Hands Of Enlightenment
လင်းပွင့်လက်များ
ကျွန်တော် သဘောတူတယ် ဆိုတာကို
သဘောတူတယ်လို့ ပြောဖို့တောင်
အားယူပြီးတော့ သဘောတူတယ်
အိုကေ ခင်ဗျား သဘောပဲ
သဘောထားကြီးဖို့ ခုလောက်ထိ သဘောထားနေစရာမလိုပါဘူးလေ
ခင်ဗျား သဘောထားကရော ပြီးတော့ ကရော ကရော
ဒီတော့ ဘာဖြစ်လဲ ဆိုတာတွေနဲ့ ဒီတော့ ဘာမှမဖြစ်ဘူး ဆိုတာတွေနဲ့
တွေ တွေ တွေ တွေ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့
ဟုတ်ပြီ ဒီလောက်ဆို ခင်ဗျား နည်းနည်းတော့ သဘောထားတော့
ကြီးတော့ လာတော့ ပြီတော့ တော့ တော့ တော့
ပိတ်ထားသမျှတွေ ပြန်ဖွင့်လိုက်တယ် ပြီးတော့ တယ်
ပြန်ပိတ်လိုက်တယ် တော့ ပြီး ပိတ် လိုက် ပြန် တော့
သဘောထားက ဖြည်းဖြည်းချင်းတော့ နည်းနည်း နဲနဲ တော့
တော့ တော့ ကြီးတော့ လာတော့ ပြီတော့ ထင်ရတာပဲတော့
အဲ့ဒါတွေ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့ နဲ့
ဖိုးသူတော် မျက်စိလည်လေ ဆန်ပိုရလေ လေ လေ လေ လေ
လေ လေ လေ လေ လေ လေ လေ ထိုး ကျွတ်
ဖာ လေ လေ လေ လေ လေ လေ လေ လေ လေ
ဝေ လေ လေ တေ လေ လေ လေ လေ လေ လေ
အခု အဟောင်းအမြင်းတွေ အကုန် မြင်းစောင်းထဲ ထည့်ပြီးတော့
မျဉ်းဇောင်းတွေ ပစ်ထည့်ပြီးတော့ တော့ တော့ တော့ တော့ တော့ ။ ။ ။
- ဆူးခက်မင်း -
1 9 d e c e m b e r 2 0 1 0
ကျွန်တော် အိပ်ရေးမ၀ဘူး ဖြစ်နေတယ် မအိပ်ခဲ့ရလို့လား အိပ်ဖို့
လိုနေလို့လား ဘယ်လောက်လိုနေတာလဲ ၀စ္စပေါက် ပြုတ်ကျန်ခဲ့တာလား
အကျအပေါက်များလွန်းတယ် အရှအပျောက်များလွန်းတယ် မိန်းမရှုပ်တာကို
မြာပွေတယ်လို့ အရင်ခေတ်ကသုံးတယ် ခုခေတ်မှာတော့ ကိုယ့်ဇာတ်ကိုယ်
မနိုင်တာကို ဂုံးထောက်တယ်လို့ ပြောကြတယ် ဒါက ရွေ့လျားလာတဲ့
စကားလုံး အသုံးအနှုန်း အရွေ့ ကျွန်တော်တို့ လိုက်ပါရွေ့မျောကြတယ်
တမေ့တမောပဲ စကားအဖြစ်ပြောရရင် စကားတွေ ဖြစ်ကုန်တယ်
စကားတွေ ထစ်ကုန်တယ် ကျွန်တော် နည်းနည်း လောသွားမိတယ်ထင်တယ်
ဥပဒေအထူးပြုယူထားတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က လောတတ်တယ်
လောတက်နေတယ်လို့ သုံးလို့လည်း ရတယ် သူက လောလောလောလောနဲ့
တချို့စကားတွေ ကျွန်တော်ပြန်ကြားရတာ နားကလောတယ်
ကျွန်တော့်က ရန်ကုန်မှာပဲ ရှိပေမယ့် နားက ကလောဘက် ရောက်ရင်ရောက်နေတယ်
ဒါကြောင့် နား ကလော တယ် ကျွန်တော်တို့ သူငယ်ချင်းတွေ အွန်လိုင်းမှာ ချက်တင်ဝင်ရင်
စလုံးသတ်တွေ မလိုအပ်ပဲ ထည့်ပြောတတ်တယ် ဒါတွေက လောကကြီးတစ်ခုလုံးနဲ့
ယှဉ်ကြည့်ရင် အရမ်းကြီး ဖောင်းပွသွားတတ်တာမျိုး မဟုတ်ဘူး
လူပြက်တွေလို တံတွေးစင်အောင် ပြောတာမျိုးလည်း မဟုတ်ဘူး
ဘာမှ မယ်မယ်ရရ ဒါမှမဟုတ်လည်း မည်မည်ရရ မရှိပါပဲ ကျွန်တော်တို့
စလုံးသတ်တွေ ဖောဖောသီသီ သုံးကြတယ် တစ်ခုခုကို ရွှီးရွှမ်းပြီး ပြောတာမျိုးကို
ဖောနေတာပါကွာ လို့ ဒီဘက်ခေတ်မှာ ပြောကြတယ် အရက်သောက်လို့ ဖောတာမျိုးတော့
မဟုတ်ဘူးပေါ့ မင်းက ဖောလျှောပါကွာ လို့လည်း ပြောကြတယ် ဖောတာများရင်
လျှောတတ်လားတော့ ကျွန်တော်မသိဘူး အရက်လျှော့သောက်ရမယ်လို့တော့
ဆုံးဖြတ်ထားတယ် လျှောတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲတော့ ရှင်းပြနေဖို့ လိုမယ် မထင်ဘူး
ဈာန်လျှောတယ် ၀မ်းလျှောတယ် ရေလွှာလျှောပေါ်ကနေ လျှောတိုက်ဆင်းချလာတယ်
နောက် တခြား အသုံးတွေလည်း ရှိဦးမယ် ကျွန်တော်က မြန်မာစာ အားနည်းတော့
စုံစုံလင်လင် ဖြစ်အောင် မတင်ပြတတ်ဘူး အဲ့ဒီအတွက် ခင်ဗျား စိတ်မကွက်ဘူးလို့
ကျွန်တော် ယုံကြည်တယ် နောက် ရှိသေးတယ် ငေါပါကွာ လို့ အချင်းချင်း
နောက်ပြောင်ရင်း ပြောတတ်တယ် အဓိပ္ပါယ်အတိအကျကိုတော့ ရှင်းပြမနေတော့ဘူး
အတိအကျ သိသွားရင် ခင်ဗျား ကျွန်တော့်ကို ရိုင်းတယ်လို့ သတ်မှတ်ဦးမယ်
ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာက ရိုင်းရိုင်းစိုင်းစိုင်းပဲ ပြောလေ့ရှိတယ်
သံ မဏိ တစ်ခုကို ခ စား ပစ် လိုက် ဖို့ ကျွန်တော် ကြိုးစားနေတယ်
သူမနာမည်ကို ကြားတော့ ကျွန်တော် မလိခ မြစ်ကြီးကို မျက်စိထဲ မြင်မိတယ်
တယ် တွေ သိပ်များနေပြီ ထင်တယ် ကျွန်တော်ပြောခဲ့သားပဲ
ကျွန်တော်က မြန်မာစာ အားနည်းပါတယ် လို့ အားကောင်းအောင် ဘာဆေးသောက်ရမလဲ
ကျွန်တော်က ယောင်္ကျားလေး ဆိုတော့ ယောင်္ကျားအားတိုးဆေး သောက်ရမယ်ထင်တယ်
ဒါဆို ကျွန်တော် မြန်မာစာ အားကောင်းလာမယ်ထင်တယ် အင်း ထင်တယ် ထင်တယ်
ကျွန်တော် ထင်တယ် ခင်ဗျား ကျွန်တော့်ကို နည်းနည်းတော့ ငြိုငြင်သွားမယ် ထင်တယ်
မတတ်နိုင်ဘူးလေ ကျွန်တော်ကိုယ်တိုင်က မြန်မာစာ အားနည်းတော့ ခင်ဗျားဖတ်ရတာတွေ
သိပ်အဆင်ပြေမှာ မဟုတ်ဘူး လောလောဆယ် အိပ်ရေးမ၀ဘူး ဖြစ်နေတယ် ။ ။ ။
-ဆူးခက်မင်း-
1 0 n o v e m b e r 2 0 1 0
အမှောင်ထုထဲမှာ ခု မှောင်နေတယ် ဘာ ဘာ
မြင်ရသလဲ ဘာ ဘာ မှ မ မြင် ရ ဘူး ဟုတ်လား
ကိုယ့်လက်ကိုယ် ပြန်စမ်းကြည့် အရိုးပေါ် အရေတင်
ပျင်းလိုက်တာ အရည်ကို ထွက်လို့ ဆိုတာ ခု ထွက်ပြီ
လား မထွက်သေးဘူး လား ဦးနှောက်ယိုစီးမှု အသိဥာဏ်
ရေစီးကမ်းပြိုလိုက်မှု အမှုမထားနဲ့ မေ့ပစ်လိုက် အမှုပိတ်လိုက်
တစ်ပတ်လောက်ကြာရင် ရမယ် ရမန်ကြီး ငရမန်ကန်းကြီး
တစ်ဖက်လပ်ကြီး တစ်ခုလပ်ကြီး လက်လက်ကို ထ လို့
ထိုင်လို့ မရ လိပ်ခေါင်းရောဂါစွဲကပ်လာ ဆောင်ပါ သားရေကွင်း
တွေ လျှောက်လှိမ့်မနေနဲ့ ဟေး ဂေါ်လီမလေး အိမ်မပိုင်ဘူးလား
ဂရန်ကော ရှိရဲ့ လား ဆောင်ရန် ရှောင်ရန် လှောင်ရန် ပြောင်ရန်
ရန်သူမျိုး ငါးပါး ငါပါ ငါပါ တံခါးဖွင့် ငါပါ ငါပါ တံခါးပိတ် စနစ်
ကျင့်သုံးရန် ငါးသလောက်စီးပွားရေး တံခါးပိတ်ဆန့်ကျင်ရန်
ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးရွားလှတာ မင်း သိဖို့ကောင်းတယ်
စွဲမိတဲ့ကိုယ့်ရဲ့အကြောင်းလေး တွေ ဝေနေရင်းနဲ့ပဲ ထမင်းလည်း
ဆန်ပြုတ်ဖြစ်လိုဖြစ် အိမ်ခေါင်မိုးလည်း ကျည်ကာအင်္ကျီဖြစ်လိုဖြစ်
ဖျစ်ဖျစ်မြည်အောင် ခြစ်ခြုတ်ပြီး ချောက်တီးချောက်ချက် ဂယောက်ဂယက်
ဒီကျင်း/မင်း မကောင်းရင် ဟိုကျင်း/မင်း မကောင်းရင် ဒီကျင်း/မင်း
ပေါင်းတစ်ထောင် ကုန်အောင်တူးမယ့် သိုက်တူးသမားတွေပါ
လိုက်ဖူးသလား မိုက်ဖူးသလား ဒါမှမဟုတ် ရိုက်ဖူးသလား ဘုန်းကြီးတွေကို
အရုဏ်ဆွမ်းလောင်းလှူရန် မစွမ်းရင်းလည်းရှိပြန် ကန်စွန်းခင်းလည်းငြိပြန်
ဆိုတော့ ထိရန် မိရန် ခပ်ရိုင်းရိုင်းစကားလုံးများကို ခပ်ရိုင်းရိုင်း ပစ်ပယ်မိ
တချို့က ပေါ်ပင်ဖြစ်ဖို့ / ဗီဇအရ / ရိုင်းချင်လို့ကို ရိုင်းကြ ရွှိုင်းကြ လိုင်းကျ
ပြန်ပြီ တာ့တာ ။
- ဆူးခက်မင်း -
2 0 n o v e m b e r 2 0 1 0
ပထ၀ီ
သက်ရှိဖြစ်စေ/သက်မဲ့ဖြစ်စေ
အဖိုဓါတ်အမဓါတ်ရှိကိုရှိရမည်
အဖိုဖြစ်ခြင်း/ အမဖြစ်ခြင်းဖြစ်ကိုဖြစ်ရမည် ။
မီးရေလေမြေပေါင်းစပ်ခြင်းကြောင့်
ပေါ်ပေါက်လာရသောအကျိုးတရားအကြောင်းတရား
သက်ရှိသည် ဒြပ်ရှိ၊သက်မဲ့သည် စွမ်းအင်တစ်မျိုး
အဖိုစွမ်းအင်/အမစွမ်းအင်ရှိကိုရှိရမည်။
မြေကြီးထဲထွက်လာကြတဲ့သူတွေမဟုတ်ပေမယ့်
ငါတို့တတွေ
မြေကြီးထဲကို ၀င်ဖို့ အခွင့်အခါကိုစောင့်နေကြတယ်။
ဒီမြေပေါ်မှာပဲကြီးပြင်း
ဒီမြေပေါ်မှပဲထွန်ယက်
ဒီမြေပေါ်မှာပဲ စိုက်ပျိုး
ဒီမြေပေါ်မှာပဲရိတ်သိမ်း ရင်းကနေ
ဒီမြေပေါ်မှာပဲ အငြိုးတေးတွေထားလို့
ဒီမြေပေါ်မှာပဲ အမုန်းတရားတွေပွားကြပြန်တယ်
ဒီမြေပေါ်မှာပဲသံယောဇဉ်တွေများပြီး
ဒီမြေပေါ်မှာပဲ အသားအရောင်တွေကွဲခြား
ဒီမြေပေါ်မှာပဲ အဆင့်အတန်းတွေခွဲခြားရင်း
ဒီမြေပေါ်မှာပဲအနိုင်ထက်စီးနင်းပြုကျင့်ကြပြန်တယ်
ဒီမြေပေါ်မှာကျွန်စနစ်စတင်
ဒီမြေပေါ်မှာပဲ ပဒေသရာဇ်စနစ်ဖြစ်တည်
ဒီမြေပေါ်မှာပဲကုသိုလ်တွေဖန်တီး
ဒီမြေပေါ်မှာပဲ အကုသိုလ်တွေမွေးဖွား
ဒီမြေပေါ်မှာပဲ စစ်ပွဲတွေ မဖြစ်ဖြစ်အောင်ဆင်နွဲ
ဒီမြေပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်
ဒီမြေပေါ်မှာပဲငြိမ်းချမ်းရေးတွေရယူကြပြန်တယ်
ဒီမြေပေါ်မှာပဲ ပက်ကြားအက်အိပ်မက်ဆိုးတွေထပ်တလဲလဲမက်
ဒီမြေပေါ်မှာပဲလူ့တန်ဖိုးလူ့ယဉ်ကျေးမှုတွေထွက်ပေါ်
ဒီမြေပေါ်မှာပဲဟန်ဆောင်လိမ်ညာမှုတွေအသက်ဆက်
ဒီမြေပေါ်မှာပဲအတုတွေနဲ့အစစ်တွေရောနှော
ဒီမြေပေါ်မှာပဲအမှားနဲ့အမှန်ကိုနံပါတ်စဉ်တွေပြောင်းတပ်
ဒီမြေပေါ်မှာပဲအယူဝါဒတွေဂိုဏ်းဂဏတွေစွဲ
ဒီမြေပေါ်မှာပဲဘာသာရေးတွေမေ့ကိုယ်ချင်းစာတရားတွေပျောက်
ဒီမြေပေါ်မှာပဲမာယာကော့စကီးဘောင်းဘီဝတ်မိုးတိမ်ရေးခဲ့တယ်
ဒီမြေပေါ်မှာပဲအလက်ဇန္ဒား ပွတ်ရှကင်ပလေတိုရာဘင်ဒြာနတ်တဂိုးဖြစ်ခဲ့တယ်
ဒီမြေပေါ်မှာပဲ မြို့မငြိမ်းရဲ့သီချင်းတွေပေါ်ခဲ့တယ်
ဒီမြေပေါ်မှာပဲ ဒဂုန်တာရာ ဖြစ်ခဲ့တယ်
ဒီမြေပေါ်မှာပဲ မောင်ချောနွယ်ဖြစ်ခဲ့တယ်
ဒီမြေပေါ်မှာပဲကဗျာတွေ ဖြစ်တည်ခဲ့တယ်
ဒီမြေပေါ်မှာပဲ ငါတို့ရပ်တည်ခဲ့ကြတယ်
ဒီမြေပေါ်မှာပဲမြေကြီးထဲပြန်ဝင်ဖို့အချိန်တွေစောင့်ရင်း
ဒီမြေပေါ်မှာပဲ.........ဒီမြေပေါ်မှာပဲ
ဒီ......မြေ.....ပေါ်.....မှာ....ပဲ
ဒီ
မြေ
ပေါ်
မှာ
ပဲ
လွတ်မြောက်ရာလမ်းစဉ်ရှာဖွေတူးဆွရင်း
ဒီ
မြေ
ပေါ်
မှာ
ပဲ ။ ။
အမည်မဲ့ (သတိရတိုင်းခဏခဏထုတ်ကြည့်လို့ရတယ်)
တေဇော
ပထ၀ီမြေကြီးပေါ် ဘယ်ညာပွတ်တီးနေတဲ့ မီး
ရင်ရင်ခြင်းခတ် မျက်ဝန်းမှာ အာပေါမီးထွက်
ဟင်းကနဲဆင်း သက်ပြင်း
ဆန်လေ၀ါယောမီး
နာမ်မီးဖွဲလောင်ကျ
ဗျာပါတ
ဘောပင် ၊ လက်
စာရွက် ၊ မှင်ထိပ်
နှာခေါင်း ၊ ရှိုက်လေ
သွေး ၊ သွေးကြော
ရှင်သန်မှု ၊ လောကဓံ
ဟင်းလင်းပြင် ၊ ဒြပ်
ဘုံ ၃၁ ပူတိုက်လှုပ်ရွ
ဖဿ ပစ္စယာ ဝေဒနာ
ပရမတ္တလျှောက် အပူရောင်
မောဟလျှောက် တဏှာကောင်
မွေးလမ်းကြောင်းက အပူကောင်
ဒေါသထမ်းပြေး တဏှာရောင်
ပုံပြောဆဲ ၂၀၁၀ မီး
ရွာထဲက ဖယောင်းတိုင်မီး
ဘယ်လိုစောင်းစောင်း ဆောင်းဟာ နေထွက်ဆဲ
သမိုင်းဟာ စစ်မီးတွေကလွဲပြီး ဘယ်စာရွက်မှ ပိုမလာဘူး
အမာရွတ်မပါတဲ့ သူရဲကောင်းကြီး အာဏာရှင် ၂၂
ရေမီး ၊ လေမီး ၊ နေမီး
ဇီဝမီး ၊ အေးမီး ၊ ပူမီး
အနုမြူမီး ၊ မီးတကာမီး
ဘယ်မီး ၀မ်းမီးမမှီနိုင်
နိုင်ထက်စား သတ္တ၀ါများစုပေါင်း
ဂရုဏာရှင်များ နှစ်ပတ်လည်... ခိုးရာပါပစ္စည်းများ လောင်းလှူပွဲ
ကလက်တက်တက် ပါတီပွဲတက်
Punk သီချင်းသံနဲ့ ခေါင်းကွဲပြန်တဲ့ ရှိုးပွဲ
သင်္ကြန်ခါဦး အရေးပေါ်ရွှင်မြူး
ဆိတ်ငြိမ်ရာ လောင်
ဆိတ်ကွယ်ရာ လောင်
နှစ်ဦးတည်းလောင်သော တည်းခိုခန်း
Sectionကြေး ၇၀၀၀ထောင် အခွန်ဆောင်
စာရိတ္တမဲ့မိဘများလင်းတဲ့ နောက်မီး၊ရှေ့ မီး HIV သားသမီး
တဦးတည်းလောင်သော စိတ္တဇ
ငရဲဘုံမှာ ပိုကာပွဲ
ဘုရားဒကာကြီးဆွဲတဲ့ ၈ချပ်တွဲကြီး ဂျိုကာဖဲ
စိတ်သွား ရုပ်လောင်
ရုပ်သွား စိတ်လောင်
မင်းကိုငါချစ်တယ်
နှလုံးသဲက ချစ်ဘုရားပွဲ မီးလောင်
အူဝမ်းထဲမှာ ၀ီစကီ မီးလောင်
ရွှေပြည်စိုး မီးလောင် ၊ Red Ruby မီးလောင်
ရတနာပုံဈေး မီးလောင် ၊ ကြောင်အိမ်ထဲ မီးလောင်
ဒုတိယကမ္ဘာစစ် ဘောက်ကျ
ဟီရိုရှီးမား မီးသွေးခေါင်းလျှော်ရည်
ဘေးထိုင်ဘိုင်ကျ Man U ကွ
ဘုရား၊တရား၊သံဃာ နှစ်လုံးခြင်းဆွဲသွားသော အိမ်သူများ
ချစ်တီးပွဲစား သမီးကလေး ဆွဲသွား
South East Asia ဆူနာမီ
သဘာဝနဂါးကြီးလက်ထဲက ဧရာဝတီမင်းသမီးလေး နာဂစ်နှင့်
NGO မင်းသားလေး ရိုမန်တစ်
မယုံကြနဲ့ 
ဂေါ်ဂေါ်ဂွီ အလင်းပေးနေသည်
သွေးထိုးနေသည်
ဂေါ်ဂေါ်ဂွီ အမှန်တရားပြောနေသည်
ရှက်တတ်ရင် လဲသေဖို့ ကောင်းတယ်
ဟ ဟ
ဟ ဟ
အလုပ်မရှိပဲ အိမ်ထောင်ပြုနိုင်ရေး တို့ အရေး
ဆင်းရဲသားတော်လှန်မှုမပါပဲ တရားမျှတသော လူ့ အဖွဲ့ အစည်းတည်ထောင်ရေး တို့ အရေး
လျှပ်စစ်ဓါတ်အသုံးမပြုသော ပြည်တွင်းဖြစ် လူအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရေး တို့ အရေး
သီလ ၊ သမာဓိ ၊ ပညာ မပါပဲ ပုထုဇဉ်နိဗ္ဗာန် ရောက်ရေး တို့ အရေး
အစိမ်းရောင်ကမ္ဘာကြီးအား အဖြူရောင်အနွေးထည်ခြုံရေး တို့ အရေး
လျှောကျခြင်း ၊ မြင့်တက်ခြင်းမပါပဲ လောကဓံ ထမင်းမှန်မှန်စားရေး တို့ အရေး
၂၀၁၂ နေကိုးစင်းထွက် ၊ ၂၀၁၃ လကိုးစင်းထွက် ၊ ၂၀၁၄ စကြာဝဌာတိုက်တစ်သောင်း တိုးတက်ရေး တို့ အရေး
နဂါးငွေ့ တန်း ၊ ဥက္ကာခဲ ၊ကြယ် ၊ နေ ၊ လ ၊ ကမ္ဘာ ရုပ်အဖွဲ့ အစည်းမပါသော နာမ်လူသားကမ္ဘာကြီး တည်ထောင်ရေး တို့ အရေး
အစရှိသည်ဖြင့် ၊ ချစ်သူ အနိစ္စ
etc ၊ ရန်သူ ဒုက္ခ
အစရှိသည်ဖြင့် ၊ သတ္တ၀ါ အနတ္တ
ဒြပ် ၊ ရုပ် ၊ သုသာန် ၊ ကြေးစည် ၊ မျက်ရည်
မာကျော ပျော့ပျောင်း
စီးမျော ဖြည့်စွက်
ရွေ့ လျား တွန်းတိုက်
ပူအေး လောင်ခဲ
ဟောဒီက ကောက်ညှင်းပေါင်း ပူပူလေး ရမယ်
ဘူတာရုံတေးသွား
ရေသန့် ဘူးလေး ပစ်ချပေးပါ ခင်ဗျာ
လေမရှိဘီးကြီးနဲ့  လယ်ကွင်းထဲက ထော်လာဂျီ
တေဇော မှ ပထ၀ီ
တေဇော မှ ၀ါယော
တေဇော မှ အာပေါ
တေဇော မှ တေဇာ
ရထားလား ရထားလား
ရရင် အကြောင်းပြန်
ဒါပဲ
အနော်မာ
၃.၁.၂၀၁၀ ( ၃နာရီ ၁၅ မိနစ် )
အာပေါ
ခု ရေတွင်းတူး ၊ ခု ရေကြည်သောက်ဖို့
ရေကြည်ရာ မြက်နုရာ ၊ ရှာနေတဲ့ကောင် ။
ဘာမှလည်း ရေရေရာရာ မရှိ ။
ရေမရှိတဲ့ ချောင်းမှာ ၊ ဘာဖော်ပြီး
သေမယ်ဆိုလား ။ ရေမှုတ်တစ်ဖက် ။
မီးတုတ်တစ်ဖက်နဲ့ ၊ အော်နေလိုက်တာများ ။
" ရေလိုတယ် .... ရေလိုတယ် ... "
ပြီးတော့ ၊ ပုဝါမကူ ရေမရှူကြေး ဆိုပြီး
ရေပက်မ၀င် ၊ ပြောနေသေးတယ် ။
မင်းလိုသာဆို ၊ ရေပုံးနှစ်လုံးရှိရင်
ထမင်း မငတ်ဘူး ။ ငါ့လိုသာဆို
ရေသောက် ၊ ဗိုက်မှောက် ၊ ကဗျာရေးနေလည်း
ဖြစ်တယ် ။ ဟော ... ။ နားထောင် .... ။
" အင်္ဂါဂြိုဟ်ပေါ်မှာ ရေတွေ့  ပြီ ... "
ဘာများလဲလို့ ၊ အင်္ဂါဂြိဟ်ပေါ်က ရေမှာလည်း
ဟိုက်ဒရိုဂျင်နှစ်လုံး ၊ အောက်ဆီဂျင်တစ်လုံး ။
အပိုပါတာ မှတ်လို့ ။ လူတွေကိုက မဟုတ်တာ ။
သူ့ ဟာသူ နေတဲ့ ရေကို တံဆိပ်ကပ်လို ကပ် ။
ရေစေး တဲ့ ၊ ရေနောက် တဲ့ ။
ရေသေ တဲ့ ၊ ရေရှင် တဲ့ ။
ဒါနဲ့ ရေမှာ အရောင် ရှိလား ။
နေမကောင်းရင် ရေစိမ်းတွေ မသောက်နဲ့လေ ။
( ရေကျက်အေး သောက်တဲ့လူတွေ နေကောင်းကြတယ် ။ )
" ကန်တော်ကြီးက ရေထဲ .. ငါ ခုန်ဆင်းလိုက်တာနဲ့
ကြယ်တွေ ထကကြတာ ... ဘာသဘောလဲ .. "
အမိမဲ့သား ပေမယ့် ၊ ရေနည်းငါး မဟုတ်တဲ့
ငါလိုကောင် ။ ရေလည်း မခပ်ဘူး ။
ထင်းလည်း မခွေဘူး ။ ရေရေရာရာ မရှိ
တဲ့ ၊ ဘ၀မှာ ၊ မရေမရာနဲ့ ။
ပြောချင်တာက ၊ ရေတွင်းပျက်ထဲ ခုန်ချ
သွားတဲ့ ၊ ရေသောက်မြစ်အကြောင်း ။
အသက်ရှင်ဖို့  ၊ ရေ မလိုဘူး ။
အသက်ရှင်ဖို့  ၊ အသက်ပဲ လိုတယ် ။
" ရေအသက် တစ်မနက် "
သွားစမ်း ... ။ ထွေလီကာလီတွေ ။
ရေတွေ စီး/စေး တယ် ။
ရေတွေ ကျဉ်း/ကျင်း တယ် ။
ရေတွေ ပြာ/ပျာ တယ် ။
ရေနက်ထဲ မသွားနဲ့ ။
မင်းတစ်ကိုယ်လုံး ၊ မည်း (မဲ) ကုန်မယ် ။
" မဲ ကုန်ပြီ ၊ မဲ ကုန်ပြီ "
ကောင်းတာပေါ့ ။
နားလှည့် ပါးရိုက်မယ့်ကောင်ကို
ထောက် ၊ ထောက်ပြီး ၊ ခံနေစရာ မလိုတော့ဘူး ။
ဆူးခက်မင်း
ဝါယော
ကျွန်တော် အလိုရှိနေတဲ့သူက
အမှတ်တမဲ့ကြည့်ရင်
ကောလဟာလနဲ့ တူတယ်
ထိုင်နေရင် ပွယောင်းငြီးစီနေပြီး
ထသွားတဲ့အခါ အရပ်ထဲ ဟိုစပ်စပ် ဒီစပ်စပ်
အကြိုအကြားအနှံ့ 
အရူးဗုံမြှောက်သလို မြူးခုန်ပေါက်တဲ့ပုံစံ
ငိုမလိုမျက်နှာပေးနဲ့ 
စနေထောင့်က ပြေးထွက်လာတဲ့ပုံစံ
သဇင်တွေကို နှင်းနဲ့ ပက်ဖို့ 
မြောက်ဘက်အရပ်ကနေ ပြန်လာတဲ့ပုံစံ
မူပိုင်ခွင့်တင်ထားတဲ့ ဟန်တွေပဲပေါ့
အလင်္ကာဆင်ပြီး ပြောရရင်
ကြင်သာကြင်ပြီး မမြင်ရတဲ့ ဘဝ
ရှင့်သတင်းတွေ ကျွန်မကြားပါတယ်
လေ
တိုင်ထိပ်မှာ အလံနဲ့တွဲပြီးကတယ်တဲ့
သူများမင်္ဂလာယူချိန်မှာ
ပူဖောင်းထဲဝင် ဇောက်ထိုးဆွဲပြတယ်တဲ့
ဖြတ်သွားတဲ့ကားနောက်မှာ
ဖုန်မှုန့် တွေနဲ့ တရုန်းရုန်း
ကလေးဆန်ချင်ဆန်နေပြန်ရော
ဆံပင်တွေကို ဆွဲ ဖွ
စကက်တွေကို ဆွဲ မ တတ်သူက
ကြွပ်ကြွပ်အိတ်ဟောင်းကို
လမ်းတစ်ဖက် လိုက်ပို့ တယ်တဲ့
သစ်ရွက်တွေကို ငိုချင်လျက်လက်တို့ ပြီး
သံဝေဂတွေ ဘာတွေ ပြလို့ 
အရောင်မရှိ
အဆင်းမရှိ
မရှိတဲ့ထဲကနေမှ
အနီရောင်လေးက
ဖျက်လို ဖျက်ဆီး စိတ်ဓာတ်
အစိမ်းရောင်လေးက
မဆုံတာကြာသူတွေ စကားနာထိုးဖို့ နဲ့ 
မကျန်းမာသူတွေကို တားဆီးဖို့ အတွက်
ဤသို့ ဖြင့် ကျွဲ ဖြစ်ရလေသည်ပေါ့ကွာ
ငါ့ကိုယ်ထဲမှာ ငှက်တွေ ကူးခတ်ကြ
ရနံ့ တွေက ငါ့ကို ခိုစီးပြီး
အသံတွေက ငါ့ကို တွန်းထိုးကြ
မုန်တိုင်းကျသလို ပြေးသွားရင်
ငါ့ ကို အပြစ်မြင်ကြ
မီးလောင်တဲ့အနား ရောက်သွားရင်
ငါကပဲ အချွန်နဲ့  မ သလိုနဲ့ 
တကယ်တော့
ဒါဟာ သင့်ရဲ့ 
မုန်လာဥ အကွက်တွေပဲပေါ့
ဖန်လုံအိမ်က ဆွဲလို့ 
အပျိုရည်ပြဲခဲ့တာက လွဲရင်
ကဗျာဆရာလို ကဗျာလို
အရေးတယူလည်း
သိပ်မရှိကြပါဘူးလေ။ ။
သုဏော်စိုင်း
--
ခြေတစ်လှမ်း လှမ်း လိုက် ..
သိပ်လှတယ် .. သိပ်လှတယ် ..
မျက်ဝန်းထောင့်မှာ ဆိုးထားတဲ့ ခရမ်းရောင်က
ငါ့ တစ်ကိုယ်လုံးကို သိမ်းပိုက်သွား ...
မှောင်ခိုဝယ်စရာ မလိုဘူး ..
ဒီပွဲက မင်းတစ်ယောက်တည်း အတွက်ပဲ ..
လျှော့ လျှော့ လျှော့ ..
စိတ်တွေ လျှော့ ..
မိုးလင်းတဲ့ထိ ခရမ်းရောင် တိမ်တိုက်တွေ ခူးစားပြီး ..
လမ်းဘေးရောက်သွားတဲ့ စိတ်ဓာတ်တွေကို ဆွဲတင် ..
မျက်စိနောက်အောင် မလုပ်နဲ့ ..
နေပါတော့ .. နေပါတော့ ..
မင်းတစ်ယောက်တည်း နေပါတော့ ..
စူဠသုဘဒ္ဒါလို မချစ်နဲ့ ..
ခါချဉ်ကိုက်တဲ့ ဒဏ် မခံနိုင်ဘူးလေ ...
မင်း စိတ်တိုင်းမကျတာ ငါ ဘာလုပ်မိလို့လဲ ..
လေထဲ တိုက်အိမ်ဆောက်တတ်တဲ့ အကျင့်က
မှား နေ လား ... မှား နေ လား ...
ဝတ်စားပုံက ဟဲဗီးဂေါ်တယ် ..
မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်တာတွေ မလိုက်တာတွေ မသိ ..
ဟဲဗီးဂေါ်တယ် ..
ဆန်မရှိတော့ စောက်စားကြီးတယ် ..
ဝ မရှိတော့ ၀ိ လုပ်တယ် ..
အမေမွေးတုန်းက အတိုင်း ပြန်ဖြစ်ချင်တယ် ..
အနှီးဖြူဖြူ .. ပုခက်ထဲ မျက်လုံးလေးမှိတ်ပြီး ..
ဟဲဗီးဂေါ်တယ် ..
နင့်မေကြီးဒေါ်ပဲ ဘောစိတစ်ယောက်ရှာပြီး ဒိုးတော့ ..
မိန်းမတွေများ .. ကောင်းကို မကောင်းဘူး ...
အဲ့ဒါ ယောင်္ကျားတွေ ပြောနေကျ စကား ..
ယောင်္ကျားတွေများ .. ကောင်းကို မကောင်းဘူး ..
အဲ့ဒါ မိန်းမတွေ ပြောနေကျ စကား ..
အိပ်ရာနိုးရင် နဖူးကို နမ်းမယ့်လူ မရှိဘူး ..
လေတယ် .. လေတယ် .. ဟဲဗီးလေတယ် ..
ထားပါတော့ .. ငါပဲ မှားတာပါ ..
သွားပါကွာ ..
အဲသည်မျက်ဝန်းထောင့်မှာ ဆိုးထားတဲ့ ခရမ်းရောင်တွေနဲ့ 
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း
အကြည့်တွေ ခြေထိုးခံမိတာ မှားတာပ ..
ငါမှားလား မင်းမှန်လား ..
နင့်လို မျက်နှာမွဲရဲ့  နောက်ကိုများ ..
ငါ မလိုက်နိုင်ဘူးဆိုပြီး ..
လက်ညှိုးတွေထိုး .. စွပ်စွဲသလိုမျိုး ..
ငါမှားလား မင်းမှန်လား ..
ငါ မှန်ပြီး မင်းမှားတာလား ..
ခရမ်းရောင်တွေ ခြယ်ထားတဲ့ နင့်မျက်လုံးက ..
ငါ့ ရင်တွေ တစ်စစီ ကွဲစေတယ် ..
သူငယ်ချင်းကို ရည်းစားမလုပ်ဖို့ ဘယ်သူတွေစပြောခဲ့သလဲ
ဘယ်ကောင်မှစမပြောဘူး
နင်လမ်းမှာချနင်းဖို့ ငါ့ဘ၀ကိုပုံအောခဲ့တယ်
ဘယ်ကောင်မှမသိဘူး
အလိုရှိတိုင်းအခင်ဆုံးလို့ နင် ငါ့ကိုပုံပြောခဲ့တယ်
အဲသည့်ပုံတွေကိုပဲ ငါ့စိတ်ကြိုက်ပြင်ပြီး
ရင်မောရတယ်
သေသေသပ်သပ်ကျူးလွန်လိုက်တဲ့ ကိစ္စတစ်ခုလို
ဘယ်သူမှမသိလိုက်ရဘူး
နင့် နှုတ်ခမ်းကို သေသေသပ်သပ် ရုတ်သိမ်းလိုက် ..
ဓားသွားတစ်လက်လား .. နှင်းဆီ တစ်ပွင့်လား ..
တိမ်တွေ ပွင့်ပုံ သိပ်လှနေတယ် ..
ဒါမှမဟုတ် နင့် နှုတ်ခမ်းတွေ သိပ်လှနေတယ် ..
ရိုးမြေကျ ရူးခဲ့တဲ့ နေ့တွေက .. တဖြည်းဖြည်း တိုက်စား ..
နင့်နှုတ်ခမ်းတွေ တိမ်တွေလို သိပ်လှနေတယ် ..
တိမ်တွေက အပြောင်းအလဲမြန်တယ်
နင့်နှုတ်ခမ်းက အမြဲလှတယ်
ကြည့်
အောက်နှုတ်ခမ်းကို ဖိမကိုက်လိုက်ပါနဲ့ ကွယ်
ဆောင်းရာသီတွေ လူညွန့်တုံးပြန်ပြီ ..
လေတွေတိုက်တိုင်း အလွမ်းတွေက တဖြည်းဖြည်း တိုးလာတယ် ..
ခိုကိုးရာမဲ့ ဆောင်းဦးနေ့တွေ ..
ဘယ်နေရာမှာ ဘယ်လို နားခိုရမယ် ..
မသိတော့ဘူး .. မသိတော့ဘူး ..
ငါ ကိုယ်တိုင်လည်း ငါ့ကိုယ်ငါ မသိတော့ဘူး ..
ဝေး .. ဝေး ...... ဝေး .....
အိပ်မက်တွေက လူရာဝင်ဖို့ ခက်တယ် ...
တေလေငှက်ငယ် အတောင်ညောင်းတဲ့အခါ လို့ 
ဆိုမိပြန်ပြီကွယ်
သွား
ထွက်သွား
လန့် လိုက်တာ ဘုရားဘုရားလို့ တောင် မ တ နဲ့ 
ထွက်သွား
နင့်မျက်လုံးမှာ ထင်ကျန်နေတဲ့ ရမ္မက်ခိုးတွေကို သုတ်ပြီး
သွား .... နင် ထွက် သွား ..
တစ်ယောက်တစ်လက် ပျိုးခဲ့ရတဲ့ စိုက်ကွင်းတွေမှာ
နင့် ရင်ခုန်သံအတုတွေ ငါ မမြင်ချင်ဘူး ..
ခုမှ ဘုရား မ တ နဲ့ .. သွား .. ထွက် သွား ..
ရင်ခုန်သံကို ဂစ်တာထဲထည့်ပြီးရိုက်ချိုးပစ်လိုက်မယ်
နံရိုးမရှိရင် စတီးရိုးထည့်ပြီးနေမယ်
နင့် သတိရမဲ့အစား
အရက်ခွက်ထဲက ရေခဲတုံးတွေကို သနားလိုက်မယ် ..
လောင်ဂျီကျု မျဉ်းကို ထက်ဝက်ပိုင်းပြီး ..
နင်နဲ့ငါက တစ်ယောက် တစ်ဝက်ပိုင်းပြီး ..
ကမ္ဘာကို ပိုင်စိုးသူတွေ ..
ခြေတစ်လှမ်း မကျော်နဲ့ ...
ငါ့အတွက် ကလဲ့စား ဆိုတာက .. ထသွားထလာ ယဉ်ကျေးမှု ..
ထိလိုက်တာနဲ့ မီးပွင့်သွားမယ်
ဆို
ပေ
မယ့်
မျက်စောင်းတစ်ချက်ထိုးရင်
မျက်ရည် ကာတာကြီးကျိုးကျ
ငါ့ရင်ဘတ်ကို ကတုတ်ကျင်းလုပ်ပြီး ၀ပ်ပါ ..
နင့်မျက်စောင်းတွေက ပြန်ကန်ထွက်လာမယ့် ဘေးထွက်ဆိုးကျိုးတွေ
စူး မှာ စိုး တယ် ..
သနပ်ခါးပန်းရနံ့ တွေများ မရမိဘူးလား
အဲဒါ ငါ့ အလွမ်းတွေလေ
ပိတောက်ခြောက်ရောင်တွေများ မမြင်မိဘူးလား
အဲဒါ ငါ့ အလွမ်းတွေလေ
တစ်နေရာရာမှာ ကိုင်သူမဲ့ ဖုန်းမြည်သံတွေများ မကြားမိဘူးလား
အဲဒါ ငါ့ အလွမ်းတွေလေ
ပြီးတော့
တစ်ခါတစ်ခါများ ငါ့နာမည်ကို ပြန်မရွတ်မိဘူးလား
အဲဒါ ငါ့ အလွမ်းတွေလေ
ငါ့ကို မုန်းတိုင်း ငါ့နာမည်ကို တစ်ခါ ရေရွတ်ပါ ..
ငါ့ ခေါင်းထက်မှာ အခက်အလက်တွေ ဝေနေတယ် ..
တစ် နှစ် သုံး လေး .. ခုန် ချ လိုက် ..
ငါ့ရင်ချောက်ကမ်းပါး ထက်ကနေ ရဲရဲဝံ့ဝံ့ ခုန်ချလိုက် ..
ရိုးမြေကျ ရူးခဲ့တဲ့ နေ့တွေက တိမ်လို သိပ်လှနေတယ် ..
ရာသီဥတုက ကိုယ့်ဘက်ပါတယ်
ဒါနဲ့  ငါသောက်တယ်
ဘယ်အရက်က ဘယ်လောက် ပါစင့်နင့် ရှိလဲ
ငါသောက်တယ်
အရက်ခွက်ထဲက ရေခဲတုံးတွေလို ..
နင်က စောက်ရေးမပါတဲ့ ယဉ်ကျေးမှု ဖြစ်တယ် ..
ဘုရားသခင်က စောက်ရေးမပါတဲ့ နတ်သမီးတစ်ပါး ဖြစ်တယ် ..
ငါ့ရင်ဘတ်ကို ဆွဲဖွင့်ကြည့်စမ်း ..
စောက်ရေးမပါတဲ့ ဖုန်မှုန့်ဖုန်ရိုင်းတွေ မြင်ရလိမ့်မယ် ..
ထားလိုက်ပါတယ် .. မေ့ထားလိုက်ပါတယ် ဆိုတာတွေနဲ့
စီးချင်းထိုးနေရတဲ့ ရင်ဘတ်တွေလည်း ပိုးစိုးပက်စက် နာလှပြီ ..
ဒီဆောင်းရာသီမှာ .. ဘယ်နက္ခတ်ဆိုးတွေ ဘယ်လိုဝင်မယ် ..
ဘယ်ရောဂါဆိုးနဲ့ ဘယ်လို သေမယ် ..
မျက်ရည်ကာတာကြီး ကျိုးကျ ..
စောက်ရေးမပါတဲ့ နင့်မျက်ရည်တွေကို ငါရွံတယ်
လက်ထဲက ဖန်ခွက် ကို ကြမ်းပြင်နဲ့ ကိုင်ရိုက်ထည့်လိုက်တော့
နင်မရှိလည်း ဖြစ်တယ်ဆိုတာတွေ ဖွားခနဲ ဖွာထွက်လာတယ်
- သုဏော်စိုင်း ၊ ဆူးခက်မင်း -
ကဲ ... အရေးမပါတဲ့ ကိစ္စတွေ ရေးနေတုန်းပါလာရပြီ ။
တစ်နေ့လုပ်မှ တစ်ရက်စားရတာတွေ ။ အပွင့် အခက် ရောင်းစားတာတွေ ။
အပွင့်ဈေးနဲ့ အခက်ဈေးမတူတာတွေ ။
အပွင့်ဆို ဘယ်ဈေး ။ အငုံးလေးဆို ဘယ်ဈေးပေါ့ ဆိုတာလို။
ဒီအပွင့်လောက်နဲ့ဆို တစ်သက်လုံးထိုင်စားလို့ ရပြီဆိုတာတွေ ။
အပွင့်ပါရင် လူရာဝင်တာတွေ လူရှိန်တာတွေ ။
အလိမ္မာအိမ်ပါလေးတွေ အလိမ်ခံရလို့ အိမ်ပါသွားတာတွေ ။
အိမ်ထမင်းအိမ်ဟင်းလွမ်းတယ်ဆိုတာတွေ ။
ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ပေါင်တော့ ကိုယ်လှန်မထောင်းချင်တော့ပါဖူးဆိုတာတွေ ။
နံရံတွေကွ ခေါင်းနဲ့ မတိုက်နဲ့ဆိုတာတွေ ။ တစ်ကောင်တည်း ဒါပေမယ့် ကျားဆိုတာတွေ ။
၂၀၀၀ ပြီးရင် ။ ( မှန်ပါပြီ )
၂၀၀၁ ပြီးရင် ။ ( မှန်ပါပြီ )
.
.
.
.
အခု ၂၀၁၀ ဆိုတာပြီးရင်ရော ။
မှန်ပြီလား ။ မှားဦးမှာလား ။ မှာဦးမလား ။ ကြာဦးမလား ။ ရပါ့ဦးမလား ။
မနက်ဖြန်ဆိုတာ ရောက်လာဦးမှာပဲဆိုတာ နဲ့ ဒီနေ့မှာလည်းဘာမှ အရည်မရ မဖတ်မရ
အရေအတွက်တွေများတယ် ။ သောက်ရေးမပါတာတွေများတယ်
တစ်နှစ်တစ်တန်းမှန်မှန်အောင်လာတဲ့ကောင်ဆိုတော့ စာမတတ်တာ မဆန်းပါဖူး အစ်ကိုရာ
ကျွန်တော် လည်း စာလုံးပေါင်းမှားမှာပေါ့ ။ မလိုပါဖူး ဒါတွေမလိုဖူး ။
လက်ညှိုးညွှန်ရာ မာဆက် နဲ့ ကေတီဗွိ ဖြစ်ပါစေဆိုတဲ့ ကျုပ်တို့ ရန်ကုန်မှာ ဒါတွေမလိုဖူး
အကန့်ပိုင် ဇယားနိုင်ရင် ခင်ဗျား ဘာဇာတ်ကချင်လဲ တီးပေးမယ့်ဆိုင်းတွေ ပေါမှပေါ ။
ခရောင်းလမ်းလဲ ရမယ် ။ ဖယောင်းလမ်းလဲရမယ် ။ လျှောက်လို့ရတယ် မှောက်လို့ရတယ်။
ခမဲလိုတဲ့ကလေး ခမဲပေးပေါ့ ။ မဲလိုတဲ့ ကလေး မဲပေးလိုက်ပေါ့ ။
မုန့်လိုတဲ့ကလေး မုန့်ပေးလိုက်ပေါ့ ။ ငိုတတ်တဲ့ကလေးလည်းမုန့်စားရတယ် ။
ခြောက်တတ်တဲ့ကလေးလဲ မုန့်စားရတယ် ။ ငိုစားမလား ရယ်စားမလား ။
ကျုပ်တို့ကတော့ မသေထမင်း မသေဟင်းလောက်ပဲစားရတာပါဗျာ ။
နေတတ်ရင် ကျေနပ်စရာပဲ အစ်ကိုရာ ။
ကျုပ်တို့ကလက်လုပ်လက်စား ။ ရှူးတိုးတိုး ။ သူကတော့ လက်လှုပ် လာဘ်စား ။
ပါးစပ်လှုပ်ရင် အထပ်လိုက်ရတယ် ။
စားနေကျ ကြောင်ဖားက အရိုးမဆူးဖူး ။
*[ကြောင်ကြာကြာရေမငုပ်ဘူး ဘယ်သူပြောလဲ
အောက်ဆီဂျင်ဘူးဆောင်ထားတဲ့ . . .
အဲဒီ ကြောင်ဖားတွေ တပုံကြီး]
ကြောင်ကြောက်ရင် ကြောင်စာကျွေးရတယ် ။
ကျွေးတတ်တဲ့ကောင်တွေ ကြောင်စားမခံရဘူး။
မခံနိုင်ရင်ဖေါက်ခွဲရတယ် ။ အရက်သောက်ပြီးဖေါက်ခွဲမလား ။
ကန်တော်ကြီးစောင်းမှာဖောက်ခွဲမလား ။ ( သောက်ရင်းစားရင်းပြောပါတယ် )
ခဏ ခဏ ဖေါက်တော့လဲ ပေါက်တာပဲရှိမယ် ။
ကြောက်တာလည်းရှိမယ် ။ ရောက်တာလဲရှိ မရောက်တာလဲရှိတယ် ။
ကျေးဇူးပြု၍ ဒါဖတ်ပြီး ဘယ်မှ မရောက်ပါစေနဲ့
မောင်မိုးချို
*သူရဿဝါ ၏ နာတာရှည်ကြသူများ မှ
ရန်ကုန်
ဆက်မပြောနဲ့တော့
ဒီတရားဆက်မနာကြားချင်တော့ဘူး
ခင်ဗျားကိုမုန်းတယ် ရန်ကုန်
တော်ပြီ ဆက်မပြောပါနဲ့တော့
ဆက်ပြီးမပြောချင်ပါနဲ့တော့
လူပီသဖို့ နဲ့လူလိုသိတတ်မှုကခင်ဗျားဆီမှာဘာကြောင့်ပျောက်ဆုံးသွားတာလဲ
အစကတော့ရိုးသားလွန်းတယ် ဆိုတဲ့ခင်ဗျား
အခုတော့ လေထုညစ်ညမ်းမှုထဲမှာ တ၀ဲလည်လည်
နောက်မီးလင်းသွားတဲ့ ခင်ဗျားရဲ့ယောင်္ကျားကတော့
နေရာသစ်မှာပြုံးလို့ပျော်လို့
ခင်ဗျားကိုကြည့်ရတာ မုဆိုးမ တစ်ယောက်ထက်တောင်
ဆိုးရွားလွန်းနေတယ်
စောက်ရေးမပါတာကို စောက်ရေးမပါသလိုပဲ နေပါ
နေ့ခင်းကြောင်တောင်ကြီး ခင်ဗျားဆီကထွက်နေတဲ့ အသံဗလံတွေက
အီရတ်စစ်ပွဲထက် ညံလွန်းတယ်
ခင်ဗျားဝတ်ထားတဲ့ အင်္ကျီကလည်း ဖာရာထေးရာအထပ်ထပ်နဲ့
ပိတ်စတွေ စပ်ပြီးချုပ်ထားတဲ့ စောင်တစ်ထည်လိုပါပဲလား
မာဆတ်ယဉ်ကျေးမှု အင်တာနက်ယဉ်ကျေးမှု
ဘီယာဆိုင်ယဉ်ကျေးမှု စင်တင်တေးဂီတယဉ်ကျေးမှု
ကွန်ဒုံးယဉ်ကျေးမှု ကြုံရာကျပန်းတွေပေါတဲ့ခင်ဗျားရင်ခွင်မှာ
မှောင်ခိုယဉ်ကျေးမှုတိုးတက်ထွန်းကားတယ်
မျက်ခုံးပေါ်စင်္ကြန်လျှောက် ငွေဖြူငွေမဲမကွဲပြားသော
ကတုံးပေါ်ထိပ်ကွက်တဲ့ လူ့ယဉ်ကျေးအယောင်ဆောင်တွေပေါများတယ်
အိုးနင်းခွက်နင်းအထုအထောင်းခံလူတန်းစားတွေပေါတယ်
စောက်ရေးမပါတဲ့ယဉ်ကျေးမှုက စောက်ရေးမပါသလိုထွန်းကား
ခင်ဗျားလည်းစောက်ရေးမပါတော့ဘူးရန်ကုန်
ခင်ဗျားနာလား အဲလိုပြောလို့ သိပ်နာသွားသလား
ဗိုလ်အောင်ဒင် ပြောသလို မိုးပေါ်ထောင်ပစ်ရုံပဲရှိသေးတာပါ
လက်ညိုးလေးတစ်ချက်မှ မကွေးမိသေးဘူး
တစ်ခါတစ်လေ အစာအိမ်ဟောင်းလောင်းပေါက်ဖြစ်လို့
ဒွေးတော်ကိုလွမ်းမိလိုက်တာများ ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင်နဲ့
မျက်နှာကြီးစူပုပ် သဏ္ဍန်လုပ်သရုပ်ဆောင်တဲ့နေရာမှာ ခင်ဗျားသိပ်တော်တယ်
ထွီ....လူလိမ်
ခင်ဗျားက လူလိမ် ကိုယ့်ကိုကိုယ် ရသလောက်ပြန်လိမ်တဲ့သူ
တစ်ချိန်က ခင်ဗျားဘာကောင်ကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့
ခင်ဗျားလည်းအခုချိန်မှာ အမေကျော်ဒွေးတော်မှမဟုတ်ဘူး
ကမ္ဘာပတ်ပြီးလွမ်းတဲ့ အပျက်မ ။
အမည်မဲ့
ရေငတ်တုန်း ရေတွင်းထဲ ကျသလို ရေမကူးတတ်တော့ ခက်သား
ဇီးသား မန်ကျည်းသား တချို့  ဆဲသလို (xxx)သား သားမွေးထားတော့
သမီးရတာပေါ့ ဒီလောက်ကတော့ ရတာပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့စား
စားစားသောက်သောက် သောက်သောက်စားစား လူ့မင်းသား
လူမင်းသား ဧရာဝတီလူမင်း ဘာလူမင်း ညာလူမင်း မင်းလူ ငါ့လူ
သူတစ်လူ ငါတစ်မင်း ဟိုဒင်း သည်ဒင်း ရဲဒင်းကို အရိုးချွတ်ပြီး ဆန်ပြုတ်
လုပ်သောက် ပုံပြင်တစ်ပုဒ်မှာ ဖတ်ဖူးတယ် ငယ်ငယ်တုန်းက ငယ်ငယ်လေး
ငယ်လေး ကိုကြီး ကို ကို ကို ကြီး သွားလိုက် သေးသွားလိုက် ၀မ်းသွားလိုက်
တူးသွားလိုက် ကျက်သွားလိုက် လိုက်လျောရတာနဲ့ လိုက်ရောရတာနဲ့
အကြိုက်ပြောဖို့ ဆိုဖို့ သွားဖို့ လာဖို့ ဟိုဖို့ ဒီဖို့ ပိုက်ဆံလည်း ကုန်တာများပြီ
ခုရေတွင်းတူး ခုရေကြည်ရာ မြက်နုရာ နွားအိုကြိုက် မင်းကြိုက် စိုးကြိုက်
အိုး .. နိုက်စ် ကောင်းတယ်ဘေဘီ ခပ်မြန်မြန်လေး ခပ်မြန်မြန်လေး
ကားကထွက်တော့မှာ ကားလိုက်ရင် ထွက်တော့မှာ ၀င်တော့မှာ
ဝင်လိုက်ထွက်လိုက် ဖြစ်တော့မှာ ပျက်တော့မှာ ပြတ်တော့မှာ ကိစ္စက
ဒီနားတင် ပြတ်တော့မှာ ပြန်ဆက်ဖို့ ကော်လိုမယ် ကော်လိုက်ဖို့ လိုမယ်
လိုလိုမယ်မယ် လိုလိုမည်မည် လိုရမည်ရ လိုရင် မည်ရ မလိုချင်ပါဘူး
မင်းရဲ့  တုံ့ပြန်မှု တစ်နေ့နေ့ တစ်ညည တစ်နေ့နဲ့ တစ်ည တစ်ထောင့်နဲ့
တစ်ည နှစ်ည သန်းခေါင်ထက် နက်တဲ့ ည ဒါမှမဟုတ်လည်း ညဥ့်
တစ် နှစ် တစ်တစ်နှစ်နှစ် ပျစ်ပျစ်နှစ်နှစ် ဆဲစမ်းကွာ ဆဲလိုက် စမ်းလိုက်
ဘယ်လိုမျိုးလေးလဲ ကောင်း မကောင်း ပြန်ပြောပြ သေချာမှတ်ထား
ဒီလက်ညှိုးကွေးဖို့ ဆယ်နှစ် အချိန်ယူရတယ် အချိန်ပြန်ပေးရတယ်
ရော့ ပတ္တမြား ရော့ နဂါး မီးမှုတ်တတ်ရင် နဂါးဖြစ်ပြီလား ဒါမှမဟုတ်
ရေတက်နေတက်မှာ မွေးဖို့ လိုမလား ဒီခေတ်ကြီးမှာ မီးရဖွားရ
ခက်ပါဘိသနဲ့ ဘိသိက်သွန်းတုန်းက ဒီစကား ဘာလို့ မကြားလိုက်မိလဲ
နားပင်းနေတာလား ပြောနေရင် မသိသလိုနဲ့ နင်ဘာကောင်လဲ
နင်ဘာကောင်းလဲ ပြောပြရရင် ဇာတ်လမ်းတွေက ရှုပ်ကုန်တော့မယ်
ကြာလာရင် ခက်မယ် ကြာတိုင်းကောင်းတာ တစ်နေရာပဲရှိမယ်
ကြာမျိုးငါးပါး ကြာညိုနံ့လေးကို သင်းလို့ ငါ ရင့်ရင့်သီးသီး မသုံးနှုန်းချင်ပါဘူး
သင်းကိုက အရိပ်သုံးပါး နားမလည်တာ နားလည်တာ အပထား
အပမှီရင် ဒီရေမန်းလေး ဖြန်းပေးပါ ကြက်သီးတောင်ထတယ်
ဖြန်းခနဲ ဖြန်းခနဲ ဆို လန့်လိုက်တာရှင် ဖြန်းလိုက်တာ ပက်လိုက်တာ
ရေရေတွေ ရွှဲကုန်ပြီ အရည်တွေ ရွှဲကုန်ပြီ ဟောတော့ ရပြီဆရာ
စဟောပါတော့ ဒါက ထီးရိုးလေ ဟုတ်တယ် ဟုတ်တယ်
အသက်ရှည်မယ် အနာကင်းမယ် ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်
ရပြီ ဒီလောက်ဆို ရပါပြီ စိတ်ကုန်တဲ့ထဲမှာ အဲ့ဒီ ဟိုကကြား
ဒီကမြင်တာတွေကို လျှောက်ပြောနေတဲ့ မုတ်ဆိတ်ဖွားဖွားတွေ ပါတယ်
ဒါနဲ့ စကားမစပ် ကျုပ်ပြောနေတာ ဘယ်ရောက်သွားပြီလဲ ။ ...... ။
ဆူးခက်မင်း
မေမေက သား........မိုးလင်းပြီထထဆိုလို့ ထလိုက်ရတယ်။
ကိုယ်လည်းလူးလည်းရုန်းထ.....
အင်....မိုးလင်းပြီသာ ဆိုတယ်....
ဘာမှလည်းမထူးခြားဘူး...
နေမင်းနဲ့ လမင်း ဂျူတီချင်းချိန်းသွားရုံတင်ပါလား...
ဟင်း...လာပါချစ်သူရယ်...
ဟို..နားထောင့်မှာ...ကိုယ်တို့
မလုံမခြုံ...မလောက်မင ကုပ်ကပ်သွားငိုင်နေကြတာပေါ့...။
ပတမဆိုတဲ့ဘ၀တွေက...
ငါတို့နဲ့ဟိုးအဝေးမှာ..ဝေးလွန်ကွာဝေး
ငါက...တေလေအိပ်မက်နဲ့ ငေးနေရတယ်။
ငါကျင်လည်နေတဲ့ ....
တိုးတက်မျှော်ရပ်ဝန်းမှာ
လူလူသူသူကျင်လည်ဖို့ဆိုတာ...
သက်ရှိဘုရားနှစ်ဆူရဲ့
နှစ်ဦးပေါင်း...ဦးဆွေးဆံမြည့်ကြေး....လေးနဲ့...
လောက်ငဖို့ဆိုတာ....ငါ..က မှော်ပညာမှမတတ်တာပဲကွယ်။
သင်ယူဖို့တော့ ငါ...၁၉ ရာစု စာကြည့်တိုက်ကို ပြန်လှန်ဖတ်နေပါရဲ့...
ဘာပဲဖြစ်ဖြစ် မှန်းရာရောက်မယ်ဆို ကျေနပ်တတ်အောင် သင်ကြားခဲ့တာပေါ့..။
ငါတို့အိမ်လေးက လှတယ်...
ဝန်းပစိုပြေ....နေကြာနဲ့နေလို တင့်လဲ့ရွှန်းဝေ...
ချစ်သူရေ...ငါတို့ဟာ...မြဒေါင်းတောင်ကိုလည်း
ဖြစ်နိုင်ရင်...တပ်ချင်ခဲ့တာမဟုတ်ပါဘူး....
ရင်မှာအတင်းလာစိုက်...ငါပြန်ပြီးမိုက်လိုက်ရမှာလား။
ငါက ....မေတ္တာတရားနဲ့.....ငြိမ်းမြချင်ခဲ့သူပါ...ချစ်သူရယ်...
မိုးပြိုခေတ်ကကြမ်းတယ်.....လေတွေကလည်းရမ်းရဲ့
လာလာ.....ချစ်သောပန်းငယ်....ငါတို့....တေးအသစ်တွေကို
အခုချက်ချင်းပဲချရေးဆိုပစ်ကြရင်ကောင်းမယ်ထင်တယ်....
ပြီး....မှ မျက်နှာချင်းဆိုင် ...ဂဲနဲ့ပစ်ကြတာပေါ့ကွယ်။
ခက်တယ်ခက်တယ်.....ကိုယ်တို့ကလည်း
ဒေါင်း.....ခန္စာမှာ.....ကျီးတောင်တွေနဲ့..
လှချင်ယောင်ဆောင်နေရဦးမှာပေါ့.....။
အဝေးမှာက....ကြယ်ရောင်တွေဖြိုးဖျပ်ထလို့..
အားကျငေးမော....အော်
သက်ပြင်းတွေရောနေတယ်။
မနက်ခင်းဆိုတော့......ချစ်သူကလှတယ်......တဲ့..၊
နေ့ခင်းနေပြင်းချိန်မှာ...တချို့ ညလေးတွေ
ပေတစ်ရာလမ်းမမှာ ဖွတ်ဖွတ်ညက်ညက်ကျေလို့...
ရပါတယ်...ရပါတယ်....
ငါ..ထာဝရ..မျက်ရည်စက်တွေနဲ့...
ကျီးယောင်ဆောင်ပေးနေပါ့မယ်....။
အားလုံးပေါင်းလို့မှ တစ်မဖြစ်နိုင်တာပဲ
တတ်သလောက်မှတ်သလောက်နဲ့....
မီးတောက်ဗျောက်ကို...
ငါ....တို့...တုတ်နဲ့မထိုးသင့်ဘူး။
လင်းတတ်သမျှဆိုတာ...
မလောက်ငတဲ့......ငါတို့ရဲ့၊
သံထမင်းပုဂံပေါက်လေးရဲ့...ညတွေကိုခေါ်တယ်.။
အင်း...
ခါးပြီဆိုမှတော့...သကြားလည်းမစားချင်တော့ဘူး...
ငါ.....လေ.....တစ်ခါတစ်ခါ
ပါးစပ်တစ်ခုလုံးနဲ့....လေဗျောက်ပြန်ဖောက်နိုင်ရုံကလွဲပြီး
တစ်ခြား ငါ....ဘာမှ သင်ယူမလာနိုင်ခဲ့ဘူး....
ညဆို...ကြယ်တွေကိုငေး...
မေမေ...နွေညတေးတွေကို မုန်းတယ်။
အားလုံးလင်းပြနိုင်ပါရဲ့နဲ့....ကြိတ်မှိတ်မှောင်နေရတဲ့....ည
ချစ်သူရေ.....ငါတို့.....က
ကျိမ်စာကို အဖန်ဖန်ကျခဲ့ကြတယ်လား။
နှုတ်ခမ်းတစ်လန်ပန်းတစ်လန်နဲ့.....အော်ကြီးဟစ်ကျယ်
ကိုယ်လည်းရယ်ပြတတ်တာပါပဲကွယ်.....
ဒါပေမဲ့.........
ပျင်းတယ်....
မိုးပေါ်မြောက်....ဂဲမြှောက်ဖို့ပျင်းတယ်။
လင်းယောင်လူနောက်လိုက်ဖို့ ပျင်းတယ်။
ချစ်သူကို ချစ်ပြဖို့ကလွဲရင်...
ငါ....အားလုံးပြင်းခဲ့တယ်။
တစ်ခါမကလည်း...ချစ်လွန်းလို့
ငါလေ...........................
ဒေါင်းဖန်ဝါကိုငေး....ဒူးထောက်ငိုကြွေး....
ချစ်သူရေ.....
အရှေ့...ရိုးတစ်လျှောက်မှာ....မိုးပြိုအိပ်မက်တို့နှင့်ဝေးပါစေကွယ်။
Demigod
လက်တော်တွေ........ရဲရင့်မြင့်မားစွာ ကမ်းလင့်ထားပါ။
ဒီမှာကြည့်စမ်း....
ပန်းတွေကို ခင်းခဲ့ကြ။ ကောင်းကင်က သတင်းတွေကို
ဝေမျှကူးလူး လွှင့်ခဲ့ကြ။ လှေကားတွေကို တက်ခဲ့ကြ။
လှေကားပျက်တွေ ပြင်ခဲ့ကြ။
ငါတို့ဟာ... နတ်တမာန်တွေထက် မြင့်မြတ်ကြတဲ့...
လူသားသွေးတော်တွေကွ။
မြင့်မြတ်ရှင်းသန့်သော ယဉ်ကျေးမှုနဲ့လေ....
ဧရာဝတီကနေ နိုင်းဆီ၊ ကျန်စီကနေ စူးအက်ဆီ။
သမုဒ္ဒရာတွေတောင် လှလို့ပေါ့။
ရော့....... သွေးတော်တို့...
ဒီဓားဟာ ဆူးခြုံထွင်းဖို့။
ဒီဒိုင်းဟာ မျောက်ပြန်မဖြစ်ဖို့။
ဒီဖိနပ်ဟာ ခရီးဆက်ဖို့။
ဒီရေစက်ဟာ စိတ်ကို ငြိမ်းဖို့။
ငါကတော့ ဟောဟို.... လင်းပွင့်ရာဆီ သွားရတော့မယ်။
ပိရမစ်ဆောက်တတ်ရုံ၊ တံတားဆင်တတ်ရုံ၊
မီးပုံဖိုတတ်ရုံနဲ့ မရဘူးကွဲ့။
လင်းပွင့်တတ်ရမယ်။
မည်း၊ ညို၊ ၀ါ၊ ဖြူ..... ငါတို့ ၀တ်ရုံမတူစေဦး...
ညီဖြူမျှတ... လင်းပွင့်ရာဆီ တစ်နေ့မှာ လှမ်းရမယ်။
အို... သွေးငယ်သစ်တို့..
လက်တော်တွေ မြင့်မြတ်ဖြူမွှေးစွာပွင့်ပါ။
ရော့.... ဟောဒီမှာ လင်းပွင့်မီးအိမ်....
မှောင်မိုက်သူကို လင်းပေးပါ။
လဲကျသူကို တွဲမပါ။
နိုင်လိုမင်းထက် စိတ်တွင်းပျက်သူကို ပြင်ဆင်ပါ။
လှသော လောကဆီ လမ်းပြပေးပါ။
လက်တော်တွေ ကိုယ်ပိုင်မလင်းပွင့်နိုင်မီ...
ဒီမီးအိမ်နဲ့ လင်းပြပေးပါ။
တစ်နေ့ လင်းပွင့်တဲ့အခါ... ထပ်ဆင့် လက်ကမ်းပေးပေါ့။
အို..... လူသားသွေးတော်တို့..
သင့်တို့ “လက်တော်”ဟာ လင်းပွင့်နိုင်တယ်။
သင်တို့ “လက်တော်”ဟာ တည်ဆောက်နိုင်တယ်။
လင်းပွင့်သောလူ၊ လင်းပွင့်သောလက်များ....
လင်းပွင့်သော တရား....
“လင်းပွင့်လက်များ”နဲ့ လောကသစ်ကို ဆောက်ကြစို့။
ဓားပစ်လှံချ... ဆောက်ကြပါစို့...သွေးတော်တို့....
ဘုန်းသန့်ခန့်
P124521JUN09
--
http://www.phonethantkhant.co.cc
ငိုလိုက်ပါ....ငါ့ အတွက်တော့ဘာမှမချန်ရစ်နဲ့
မျက်ရည်တွေကို ၀မ်းနည်းပက်လက်ရွံတယ်။
အရာရာကို ရုတ်သိမ်းလိုက်တယ်....
အ၀တ်ကြိုးတန်းပေါ်က လှန်းပြီးအ၀တ်ပြန်ရုတ်သလို....
ဘ၀ကို အဲလို ရုတ်လို့ ရလား။
ခြေထောက်တစ်ခြား....အိပ်မက် တစ်ခြား....
ငါက ကောသွားမှာလား။ မင်းကကော လိုက်မှာလား။
ကျောင်းသားဘ၀နဲ့ စာတွေကို ဗရွတ်ရွှတ်တရွတ်ပြီးခဲ့ပြီပဲ....
လုံလောက်ပါတော့ကွယ်။
ကျမ်းတွေ ဖတ်ပြမှ....လူတွေရိုသေကြသတဲ့လား...ခါးတယ်။
ငါမ၀ါးဘူး.....
ငါမကြိုက်တဲ့ အစားအစာတွေကလည်း သိပ်များနေလို့ လား....
လောကမှာရှားတယ်။
နောက်ဆုံးဆိုတဲ့ စာလုံးအတွက်....
ရှေးပညာကျော်တွေ ဘယ်လိုပေါင်းခဲ့သလဲ။
ငါကတော့...တိတ်တိတ်လေးနဲ့ တိုးတိုးလေး...
ချစ်သူလက်လေးခဏကိုင်ပြီး....
နေချင်သေးရဲ့ .....
ဘ၀ဟာ ဘာညာ...အိုကြာပါတယ်ကွာ....
ကြီးကြီးမားမား....ရှေးရိုးဆန်ဆန်...ပဲ...
ငါတို့ နေကြမှာလား။ ငါတို့ ပြန်ကြမှာလား။
မိုးစက်တွေကြားမှာ.....မိုးစက်တွေကြားမှာ.....
လူသားပေမယ့်...မိတ္တူလူသားဘ၀ကို
ငါ့တို့ မရချင်မိတာ....အပြစ်သားဖြစ်ပြီ...ထင်ရဲ့ ....ချစ်သူရေ...
ဘုန်းသန့် ခန့်
လက်ခုံနဲ့သုတ်မိတယ်...........
လေကအေးလို့လား၊ ဆောင်းမှာမို့ အေးအေးစိမ့်ခြောက်သွေ့နေပုံများ
မျက်လုံးစုံဖွင့်ရင်း အရှေ့ကို မမြင်၊ မမြင်သလို အနာဂတ်ဆီ မမြင်သလို
အရာရာကို တိတ်တိတ်လေးငေးရင်း၊ လူတွေကြားမှာ စကားနေဟန်ကွဲပြားခြင်းပိုက်ထွေး
စကားနေဟန်တူညီရင်းမှာ လူတွေကွဲပြားရင်း ပိုက်မှာထွေး
နောက်ဆုံးမှာ ကလေးငယ်လေး မျက်ရည်ကို လက်ခုံနဲ့သုတ်ရင်း
စီးရီးအောက်နေတဲ့ လူနံပါတ်ဟောင်းကြီးတွေကို ငေးဖူးချိန်
လေက အေးလို့လားမသိ.......... နေပူကြီးမှာ
ဒီ ကျွန်းနိုင်ငံလေး အနွေးထည်ဝတ်ထားရပြီ.........
လက်တစ်ဖက်နဲ့ထူလို့လည်း မထ၊
လက်နှစ်ဖက်နဲ့ ထူလို့လည်း မထ၊
ဒါနဲ့ပဲ ချောလဲရောထိုင်......
ပင်လယ်မှာ ရွက်တိုင်လွှင့်ကတည်းက
ထားလိုက်ပါတော့လေလို့ လက်ခုံလေးကို နှစ်သိမ့်တယ်။
ကလေးငယ်လေး နောက်ဆုံးမှာ...........
ထပ်ထပ်ကာကာ မြှင့်တင်ဖို့လိုနေဆဲ ပုံရိပ်တွေကို
နောက်မှ၊ နောက်မှလို့ ငြင်း........
မနက်ဖြန်ကို ပြတင်းပေါက်လေးက မျှော်
မြို့လေးငယ်ငယ်၊ လယ်ကွင်းရိုးပြတ်၊ ကွန်တိန်နာတွေ အထပ်ထပ်နဲ့
ပြတင်းပေါက်ကို မနက်ဖြန်က ပြန်ငေး.......
ဝဠ်ကြွေးလို့ခေါ်တယ်။
လက်ခုံလေးကို သုတ်ရင်း
မျက်ဝန်း၊ အနီတစ်ဝက်၊ ရေတစ်ဝက်၊
ပြီးတော့
အိပ်စက်ခြင်းကို ဆေးလိုသောက်တဲ့ရက်၊
ပြက္ခဒိန်မှာ ခြစ်ခြစ်ပစ်ပြီးသား မင်နီစက်.....
သူ့ကျောင်းစာအုပ်လေးကို အမှတ်တရ၊ နောက်.. သတိရ
သူ့ခုံတန်းလေးဆီသူပြန်လာလိုက်တယ်။
အထီးတည်းတိတ်တိတ်သွေတည်
သူ့တစ်ယောက်တည်း ညီခဲ့ရပြန်ပေါ့...........
လက်ခုံလေးပေါ်မှာ
ရေစင်တစ်စက် ဖျပ်ဆိုတိတ်တိတ်သာသာခုန်သွား
ရေစက်လေးတုန်နေလိုက်တာများ ချမ်းနေလို့လား။
”တောက်”
ဟော........ ကမ္ဘာမြေဆီ ပြန်ပေါင်းစည်းသွား၊
အသက်နဲ့ဥာဏ်ရည်မမျှသူတွေကို
ဘယ်လိုခေါ်ရမလဲ..........
ပြီးတော့....
ဘယ်လို.........
ငါ့မှာ လက်ခုံလေးရှိတယ်။
မင်းမှာ လက်ခုံလေးရှိတယ်။
သူ့မှာ လက်ခုံလေးရှိတယ်။
ငါတို့ ဆင်တူမျှညီ........။
ကလေးငယ်လေးတွေ မနက်ဖြန်မှာ...
ကျွန်တော် လက်ခုံလေးပေါ်.......
ချွေးစက်တွေပဲ ဖြူဖြူစင်စင် စိုစေချင်လိုက်တာ.....
ဆောင်းလေက အေးတယ်.....
ဟိုး............ ငါ့ အနောက်မြောက်က
အရပ်လေး မနက်ဖြန်မှာ
ဖြူစင်ပါစေကွယ်.......
ဘုန်းသန့်ခန့်
သန့်ရှင်းသော တလင်းပြင်တစ်နေရာ………
ပေရွက်၊ ဘာမှ မရေးထားတဲ့ ပါဠိမဲ့ ပေရွက်တွေ ဝေနေအောင်ဆင်
သစ်တစ်ပင်ပေါ်မှာ
“ဘယ်လိုများလဲလို့တော့ ခဏခဏတွေးမိဖူးတာပါပဲလေ
လူပြောသူပြောများလိုက်ကြတိုင်း ငါတို့သမိုင်းရိုင်းရမလား၊
လှေစီးတိုင်း လှေနံမှာ ဓားမထစ်တတ်ပါဘူးကွယ်….
မျက်ဝန်းတွေကျယ်ပြောတဲ့ ဒေသဆီ ငါသွားချင်လှရဲ့”
တအား…အာ အာရင်း… ကျီးတစ်ကောင်နဲ့ ၀တ်ရုံနက်….
ပြီးတော့ ကိုယ့်ကိုယ်ကို ပြင်ဖို့သိပ်ခက်တဲ့ လူတစ်လက်…
မြေပြင်မှာ ချိတ်သူချိတ်၊ ကောင်းကင်မှာ ခြေခင်းလက်ဆန့် သာလို့သာ၊
ဒီလိုပဲ… ပေပင်ရိပ်မှာ တိတ်တိတ်လေးရပ်နေ…………..
ဆက်ရေးဖို့တွေဝေနေတယ် ၊
မိုးတွေရွာသွားကြောင်း၊ နေတွေပူသွားကြောင်း၊ ဆောင်းလေအေးသွားကြောင်း
သွားကြောင်းတွေကြောင့်ပဲ သောကြောင့်တွေဖြစ်…
ရင်မှာ တစ်ဆို့တနင့်နင့်ပေါ့၊ အခန်းတံခါးကို ပိတ်..။တိတ်တိတ်လေး ပြန်အိပ်ချင်တယ်…
ဘာပဲဖြစ်ဖြစ်ပေါ့လေ… အဲဒီ ပေပင်လေးကို မော့ကြည့်နေတဲ့သူ၊ ပေပင်ကိုင်းပေါ် မှီနားနေတဲ့သူ၊
နောက်ခံတေးသွားကို tong hua နဲ့ဆိုရင် လွမ်းဖို့ကောင်းမလား၊ အာဇာနည်ကိုပဲ ဆိုခိုင်းရမလား…
ဒီမီးချောင်းကတော့ အားစားနည်းပါတယ်လေ…၊
ကဲပါ… လေက ဖြူးဖြူးလေးတငြိမ့်ငြိမ့်တိုက်နေတယ်….
ဗီဇသတ္တိအရတော့ ကျီးကန်တွေမှာလည်း အနစ်နာခံကူညီစိတ်ရှိတယ်တဲ့…နောက်၊
နောက်ပြီးမှ ဆက်ဖတ်ဖို့ ထားတာတွေလည်း များနေပြီ….၊
အခုတော့ ကျီးကန်းလေး အာနေသည်။
ပေရိပ်ကို ခိုရင်း လူငယ်လေး တစ်စုံတစ်ရာကို စောင့်နေတယ်။
နေကသာ၊ ကျီးကအာ၊ ပြီးတော့ ပေပင်က ကြွေကျလာတဲ့ ပေသီးတွေများစွာ၊
သူ့ရှေ့ပျံကျဲနေလိုက်တာ…………. ရေးလက်စ စာရွက်ပိုင်းတွေ၊
လက်ကိုဆုပ်ချီဖြန့်ချီလုပ်နေမိတာက စိတ်မတည်ငြိမ်နေတာကို ပြတာဆိုရင်
သူ့မျက်လုံးတွေက အဝေးကိုငေးနေရမယ်… တစ်စုံတစ်ရာကို၊
တစ်ရာဖိုးဝယ်ရင် ရေခဲရေနှစ်ခွက်ရတဲ့ခေတ်မှာ
သူက ဘယ်လောက်ဖိုးဝယ်ချင်တာလဲ၊ ဘယ်လောက်ကြာကြာ……
ရွှေကျီးသံကြားလို့ သူ့ဆီဧည့်သည်လာလိမ့်မယ်…
ဘယ်လောက်ကြာကြာ….
သံသရာခရီးမှာ….. ဆေးလည်းပေးမယ်၊ မီးရောင်လည်း ပြပါ့မယ်…ချစ်သူ၊
ဘယ်လောက်ကြာကြာ…
ပေတစ်ပင်လို…ကျီးတစ်ကောင်လို…လူတစ်ယောက်စောင့်နေလိုက်တာ၊
ပေရိပ်မှာ လူငယ်တစ်ယောက် ကျီးအာသံ သာသာနားဆင်ပြီး…
ဘယ်လောက်ကြာကြာ ရပ်စောင့်နေမိတာ…
လေပြေသံတိုးတိုးရယ်၊ ရွက်ကြွေတွေ တွတ်ထိုးသံရယ်၊
နားမခံသာအောင်ပြန်ကြား.. နည်းနည်းတော့ခြောက်ခြားသင့်တဲ့အချိန်ပေါ့…
မကြာတဲ့ခဏမှာ ခပ်ကြာကြာမြဲလာတဲ့ လက်လေးတစ်ဖက်ကို ထာဝရဆွဲခွင့်လေး…
ဘယ်လောက်ကြာကြာ… စက္ကန့်တွေက ကမ္ဘာဘာ…..
ပျံ့ကျဲကြွေပေးပြီးသား….. ပေတစ်ပင်ရဲ့ တစ်သက်စာ ပေသီးလေးတွေ
ကားဘီးရာမှာ ကွဲကျနစ်ကြေလို့ကြေ
ကျီးညိုလေးလည်း လန့်ကာပျံဝဲ… ကောင်းကင်လွတ်ရာမြေဆီ
တစ်စက္ကန့်လေးပါပဲ…. ဖိတ်စာတစ်စောင်
ကောင်လေးနာမည်ကလွဲရင် အိပ်မက်တွေအားလုံးပါသွား
တစ်ခါက၊၊ ကောင်မလေး၊၊ ပေးသွားတယ်၊၊
ပေတစ်ပင်ရယ်၊ ကျီးတစ်ကောင်ရယ်၊ လူတစ်ယောက်ရယ်
ဘုန်းသန့်ခန့်
FI:ED211503SEP10
ပိုး မျှင် ရေ
ပြော ကောင်း ဆို ကောင်း ပြော ချင်တယ်
ဝတ် မှုန် က လေ ပြည် ကို ပြော သ လို
သစ် တော က မိုး ဥ တု ကို ပြော သ လို
ငါ့ က နင့် ကို ပြော ချင် တယ် ။
အ ခု ဆို ရင်
ငါ့ ရေ သောက် မြစ် တွေ က
ဆုတ် ဖြဲ ခံ နေ ရ တာ နဲ့ တင်
ဥာဏ် ရည် ဥာဏ် သွေး တွေ နိမ့် ကျ ကုန် ပါ ပြီ ။
တိမ် တွေ မ ဖြူ တော့ ဘူး ဆို တဲ့
တစ် နေ့ က
နင် မ ဟုတ် ဘူး လား...ပိုး မျှင်
ငါ့ အ သိ ဥာဏ် တွေ ထဲ
ပြေး လွှား က ခုန် နေ ခဲ့ တာ
ကြည် နှုး မှု တေး သွား တွေ က
မှတ် သား ဖွယ် ရာ မိုး ရေ ချိန် တွေ လို
တစ် ချက် တစ် ချက် အုံ ဆိုင်း လာ တယ်
နင် ဆို တာ ငါ မ သိ သေး တဲ့
ငါ့ ရင် ဘတ် ထဲ က နို ၀င် ဘာ
ရေ စက် မ ပါ တဲ့ မိုး တွေ
ဒီ နေ ရာ မှာ မ ရွာ နဲ့
နွေ စက် လက် စို လည်းငါ သွေ့ ခြောက် ဖို့ ရဲ တယ် ။
ပိုး မျှင် ရေ
ခေါ် ဆို ရ မ ခက် ခဲ လောက် ပါ ဘူး
မ မြင် ကွယ် ရာ မှာ
တစ် ရာ သီ စာ ပုန်း နေ တော့ မှာ လား
နင် ကိုယ် တိုင် ဖန် ဆင်း အပ် သော
ရ နံ့ အ ပြည့် နဲ့ နှင်း ဆီ တစ် ပွင့်
ငါ့ ရင် ဘတ် မှာ လာ စိုက် ပေး ပါ
ငါ့ ကို လာ ပြီး တော့ ရစ် ပတ် လှည့် ပါ ။
ပိုး ချည် မျှင် နဲ့ ယက် လုပ် ထား တဲ့
နှုတ် ခမ်း ပါး လေး ရေ
စိတ် ရှိ လက် ရှိ သာ ပြော ခွင့် ရ မယ် ဆို ရင်
" ချစ် တယ် " ဆို တဲ့စ ကား တစ် ခွန်း ထက် ငါ ပို မ ပြော ဘူး
ငါ့ ဂူ တံ ခါး က မင်း မန္တာန် နဲ့ ဖွင့် မှ ရ မှာ မို့ ပါ ။
ပြီး ပြီ လား.....ပြီး ပြီ တဲ့ လား
ဒါ ဆို.....နင့် ဓါး ကို သိမ်း တော့
တံ ခါး တွေ ဖွင့် မီး တိုင် တွေ ထွန်း
ဗုံ သံ တွေ ကို ခုန် ပေါက် စေ လိုက်
အဲ ဒီ တေး သွား နဲ
ငါ.....စီး ချင်း ထိုး မ လို့
ဟင်း လင်း ပွင့် ကြင် နာ ခြင်း တွေ နဲ့
ပ ညတ် တော် တွေ မ ပါ ပဲ
သေ ချာ တဲ့ အ က္ခ ရာ တစ် ခု ကို
ို
သိပ် သည်း ဆ လေး နက် သွား စေ ဖို့
ပိုး မျှင် ရေ..........ငါ တို့ နှစ် ယောက်တစ် ယောက်
ရင် ကို တစ် ယောက် တူး ဆွ ကြ မယ် ။
အ ရောင် မဲ့ ဒြပ် မဲ့ ဖြစ် သော ပိုး ချည် မျှင် မ လေး
ရေပိုး တုံး လုံး လေး တွေ
လိပ် ပြာ ဖြစ် လာ မယ့် နေ့ ကို
ငါ..................မျှော်.........နေ..........တယ်
အ မှန် တ ကယ် လူ လုံး လှ စေ ဖို့ အ တွက် ။
အမည်မဲ့
စက္ကူ ဈာပန
ရေငုံထားတုန်းပေါ့စင်ပေါ်က ပြတင်းတံခါးမှာ
လေလွှင့်သူရဲ့ခြေရာကိုခိုတွဲဆီမီးခင်းတဲ့ပွဲတော်
နမူနာမုဆိုးအိုနဲ့ ဆေးလိပ်တိုဆီနီကာ
မဟာလင်္ကာညှိစွန်းခဲ့တဲ့ သူရူးသစ္စာ
အလည်ခုရောက်လမ်းပြောက်သွားတဲ့ဧည်သည်မဲမဲများ
ပြင်နိုင်ရင်ပျက်ဖို့မခဲ နှင်းဆီမှောက်တဲ့တစ်ဖဲ
ဘာကိုမပြီး တရတဲ့ ရားယံခြင်းမှာ တစ်ခွန်းထဲငြိမ်းမရ
မနက်ဖြန်များစွာ ကျောက်ခဲဖြစ်သွားပြီ
လည်မျိုထိချိုလွန်းတဲ့အသံ
ထက်သန်နိုးကြားအဆိပ်များ
မီးဒဏ်ပွင့်ခိုပန်းမှာ နာမ၀ိသေသနစိတ်ကူးများမြေသြဇာဖြစ်ရ
မျက်မမြင်တစ်ယောက်ရဲ့အလင်းရနံ့လှုံ့ခိုပျံသန်း
အိမ်ပြန်လမ်းရဲ့နိမိတ်ပုံမှတ်တမ်း
သေဆုံးခြင်းဈာပန
အဆင့်အတန်းရှိမှုကိုခရေလမ်းခွဲ ထွင်းဖောက်ပျံသန်းခဲ့ရ
ရေသက်စေ့လှူရင်းသေသွားတဲ့သစ်ပင် လူမမြင်ရပီတိများမှာ
၎င်းအရာ၏အညွှန်းအရပ်မှာ ဘာတွေရဲ့အကြောင်းအရာပြီးဆုံးခြင်း ... ။
nelay
.
အပ်ရာရှိ အပ်ချလောင်း ငါထောင်း
ကကြီးနဲ့ ပတ်သက်ရင်
ကြိမ်လုံးတောင် မရှိဘူး ။
ယမထာနဲ့ တူတာဆိုလို့ ယမကာပဲ ရှိမယ် ။
ကိုယ်တွေမှာ အယူမရှိဘူး
သောက်သော် မူး၏ ။
မူးသော် ပြဲ၏ ။
ပြဲနေတယ်
ဟိုကောင်မလေး အကျီ င်္ ပြဲနေတယ်
အနီရောင်လေး ၊ အ၀ါရောင်လေး
ရောင်စုံပျိုမေတွေရယ် လှလို့ငေး
ဟိုချာတိတ်လိုက်ကြည့်နေတယ်
တစ်ဖက်ကိုလှည့် ၊ တခြားတစ်ဖက်ကို မြင်ရလိမ့်မယ် ။
မြင်တတ်ရင် မင်းအတွက်ချည်းပဲ ငါ့ကောင် ။
မှန်ပါ့
ကြေးမုံဟူ၍ နောက်တစ်မည် ခေါ်တွင်လတ္တံ့  ။
သတင်းထူးတွေ သတင်းထူးတွေ
လူနှစ်ယောက် ပေါင်းလိမ်တော့မယ့်သတင်းထူးတွေ
ဘယ်သူတွေလဲ ။
ခင်ဗျားနဲ့ ကျွန်တော်လေ ။
လာ ၊ လုပ်ငန်း စရအောင် ။
အချဉ်တစ်ကောင်တော့မိပြီဟေ့
အဲ့ဘက်က တစ်လုံး ၂၀ ပါ ။
သံပုရာသီးတွေ ၊ သံပုရာသီးတွေ ။
တိုက်ကြီးသံပုရာတွေ
မှော်ဘီ တိုက်ကြီး ၊ မှော်ဘီ တိုက်ကြီး ၊ နှစ်ယောက်လို ။
တစ်ခါတည်းထွက်မှာ
နောက်ဆုံးကားနော်
လိုက်လာလိုက်လာ
နေအိမ်မှ နေ့လည် ၁ နာရီ နောက်ဆုံးထွက်မည် ဖြစ်ပါသည် ။
ပုံ - ကျန်ရစ်သူ မိစုသား
မိစုသားနဲ့ ကိုသောင်းတင်သမီးနဲ့ က
ဘာဆိုလားတဲ့အေ့
လင်နဲ့ မယားဆိုတော့ လျှာနဲ့သွားပေါ့ အေ
ခြေထောက်မရှိတော့လည်း ခက်သားလား
လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ စလုံး လက်ခတ်သံ
အဲ့ကောင်မကို ချေးပြီးရင် ပြန်တောင်းရတာ လက်ခက်ပါတယ်အေ
ယနေ့ အကြွေး မရောင်းပါ
မနက်ဖြန်ကျလျင် ဤစာသားကို တစ်ခေါက်လာထပ်ဖတ်ပါ ။
အကြွေးယူရမဲ့သူက ဘာကိုသည်းခံရမှာလဲ
သည်းခံခြင်းသည် အောင်မြင်ရာ၏ ချစ်သား တို့ (ဘုရားဟော)
တွံ။ ။ သင်သည်။ ဂဏှာဟိ။ ။ မှတ်လော့ ။
-သုဏော်စိုင်း ၊ ဆူးခက်မင်း-
နိဒါန်း (သို့) နိဂုံး
အမေ.....သန္ဓေတည်
လူ့ ရဲ့ ဘ ၀ အ စ
နောက်ဆုံး...............သင်္ချိုင်း
.................................................................
The First ( or ) The End
Mother.........Fertilization
The Begining Of Human Life
The End..........The Cementry
အမည်မဲ့
ဒီရေဒီယိုက အသံဟောင်းတွေပဲလား
စက္ခုအတုနဲ့ နှလုံးသား
လက်ဖျံရိုးထဲ သံယောဇဉ်အသစ် တိုးဝင်လာနေတယ်
မရင်းနှီးနိုင်တဲ့ သတိရခြင်းမဲ့ အတိတ်
နှမြောစရာ ဇာတ်ပြ နှုတ်ခမ်းက နှုးနေပြီ
အတိတ်က အတိတ် ပြန်ပြောပြတဲ့ ရေညို့ဇာတ်တွေက နောက်ထပ်ပြန် က
သတိရတယ် သာရီ
ဓာတ်ကူးတယ် ညအအရှုပ်မှာ ပုံသေ က ကွက်နဲ့
အခုအလွမ်းသစ်သီးတွေ စိုက်ပျိုး
အို .. လှလိုက်တဲ့ ဧကရီ
အနမ်း ၃၈၅
ပြန်လာပါ ပြန်လာပါ ပြန်လာပါ
ဘယ်ခရီးမှာ ခြေဖနောင့်တွေ ပေါက်နေလဲ
အိုမင်းလာတဲ့ နှုတ်ခမ်းတွေ ပြီးသွားတာတွေပဲ ထပ်လို့ မြူးလို့
ခေါ်တဲ့ နားထဲ နားတွေ ပြန်ထပ်
ကျူးခဲ့ ရူးခဲ့ အရိပ်တွေ ဆွေးသွား
ညဟာ ကဝေရဲ့ မညို့တချက်မှာ သတိပြန်လည်တာ
ဒါ ဒါ ဒါ ဒါ သာရီ ဒါ ဒါ ဒါ ဒါ
ပန်းရနံ့တွေ ထူးထူးခိုက်ခိုက်
နှစ်တစ်သောင်းလဲ လွမ်းတယ်
နှစ် နှစ်သောင်းလဲ လွမ်းတယ်
အခုတော့ အိုပြီ
ရုပ်ပြောင်းမရေ ... လွမ်းတဲ့ အခါ ငါ ခဏခဏ သေဖြစ်တယ်
အခုတော့ မသိမ်းရသေးတဲ့ ဆံစတွေ
အခုတော့ မသိမ်းရသေးတဲ့ အိပ်မက်တွေ လူရာဝင်သည် လူရာမ၀င်သည်
ငါမသိတော့
ရှစ်ခေါက်ချိုး နှစ်ချိုး အခါးများတော့ အခါး
ကိုယ့် ဒုက္ခ နဲ့ ကိုယ်သံယောဇဉ်နဲ့
နတ်ဆိုးမီးထဲ လောင်လို့ ကျွမ်းလို့
ဒုက္ခပါပဲ သာရီ
ကိုယ်ထင် ကုတင် ရွှေနန်းတဲ့
ရာဇ၀င်အသစ်ပဲထင်ထင် ရာဇ၀င်ဟောင်းပဲထင်ထင်
ခြေရာကွက်သေးသေးလေးထဲ ရောင့်ရဲတဲ့ စိတ်နဲ့
မကြာခဏ မြေမြိုခံနေခဲ့တယ် ။
စိတ်ကူးရဲ့ လက်တည့်စမ်းရာဟာ ဘ၀ ပဲ
ဘယ်တော့မှ မဆုံးတဲ့ ရနံ့ဟာ မင်းတယောက်ဖြစ်ခဲ့
ဘယ်တော့မှ ဖတ်လို့မပြီးတဲ့ သေတမ်းစာဟာ မင်းဖြစ်ခဲ့
ရူးရဲ မိုက်ရဲ တဲ့ ငါ
မင်းဟာ ငါ့အတွက် မဆုံးတဲ့ ပုံပြင်
အရိုးသာသာ ည ပဲ ရှိတယ်
င့ါမှာ မချင့်မရဲ စိတ် နဲ့ အိပ်မက် မဆန့်မပြဲတွေကို မက်လို့
လသာသာ ခရီးတွေဘာတွေ ထွက်လို့
ငိုတယ် ... ။
-ရုပ်သေး-
ငါ့ ကုန်ကျစရိတ်နဲ့ ငါ
ပျော်မွေ့ တယ်
ငါက ဘယ်ဘက်မှာပါ
ခု ငါ ညာဘက် ရောက်နေပြန်ပြီ
ငါ့ နေရာအစစ်အမှန်က ဘယ်မှာလဲ
ငါထိုင်နေတာ ကုလားထိုင်ရော ဟုတ်ရဲ့ လား
ငါ့ နန်းတော်ထဲက ပလ္လင်ရော ဘယ်မှာလဲ
ငါက ပုလ္လိင်ရော ဟုတ်ရဲ့ လား
ငါက နပုလ္လိင်များလား
ငါ မြင်နေရတာ ဟန်နီကယ်လ်ဘူးရော ဟုတ်ရဲ့ လား
ငါမြင်နေရတာ ရေထဲမျောနေတဲ့ သဘောင်္သီးများလား
ခု ဘယ်နှစ်နာရီ ထိုးပြီလဲ
ငါ့လက်မှာ နာရီ မရှိဘူး
ရေထဲမျောနေတဲ့ သဘောင်္သီးမှာရော နာရီရှိနိုင်မလား
ငါ ခု ဘာလုပ်နေတာလဲ
ငါ ဘာလုပ်ဖို့ ခုနေတာလဲ ငါက ညာဘက်မှာပါ
ခု ငါ ဘယ်ဘက်ရောက်နေပြန်ပြီ
မသိလို့ မေးပါဦးမယ်
ငါက ဘယ်သူလဲငါ့မှာ နာမည်ရောရှိရဲ့ လား
ဘာ ... ငါ့မှာ နာမည်မရှိဘူး ဟုတ်လား
ဒါဆို ငါက အမည်မဲ့ သတ္တ၀ါပေါ့
ဒါဆို မင်းကရော ငါလား
ငါကရော မင်း မဖြစ်နိုင်ဘူးလား
ဟန်နီကယ်လ် ဘယ်ရောက်သွားလဲ
ပြည်သူ့ကုန်တိုက်က ဘီအီးဒီစီတွေကြားမှာလား
ဒါမှမဟုတ် ငါ့ထိုင်ခုံပေါ်မှာလား
ငါက ထိုင်ခုံပေါ်မှာလား
ခုနက ငါ ထိုင်ခုံပေါ်မှာပါ
ခု ဘာလို့ ထိုင်ခုံအောက် ရောက်သွားရတာလဲ
ငါ့မျက်စိတွေက ရေချိန်လွန်သွားတာလား
ငါကပဲ အိုဗာဒရန့်ခ် ဖြစ်နေတာလား
ငါ သိတာ တစ်ခုပဲ ရှိတယ်
ငါက အမည်မဲ့ သတ္တ၀ါ ။ .............. ။
ဆူးခက်မင်း
လက်ဗွေရာချင်း မှားသွားလောက်အောင် ကျွန်တော်တို့ လက်တွေ ခိုင်မြဲနေခဲ့
ကောင်မလေးရေ
ငါ့ ပန်းအက္ခရာတွေကို ပြန်ဖတ် . . . .နှုတ်ခမ်းဖူးဖူးလေးရေ
အဲလိုပါပဲ . . . . မနက်မနက်နိုးထဖို့  နှိုးစက်လေးကို လွမ်းလိုက်တာ . . .
ဘယ်တော့မှ မရိုးနိုင်တဲ့ အလွမ်းကျောက်ရိုင်းကလေးကို
နာရီလက်တံက အကြိမ်ကြိမ်ထုခွဲ
ဇရာလွန်ကပွဲကလေး မီးသေသွားရတယ်
စစ်ပွဲတွေကြား ၊ အကြောက်တရားတွေကြားမှာ အကြမ်းဖက်တရားတွေ နားထောင်ရင်း
ဘေးလူတွေကို ကြည့်ရင် တစ်ယောက်မှပုံမလာဘူး
မာနတွေ ထိုးထိုးထောင်ထောင်နဲ့ 
ငါ တော်/ကောင်းတွေနဲ့ လည်းတွေ့ ခဲ့ရတယ်
နောက်ဖေးပေါက်ကတတ်လာတဲ့
မုသားစကားတွေ ဈေးကောင်းရတယ်
ဝမ်းနည်းစရာပဲ
ဒါ တိုက်ဆိုင်မှုသက်သက်လား
ကန်းကုန်ပြီထင်တာပဲ . . . ဦးနှောက်ကအစပေါ့
မနက်ဖြန်ကစပြီး အရည်မရအဖတ်မရစကားတွေနဲ့ 
ဆိုင်းဘုတ်တွေ ။ အားလုံးဟာ စောက်ရေးမပါတဲ့ လိမ်ညာမှုတွေပဲ ဂျင်မီ။
ငါတို့  ကမ္ဘာကြီးဟာ ရီဆိုဒ်ကယ်လ်လုပ်ထားတဲ့ နှလုံးသားတွေနဲ့ လည်ပတ်လို့ 
အတောင်ညှပ်ခံထားရတဲ့ ငှက်တွေလို
ဆာလောင်မွတ်သိပ်စွာနဲ့ ရှာဖွေကြ
လျှာပေါ်ကထွန်ရေး တဖြည်းဖြည်း နက်ခဲ့ပြီ
အပွင့်ပျောက်တာ
ဒီရာစုမှာ မဆန်းပေမဲ့
ရိုးတံခြောက်ခြောက်နဲ့ ဆိုတော့
သူမဟာ မင်းမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ အိပ်ခဲ့တယ်
လူသတ်မှုလို့ ပြောလို့ ရတဲ့ လူမသိသူမသိဖျက်ချမှုတွေ
တားမရဘူး
ရစ်နွယ်ရင်ဘတ်မှာ အသပြာချူစက်ရှိလိမ့်မယ်
ဤသို့  ဤသို့ ဖြင့် . . . သတည်း
လေအေးပေးစက်တွေနဲ့ ညနေခင်းကတော့
မာယာပြာပြာတွေနဲ့  လှလို့ ပလို့ 
ခပ်နွမ်းနွမ်းပြုံးနေတဲ့ ကားမှတ်တိုင်လေးမှာ
ဗင်ကားအဖြူလေးက မျက်ရည်တွေကို တက်ကြိတ်သွားတယ်
အမှောင်ထဲမှာ
အံကြိတ်သံကိုကြားရတယ်
နောက်တစ်ခါ ငတ်စရာ
ညစာ ၊ အနုပညာ ဘာမှ မရှိဘူး
အာခေါင်တွေ ခြောက်ကပ်သွားအောင် အော်ပစ်လိုက် ။ ပြာဖြစ်သွားတဲ့ မြို့ တော်မှာ
မီးဟာ လောင်လို့ ပဲ မဆုံးတော့ဘူး
သုဏော်စိုင်း
ကဗျာ၏ခေါင်းစဉ်မှအစ ကဗျာတွင်ပါရှိသော စကားလုံးများ ၊ လိုင်းများ အားလုံးသည် လင်းပွင့်လက်များအဖွဲ့ ၏
ခြစ်ရာ ၁ ၂ ၃ ၄ . . . .စသည်ဖြင့် ဟု အမည်ရသော ကဗျာစာအုပ်အတွင်းမှ ဖြစ်သည်။
ညီအစ်ကိုမောင်နှမတွေရဲ့အားထုတ်မှုလေးတွေကို စုစည်းပြီးကဗျာမြစ်တစ်စင်းအဖြစ်
လှလှပပလေးဖြစ်အောင်စီးဆင်းစေခဲ့ပါပြီ။
ဒီကဗျာအတိုအပိုင်းအစလေးတွေရဲ့အစပထမခေါင်းစဉ်က အိမ်ဖော် ပါ
ဒါပေမယ့် ဒီကဗျာအတိုအထွာလေးတွေအားလုံးက ညီအကိုမောင်နှမတွေရဲ့လက်ဖျံရိုးတွေနဲ့သွေးထားတဲ့
အရာတစ်ခုအဖြစ်ယူဆမိတဲ့အတွက်
ငါတို့လက်နဲ့သွေးတဲ့ ပါးကွက်ကြား လို့နာမည်ပေးထားလိုက်ပါတယ်
ညီအစ်ကိုမောင်နှမတွေအားလုံးနှစ်သက်ကြလိမ့်မယ်ဟု ယူဆမိပါကြောင်း ။ ။
လေးစားစွာဖြင့်
အမည်မဲ့ (သတိရတိုင်းခဏခဏထုတ်ကြည့်လို့ရတယ်)
..................................................................................................................................................................................................
ငါတို့လက်နဲ့သွေးတဲ့ပါးကွက်ကြား
အိမ် = နေရန်ဆောက်လုပ်ထားသော အဆောက်အအုံ
အဖော် = အတူတကွရှိနေသူ။ မိတ်ဆွေအပေါင်းအဖော်
အိမ်ဖော် = သူတစ်ပါးအိမ်တွင် အိမ်မှုကိစ္စများကို လုပ်ကိုင်ပေးသူ (ဝါ) လက်ချောင်းများဖြင့် အသက်ရှူသူ
ပီတိ (လင်းပွင့်လက်များ)
လက်ရည်ကတပြင်တည်း
လက်တွေ့မှာတော့
မီးဖိုခန်းထောင့်နားက
မဲညစ်ညစ်စားပွဲဝိုင်းပေါ်မှာ
ငွေ့ရည်ဖွဲ့တာအကြိမ်ကြိမ်
အိပ်မက်ကလှလှ ဘ၀ မလှမပ
ကုလားတက်အသံထက် သူစောတယ် ။
နွယ်ရှင်
မလျှော့နိုင်သော တဏှာများကြောင့်
ပေးတဲ့သူက ပေးတယ် ယူတဲ့သူက ယူတယ်
မရပ်တန့်နိုင်သော အတ္တများကြောင့်
ချစ်တဲ့သူက ချစ်တယ် မုန်းတဲ့သူက မုန်းတယ်
မတည်မြဲခြင်းကြောင့်
ရှင်တဲ့သူက ရှင်တယ် သေတဲ့သူက သေတယ်
အမှန်တရားတခုကို
ပွင့်ပွင့်လင်းလင်းထုတ်ပြောပြချ
င်တယ်
လူတွေအားလုံး
လောကကြီးရဲ့ အိမ်ဖော်တွေပဲ…..။
အေးချမ်း
ကျွန်ဇာတ်သွင်းခံရတဲ့
ကျွန် မ
ကျွန်ဈေးမှာအရောင်းခံရတယ်
ကြယ်ပန်းလူ
ညရေးညတာ မလုံခြုံတဲ့ ညဥ့်နက်တွေ
အိမ်မှုကိစ္စထက် လိင်မှုကိစ္စကို
အရေးပေးနေရ ။
မနက် ငါးနာရီတိုင်း အိပ်မက်တွေ
မိုးစင်စင်လင်းတယ် ။
ဆူးခက်မင်း
နင်နော်နင်...
ပြောရင် ပြောတဲ့တစ်ခုပဲ နင်လုပ်တတ်သလား..။
ဟင်းတွေကလည်း အချိုးမကျ
လုပ်ပုံကိုင်ပုံတွေက တစ်ခုမှမဟုတ်
မဖြစ်ပါဘူး..။
ကြည့်ပါလား..ပြောလိုက်ရင်မျက်နှာသေလေးနဲ့ မထုံတတ်သေး..။”
မနှဲလေး
သူ့အရင် ကိုးယောက်ရှိတယ်
သူ့နာမည် သန်းသန်းရီ
ဖေဖေရယ် မေမေရယ်
ကျွန်တော်တို့ ညီအကိုသုံးယောက်ရယ်
ညီမလေးတယောက်ရယ်
မိသားစုခြောက်ယောက်ရှိတယ်
သူက ကျွန်တော့်တို့မိသားစုရဲ့တိတ်တိတ်ပုန်းမယားပေါ့
………………………………….
သြော်………………………………….
တခုကျန်ခဲ့သေးတယ်ဗျ
ပုဏ္ဏားကျွန်းက ရခိုင်သူ…… ။ ။
စည်သူဝင်းထွဋ်
အတွေးက အိပ်မက်နေပြီ
ချွေးစက်တွေက သခင်တွေအမိန့်အောက်
ကျသွားရမလား ဆက်နေရမလား
ပြောရရင် သူတို့ဗျာများနေကြ
ဆန္ဒတွေအတိုင်း အလိုလိုက် အငိုက်မိသွားတဲ့
မျက်ခွံနှစ်ဖက်ကို သခင်က ညင်ညင်သာသာ
လှူပ်နိုးလိုက်ပုံလေး
ဟဲ့ကောင် ဟိုပန်းအိုးဒီဘက်ရွှေ့ ' တဲ့
အမေရေ
ညကအိပ်ရေးမ၀ပေမယ့်
အတူအိပ်ရတဲ့ ခွေးလေးက လိမ်မာပါတယ်
အကယ်ဒမီ
(လင်းပွင့်လက်များ)
တစ္ဆေတွေနေတာဖြစ်မယ်
ငါ့လည်ချောင်းသွေးတွေကလည်း
စုပ်လို့ကိုမကုန်နိုင်သေးဘူးလား။
ကြက်သွန်
ကင်ပွန်းတပ်ကတော့ အတော်လှ
မရွှေပင် မနားတမ်း
စုန်ဆန် ကူးခတ်
ငါးချက် ပြည့်ဝ အိမ်ဖော်ဘဝ
အကျယ်ပြောလျှင် အတော်မောပေါ့
တွင်တွင်သာကြား
နာရီတစ်လုံးလို သွားနေဆဲ
ပျက်လေမှ နှစ်ကြိမ်မှန်မယ်
ပွင့်ထွက်သွားပြီလား …… ။ ။
ထက်အောင်
ခဏတာအတွက်
ဝမ်းရေးကို ပြီးစလွယ်တွေးခဲ့မိတာ
သမုဒ္ဒရာနက်နက်ထဲ
စလွယ်သိုင်းပြီးကူးခတ်နေရ
တွေ့နေရတဲ့...ရမ္မက်
ညဥ့်နက်တွေထဲ အိပ်မက်ဆိုးစေခဲ့ ။
ကျေးတော်မျိုး
လူထဲကလူ
သူ့မှာ အိပ်မက်
ရှိတော့ရှိရဲ့
ဒါပေမဲ့....အရှိမဲ့ ။
ထာဝရကြယ်ဖြူ
ကံကြမ္မာ အ၀တ်ဟောင်းမို့
နေရတာ နည်းနည်းကြပ်ပေမဲ့
မနက်ခြောက်နာရီမတိုင်ခင်
ဒီ အညစ်အကြေးကို
ရေမပါပဲ ဆေးချ
ဘ၀ ငရဲသူ
အပြစ်ကျရ ပြန်ပြီ ။ ။
တာယာ
ဘောင်ခတ်ထားတဲ့ ငုံ့လျိုးမှုတွေအောက်
ကျင့်ဝတ်တွေချို့တဲ့
သြတ္တပတရားတွေ ကွင်း(ဂွင်း)ထဲသွင်းရင်း
အသေင်္ချေပေါင်း နောက်ပြန်ဆွဲကတည်းက
ငါ. . . .ဇာတ်တူသားအစားခံခဲ့ရ ။
အံ့သွန်းပျို
ဝေဝါးနေတဲ့  အနာဂတ်ကို ကိုင်
ဧည့်ခန်းရှေ့ 
ထမီ တပတ်နွမ်းလေး
ဖြတ် ဖြတ် လျှောက်တိုင်း
ကိလေသာကြီးက
ဆေးလိပ်မီးကို
ဖိ.....ဖိ
သတ်တယ်။ ။
လက်တိုလက်တောင်း
ကူဖေါ်လောင်ဖက်
တောက်တိုမယ်ရ
ထိန်းသိမ်းစောက်ရှောက်
ခေါင်းစဉ်လှလှအောက်မှာ
လူကြီးလူကောင်းဆန်သူများအတွက်
သူတို့ဟာ အိမ်သာ…..။
ဖိုးသားကြီး
အကျီင်္အသစ်လေး ရတဲ့ နေ့က
ငါ့ရဲ့ ကမ္ဘာ့သူဌေးနေ့ပဲ ။
ရုပ်သေး
အိမ်ကိုမပြန်တော့ဘူးတဲ့
မဝတ်ဖူးတာတွေ ဝတ်ရ..
မစားဖူးတာတွေ စားရ..
မရောက်ဖူးတဲ့ နေရာတွေရောက်ရတယ်တဲ့
အဲဒါကြောင့် သူ့ အမလိုခင်တဲ့
သမီးလေးပညာတော်သင်သွားတဲ့ အထိ
ဒီမှာပဲ ဆက်နေပါ့ မယ်တဲ့ ။
ဏီရဲ
လှတယ်
စုတ်စုတ်ပြတ်ပြတ်နဲ့လဲ သာရဲတဲ့
တစ် ခြမ်း ပဲ့ လ
ဒါပေမဲ့
သူ့အိမ်မက်က ကြက်ခြေခတ် ။ ။
မြူခိုး
ညစ်နွမ်းနေတဲ့ ၀ါဖျော့ဖျော့စာမျက်နှာလေးပေါ်
..သို့ ..
ဖေဖေနှင့်မေမေ လို့ လိပ်စာတပ်
နောက်
သူဘာဆို ဘာ မှဆက်မရေးရက်တော့
အဖြူသက်သက်ဘဝလေး
အဝေးကချစ်သမီးလေးလို့ အဆုံးသတ်မှာ
သပ်သပ်ရပ်ရပ်နဲ့ 
ခေါက်လျက်လေးသေဆုံးလို့ …။
အိပ်မက်ဦး
ဟောင်းလောင်းပေါက်အိပ်မက်နဲ့
လေထဲ ….. လွင့်ချင်သလိုလွင့်နေတဲ့
ဖဲကြိုးစကလေး
ခြေဦးတည့်ရာမိုးတိမ်
အလေ့ကျပေါက်ပင်လို အကျင့်စရိုက်များ
ကောင်းကင်ဟာဝတ်လစ်စလစ်လမ်းမလောက်မကျယ်ဘူး
ကိုယ်ကလည်း ဒီလို ….
လျော့တိလျော့ရဲသက်တန့်ကိုမှ မြိုချမိတယ် ။
သူရဿဝါ
နေ၀င်နေထွက်
လေထုထဲမှာအသက်ရှူရပ်ဖူးတယ်။
သရုပ်ဖော်ဆိုတဲ့စကားလုံးနဲ့
နိစ္စဒူဝ မူး…………တယ်။
ကံမစောင့်လို့ခခယယ အညတရဘ၀မှာ
ကျွန်မ သိက္ခာ ကိုတော့
ဂုဏ်ရှိန်ပြင်းပြင်းလူကြီးမင်းတို့
စောင့်နိုင်ကောင်းရဲ့။
အင်း……..
မနက်လင်းမှသာလင်းရော
ဒီညတော့
မဆီမဆိုင်အရိုင်းအိပ်မက်တွေပွေ့ပိုက်လို့
ကပိုကရိုအိပ်မောကျချင်သေး။
အိပ်မက်ချို
ကြမ္မာဆိုးရဲ့ဒုတိယမယား
ဝမ်းရေးကိုဖြည့်တင်းဖို့ဟီရိတရားနဲ့
သေကွဲ ကွဲ
သူ့ကိုယ် သူတော့ လှပါရဲ့
ဒါပေမဲ့ ခါးတယ်..။
ရင်ကွဲလူ
စိတ်ကူးနဲ့ ထိစပ်ရတာလောက်နဲ့ တင်
ကမ္ဘာကြီးဟာ သနပ်ခါးသွေးသံလောက်မကျယ်ဝန်း
ဒီလိုပဲကွဲ့  ...
လူရိုင်းဆန်ဆန် ချောင်းမြောင်းပစ်ခတ်လိုက်တဲ့
အကြည့်တစ်ချက်ရယ်ပါ
ဘာရယ်မဟုတ် အိမ်ဖော်လေးကို ခေါ်မိတယ် ။ ။
ရင်ခွင်ရှိန်း
ရောင်နီရဲ့ အလှအောက်က
နဂါးငွေ့ တန်းတွေ
နေညိုချိန်ဆို ငွေ့ ရည်ဖွဲ့ တယ်
လရောင်က ချော့သိပ်
တိတ်တဆိတ် အိပ်ခန်းထဲမှာ
ပျံ့ လွင့်
လို့  ။
တိမ်ပြာ
သူ့အတွက်
ကမ္ဘာကြီး က သူ့အိမ်လေးလောက်မကျယ်ဝန်းရှာဘူး
ရှင်သန်မှုထဲ
ကမ္ဘာကြီး ရှိနေမှန်း
မ သိ ရှာ သူ . . . . . ၊၊
ဇာတိ(လင်းပွင့်လက်များ)
အုန်းမောင်းခေါက်သံအဆုံး
အပျိုဖြန်းလေး အ၀တ်အစားလဲနေတုန်း
ဘ၀ က ဘ၀ ကို သတ်တယ် ။
အမည်မဲ့
အဝေးတနေရာမှာ
အရှိုးရာတစ်ခု သေဆုံးကြောင်း
အိမ်သာတက်ရင်း တခါတလေ
သတင်းစာထဲမှာ ဖတ်လိုက်ရတယ်
သူမရဲ့ ကလေး ကျွန်တော် မဟုတ်တော့
အငြိုးတွေနဲ့ ပဲ လူကုန်ကူးနေမိတယ် ။
အနော်မာ
ဒီအရပ် နဲ့ ဒီဖိနပ် ။
ပြီးတော့ ။
အစ်ကိုလေးပြောတဲ့ စကား ။
သဲထဲကျသွားတဲ့ ရေတစ်စက် ။
ကျန်တာ ဖွဲနဲ့ ဆန်ကွဲ ။
ဒီအလှည့်မှာ ထိုးဇာတ်နဲ့ အကယ်ဒမီ ရသွားပြီ ။
မောင်မိုးချို
ဒူးနေရာဒူး တော်နေရာတော်မှာ
ဒူးထောက်ထားတဲ့ ပုံစံနဲ့ တောင်
ဒူးနဲ့ မျက်ရည်သုတ်ရတယ်
သုဏော်စိုင်း
ဘ၀ နဲ့ ထပ်တူမကျခဲ့ ။
မိုး လင်း ခဲ့ ။
မိုး ချုပ် ခဲ့ ။
ဘ၀ကူးကောင်းဖို့ ရောက်ရာအရပ်မှာ
အမျှအတန်းပေးဝေတယ် ။
ညီစိမ်း
ဒီည/အခု - ဆောရီး
မင်း ရင်ဘတ်ကို ဖွင့်ထား ။
မင်း စိတ်မာတိကာမှာ ဘယ်စာမျက်နှာနံပတ်တွေ
ပါလဲ ငါ့ကို ပြော ။ ဟုတ်ပြီ ။
ငါ သိပြီ ။ ငါတို့ ဒဏ်ရာဒဏ်ချက် တော်တော်များများ
ဖြတ်သန်းကျော်လွန်ခဲ့တယ် ။ ငါ့ခေါင်းအုံးအောက်မှာ
ထည့်သိမ်းထားတဲ့ သေတ္တာထဲ မင်း ၀င်နေစေချင်တယ် ။
ဒီည/အခု မင်းကို လိုအပ်တယ် ။
ငါ့ရင်ချောက်ကမ်းပါး ရဲ့  နက်နက်ရှိုင်းရှိုင်း ၊ ငါ သိတယ် ။
ကိစ္စမရှိဘူး ။ အမှန် မဟုတ်ရင် အမှားပဲ ။
သေချာတာက ၊ ဒီည/အခု မင်းကို လိုအပ်တယ် ။
မင်းကို ပြောဖို့ စကားလုံးတွေ ။
ငါ့ ပါးစပ်က ထုတ်တယ် ။ ခေါင်းအုံးအောက်က သေတ္တာ
ထုတ်တယ် ။ သေတ္တာထဲက စကားလုံးတွေ
မင်းအိမ်ရှေ့ စာတိုက်ပုံးထဲ ထည့်မယ် ။
စိတ်ပါရင် ဖွင့်နားထောင်လို့ ရမယ် ။
တခါတလေကျတော့ ၊ စကားလုံးတွေက
ဆိုးဆိုးရွားရွား မှားယွင်းနေလိမ့်မယ် ။
အချိန်မီလေး နားလည်နိုင်ကောင်း နားလည်နိုင်လိမ့်မယ် ။
ဒါက ဘာလဲ ဆိုတော့ ၊ ငါတို့အတွက် အမှန်တရား ဆိုတာ
ငါတို့ မျက်နှာဖုံးတွေပေါ်မှာပဲ ရှိမယ် ။
ဒီည/အခု မင်းကို လိုအပ်နေမလားပဲ ။
ဒါမှမဟုတ် ၊ အခု မင်းကို ဒီညက လိုအပ်နေမလားပဲ ။
တမေ့တမော ကြာလွန်းတဲ့ အချိန်တွေရယ် ။
ဒီ့ထက်ပိုပြီး ၊ နောက်ဆုံး/အမြဲ ကြိုးစားရမှာတွေရယ် ။
ပြီးတော့ ၊ ငါ သိနေတယ် ။
ငါ လိုအပ်နေတာက မင်း သုံးတတ်တဲ့ အပေါစားရေမွှေးနံ့ ဖြစ်တယ် ။
ငါ ကြိုးစတစ်ဖက်ကို ဆွဲထားတယ် ။
မြေပြင်အထက် ဆယ်ပေအကွာမှာ ငါ့ကို ရယူပါ ။
မင်း ဘာပြောလဲ ဆိုတာ ငါ ကြားတယ် ။
ဒါပေမယ့် ၊ ငါ့ အသံစနစ်က မင်းနားစည်ရောက်အောင်
မစွမ်းဆောင်နိုင်ဘူး ။
မင်း ထွက်သွားလိုက် ၊ ငါ့ကို အလျားလိုက် ခွဲချပြီး
မင်း ထွက်သွားလိုက် ။ ခဏစောင့်ဦး ။
ခွဲမချခင် ၊ “ဆောရီး” လို့ တစ်ခွန်း ပြောသွား ။
တစ်ဖက်လှည့် ၊ ကျောပေးပြီးမှ ပြောမယ်လို့
မတွေးထားနဲ့ ၊ ငါ့မျက်လုံးနဲ့ တည့်တည့်နေ ။
နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ် ။
ခုန်ချလိုက် ။ မင်းအတွက် ရိုက်ချက်ကောင်း တစ်ခုပဲ ။
တစ်သက်မှာ တစ်ခါပဲ ခုန်တဲ့ နှလုံးသားတစ်ခုကို ပိုက်ပြီး
ရိုက်ချက်ကောင်းကောင်း ရဖို့ ၊ မင်း ခုန်ချလိုက် ။
အဲ့ဒါ မင်းအတွက် အသစ်တော့ ဘယ်ဟုတ်မလဲ ။
ငါမင်းကို ရဲရဲနီအောင် တောက်လောင်နေတဲ့
မီးညွန့် တစ်ခုလို ချစ်တယ် ။
ဒါပေမယ့် ၊ အနီက အပြာရောင် ပြောင်းသွား ။
အဲ့ဒီ မီးညွန့်က လစ်တမတ်စ် စက္ကူ ဖြစ်တယ် ။
မင်း “ဆောရီး” လို့ ထပ်ပြောဦးမယ် မဟုတ်လား ။
နတ်သမီးတစ်ပါးလို လှလှပပ ပြုံးရင်းနဲ့လေ ။
ကောင်းကင်ဘုံက မင်းတွေးချင်တာတွေးဖို့
ခွင့်ပြုထားတယ် ထင်ပါရဲ့  ။
ဒါပေမယ့် ၊ ငါ ကြောက် တယ် ။
မင်းပါးစပ်က ထွက်လာမယ့် “ဆောရီး” ဆိုတဲ့
စကားလုံးကို ငါ ကြောက် တယ် ။
ငါ ကြိုးစ နှစ်ဖက်လုံး ကိုင်ထားမယ် ။
မြေပြင်အထက် ဆယ်ပေအကွာကနေ
ငါ့ ကို တံ တွေး နဲ့ ထွေး ပါ ။
ဆူးခက်မင်း
ဘယ်သူပြောလဲ ?
အနက်ရောင်.....အမည်းရောင်
အရောင်မဲ့ရွဲ့ ဟင်းလင်းပြင်၌
ငါဟုထင်ရ လူတစ်ယောက်၊ ကဗျာဟုထင်ရ စာနှစ်ကြောင်း
တချို့ လူတွေ ဂွ၏။
တချို့ လူတွေ ဖွ၏။
နားစွင့်နားဖျား ဝေဖန်သံများ
တော်တော်မြင့်တယ်၊တော်တော်နိမ့်တယ်
ပွတယ်၊ကျစ်တယ်
ထိတယ်၊ဖွယ်တယ်
ထင်တယ်
ထင်တယ်
မရေရာမူစည်းမျဉ်းများ လယ်ကွင်းပြင်ထဲ မခို့ တရို့ လမ်းလျှောက်
ဘယ်သူ လက်ကမြင်းထားလဲ
နွားတစ်ကောင်ကျောမှာ ကဗျာတစ်ပုဒ်
------------------------
...တချို့ က…
ထွန်ယက်ခက်မြေမှာ
ထွန်တုံးတပ်တိမ်တွေအတွက် သွေးခပ်နေချိန်မှာ
...တချို့ က…
စပယ်ပွင့်ခတ်တွေဆီ
အမြှောက်ပစ်ရင်း အပျင်းပြေခြွေချတယ်
ကြွေကျသွားတာ မလှပေမယ့်
သူတို့ က ခိုးခိုးခစ်ခစ် ရီရတယ်တဲ့။
....................
တချို့ က...ရီကြ
ဘယ်သူမှတော့ ၀င်မကောက်သွားကြဘူး။
...တချို့ က…
တောင်းအပေါက်အောက် သနပ်ခါးဖတ်တွေ မချိုလို့ 
မျက်ကန်းတတ်သူတွေကို လက်ကမ်းတတ်အောင်ကြိုချိန်မှာ
...တချို့ က…
လှေကားထစ်တွေ ရေဖို့  ချောက်ကမ်းအောက်မှာ ၀င်ကတယ်။
နုနုရွရွ မကြွပေမယ့် သူတို့ က နတ်သမီးလေးလို လှတယ်တဲ့။
....................
တချို့ က...လက်ခုတ်တီး
ဘယ်သူမှတော့ ရပ်ကြည့်မသွားကြဘူး။
------------------------------
အတွေးစကို တချို့ ကသာ နားလည်မည်။
ဖတ်ခဲ့ကြောင်း မှတ်ချက်နောက်
ခုံရုံးရှေ့ မှာ လူများရောက်
ငါမမှားဘူးကွ
..........................................
အဆိပ်သောက်ပြပြီး ကြယ်တစ်ပွင့် ပြိုလဲကျ
ဘယ်သူလည်း မေးကြည့်တော့
ဆိုကရေးတီးဟု သိရသည်။
ဟုတ်မဟုတ်တော့ မသိ
အားပါးတရ လက်ခုတ်ဝိုင်းတီးကြသည်။
...........................................
...........................................
အမှန်တရားအတွက် အသေခံသွားသူများ၏ဈာပနကို
...သွေးပျက်အောင်လှသော ပန်းတစ်ပွင့်...
...ကောင်းကင်မှ...
နူတ်ခမ်းနီမဆိုးပါဘူး
စိုက်ကြည့်မခံတဲ့  ပွင့်ဖတ်တွေပဲ ပါးနီသုံးကြတာ
...............................
ဘယ်သူလည်း မေးကြည့်တော့
ဥမ္မာဒန္တီဟု ပြောကြသည်။
ဟုတ်မဟုတ်တော့ မသိ
မမြင်ဖူးတော့ မူးမြစ်ထင်
ရူးသွပ်သွားပစေမျက်လုံးများ အငမ်းမရ
ဟုတ်ကဲ့
ရူးသွပ်သွားစဉ် အဖြေတစ်ခုရ
....ကိုယ့်ချစ်သူက ပိုလှသည်....
နွားမကြိုက်သော ဘသားချောများ၏
ကိုယ့်ငါးချဉ် ကိုယ်ချိုသော လက်ခုတ်သံများ
......................................
......................................
ဟေ့...အချစ်
မင်းအတွက်...လက်ဆောင်ပန်းချီကား
လောကတစ်ခုလုံးကို ထည့်ဆွဲနေတာ
.................................
ဘယ်သူလည်း မေးကြည့်တော့
ပီကာဆိုဟု သိရသည်။
ဟုတ်မဟုတ်တော့ မသိ
မျက်လုံးနီရဲ၊ လက်ထဲက ဓါးမြှောင်
ကင်းဗတ်စ်ပေါ် ခုန်အုပ်
ရန်သူကို အောင်နိုင်အပြီး
အပြုံးတခု ကျေနပ်
ဘာဆွဲထားလဲ စပ်စုကြည်တော့
အမည်းရောင်စာရွက်ပေါ်က
...အ...ဖြူ...စက်...များ...
လက်ခုတ်များဝိုင်းတီးကြသည်။
.....................................
.....................................
ဟုတ်လိုက်လေဗျာ တလောကလုံးကို ပါသွားတာပဲ
မြန်မာပြည်မပါဘူးကွ
...................................
ကြောင်ရှာသီးကြီးနဲ့ လူ
ဘယ်သူလဲမေးကြည့်တော့
ဘယ်သူမှ မသိဘူး ပြောကြသည်။
ကမ္ဘာကြီးက လွှတ်လိုက်တာ ထင်တယ်
ထင်တယ်
ထင်တယ်
ထင်တယ်
နတ်သိကြား အကူရပြီရယ်လို့  အားတွေဆင့်၊နားတွေစွင့်ရင်း
သေလုမျောပါး လက်ခုတ်တွေ ၀ိုင်းတီးကြသည်။
ဖြောင်း...ဖြောင်း...ဖြောင်း....ဖြောင်း
...သို့ သော်...
...ထို့ နောက်...
...သို့ ပါသော်ငြားလည်း...
သံဃာရှေ့ တောင် ပုဆိုးမ၀တ်ကြသူများက ထိုသူ့ အား
ပါတီပွဲများ
ပျားရည်ဂါလံပုံးများ
များ
များ
များ
...................................
..............................
.................
တစစီ တဖဲ့စီ
တဖဲ့စီ တစစီ
ကြွေ
........
ကြွေ
........
ကြွေ
နံရံလေးဘက်ကြား ငါ့သမီး တစ်ယောက်တည်း ဘာလို့ မီးစားနေလဲ?
ဘယ်သူ့ မှအားမကိုးကြနဲ့ 
သူတို့ က တစ်လှမ်းဆို၊ကိုယ်က ဆယ်လှမ်း
တစ်ယောက်တည်း လျှောက်သွားလို့ ရရင်
ရောက်သွားတာ မင်းတို့ တောင် မမွေးသေးဘူး။
ရွှီး...ဖြောင်း...ဖြောင်း...ဖြောင်း...ဖြောင်း
နေသူရိန် ရင်ပြင်ထက်
ပုဆိုးကတောင်းကျိုက်ပြီး...မိုးပြည့်လျှံသောလက်ခုတ်သံများ
...လေမှာဝဲ...
...အောင်လံဝေ...
...ရင်မှာစွဲ...
...ဇာတိသွေး...
ဘယ်တော့မှ မသေဆုံးသော ဒီအမှန်စကားကို
ဘယ်သူပြောလဲ မေးကြည့်တော့
.................................?
အနော်မာ
၂၆.၅.၀၉ (၇း၅၃ pm)
ဇီဇဝါ ဝင်္ကပါ
ငါ့ရဲ့ကွေးကောက်တဲ့ ဆံပင်တွေကြားမှာ
မနေ့တနေ့က ပျက်ကျလာတဲ့ လေယာဉ်ပျံကိုဝှက်ထားတယ်
ငါနဲနဲချင်း စားသုံးနေတဲ့ စက္ကန့်တွေထဲမှာ
ပြောလို့မကုန်နိုင်တဲ့ မွန်းကြပ်မှုကိန်းဂဏာန်းတွေ ပြေးလွှားနေကြတယ်
အသိတရားမျက်ဝန်းထဲမှာ ရပ်နေတဲ့ အရှုံးကျောက်စာတွေဟာ
လျှောက်လာသမျှ အနက်ရောင်မြို့များဆီက ကပ်ပါးပိုးတွေပဲ
လောကနီတိထဲက ဆံပင်အနီရောင်နဲ့ မိန်းမ
တချိန်ကငါ့မိန်းမဖြစ်ခဲ့ရင်
ငါ့နာမည်ပြောင်းဖို့
ဘယ်နတ်ဘုရားဆီမှခွင့်တောင်းမနေဘူး
ဒီလိုထွက်သွားတိုင်းသာ နှင်းဖြူတွေနဲ့ စိုထိုင်းဆမများဘူးဆိုရင်
ငါ့အလုပ်ငါလုပ်ပြီး နံရိုးနောက်က ထိုးထိုးဟောင်နေတဲ့
သန္ဓယုတ်ကိုအစာကြွေးနေရအုံးမယ်
ယင်နားစာ မနက်ဦးဆီက
ဦးခေါင်းပြောက်လို့ ရှာနေတဲ့ ကတ်ကြေးတွေ
နှလုံးရောဂါနဲ့ ဖခင်အိုကြီးကို အသံတိတ်လုပ်ကြံခဲ့တဲ့ သမီးက
ငါ့အရွက်ခြောက်များကြားမှာ တအုံတနွေးနွေး
ဆေးကြွေးမှားတဲ့ အရိပ်လက္ခဏာနဲ့
ငါ့အိတ်ကပ်တွေက ကားခပြန်တောင်းတိုင်း
အလွမ်းတွေ ပြည့်လျှံလောင်မြိုက်ဖူးတယ်
ဖုန်ထလို့ရေဖြန်းလိုက်တဲ့ မျက်နှာ
ငါ့ကဗျာထဲက ကမ်းနဖူးပေါ်မှာ သိုက်တူးတဲ့ ကျီးတအုပ်ကို
ချုပ်မရတဲ့ ငါ့ရင်ဘတ်ပျိုက နှလုံးသားတွေ လက်ဆောင်ပေးနေပါတယ်
မနေ့က သိမ်းထားတဲ့ ငါ့မြို့စုဗူးလေး ကျန်းမာရေးမကောင်းလို့
သူ့ကိုယ်သူ ပြန်ကုဖို့ သူ့ကိုယ်သူ ရိုက်ရိုက်ခွဲနေလိုက်တာ
သူမလိုချင်တဲ့ အောင်မြင်မှုအတုတွေပဲ ထွက်ကျလာလို့
အောင်မြင်မှုငတ်နေတဲ့ သူ့မြို့ပျိုမလေးကို ခေါ်ပေးချင်နေလိုက်တာ
ဘယ်လို ........ ဘယ်ပုံ ......... ဘယ်အသံမှ မကြား .................
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့
မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ
ငါတော့မော့ကြည့်ဖို့ မျက်လုံးနဲ့ ဦးခေါင်းကို ဇလုံထဲမှာ
မွှေနှောက် အနာဂတ်ခြောက်အိပ်မက်နဲ့
လင်းမရဥယျာဉ်ထဲမှာ ပန်းဦးတွေ မပွင့်ဖူးတော့တာ ဆန်းသလား
ငါဟာလူတွေကြားက ပြန်လာပြီးတိုင်းလူညှီစော်ကိုနှစ်ခြိုက်စွာရှုရှိုက်
ငါပြန်အန်လိုက်တဲ့ အိပ်မက်ဆိုးတွေ ကမ်းပုတ်တဲ့လှိုင်းကို
အတ္တ၀မ်းကွဲ သံနဲ့ အကြိမ်ပေါင်းများစွာ နားဆင်နေရတယ်
သံယောဇဉ်အထွေးလိုက်ခွေလိမ်ထားတဲ့ အသိုက်အမြုံကလေးဟာ အိမ်ဖြစ်ခဲ့ရင်
ငါ့ခေတ်ငါ့အခါမှာ တမျှင်ချင်းစီရှင်းထွက်သွားတဲ့ ကြိုးတွေက
ငါတော်လို့လား …………….. ငါညံ့လို့လား …………….
အမေကမီးဖိုချောင်ထဲမှာ သူထမ်းထားတဲ့ နေလုံးကိုလွှတ်ချပြီး
အိမ်ရှေ့ဧည့်ခန်းထဲမှာ သကြားမပါတဲ့ မေ့ဆေးခါးကြီးတခွက်ကိုသောက်နေတယ်
အဖေက ကျည်ဆံကုန်နေတဲ့ ငါ့ကို လက်ဆွဲပြီး ဂျူးတွေနဲ့ တန်းစီခိုင်းထားတယ်
ဟစ်တလာရဲ့ လက်ဖြောင့်အဆိပ်ငွေ့တွေက ပြန်နေကြ ငါ့လမ်းကလေးပေါ်က
ရေမှုံနဲ့ဖုန်မှုံတွေရောထားတဲ့ ရနံ့ငွေ့တွေဖြစ်တယ်
အချင်းချင်းပြန်စားကြတဲ့ ပွဲမှာ လတ်လတ်ဆတ်ဆတ်ရီသံတွေမှောင်လာတယ်
အားလုံးပြီးသွားပါပြီ အမှန်တော့ အားလုံးအစကိုပြန်ရောက်သွားတ
၂။ နငတသမ့ျေိုခလာဖထြု့တူုဒုယာခထြာူု
၃။ြိုူ့ငြကငနတင်ြဖိုခြလယာဖြု်ုတနြုမ၍သစငိသြ်ေု
အဖြေရှာတဲ့လူတွေသေကုန်ပြီ
အမေးတွေနဲ့ ကြိုးတင်းနေတဲ့ ရပ်ဝန်းမှာ
ကလေးတွေကို ခေါ်မလာနဲ့ အားလုံး မီးရှို့ချလိုက်
ငါတို့အမှားပေါ်က အဖြူစက်ကလေးကို လောင်မြိုက်ချလိုက်
ကျမ်းကျိန်တယ်ဆိုတာ ဖောက်ဖျက်မဲ့လူတွေအတွက်ပဲလိုအပ်တာပါ
မနေ့တနေ့ကကျွန်ဘဝနဲ့ ဒီနေ့မနက်ဖြန်ကျွန်ဘဝ
ငါ့ကလေး ငါပြန်ခိုးနေရတဲ့ဘဝမှာ
အစိမ်းက ငါ့ကို မျက်ရည်ကျစေတယ်
အစိမ်းက ငါ့ကို မွဲခြောက်စေတယ်
အစိမ်းက ငါ့ကို သေစေတယ်
ဆပ်ပြာပူဖောင်းကလေးရေ ပေါ့ပါးမယ်ဆိုရင်
ဇီဇဝါဝင်္ကပါထဲ ငါ့ကိုလမ်းကြုံခေါ်သွားစမ်းပါကွာ ။
nelay
အာရုံပေါ်မှုတချို့
ကြိုးစားထားသမျှ
လင်းပွင့်လက်များ
Followers
အလည်အပတ်
free web counter