖို့
ငါ့ ကိုယ် ငါ မှောင် ပစ် ရ တယ်
ဟော ..
ပြော ရင်း ဆို ရင်း
ငါ့ ထီး ဟာ အဖုံး ပွင့် သွား ခဲ့ ရ
ငါ့ ဆု တောင်း ပုံ က
ငါ့ ကို ငါ ငရဲ အ ကြီး ကြီး ကျ စေ ခဲ့ တယ် ။ ။
ရုပ်သေး
ဆုတောင်းကြမ်းသူများ
( ၂ )
မင်း ရှိ ပါ လေ စ
မျှော် လို့ တောင် မ ဆုံး သေး ဘူး
ပန်း တွေ
ဘယ် ပုံ ဘယ် နည်း ပွင့် ခဲ့ လဲ မ သိ ရ
မင်း ရှိ ပါ လေ စ
မျှော် လို့ တောင် မ ဆုံး သေး ဘူး
လမ်း တွေ
ဘယ် ပုံ ဘယ် နည်း မာ နေ ခဲ့ ရ
ဘယ် ပုံ ဘယ် နည်း မှောင် နေ ခဲ့ ရ ။ ။
ရုပ်သေး
လူ ပီသသော လူ
ငါသည်သာ ကြွက်တစ်ကောင်ဖြစ်၍
ငါသည်သာ တစ်ကောင်ကြွက်ဖြစ်ကြောင်း ။
ဖြစ်ကြောင်းကုန်စင် ရှင်းပြရရင်
အကုန် ဆင်တူယိုးမှားတွေချည်း ။
အမှားရိုးရိုးလေးက ရိုးရိုးသားသားလေး
မှားခဲ့ကြောင်း ။ ပုဒ်မနံပတ် တပ်မရတဲ့
ပြစ်မှု ၊ ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း ။
လွန်လွန်ကျူးကျူး ၊ ကျိုးကျိုးနွံနွံ ။
ခင်ဗျားရှေ့ ၊ ကျုပ် ထွန်ကျူးလိုက်တယ် ။
လမ်းလို့ သတ်မှတ်ထားတဲ့ လမ်းကို
လျှောက်ဖို့ ။ လူရှေ့သူရှေ့ အော်ကြီးဟစ်ကျယ်
စကားမပြောဖို့ ။ မိန်းမတစ်ယောက်ဟာ
မိန်းမကျင့် ၊ မိန်းမကြံနဲ့
မိန်းမလိုသာ နေဖို့ ။
Black Day အကြောင်း ပြန်မတွေးမိဖို့ ။
ဖို့ ၊ ဖို့ ၊ ဖို့ ၊ ဖို့ ၊ .................. ။
မြေဆွေးတွေ နည်းနည်းထပ်ဖို့ ။
ပေါင်ဒါတွေ နည်းနည်းထပ်ဖို့ ။
ခင်ဗျားအပြစ်တွေ ဖုံးဖို့ ၊ ဖိဖို့ ။
လူဆိုတာကတော့ ၊ လူပါပဲ ။
` ဠူ ´ ဟု စာလုံးပေါင်းလိုက်သဖြင့်
အမြင်ခန့်သွားသည်မှ တစ်ပါး
ကြီးကျယ်ခမ်းနားသော လူ ဖြစ်မသွားနိုင် ဟု
လမ်းဘေးအုတ်ခုံတွင် ၊ ကွမ်းဝါးရင်း
သေးငယ်သိမ်နုပ်စွာ တွေးမိ ။
ရှင်မဟာရဌသာရ မဟုတ်လို့ ၊ ခရီးသွားတောလား
မရေးနိုင်သလို ။ ကိုညီထွဋ် မဟုတ်လို့
ခရီးသွားမီးခိုးတန်းများ မဆိုနိုင်ဘူး ။
ခရီးသွားမယ် ။ ခရီးသွားမယ် ။
ရထားနဲ့ ၊ ကားနဲ့ ၊ သဘောင်္နဲ့ ၊ လေယာဉ်ပျံနဲ့ ။
အဖေနဲ့ ၊ ဘော်ဒါနဲ့ ၊ ကောင်မလေးနဲ့ ၊ ဟိုဟာနဲ့ ၊ ဒီဟာနဲ့ ။
ဟိုပစ္စည်းနဲ့ ၊ ဒီပစ္စည်းနဲ့ ၊ ဟိုအင်္ကျီနဲ့ ၊ ဒီအင်္ကျီနဲ့ ။
လက်မှတ်လေး တစ်ချက်လောက် ။
လက်ပတ်စော် နံတယ် ။
ဟိုဘက် နည်းနည်း တိုးပေးပါ ။
စကားသံ နည်းနည်း တိုးပေးပါ ။
အတိုးပေးပါလို့ ပြောထားတာ ကြာပြီ ။
အတို့ အထိတွေ ထပ်မလုပ်ပါနဲ့ ။
ခုထိ လမ်းမဆုံးသေးဘူး ။
ခုထိ ခရီးမဆုံးသေးဘူး ။
ဒီခရီးကို ဒီလမ်းက သွားရင် ဒီနေရာ ရောက်မယ် ။
သေချာတာပေါ့ ၊ သေချာတာပေါ့ ။
ရေဘူးနဲ့ ထီး မပါ ၊ နွေအခါမှ သိ ။
နွေနာရင် ဘယ်ဆေးလိမ်းရလဲ ။
မသေပါနဲ့ဦး ၊ ငွေဆိုတာ မသေခင်သုံးရတာ ။
လူလိုသူလို ၊ လူအထင်ကြီးခံရဖို့ ။
ငွေဆိုတာ မသေခင် ဖြုန်းရတာ ။
ဆူးခက်မင်း
15.4.2010
အနက်ရောင်စကားလုံးများရဲ့  အနက်ရောင်ည
ကျွန်တော်၏ အသက်ရှူလမ်းကြောင်းစနစ်
ချို့  ယွင်း နေ ပါ သ ဖြင့် .. ၊
သူမ အသံကို မကြားနိုင်ခဲ့ပါ ။
သွေးလွှတ်ကြောတလျှောက် စီးဆင်းနေသော
သွေးလည်ပတ်မှုဆိုင်ရာ ဘာသာဗေဒ
မသိလိုက် ၊ မသိမိခင်မှာပဲ ။
ဆေးလိပ်သောက်ခြင်းနှင့် အသည်းကွဲခြင်းသည်
ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် ။
လိပ်ပြာတစ်ကောင် ၏ အတ္ထုပတ္တိကို
ဖတ်ရှုရန် ကြိုးစားနေပါသဖြင့် ၊
မိမိ၏ အတ္ထုပတ္တိကို ကိုယ်တိုင် မပြုစုနိုင်ခြင်း ။
ထိုမှန်ချပ်ရှေ့တွင် ရပ်ပြီး
“ အိုးပန်း ဆက်ဆမီ ” ဟု ၊ သုံးကြိမ် အော်
လိုက်ရုံမျှဖြင့် ၊ ဘယ်ညာလွဲခြင်း
ပျောက်မသွားနိုင်ကြောင်း
ထိုမှန်ရှေ့တွင် ရပ်လိုက်ချိန်မှစ၍
သိလိုက်ရ ။
“ တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ......... ”
အမှောင်ထုထဲမှာ နေရတာ ၊ ပို မှောင် တယ် ။
အဲသည့်ညက သူ့ထုံးစံအတိုင်း မှောင်တယ် ။
ညကို ညလို မြင်ရဖို့ ၊ သူငယ်အိမ်ကို
ဖောက် ပစ် လိုက် တယ် ။
တ ရွေ့  ရွေ့  ၊ တ ရွေ့  ရွေ့ 
စမ်း တ ၀ါး ၀ါး ။
မမြင်တော့မှ အမှောင်ဆိုတာကို
နှစ်ခြိုက်မိကြောင်း ၊ လက်လွတ်စပယ် လက်ခံလိုက်ရ ။
ဓားတစ်ချောင်းရဲ့  အဆုံးစွန်ထိ ထက်နိုင်စွမ်းက
ငါ့ လည်မြိုကို လာ ထောက် ။
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ ရာသီဥတုက
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ မိန်းမပျက်တစ်ယောက်လို
ဆံပင် ဖရိုဖရဲ ၊ ရွံစရာ နှုတ်ခမ်းတွေနဲ့
ပြု စား တယ် ။
မလာနဲ့ ၊ မလာနဲ့ ။
ဒီအတိုင်းလေး မှောင်နေရတာ ပိုကောင်းပါတယ် ။
ဒီ အ တိုင်း လေး ပဲ
မှောင် နေ ရ တာ ပို ကောင်း ပါ တယ် ။
ဆူးခက်မင်း ( http://sue-khat-min.myanmarbloggers.org )
10.4.2010
ကဗျာထဲက စကားလုံးတွေကို
တစ်မျိုးခြင်းဆီ တိုက်ချွတ်ခွဲခြားလိုက်ပါတယ်
အချစ်အကြောင်း
သေနတ်ပြောင်းဝမှာ
ကိုယ့်နားထင် ကိုယ်ထားပြီး
တေ့ပစ်လိုက်ရသလို ၊
မီးခိုးတွေလဲ အူ လို့ ။
ဂြိုလ်စီး ဂြိုလ်နင်း မကောင်းရင်
မုဆိုး နဲ့ သားကောင် တစ်လှည့်စီ ဖြစ် ။
ကိုယ့်နက္ခတ်ကိုယ် မှန်အောင် ကြည့် တတ် ဖို့ လို တယ် ။
ညီစိမ်း
ည ……. ရူး ခြင်း ( ၂ )
ည က ည အတိုင်း လင်း နေ ။
ဘာ ပ ယာ ဂ မှ မ ပါ ပဲ
ဝင် သက် ထွက် သက် နဲ့ မှန် မှန် လင်း တယ် ။
ကောင်း ကင် မ ရှိ ၊ ကြယ် မ ရှိ နဲ့
တိတ် တိတ် လေး လင်း တဲ့ ည ။
နာ ရီ မ လို တဲ့ ည ။
မျက် လုံး နက် နက် တွေ နဲ့ ကြည့် ပြီး
ငါ့ ကို ချောင် ပိတ် တဲ့ ည ။
အ မှောင် ထဲ ကို တ ရိ ရိ နဲ့ ဆွဲ ခေါ် ပြီး
ငါ့ ကို လွှတ် ချ ထား ခဲ့ တဲ့ ည ။
နာ ရီ မ ကြည့် ဖြစ် တဲ့ ည ။
ခေါင် ရမ်း ပန်း ကို ပန် ထား တဲ့
ခ ရမ်း ရောင် တောက် တောက် ည ။
ည ဟာ
ည ဖြစ် ကြောင်း သေ ချာ ဖို့
ကိုယ့် ကို ကိုယ် ထွန်း လိုက် ရ ။
ဒီ ည ထဲ မှာ
ဘာ ရ နံ့ မှ
ပါ မ လာ ဘူး ။
ဘာ သက် တန့် မှ
ပေါ် မ လာ ဘူး ။
ကိုယ် တိုင် ကိုယ် ကျ လင်း တဲ့ ည မို့
ည က ည အတိုင်း လှ တယ် ။
ညီစိမ်း
ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့
အလိုလို သေသွားမှာ...
ပြောလို့မရတဲ့ အသံတွေကို..
တိတ်တိတ်တိုးတိုး သတ်ပစ်လိုက်ချင်တယ် ၊၊
အလိုလို မသေခင်...
အလိုလို မသေခင် ... ၊၊
‘နာကျည်းလိုက်တာ’
အလိုလို မသေခင်
လေတွေတိုးတိုးလာ
အလိုလို တိုးတိုးလာ
အသက်ရှုရတာ ရောဂါတစ်မျိုးပဲ
အထပ်ထပ် တိုးတိုးလာ
ငါ့ကို ထိုးသတ်သွားတာ
နတ်သမီးဟာ ဓားယောင်ဆောင်လို့
ငါ့ ကို ထိုး သတ် သွား တာ
အထပ်ထပ် တိုးတိုးလာ
‘နာကျည်းလိုက်တာ’
ငါ့ အသံလဲ ငါ ပြန်သိမ်း
နင့် အသံ လဲ ငါ ပြန်ပြန်သိမ်း
နင့်စကားတွေကို ငါ နားမလည်ဘူး
နင့်အသံကို ပဲ ငါ နားလည်တာ
ဆူးလေ တံတားအောက်မှာ
အသံတွေနဲ့လောင်ကျွမ်းသွားတဲ့
ဖိနပ်တစ်ရံ …
တယ်လီဖုန်း ခလုတ်တွေနဲ့
ငါ့လက်ဗွေရာတွေ ဟာ အလာ့ဂျစ်ဖြစ်ဖြစ်နေ ..
‘ငါ နာကျည်းလိုက်တာ’
လေတိုးသံကြားတောင်
ငါ့ဝိဥာဉ်က ငါ့ကိုလန့်
နင့်ဝိဥာဉ်က ငါ့ကိုလှန့်
နှလုံးသွေးဟာ နှေးကွေးလာတယ်
စာလုံးပေါင်းတောင်မြင်လို့မရ
နာမည်လေးလုံးကိုကြားလို့မရ
သွေးကြောတွေထဲမှာ တဆစ်ဆစ်နာတယ်၊၊
ဒေါင်းယောင်ဆောင်တဲ့တောမှာ ကျီးဟာမဲနက်
သစ်ခြောက်ပင်ကိုအစိမ်းချိုးပြီး
လေပြေတွေငိုသွားသည်အထိ
ငါ့ကိုတောခြောက်သွားတာ
ပွင့်ထွက်တော့မဲ့ မွေးရပ်ညမှာ
နတ်ဘုရားကိုဖွဖွဆုတောင်း
ဒီကောင်က ကြားပေမဲ့ မဖြည့်ပေးတတ်တဲ့အမျိုး
ဘာကိုဘယ်လိုနာကျည်းရမယ်မှန်းမသိတဲ့ငါက
ခေါင်းကိုခဏခဏဖြုတ်ထားရမယ်
ငါ့ကိုတောခြောက်သွားတာ
တိတ်တခိုးအသံတို့ သေရွာကပြန်လာပါစေ
အိပ်မက်ကိုနှိုးပြီး မင်းကိုပြောရအုံးမယ်
လေစကားဟာ လေထဲမှာပဲ သေဆုံး
အဖြစ်မရှိပဲရှုံးသွားတဲ့ယုန်တစ်ကောင်ပါ၊၊
အဲ့ဒီလို ငါ့လက်ခုပ်ထဲ ကျလာတဲ့
ကြယ်အပဲ့တွေကို အစိမ်းချုပ်ချုပ်ပြီး
မီးလောင်တိုက်သွင်းရမှာ ..
မှော်မဆန်ဘူး ဒီလိုညလေးလိုမျိုး
သိမ့်သိမ့်တုန်အောင် သိမ့်သိမ့်တုန်အောင်
ငါ့ ရင် ငါ ခြမ်း ..
ဘာမှလဲမရှိတော့ဘူး .
အခုထိလှနေတုန်းပဲ .. ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့ထဲ ... ။
တောယောင်ဆောင်သွားတဲ့ ငါ့တိမ်ပျိုရေ ...
ငါ့ကျောရိုးမှာ နူးညံ့တဲ့နိမိတ်တို့သေဆုံးတောက်ပ
ဘ၀ပန်းဝတ်ငုံတွေပွင့်မရဖူးမရ
နာကျည်းစရာမိုးတွေသာ မှတ်ဥာဏ်ထဲမှာ လှိုင်လှိုင်သွန်းချ
ဒီမြေသြဇာနဲ့ နက္ခတ်အကျိုးတွေသာ အပြိုင်ပြိုင်တောက်ပနေတယ် ...။
စက်ကွင်း
မိုးသားတွေ အောင်မြင်လှပစွာ ပြီးဆုံးရပ်တန့်သွားတယ်
မီးတန်းတွေ အလုံးလိုက် နဲ့
သိပ်လှတဲ့ ကောင်းကင်ဆီ ။
ငါ့ မြင်း ငါ ရိုင်း အောင်သင်ပြီး
ငါ စိုင်း စရာ ။
တိမ်တွေလဲ ညိုလာပြီ ယုန်ငယ်ရေ
အခုပဲ မိုးသားတွေ အပြေး
ကွေးထားတဲ့ လက်ညှိုးဝိုင်းလေးထဲ သက်တန့်မှာ ခေါင်းစိုက် ငိုက်လို့ ။
ရုပ်သေး
မျက်စိနှစ်လုံး ပွင့်တာနဲ့
ခရမ်းရောင်မြို့ ပြကို ရောက်တယ် ။
ကံကိုက ဆိုးတယ် ။
နွေခေါင်ခေါင်ထင်ပြီး
လူလုံးပြမိကာမှ
မိုးသည်းနေတာနဲ့ တည့်တည့်ကို တိုးတော့တယ် ။
လက်ခုပ်ထဲကိုမှ ရွေးပြီး
ခရမ်းရောင်ပန်းတွေက လာ လာ ပွင့်ပြကြတယ် ။
ဘယ်သူမှ မပြောနဲ့ ။
ဘာမှ မကြားချင်ဘူး ။
အရင်က လမ်းတွေအတိုင်း
ငါ့ကိုယ် ငါ အငွေ့ပျံတက်သွားမယ် ။
ဘယ်သူမှ ငါ့နောက် မ လိုက် နဲ့ ။
သံချေးတက်နေတဲ့ ဓားတစ်ချောင်းနဲ့ပဲ
အနက်ရှိုင်းဆုံး ထိုးစိုက်ပစ်လိုက်တယ် ။
ခရမ်းရောင်မြို့ ပြမှာတော့ ကြယ် တွေ လင်း လို့ ။
ငါကတော့ မျက်နှာမသစ်ရသေးဘူး ။
သွားမတိုက်ရသေးဘူး ။
နာရီမကြည့်ရသေးဘူး ။
အိပ်ရာမ၀င်ရသေးဘူး ။
ခရမ်းရောင်မြို့ ပြကတော့
ခုချိန်ဆို လေအေးပေးစက်အခန်းထဲမှာ
တယ်လီဖုန်း တဂွမ်ဂွမ် နဲ့ ။
လမ်းဟောင်းထဲမှာ ချွတ်ချထားခဲ့တဲ့
ကုတ်အင်္ကျီပေစုတ်စုတ်ကိုပဲ
ကျကျနန ပြန်ဝတ်ပြီးဆက်လျှောက်မယ် ။
ခရမ်းရောင်မြို့ ပြက
သူ့ရဲ့ဂုဏ်သရေရှိ လူကြီးမင်းတွေနဲ့
ဖန်ခွက်နှုတ်ခမ်းချင်း တေ့ လို့ ။
ညနေဟောင်းက
ခရမ်းရောင်မြို့ ပြမှာ
နေတတ်သလို နေရင်း
သေတတ်သလို သေရတယ် ။
ပလတ်စတစ်လောင်းထားတဲ့
ခရမ်းရောင်မြို့ ပြက
အချိန်တန်ရင် အိမ်ပြန်တယ် ။
ငါကတော့
သေ
ပြီး
မှ
ပြန်
လာ
ခဲ့
မယ် ။
ညီစိမ်း
Copyright 2009 - Hands Of Enlightenment
Blogspot Theme designed by: Ray Creations, Ray Hosting.