ကဝေအို ဂါထာ
ခပ်တိုးတိုး ခေါ်ငင်သံနဲ့
ငါ့ စိတ်ရိုင်းကလည်း
ကဗျာတွေ လွှတ်ကြဲခဲ့မယ်။
အာရုဏ် မရှိတော့ဘူး ထင်ရအောင်
နာရီ လက်တံတွေ ရပ်ဆိုင်း
တိမ်တကာက အုံ့မှိုင်းလွန်းတယ်။
စိတ်ရဲ့ နာကျည်းမှုကို
လက်မောင်းသွေးနဲ့
ဖောက်ထုတ်သင့်ရင် ထုတ်ရမယ်။
ပြီးတော့မှ
နှင်းဆီပန်း တစ်ပွင့်မှာ ခပ်ပါးပါးသုတ်
ကမ္ဘာကြီး တစ်ခုလုံး
အပြာရောင် ပြောင်းစမ်းကွယ်…….။
လူကြီးမင်း
Posted by
handsofenlightenment
0 comments:
Post a Comment