ချိတ်ပိတ်အခန်းကျဉ်း
ဘာဆိုဘာမှမရှိနတ္တိတွေသာ
ကြီးစိုးနေခဲ့ ။
လက်တွေ့မှာ
နေခွင့်မရှိတော့တဲ့ ဒီအခန်းကို
ပိတ်လှောင်ဖို့အတွက် ပြင်ဆင်ရင်း
ယောင်ချာချာနဲ့ ရပ်ကြည့်နေမိသေးတာ
နင့်ကိုမှတ်မိသွားချင်လို့ပါ.....
လေးဘက်လေးတန် နံရံတွေဟာ
အနွေးဓာတ်တော့
အကြားအလပ်မရှိအောင် ခြုံပေးခဲ့ဖူးတယ်။
မြံမြဲခိုင်ခန့်စွာ မိုးထားတဲ့
ဒီမျက်နှာကြက်
အမှောင်ဆိုတာ မကပ်အောင်
ရှင်းလင်းပေးခဲ့ တာ
သတိရတိုင်း
လူမသိလောက်တဲ့ မျက်ရည်တွေ တိတ်တဆိတ် `ခ´ ခဲ့ဖူးတယ်လေ ။
ဒါကို
အခန်းလေးတော့ သိပါတယ်.......
အမှောင်တွေ လာရင်
အလင်းကို ထွန်းညှိ
လင်းချင်းဝင်းတောက်နေအောင်
လက်အစုံနဲ့ တပ်ဆင်
အလှပြင်ပေးခဲ့တာ
ခုတော့
မျက်မမြင်ဘဝလို
မလှတော့တာပါလား.........
ငါ .....
သွားတော့မယ် .....
မေ့
လိုက်
ပါ
တော့
မင်း နဲ့
မျက်နှာချင်းဆိုင်ဖို့ရာလမ်းတွေ
လမ်း ..... တွေ .....
............................
................................
.....................................
ခြူး
0 comments:
Post a Comment