မထင်မိဘူး ။ ဓားသွားနဲ့ ။
ဇာတ်လမ်း အစကလည်းက ခရမ်းရောင် ကိုယ်စီနဲ့ ။
လွန်ခဲ့သော မနေ့က နှစ်သန်းပေါင်းများစွာဆီ ။
လည်ပတ်ဆဲ ကမ္ဘာဟာ
ယန္တရားအသစ် ၊ ဝင်္ကဘာအသစ် ၊ အသက်ရှင်နေထိုင်မှုအသစ်နဲ့ ။
မြောက်ဝင်ရိုးစွန်းသွားပြီး ကြယ်တွေကို ကြည့်ဖို့ ။
ညတိုင်း လကို မျှော်ဖို့ ။
သရေခေတ္တရာ ၊ ပုဂံမြို့ဟောင်း ။
လသာည ဘယ်နှစ်ကြိမ် တိုင်ခဲ့တယ် ။
ဘလိတ်ဓားရှရာလေးကနေ ဖွားကနဲ ပန်းတွေ ပွင့်လာသလို ။
ရှူစရာလေမရှိတော့တဲ့ မီးတောက်လေးက
အခန်းထောင့်မှာ ငိုလို့ ကြွေးလို့ ။
ဦးခေါင်းအတွင်းပိုင်း နံရံပေါ်မှ ပင့်ကူမျှင်များ ။
ရီမုကွန်ထရိုးကြားခံနယ် နှင့် ဘာမြူဒါတြိဂံနယ်မြေသစ်များကြား ။
လက်လှမ်းမှီသလောက် ပြတင်းပေါက်တွေ လိုက်ပိတ်ပစ်တယ် ။
ငေးမိတဲ့ သူမနောက်ကျောမှာ “မဖြစ်နိုင်တော့ဘူး” ဆိုတဲ့ တံဆိပ်ကို ကပ်လို့ ။
မြရာပင်လည်း ပန်းတွေနဲ့ ။
တရုတ်စကားပင်လည်း ပန်းတွေနဲ့ ။
တီ တီ တီ မြည်နေတဲ့ ဖုန်းကို ကောက်ကိုင်တော့
ဗိဿနိုးမြို့ဟောင်း ၊ မိုးပြာရောင် ၂၀၀၈ ။
အနှေးပြကွက်များ ။
အရူးတစ္ဆေခြောက်ခံရတဲ့ ည ။
ကူးခတ်လို့ မဆုံးနိုင်တော့မယ့် ပင်လယ်ထဲ ။
တ ၀ဲ ၀ဲ ။
ရေပြင်ထဲကို ရောင်စုံကျောက်စရစ်ခဲတွေ တစ်လုံးပြီး တစ်လုံး ပစ်ပေါက်
ကျန်ရစ်ခဲ့တဲ့ ဆိပ်ကမ်းဟာ အထီးကျန်မီးခိုးငွေ့တလူလူနဲ့ ။
တစ်စထက် တစ်စ ပိုမိုဝေးကွာခြင်း က
အေးစက်တိတ်ဆိတ်စွာ ချဉ်းကပ်ဝင်လောက်လာ ။
အေဒီ နှစ်ထောင့်ဆယ့်တစ် ၊ တိမ်နံပါတ် ကိုး ၊
သစ်ပင်အတု ၊ ကျောက်ဖြစ်ရုပ်ကြွင်းကမ္ဘာ ၊
တစ်ယောက်တည်းနေ ၊ တစ်ယောက်တည်း နေ့ ။
ကျပ်မပြည့်တဲ့ ဒင်္ဂါးဟာ စားပွဲပေါ်မှာ တ၀ီဝီ လည် လို့ ။
ဧဒီ
0 comments:
Post a Comment