လက်ဗွေရာချင်း မှားသွားလောက်အောင် ကျွန်တော်တို့ လက်တွေ ခိုင်မြဲနေခဲ့
ကောင်မလေးရေ
ငါ့ ပန်းအက္ခရာတွေကို ပြန်ဖတ် . . . .နှုတ်ခမ်းဖူးဖူးလေးရေ
အဲလိုပါပဲ . . . . မနက်မနက်နိုးထဖို့  နှိုးစက်လေးကို လွမ်းလိုက်တာ . . .
ဘယ်တော့မှ မရိုးနိုင်တဲ့ အလွမ်းကျောက်ရိုင်းကလေးကို
နာရီလက်တံက အကြိမ်ကြိမ်ထုခွဲ
ဇရာလွန်ကပွဲကလေး မီးသေသွားရတယ်
စစ်ပွဲတွေကြား ၊ အကြောက်တရားတွေကြားမှာ အကြမ်းဖက်တရားတွေ နားထောင်ရင်း
ဘေးလူတွေကို ကြည့်ရင် တစ်ယောက်မှပုံမလာဘူး
မာနတွေ ထိုးထိုးထောင်ထောင်နဲ့ 
ငါ တော်/ကောင်းတွေနဲ့ လည်းတွေ့ ခဲ့ရတယ်
နောက်ဖေးပေါက်ကတတ်လာတဲ့
မုသားစကားတွေ ဈေးကောင်းရတယ်
ဝမ်းနည်းစရာပဲ
ဒါ တိုက်ဆိုင်မှုသက်သက်လား
ကန်းကုန်ပြီထင်တာပဲ . . . ဦးနှောက်ကအစပေါ့
မနက်ဖြန်ကစပြီး အရည်မရအဖတ်မရစကားတွေနဲ့ 
ဆိုင်းဘုတ်တွေ ။ အားလုံးဟာ စောက်ရေးမပါတဲ့ လိမ်ညာမှုတွေပဲ ဂျင်မီ။
ငါတို့  ကမ္ဘာကြီးဟာ ရီဆိုဒ်ကယ်လ်လုပ်ထားတဲ့ နှလုံးသားတွေနဲ့ လည်ပတ်လို့ 
အတောင်ညှပ်ခံထားရတဲ့ ငှက်တွေလို
ဆာလောင်မွတ်သိပ်စွာနဲ့ ရှာဖွေကြ
လျှာပေါ်ကထွန်ရေး တဖြည်းဖြည်း နက်ခဲ့ပြီ
အပွင့်ပျောက်တာ
ဒီရာစုမှာ မဆန်းပေမဲ့
ရိုးတံခြောက်ခြောက်နဲ့ ဆိုတော့
သူမဟာ မင်းမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ အိပ်ခဲ့တယ်
လူသတ်မှုလို့ ပြောလို့ ရတဲ့ လူမသိသူမသိဖျက်ချမှုတွေ
တားမရဘူး
ရစ်နွယ်ရင်ဘတ်မှာ အသပြာချူစက်ရှိလိမ့်မယ်
ဤသို့  ဤသို့ ဖြင့် . . . သတည်း
လေအေးပေးစက်တွေနဲ့ ညနေခင်းကတော့
မာယာပြာပြာတွေနဲ့  လှလို့ ပလို့ 
ခပ်နွမ်းနွမ်းပြုံးနေတဲ့ ကားမှတ်တိုင်လေးမှာ
ဗင်ကားအဖြူလေးက မျက်ရည်တွေကို တက်ကြိတ်သွားတယ်
အမှောင်ထဲမှာ
အံကြိတ်သံကိုကြားရတယ်
နောက်တစ်ခါ ငတ်စရာ
ညစာ ၊ အနုပညာ ဘာမှ မရှိဘူး
အာခေါင်တွေ ခြောက်ကပ်သွားအောင် အော်ပစ်လိုက် ။ ပြာဖြစ်သွားတဲ့ မြို့ တော်မှာ
မီးဟာ လောင်လို့ ပဲ မဆုံးတော့ဘူး
သုဏော်စိုင်း
ကဗျာ၏ခေါင်းစဉ်မှအစ ကဗျာတွင်ပါရှိသော စကားလုံးများ ၊ လိုင်းများ အားလုံးသည် လင်းပွင့်လက်များအဖွဲ့ ၏
ခြစ်ရာ ၁ ၂ ၃ ၄ . . . .စသည်ဖြင့် ဟု အမည်ရသော ကဗျာစာအုပ်အတွင်းမှ ဖြစ်သည်။
လှလှပပလေးဖြစ်အောင်စီးဆင်းစေခဲ့ပါပြီ။
ဒီကဗျာအတိုအပိုင်းအစလေးတွေရဲ့အစပထမခေါင်းစဉ်က အိမ်ဖော် ပါ
ဒါပေမယ့် ဒီကဗျာအတိုအထွာလေးတွေအားလုံးက ညီအကိုမောင်နှမတွေရဲ့လက်ဖျံရိုးတွေနဲ့သွေးထားတဲ့
အရာတစ်ခုအဖြစ်ယူဆမိတဲ့အတွက် ငါတို့လက်နဲ့သွေးတဲ့ ပါးကွက်ကြား လို့နာမည်ပေးထားလိုက်ပါတယ်
ညီအစ်ကိုမောင်နှမတွေအားလုံးနှစ်သက်ကြလိမ့်မယ်ဟု ယူဆမိပါကြောင်း ။ ။
..................................................................................................................................................................................................
အိမ်ဖော် = သူတစ်ပါးအိမ်တွင် အိမ်မှုကိစ္စများကို လုပ်ကိုင်ပေးသူ (ဝါ) လက်ချောင်းများဖြင့် အသက်ရှူသူ
ပီတိ (လင်းပွင့်လက်များ)
လက်ရည်ကတပြင်တည်း
လက်တွေ့မှာတော့
မီးဖိုခန်းထောင့်နားက
မဲညစ်ညစ်စားပွဲဝိုင်းပေါ်မှာ
ငွေ့ရည်ဖွဲ့တာအကြိမ်ကြိမ်
အိပ်မက်ကလှလှ ဘ၀ မလှမပ
ကုလားတက်အသံထက် သူစောတယ် ။
ပေးတဲ့သူက ပေးတယ် ယူတဲ့သူက ယူတယ်
မရပ်တန့်နိုင်သော အတ္တများကြောင့်
ချစ်တဲ့သူက ချစ်တယ် မုန်းတဲ့သူက မုန်းတယ်
မတည်မြဲခြင်းကြောင့်
ရှင်တဲ့သူက ရှင်တယ် သေတဲ့သူက သေတယ်
အမှန်တရားတခုကို
ပွင့်ပွင့်လင်းလင်းထုတ်ပြောပြချ
လောကကြီးရဲ့ အိမ်ဖော်တွေပဲ…..။
ကျွန် မ
ကျွန်ဈေးမှာအရောင်းခံရတယ်
ညရေးညတာ မလုံခြုံတဲ့ ညဥ့်နက်တွေ
မနက် ငါးနာရီတိုင်း အိပ်မက်တွေ
မိုးစင်စင်လင်းတယ် ။
ပြောရင် ပြောတဲ့တစ်ခုပဲ နင်လုပ်တတ်သလား..။
ဟင်းတွေကလည်း အချိုးမကျ
လုပ်ပုံကိုင်ပုံတွေက တစ်ခုမှမဟုတ်
မဖြစ်ပါဘူး..။
ကြည့်ပါလား..ပြောလိုက်ရင်မျက်နှာသေလေးနဲ့ မထုံတတ်သေး..။”
သူ့နာမည် သန်းသန်းရီ
ဖေဖေရယ် မေမေရယ်
ကျွန်တော်တို့ ညီအကိုသုံးယောက်ရယ်
ညီမလေးတယောက်ရယ်
မိသားစုခြောက်ယောက်ရှိတယ်
သူက ကျွန်တော့်တို့မိသားစုရဲ့တိတ်တိတ်ပုန်းမယားပေါ့
………………………………….
သြော်………………………………….
တခုကျန်ခဲ့သေးတယ်ဗျ
ပုဏ္ဏားကျွန်းက ရခိုင်သူ…… ။ ။
ချွေးစက်တွေက သခင်တွေအမိန့်အောက်
ကျသွားရမလား ဆက်နေရမလား
ပြောရရင် သူတို့ဗျာများနေကြ
ဆန္ဒတွေအတိုင်း အလိုလိုက် အငိုက်မိသွားတဲ့
မျက်ခွံနှစ်ဖက်ကို သခင်က ညင်ညင်သာသာ
လှူပ်နိုးလိုက်ပုံလေး
ဟဲ့ကောင် ဟိုပန်းအိုးဒီဘက်ရွှေ့ ' တဲ့
အမေရေ
ညကအိပ်ရေးမ၀ပေမယ့်
အတူအိပ်ရတဲ့ ခွေးလေးက လိမ်မာပါတယ်
အကယ်ဒမီ (လင်းပွင့်လက်များ)
တစ္ဆေတွေနေတာဖြစ်မယ်
ငါ့လည်ချောင်းသွေးတွေကလည်း
စုပ်လို့ကိုမကုန်နိုင်သေးဘူးလား။
ကင်ပွန်းတပ်ကတော့ အတော်လှ
စုန်ဆန် ကူးခတ်
ငါးချက် ပြည့်ဝ အိမ်ဖော်ဘဝ
အကျယ်ပြောလျှင် အတော်မောပေါ့
တွင်တွင်သာကြား
နာရီတစ်လုံးလို သွားနေဆဲ
ပျက်လေမှ နှစ်ကြိမ်မှန်မယ်
ပွင့်ထွက်သွားပြီလား …… ။ ။
သူ့မှာ အိပ်မက်
ရှိတော့ရှိရဲ့
ဒါပေမဲ့....အရှိမဲ့ ။
ကံကြမ္မာ အ၀တ်ဟောင်းမို့
ဒီ အညစ်အကြေးကို
ရေမပါပဲ ဆေးချ
ဘ၀ ငရဲသူ
အပြစ်ကျရ ပြန်ပြီ ။ ။
သြတ္တပတရားတွေ ကွင်း(ဂွင်း)ထဲသွင်းရင်း
အသေင်္ချေပေါင်း နောက်ပြန်ဆွဲကတည်းက
ငါ. . . .ဇာတ်တူသားအစားခံခဲ့ရ ။
ထမီ တပတ်နွမ်းလေး
ဖြတ် ဖြတ် လျှောက်တိုင်း
ကိလေသာကြီးက
ဆေးလိပ်မီးကို
ဖိ.....ဖိ
သတ်တယ်။ ။
တောက်တိုမယ်ရ
ထိန်းသိမ်းစောက်ရှောက်
ခေါင်းစဉ်လှလှအောက်မှာ
လူကြီးလူကောင်းဆန်သူများအတွက်
သူတို့ဟာ အိမ်သာ…..။
ငါ့ရဲ့ ကမ္ဘာ့သူဌေးနေ့ပဲ ။
မဝတ်ဖူးတာတွေ ဝတ်ရ..
မစားဖူးတာတွေ စားရ..
မရောက်ဖူးတဲ့ နေရာတွေရောက်ရတယ်တဲ့
အဲဒါကြောင့် သူ့ အမလိုခင်တဲ့
သမီးလေးပညာတော်သင်သွားတဲ့ အထိ
ဒီမှာပဲ ဆက်နေပါ့ မယ်တဲ့ ။
တစ် ခြမ်း ပဲ့ လ
ဒါပေမဲ့
သူ့အိမ်မက်က ကြက်ခြေခတ် ။ ။
ဖေဖေနှင့်မေမေ လို့ လိပ်စာတပ်
နောက်
သူဘာဆို ဘာ မှဆက်မရေးရက်တော့
အဖြူသက်သက်ဘဝလေး
အဝေးကချစ်သမီးလေးလို့ အဆုံးသတ်မှာ
သပ်သပ်ရပ်ရပ်နဲ့ 
ခေါက်လျက်လေးသေဆုံးလို့ …။
ဖဲကြိုးစကလေး
ခြေဦးတည့်ရာမိုးတိမ်
အလေ့ကျပေါက်ပင်လို အကျင့်စရိုက်များ
ကောင်းကင်ဟာဝတ်လစ်စလစ်လမ်းမလောက်မကျယ်ဘူး
ကိုယ်ကလည်း ဒီလို ….
လျော့တိလျော့ရဲသက်တန့်ကိုမှ မြိုချမိတယ် ။
သရုပ်ဖော်ဆိုတဲ့စကားလုံးနဲ့
နိစ္စဒူဝ မူး…………တယ်။
ကံမစောင့်လို့ခခယယ အညတရဘ၀မှာ
ကျွန်မ သိက္ခာ ကိုတော့
ဂုဏ်ရှိန်ပြင်းပြင်းလူကြီးမင်းတို့
စောင့်နိုင်ကောင်းရဲ့။
အင်း……..
မနက်လင်းမှသာလင်းရော
ဒီညတော့
မဆီမဆိုင်အရိုင်းအိပ်မက်တွေပွေ့ပိုက်လို့
ကပိုကရိုအိပ်မောကျချင်သေး။
သေကွဲ ကွဲ
ဒါပေမဲ့ ခါးတယ်..။
ဒီလိုပဲကွဲ့  ...
လူရိုင်းဆန်ဆန် ချောင်းမြောင်းပစ်ခတ်လိုက်တဲ့
အကြည့်တစ်ချက်ရယ်ပါ
ဘာရယ်မဟုတ် အိမ်ဖော်လေးကို ခေါ်မိတယ် ။ ။
နေညိုချိန်ဆို ငွေ့ ရည်ဖွဲ့ တယ်
လရောင်က ချော့သိပ်
တိတ်တဆိတ် အိပ်ခန်းထဲမှာ
ပျံ့ လွင့်
လို့  ။
ကမ္ဘာကြီး က သူ့အိမ်လေးလောက်မကျယ်ဝန်းရှာဘူး
ရှင်သန်မှုထဲ
ကမ္ဘာကြီး ရှိနေမှန်း
မ သိ ရှာ သူ . . . . . ၊၊
ဘ၀ က ဘ၀ ကို သတ်တယ် ။
အိမ်သာတက်ရင်း တခါတလေ
သတင်းစာထဲမှာ ဖတ်လိုက်ရတယ်
သူမရဲ့ ကလေး ကျွန်တော် မဟုတ်တော့
အငြိုးတွေနဲ့ ပဲ လူကုန်ကူးနေမိတယ် ။
အစ်ကိုလေးပြောတဲ့ စကား ။
သဲထဲကျသွားတဲ့ ရေတစ်စက် ။
ကျန်တာ ဖွဲနဲ့ ဆန်ကွဲ ။
ဒီအလှည့်မှာ ထိုးဇာတ်နဲ့ အကယ်ဒမီ ရသွားပြီ ။
မိုး လင်း ခဲ့ ။
မိုး ချုပ် ခဲ့ ။
ဘ၀ကူးကောင်းဖို့ ရောက်ရာအရပ်မှာ
အမျှအတန်းပေးဝေတယ် ။
ဒီည/အခု - ဆောရီး
မင်း ရင်ဘတ်ကို ဖွင့်ထား ။
မင်း စိတ်မာတိကာမှာ ဘယ်စာမျက်နှာနံပတ်တွေ
ပါလဲ ငါ့ကို ပြော ။ ဟုတ်ပြီ ။
ငါ သိပြီ ။ ငါတို့ ဒဏ်ရာဒဏ်ချက် တော်တော်များများ
ဖြတ်သန်းကျော်လွန်ခဲ့တယ် ။ ငါ့ခေါင်းအုံးအောက်မှာ
ထည့်သိမ်းထားတဲ့ သေတ္တာထဲ မင်း ၀င်နေစေချင်တယ် ။
ဒီည/အခု မင်းကို လိုအပ်တယ် ။
ငါ့ရင်ချောက်ကမ်းပါး ရဲ့  နက်နက်ရှိုင်းရှိုင်း ၊ ငါ သိတယ် ။
ကိစ္စမရှိဘူး ။ အမှန် မဟုတ်ရင် အမှားပဲ ။
သေချာတာက ၊ ဒီည/အခု မင်းကို လိုအပ်တယ် ။
မင်းကို ပြောဖို့ စကားလုံးတွေ ။
ငါ့ ပါးစပ်က ထုတ်တယ် ။ ခေါင်းအုံးအောက်က သေတ္တာ
ထုတ်တယ် ။ သေတ္တာထဲက စကားလုံးတွေ
မင်းအိမ်ရှေ့ စာတိုက်ပုံးထဲ ထည့်မယ် ။
စိတ်ပါရင် ဖွင့်နားထောင်လို့ ရမယ် ။
တခါတလေကျတော့ ၊ စကားလုံးတွေက
ဆိုးဆိုးရွားရွား မှားယွင်းနေလိမ့်မယ် ။
အချိန်မီလေး နားလည်နိုင်ကောင်း နားလည်နိုင်လိမ့်မယ် ။
ဒါက ဘာလဲ ဆိုတော့ ၊ ငါတို့အတွက် အမှန်တရား ဆိုတာ
ငါတို့ မျက်နှာဖုံးတွေပေါ်မှာပဲ ရှိမယ် ။
ဒီည/အခု မင်းကို လိုအပ်နေမလားပဲ ။
ဒါမှမဟုတ် ၊ အခု မင်းကို ဒီညက လိုအပ်နေမလားပဲ ။
တမေ့တမော ကြာလွန်းတဲ့ အချိန်တွေရယ် ။
ဒီ့ထက်ပိုပြီး ၊ နောက်ဆုံး/အမြဲ ကြိုးစားရမှာတွေရယ် ။
ပြီးတော့ ၊ ငါ သိနေတယ် ။
ငါ လိုအပ်နေတာက မင်း သုံးတတ်တဲ့ အပေါစားရေမွှေးနံ့ ဖြစ်တယ် ။
ငါ ကြိုးစတစ်ဖက်ကို ဆွဲထားတယ် ။
မြေပြင်အထက် ဆယ်ပေအကွာမှာ ငါ့ကို ရယူပါ ။
မင်း ဘာပြောလဲ ဆိုတာ ငါ ကြားတယ် ။
ဒါပေမယ့် ၊ ငါ့ အသံစနစ်က မင်းနားစည်ရောက်အောင်
မစွမ်းဆောင်နိုင်ဘူး ။
မင်း ထွက်သွားလိုက် ၊ ငါ့ကို အလျားလိုက် ခွဲချပြီး
မင်း ထွက်သွားလိုက် ။ ခဏစောင့်ဦး ။
ခွဲမချခင် ၊ “ဆောရီး” လို့ တစ်ခွန်း ပြောသွား ။
တစ်ဖက်လှည့် ၊ ကျောပေးပြီးမှ ပြောမယ်လို့
မတွေးထားနဲ့ ၊ ငါ့မျက်လုံးနဲ့ တည့်တည့်နေ ။
နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ် ။
ခုန်ချလိုက် ။ မင်းအတွက် ရိုက်ချက်ကောင်း တစ်ခုပဲ ။
တစ်သက်မှာ တစ်ခါပဲ ခုန်တဲ့ နှလုံးသားတစ်ခုကို ပိုက်ပြီး
ရိုက်ချက်ကောင်းကောင်း ရဖို့ ၊ မင်း ခုန်ချလိုက် ။
အဲ့ဒါ မင်းအတွက် အသစ်တော့ ဘယ်ဟုတ်မလဲ ။
ငါမင်းကို ရဲရဲနီအောင် တောက်လောင်နေတဲ့
မီးညွန့် တစ်ခုလို ချစ်တယ် ။
ဒါပေမယ့် ၊ အနီက အပြာရောင် ပြောင်းသွား ။
အဲ့ဒီ မီးညွန့်က လစ်တမတ်စ် စက္ကူ ဖြစ်တယ် ။
မင်း “ဆောရီး” လို့ ထပ်ပြောဦးမယ် မဟုတ်လား ။
နတ်သမီးတစ်ပါးလို လှလှပပ ပြုံးရင်းနဲ့လေ ။
ကောင်းကင်ဘုံက မင်းတွေးချင်တာတွေးဖို့
ခွင့်ပြုထားတယ် ထင်ပါရဲ့  ။
ဒါပေမယ့် ၊ ငါ ကြောက် တယ် ။
မင်းပါးစပ်က ထွက်လာမယ့် “ဆောရီး” ဆိုတဲ့
စကားလုံးကို ငါ ကြောက် တယ် ။
ငါ ကြိုးစ နှစ်ဖက်လုံး ကိုင်ထားမယ် ။
မြေပြင်အထက် ဆယ်ပေအကွာကနေ
ငါ့ ကို တံ တွေး နဲ့ ထွေး ပါ ။
ဆူးခက်မင်း