Hands Of Enlightenment
လင်းပွင့်လက်များ
ဘယ်သူပြောလဲ ?
အနက်ရောင်.....အမည်းရောင်
အရောင်မဲ့ရွဲ့ ဟင်းလင်းပြင်၌
ငါဟုထင်ရ လူတစ်ယောက်၊ ကဗျာဟုထင်ရ စာနှစ်ကြောင်း
တချို့ လူတွေ ဂွ၏။
တချို့ လူတွေ ဖွ၏။
နားစွင့်နားဖျား ဝေဖန်သံများ
တော်တော်မြင့်တယ်၊တော်တော်နိမ့်တယ်
ပွတယ်၊ကျစ်တယ်
ထိတယ်၊ဖွယ်တယ်
ထင်တယ်
ထင်တယ်
မရေရာမူစည်းမျဉ်းများ လယ်ကွင်းပြင်ထဲ မခို့ တရို့ လမ်းလျှောက်
ဘယ်သူ လက်ကမြင်းထားလဲ
နွားတစ်ကောင်ကျောမှာ ကဗျာတစ်ပုဒ်
------------------------
...တချို့ က…
ထွန်ယက်ခက်မြေမှာ
ထွန်တုံးတပ်တိမ်တွေအတွက် သွေးခပ်နေချိန်မှာ
...တချို့ က…
စပယ်ပွင့်ခတ်တွေဆီ
အမြှောက်ပစ်ရင်း အပျင်းပြေခြွေချတယ်
ကြွေကျသွားတာ မလှပေမယ့်
သူတို့ က ခိုးခိုးခစ်ခစ် ရီရတယ်တဲ့။
....................
တချို့ က...ရီကြ
ဘယ်သူမှတော့ ၀င်မကောက်သွားကြဘူး။
...တချို့ က…
တောင်းအပေါက်အောက် သနပ်ခါးဖတ်တွေ မချိုလို့ 
မျက်ကန်းတတ်သူတွေကို လက်ကမ်းတတ်အောင်ကြိုချိန်မှာ
...တချို့ က…
လှေကားထစ်တွေ ရေဖို့  ချောက်ကမ်းအောက်မှာ ၀င်ကတယ်။
နုနုရွရွ မကြွပေမယ့် သူတို့ က နတ်သမီးလေးလို လှတယ်တဲ့။
....................
တချို့ က...လက်ခုတ်တီး
ဘယ်သူမှတော့ ရပ်ကြည့်မသွားကြဘူး။
------------------------------
အတွေးစကို တချို့ ကသာ နားလည်မည်။
ဖတ်ခဲ့ကြောင်း မှတ်ချက်နောက်
ခုံရုံးရှေ့ မှာ လူများရောက်
ငါမမှားဘူးကွ
..........................................
အဆိပ်သောက်ပြပြီး ကြယ်တစ်ပွင့် ပြိုလဲကျ
ဘယ်သူလည်း မေးကြည့်တော့
ဆိုကရေးတီးဟု သိရသည်။
ဟုတ်မဟုတ်တော့ မသိ
အားပါးတရ လက်ခုတ်ဝိုင်းတီးကြသည်။
...........................................
...........................................
အမှန်တရားအတွက် အသေခံသွားသူများ၏ဈာပနကို
...သွေးပျက်အောင်လှသော ပန်းတစ်ပွင့်...
...ကောင်းကင်မှ...
နူတ်ခမ်းနီမဆိုးပါဘူး
စိုက်ကြည့်မခံတဲ့  ပွင့်ဖတ်တွေပဲ ပါးနီသုံးကြတာ
...............................
ဘယ်သူလည်း မေးကြည့်တော့
ဥမ္မာဒန္တီဟု ပြောကြသည်။
ဟုတ်မဟုတ်တော့ မသိ
မမြင်ဖူးတော့ မူးမြစ်ထင်
ရူးသွပ်သွားပစေမျက်လုံးများ အငမ်းမရ
ဟုတ်ကဲ့
ရူးသွပ်သွားစဉ် အဖြေတစ်ခုရ
....ကိုယ့်ချစ်သူက ပိုလှသည်....
နွားမကြိုက်သော ဘသားချောများ၏
ကိုယ့်ငါးချဉ် ကိုယ်ချိုသော လက်ခုတ်သံများ
......................................
......................................
ဟေ့...အချစ်
မင်းအတွက်...လက်ဆောင်ပန်းချီကား
လောကတစ်ခုလုံးကို ထည့်ဆွဲနေတာ
.................................
ဘယ်သူလည်း မေးကြည့်တော့
ပီကာဆိုဟု သိရသည်။
ဟုတ်မဟုတ်တော့ မသိ
မျက်လုံးနီရဲ၊ လက်ထဲက ဓါးမြှောင်
ကင်းဗတ်စ်ပေါ် ခုန်အုပ်
ရန်သူကို အောင်နိုင်အပြီး
အပြုံးတခု ကျေနပ်
ဘာဆွဲထားလဲ စပ်စုကြည်တော့
အမည်းရောင်စာရွက်ပေါ်က
...အ...ဖြူ...စက်...များ...
လက်ခုတ်များဝိုင်းတီးကြသည်။
.....................................
.....................................
ဟုတ်လိုက်လေဗျာ တလောကလုံးကို ပါသွားတာပဲ
မြန်မာပြည်မပါဘူးကွ
...................................
ကြောင်ရှာသီးကြီးနဲ့ လူ
ဘယ်သူလဲမေးကြည့်တော့
ဘယ်သူမှ မသိဘူး ပြောကြသည်။
ကမ္ဘာကြီးက လွှတ်လိုက်တာ ထင်တယ်
ထင်တယ်
ထင်တယ်
ထင်တယ်
နတ်သိကြား အကူရပြီရယ်လို့  အားတွေဆင့်၊နားတွေစွင့်ရင်း
သေလုမျောပါး လက်ခုတ်တွေ ၀ိုင်းတီးကြသည်။
ဖြောင်း...ဖြောင်း...ဖြောင်း....ဖြောင်း
...သို့ သော်...
...ထို့ နောက်...
...သို့ ပါသော်ငြားလည်း...
သံဃာရှေ့ တောင် ပုဆိုးမ၀တ်ကြသူများက ထိုသူ့ အား
ပါတီပွဲများ
ပျားရည်ဂါလံပုံးများ
များ
များ
များ
...................................
..............................
.................
တစစီ တဖဲ့စီ
တဖဲ့စီ တစစီ
ကြွေ
........
ကြွေ
........
ကြွေ
နံရံလေးဘက်ကြား ငါ့သမီး တစ်ယောက်တည်း ဘာလို့ မီးစားနေလဲ?
ဘယ်သူ့ မှအားမကိုးကြနဲ့ 
သူတို့ က တစ်လှမ်းဆို၊ကိုယ်က ဆယ်လှမ်း
တစ်ယောက်တည်း လျှောက်သွားလို့ ရရင်
ရောက်သွားတာ မင်းတို့ တောင် မမွေးသေးဘူး။
ရွှီး...ဖြောင်း...ဖြောင်း...ဖြောင်း...ဖြောင်း
နေသူရိန် ရင်ပြင်ထက်
ပုဆိုးကတောင်းကျိုက်ပြီး...မိုးပြည့်လျှံသောလက်ခုတ်သံများ
...လေမှာဝဲ...
...အောင်လံဝေ...
...ရင်မှာစွဲ...
...ဇာတိသွေး...
ဘယ်တော့မှ မသေဆုံးသော ဒီအမှန်စကားကို
ဘယ်သူပြောလဲ မေးကြည့်တော့
.................................?
အနော်မာ
၂၆.၅.၀၉ (၇း၅၃ pm)
ဇီဇဝါ ဝင်္ကပါ
ငါ့ရဲ့ကွေးကောက်တဲ့ ဆံပင်တွေကြားမှာ
မနေ့တနေ့က ပျက်ကျလာတဲ့ လေယာဉ်ပျံကိုဝှက်ထားတယ်
ငါနဲနဲချင်း စားသုံးနေတဲ့ စက္ကန့်တွေထဲမှာ
ပြောလို့မကုန်နိုင်တဲ့ မွန်းကြပ်မှုကိန်းဂဏာန်းတွေ ပြေးလွှားနေကြတယ်
အသိတရားမျက်ဝန်းထဲမှာ ရပ်နေတဲ့ အရှုံးကျောက်စာတွေဟာ
လျှောက်လာသမျှ အနက်ရောင်မြို့များဆီက ကပ်ပါးပိုးတွေပဲ
လောကနီတိထဲက ဆံပင်အနီရောင်နဲ့ မိန်းမ
တချိန်ကငါ့မိန်းမဖြစ်ခဲ့ရင်
ငါ့နာမည်ပြောင်းဖို့
ဘယ်နတ်ဘုရားဆီမှခွင့်တောင်းမနေဘူး
ဒီလိုထွက်သွားတိုင်းသာ နှင်းဖြူတွေနဲ့ စိုထိုင်းဆမများဘူးဆိုရင်
ငါ့အလုပ်ငါလုပ်ပြီး နံရိုးနောက်က ထိုးထိုးဟောင်နေတဲ့
သန္ဓယုတ်ကိုအစာကြွေးနေရအုံးမယ်
ယင်နားစာ မနက်ဦးဆီက
ဦးခေါင်းပြောက်လို့ ရှာနေတဲ့ ကတ်ကြေးတွေ
နှလုံးရောဂါနဲ့ ဖခင်အိုကြီးကို အသံတိတ်လုပ်ကြံခဲ့တဲ့ သမီးက
ငါ့အရွက်ခြောက်များကြားမှာ တအုံတနွေးနွေး
ဆေးကြွေးမှားတဲ့ အရိပ်လက္ခဏာနဲ့
ငါ့အိတ်ကပ်တွေက ကားခပြန်တောင်းတိုင်း
အလွမ်းတွေ ပြည့်လျှံလောင်မြိုက်ဖူးတယ်
ဖုန်ထလို့ရေဖြန်းလိုက်တဲ့ မျက်နှာ
ငါ့ကဗျာထဲက ကမ်းနဖူးပေါ်မှာ သိုက်တူးတဲ့ ကျီးတအုပ်ကို
ချုပ်မရတဲ့ ငါ့ရင်ဘတ်ပျိုက နှလုံးသားတွေ လက်ဆောင်ပေးနေပါတယ်
မနေ့က သိမ်းထားတဲ့ ငါ့မြို့စုဗူးလေး ကျန်းမာရေးမကောင်းလို့
သူ့ကိုယ်သူ ပြန်ကုဖို့ သူ့ကိုယ်သူ ရိုက်ရိုက်ခွဲနေလိုက်တာ
သူမလိုချင်တဲ့ အောင်မြင်မှုအတုတွေပဲ ထွက်ကျလာလို့
အောင်မြင်မှုငတ်နေတဲ့ သူ့မြို့ပျိုမလေးကို ခေါ်ပေးချင်နေလိုက်တာ
ဘယ်လို ........ ဘယ်ပုံ ......... ဘယ်အသံမှ မကြား .................
တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့
မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ
ငါတော့မော့ကြည့်ဖို့ မျက်လုံးနဲ့ ဦးခေါင်းကို ဇလုံထဲမှာ
မွှေနှောက် အနာဂတ်ခြောက်အိပ်မက်နဲ့
လင်းမရဥယျာဉ်ထဲမှာ ပန်းဦးတွေ မပွင့်ဖူးတော့တာ ဆန်းသလား
ငါဟာလူတွေကြားက ပြန်လာပြီးတိုင်းလူညှီစော်ကိုနှစ်ခြိုက်စွာရှုရှိုက်
ငါပြန်အန်လိုက်တဲ့ အိပ်မက်ဆိုးတွေ ကမ်းပုတ်တဲ့လှိုင်းကို
အတ္တ၀မ်းကွဲ သံနဲ့ အကြိမ်ပေါင်းများစွာ နားဆင်နေရတယ်
သံယောဇဉ်အထွေးလိုက်ခွေလိမ်ထားတဲ့ အသိုက်အမြုံကလေးဟာ အိမ်ဖြစ်ခဲ့ရင်
ငါ့ခေတ်ငါ့အခါမှာ တမျှင်ချင်းစီရှင်းထွက်သွားတဲ့ ကြိုးတွေက
ငါတော်လို့လား …………….. ငါညံ့လို့လား …………….
အမေကမီးဖိုချောင်ထဲမှာ သူထမ်းထားတဲ့ နေလုံးကိုလွှတ်ချပြီး
အိမ်ရှေ့ဧည့်ခန်းထဲမှာ သကြားမပါတဲ့ မေ့ဆေးခါးကြီးတခွက်ကိုသောက်နေတယ်
အဖေက ကျည်ဆံကုန်နေတဲ့ ငါ့ကို လက်ဆွဲပြီး ဂျူးတွေနဲ့ တန်းစီခိုင်းထားတယ်
ဟစ်တလာရဲ့ လက်ဖြောင့်အဆိပ်ငွေ့တွေက ပြန်နေကြ ငါ့လမ်းကလေးပေါ်က
ရေမှုံနဲ့ဖုန်မှုံတွေရောထားတဲ့ ရနံ့ငွေ့တွေဖြစ်တယ်
အချင်းချင်းပြန်စားကြတဲ့ ပွဲမှာ လတ်လတ်ဆတ်ဆတ်ရီသံတွေမှောင်လာတယ်
အားလုံးပြီးသွားပါပြီ အမှန်တော့ အားလုံးအစကိုပြန်ရောက်သွားတ
၂။ နငတသမ့ျေိုခလာဖထြု့တူုဒုယာခထြာူု
၃။ြိုူ့ငြကငနတင်ြဖိုခြလယာဖြု်ုတနြုမ၍သစငိသြ်ေု
အဖြေရှာတဲ့လူတွေသေကုန်ပြီ
အမေးတွေနဲ့ ကြိုးတင်းနေတဲ့ ရပ်ဝန်းမှာ
ကလေးတွေကို ခေါ်မလာနဲ့ အားလုံး မီးရှို့ချလိုက်
ငါတို့အမှားပေါ်က အဖြူစက်ကလေးကို လောင်မြိုက်ချလိုက်
ကျမ်းကျိန်တယ်ဆိုတာ ဖောက်ဖျက်မဲ့လူတွေအတွက်ပဲလိုအပ်တာပါ
မနေ့တနေ့ကကျွန်ဘဝနဲ့ ဒီနေ့မနက်ဖြန်ကျွန်ဘဝ
ငါ့ကလေး ငါပြန်ခိုးနေရတဲ့ဘဝမှာ
အစိမ်းက ငါ့ကို မျက်ရည်ကျစေတယ်
အစိမ်းက ငါ့ကို မွဲခြောက်စေတယ်
အစိမ်းက ငါ့ကို သေစေတယ်
ဆပ်ပြာပူဖောင်းကလေးရေ ပေါ့ပါးမယ်ဆိုရင်
ဇီဇဝါဝင်္ကပါထဲ ငါ့ကိုလမ်းကြုံခေါ်သွားစမ်းပါကွာ ။
nelay
ဘီလူးဆိုင်းနှင့်တီးခတ်ဖြေဖျော်လိုက်သော ၀ါကျအတိုအရှည်များ
# $ ကျပ် @ ! ) * ^ (
စစ်တိုက်တမ်းကစားနေကြတာတဲ့ဗျာ
သိထားဖို့ကဘယ်ကမ္ဘာမှာမှ စစ်ကိုမလိုလားကြဘူး
ထစ်ကနဲဆိုစိတ်ထကကောက်
ဗျစ်ကနဲဆိုတိုင်းတံတွေးမထွက်ဘူး
အဖြစ်သည်းနေရင် အိပ်ပြန်အိပ်လိုက်
အလေအလွှင့်နဲ့အမှိုက်ကိုမီးရှို့ရင်
ဒီလောက်မြန်မြန်မလောင်ဘူး
အလင်းဆိုတာမျက်စိမှုန်တတ်တယ်လား။
အစွန်းထွက်ကမ်းပါးကြီးတွေ
အနေအထိုင်လွဲချော်သွားတဲ့နေ့တွေ
အူမ မတောင့်ပဲ အယ်လ်ကိုဟော စစ်စစ်လိုက်ရှာမိတဲ့အဖြစ်
ဟေ့ရောင်..နီလေး ဒီကမ္ဘာမှာ စစ်ပွဲမလိုဘူး
စက်ဆုပ်ရွံ့ရာမိပေမယ့် ခေါက်ရိုးအကျိုးအကြေမရှိပဲ
သန့်သန့်ပြန့်ပြန့်လေးဝတ်လိုက်ရင်တော့
အမွေပြတ်စွန့်လွှတ်စရာမလိုဘူးပေါ့
ပြောလိုက်တဲ့ဒိုင်ယာလော့ခ်ထဲမှာဒီအခန်းမပါဘူး
မနက်စောစောထမယ်
သဏ္ဍာန်မဲ့ စကားလုံးတွေ ပီပီသသရွတ်မယ်
ဆန္ဒရှိတဲ့အတိုင်း တစ်ရွာဝင်တစ်ရွာထွက်မယ်
နာကျင်မှုနဲ့မျက်ရည်တွေ တွေ့ရင်တွေ့နိုင်တယ်
အိပ်ပြန်နောက်ကျလို့ အမေစိတ်ညစ်ရမယ့်နေ့တွေ ရှိမယ်
လေးလံထုံမှိုင်းမှုတွေရှိမယ်..
ရုပ်ဝတ္ထုကိုအကြောင်းပြုပြီးခဏခဏခလုတ်တိုက်ဖို့တော့လိုတယ်။
အဲဒီ့ စောက်ရေးမပါတဲ့ ငွေကြေးတွေနဲ့
ငါသေရင် ရေဝေးမှာ ငါ့ကိုမသဂြိုင်္လ်ကြနဲ့
ငါ့ကျင်းငါတူးပြီး ငါခန္ဓာကို မြေသြဇာလုပ်ပစ်မယ်
စောက်ရေးမပါတဲ့ ငွေကြေးနဲ့
အခွံလွတ် မျက်နှာဖုံးတွေထဲ ဟန်လုပ်ပြီး
အသက်ရှင်ကျန်မဲ့ စောက်ရေးမပါတဲ့ လူသားတွေကို
ကျော်ဟိန်းလို စောက်ဂရုစိုက်ခံချင်လို့ ပိုစတာထုတ်ပြီး
ငါနှုတ်ဆက်မနေဘူး
သိချင်သိမသိချင်နေ
စောက်ရေးမပါတဲ့ လောကကြီးရေ
အိပ်မက်နဲ့လက်ထပ်ချင်သေးလို့လား
စကြဝဠာတစ်ဝှမ်းလုံးကို လွှမ်းမိုးထားချင်လို့မှမရတာ
သေချာပြီဆိုမှ ကောင်းကင်ပေါ်တက် မီးရှို့ကြတာပေါ
တိမ်ပြာမှုံလောက်တောင် အသုံးမ၀င်တော့တဲ့ ငါတို့က
ဘာကိုအသုံးဝင်ချင်နေကြတာလဲ
လင်ယူသားမွေးပြီး အောင်မြင်တယ်လို့
ကြွားလုံးထုတ်အုံးမလို့လား
မြုံနေတဲ့ နမတွေတော့ ပြုံးနေတော့မယ်
မီးလျှံအဖုံဖုံကို တုန်ရီနမ်းရှိုက်ပြီးမှ
ငါ့ဗဟိုစနေမှာ လောကကြီးအတွက်
ဘာတခုမှချန်နေစရာမလိုတော့ဘူ
လောကကြီးက
စိတ် ပျက် လက် ပျက် ထွေး ထုတ် လိုက် တဲ့ ကြယ်ကြွေ တွေပါ
လေထုနဲ့မတဲ့ လို့ မီးထတောက်တာ ဆန်းသလား
ဘာကိုမှခံစားမနေနဲ့
ယနေ့အထူးလျှော့ဈေး ၁၀၀ % ဒစ်(စ)ကောင့် (discount)
လေကောင်းလေသန့်တစ်ပိဿာ ၁၁၁၀ကျပ်။
အမည်မဲ့၊ nelay
ပြတိုက် ထဲ/ရှေ့ က အရုပ်
သူမက ဓားတစ်ချောင်း ကမ်းပေးတယ် ။ မျက်ရည်တွေ “လွင့်” .. “လွင့်”
ကျလာလိုက်ပုံများ ။ ကျွန်တော် နှုတ်ခမ်းကို ကိုက်ထားမိသလား ။ ပထမဆုံး
အကြိမ် နမ်းခဲ့တုန်းကလိုမျိုး ပြန်ခံစားမိရတယ် ။ သူမက ဓားတစ်ချောင်းလို
“မြ” နေအောင် ပြုံးတယ် ။ ကြယ်တွေ အိပ်တန်းတက်တော့မယ် အရုပ်မ ရဲ့ ။
ကျွန်တော် ဓားသွေးကျောက်ပေါ် ကျောခင်း အိပ်လိုက်တယ် ။ ကျနော့်ကို
“သွေး” ပါ အရုပ်မ ရေ ။ သွေးတွေ ဖြိုင်ဖြိုင် ရွာတဲ့ထိ “သွေး” ပါ ။ ခင်ဗျားက
ပြတိုက်ထဲက အရုပ်မ ဖြစ်တယ် ။ အရင်စိတ်မျိုးနဲ့ဆို သူ နေရာမှာတင် ငိုချလိုက်
မိမှာ အမှန်ပဲ ။ ခုတော့ ကျွန်တော် မငိုဘူး အရုပ်မ ရေ ။ သူမက ပြတိုက်မှူးရဲ့
ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ဖုန်တစ်မျှင်မျှ ကပ်ငြိခြင်း မရှိ ။ ၀ံ့ဝံ့ကြွားကြွားလေး
လှနေတယ် ။ သူ ဘာလုပ်သင့်သလဲ ။ ကျွန်တော် မသိတော့ဘူး အရုပ်မရယ် ။
သူမ အရာရာ အဆင်ပြေပါစေ ။ ပြတိုက်မှူးက သူမကို တစ်နေ့နှစ်ကြိမ် ရေချိုးပေးတယ် ။
ကျွန်တော်က ယဉ်ကျေးမှု အငွေ့အသက် မကောင်းတဲ့ကောင် ဆိုတော့ ပြတိုက်
အပြင်ဘက်မှာပဲ နေတယ် ။ ဓားကို ပြန်သိမ်းထားလိုက်ပါ အရုပ်မရေ ။ သူမ ဓားတစ်ချောင်း
လို “မြ” နေအောင် ပြုံးပြန်တယ် ။ “သွေး” ပါ ။ ကျွန်တော့်ကိုယ်ထဲက ဗီဇအရိုင်းတွေ
“ပါး” သွားတဲ့ထိ “သွေး” ပါ ။ သူ အရူးတစ်ယောက်လို အော်ဟစ်နေတယ် ။
သူမ ကြားသလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။ ကျွန်တော့် အသံစနစ်က
ပြတိုက်နံရံတွေကို ဖောက်ထွင်းသွားနိုင်မယ် မထင်ဘူး ။ လေလုံမိုးလုံ အခန်းထဲ
အရုပ်မ အသက်ရှူ ၀ပါ့မလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။
အဲသည့် ဓားကို ကျွန်တော့် နောက်ကျောမှာ ၀ှက်ထားပေးပါ ။ သူ တောင်စဉ်ရေမရ
ရေရွတ်နေမိတယ် ။ သူမ သူ့နောက်နားမှာ ပုန်းလျှိုးကွယ်လျှိုး ရပ်ရင်း ပြုံးတယ် ။
ခင်ဗျား ဘယ်မှာလဲ အရုပ်မ ။ ပြတိုက်နံရံတွေပေါ် ပန်းချီကား တစ်ချပ်လို တွယ်ကပ်နေမှာလား ။
ဒါမှမဟုတ် ၊ ပါရီမြို့ရဲ့ အေးအေးချမ်းချမ်း ညနေခင်းမှာ ကော်ဖီဆိုင်ထဲ အေးအေးချမ်းချမ်း
ထိုင်နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျားရဲ့ မက်လက်စ အိပ်မက်တွေကို ရေလောင်းပေါင်းသင်
နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျား ဘယ်မှာလဲ အရုပ်မ ရေ ။ သူ့ အရုပ်မက ပြတိုက်မှာနေတယ် ။
ကျွန်တော်က ပြတိုက်ရဲ့ သန့်စင်ခန်းသာသာ ကျယ်ဝန်းတဲ့ အခန်းစုတ်လေးထဲ နေတယ် ။
သူ ပြတိုက်ရှေ့ အုတ်ခုံလေးမှာထိုင်ရင်း တစ်နေ့တာ ကုန်ဆုံးတယ် ။ ခင်ဗျားက ပြတိုက်ထဲ
(ပြုံးပြုံးလေး) ခါးထောက် ရပ်နေတယ် ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။
သူ ခင်ဗျားကို မတော်တဆ မြင်ရမယ့် တစ်နေရာရာကနေ ငေးကြည့်နေပါလိမ့်မယ် ။
ပြတိုက် ဘယ်အချိန် ပိတ်မှာလဲ လို့ ကျွန်တော် အရုပ်မကို မေးလိုက်တယ် ။
သူ ညည ဆို ခင်ဗျားကို သီချင်း ဆိုပြလိမ့်မယ် ။ ကျွန်တော် ဂစ်တာ မတီးတတ်ဘူး အရုပ်မရဲ့ ။
သူ သူမကို အိပ်မက်လှလှ မက်ပါစေလို့ ဆုတောင်းပေးတယ် ။ အရုပ်မ အိပ်ရင်ရော
ပြုံးနေတတ်လား ။ ခင်ဗျား ပြောလေ ။ ဟင့်အင်း ၊ သူ မသိဘူး ။ ကျွန်တော် မသိလို့ မေးတာပါ ။
အရုပ်မ ၊ ခင်ဗျား ဆံပင်တွေ အရမ်းလှတယ် ။ နောက်ပြီး သူမ မျက်နှာထားတင်းတင်း က တော်တော်
ကြည့်ကောင်းတယ် ။ ဟင့်အင်း မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ကျွန်တော် သူမကို ငေးကြည့်နေချင်တာ
သက်သက်ပါ ။ သူ အရုပ်မကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ် ။ ကျေးဇူးပြုပြီး ပြောပါရစေ ။
ကျွန်တော် ခင်ဗျားကို ချစ်တယ် ။ သူ သူမကို ချစ်တယ် ။ ကျွန်တော် အရုပ်မကို ချစ်တယ် ။
သူ ခင်ဗျားကို ချစ်တယ် ။ ကျွန်တော် သူမကို ချစ်တယ် ။ သူ အရုပ်မကို ချစ်တယ် ။ ကျွန်တော်
သူမကို ချစ်တယ် ။ အရင်လိုပဲ ပြုံးနေပါ ။ သူ့ကြောင့် သူမ စိတ်ညစ်သွားပြီလား ။ ကျွန်တော်
ပြန်မရုပ်သိမ်းပေးနိုင်ဘူး အရုပ်မ ။ သူ အခန်းကျဉ်းလေးထဲက ပြူတင်းပေါက်တွေ တွန်းဖွင့်လိုက်တယ် ။
ကျွန်တော် ခင်ဗျားကို အသက် ၀၀ ရှူစေချင်တယ် ။ လိုက်ခဲ့ အရုပ်မ ၊ လိုက်ခဲ့ ။ သူ သူမကို
ကမ္ဘာအသေးစားလေး တစ်ခုထဲ ဆွဲခေါ် ရှင်သန်စေဖို့ သိမ်ငယ်စွာ တွေးတောနေတယ် ။
အရုပ်မ ပြတိုက်ထဲကနေ ကပိုကရို ၊ လှလှပပလေး ထွက်လာတယ် ။ ကျွန်တော့်နား ရောက်လာတယ် ။
သူ ဘယ်လို ခံစားမှုမျိုးနဲ့မှ နှိုင်းယှဉ်မရအောင် တလှပ်လှပ် ပျော်သွားတယ် ။ လာပါ အရုပ်မ ၊
ကျွန်တော့်နား လာပါ ။ သေးငယ်သိမ်နုပ်တဲ့ ကမ္ဘာအသေးစားလေးထဲ ပျော်ဝင်လှည့်ပါ ။
သူမ သူ့အနား ရောက်လာတယ် ။ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဓားတစ်ချောင်း နဲ့ ။
အရုပ်မ မထေမဲ့မြင် ပြုံးလိုက်တယ် (ထင်တယ်) ။ ကျွန်တော် တစ်ခုခုကို စိုးရွံ့စွာ ဘုရား “တ” မိလိုက်တယ် ။
ရင်ဘတ်ထဲမှာ ပူခနဲ ။ သူ့နောက်ကျောဘက်က (သူမကိုယ်တိုင်) နှုတ်ခဲ့တဲ့ ဓားနဲ့ ၊ သူ့ရင်ဘတ်ကို
(သူမကိုယ်တိုင်) ထိုးစိုက်ပစ်လိုက်တယ် ။ ပြီးသွားပါပြီ အရုပ်မ ။ ပြီးသွားပါပြီ ။ ခင်ဗျား တိုက်ခဲ့တဲ့
ကျိန်စာအတိုင်း ကျွန်တော် ခင်ဗျားပြတိုက်ရှေ့မှာ စောင့်တဲ့ အရုပ်တစ်ခု ဖြစ်နေပါပြီ ။
လာရာလမ်းအတိုင်း ကပိုကရို ၊ လှလှပပလေး ပြန်ဝင်သွားပါ ။ သူမရဲ့ ပြတိုက်ရှေ့မှာ သူ အရုပ်တစ်ရုပ်
အဖြစ်နဲ့ အမြဲ ရှိနေမှာ သေချာပါတယ် ။ ကျွန်တော် ကတိပေးပါတယ် အရုပ်မ ။ ခင်ဗျားရဲ့
ပြတိုက် ဂေဟာ ရှေ့မှာ အမြဲ ရှိနေမယ် ဆိုတာ .......................... ...... ။
ဆူးခက်မင်း
http://sue-khat-min.myanmarbloggers.org
http://blog.lib.umn.edu/rolan035/architecture/425_web-ERE-seesaw-PAR116898.jpg
စီးလျှောတစ်ခု၏...ရာဇ၀င်
တဖြည်းဖြည်း ဆုတ်ခွာသွားလိုက်တာ
အသွေးထဲ သားထပ်သွားစေဖို့ 
အဲ့ဒါ
ကြယ်ဆီ လျှောက်သော..ငါး
မဲ့နေတဲ့ ကွက်လပ်ကို
ပြန်ပင့်တင်နေတဲ့ ကွက်လပ်က
အလျား  =  ……  X  ……
ထပ်မှုတ်ထုတ်လိုက်ပါဦး
အထပ်ထပ် မှုတ်ထုတ်လိုက်ပါဦး
ညိုလိမ်..မီးကောက်တွေထဲ
ညိုလိမ်..ခိုးတောက်တွေထဲ
အစုန်းစုန်း...အဝေေ၀
မြူး
လူး
တွယ်
နောက်ခံ -  မည်း ပြာ ရောင်
ခွာရာ - သုံးဆယ့်တစ် + တစ်
နေ့ ဟာ..နေ ကို ရှစ်ခိုးဦးချ
အဲ့ဒါ
သားအိမ်ကင်းဗတ်(စ်)ပေါ်က
ဒဏ်ရာဗရာပွ ပန်းချီကား
စွန်းထင်နေတဲ့..ဆေးစက်ကို
စွန်းပေစေတဲ့..ဆေးစက်က
ဥုံးကိုက် နှလုံးသား
တရစပ်..ပြွတ်သိပ်လိုက်ပါဦး
အဆစ်ဆစ်..ကိုက်ရွလိုက်ပါဦး
လေးထောင့်ပြား တစ်ချပ်ရဲ့ ..ရှေ့ 
သက်ရှူနေသော မျက်လုံးတွေ
သက်ငင်နေတဲ့ မျက်လုံးတွေ
တဆုံးဆုံး...တဝေေ၀
လွင့်
မှိတ်
ကြွေ
ခွက်ဟာ ပြည့်လျှံသွားပြီး
သီလဟာ..လျှော့ဖိတ်သွားတယ်
အဲ့ဒါ
ထမင်းငတ်နေသော...ကဗျာ
သီလဟာ ခွက်ဖြစ်ပြီး
ခွက်ထဲမှာ သီလမရှိကြောင်း
 တင်ပလွေချိတ်..ချင်းဆိုသော ပါးစပ်က
?
အဆက်မဲ့  ရစ်ပတ်လှည့်ပါဦး
အဆုံးမဲ့  ရစ်ပတ်လှည့်ပါဦး
ဆိုင်ကလုန်းအချင်း  :  ငါ x သံသရာ
ရေရောင်..အနမ်းတွေထဲ
သေအောင်..လန်းနေတဲ့..ငါ
..................
အဲကွန်းဝေသော..ဈာပနမှာ
လာကြိုသူ
?
အာရမ္မဏပစ္စယော
…………………
………………
……………..
…………..
…………
……….
……..
.......
.....
....
...
..
.
အတွင်းမှောင်လို့ 
လင်းချင်ယောင်ဆောင်တဲ့ မုန်တိုင်း
ကိုယ့်ဒဏ်ရာကိုယ့်မွှန်း
.....
ဝန်း
တယ်
ဟောတိ။
အနော်မာ
၁.၇.၂၀၁၀
(မနက် ၄ နာရီ)
မင်္ဂလာပါ
ဒီနေ့ 
ဒီလိုဆုံတွေ့ ခွင့်ရတာ မင်္ဂလာပါ
အဲသည်လိုနဲ့ ကဗျာကို စဖွဲ့ လိုက်လေရဲ့
လက်ခုတ်သံတွေဟာ အုံးခနဲထပျံသွား
အရာအားလုံးဟာ တသားတည်းဖြစ်ဖို့ 
နမောတဿရွတ်လို့  ညွတ်တွားရအောင်
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိပါဘုရား။
ဓမ္မံ သရဏံ ဂစ္ဆာမိပါဘုရား။
သံဃံ သရဏံ ဂစ္ဆာမိပါဘုရား။
(ဒုတိယံမိ နှစ်ကြိမ်မြောက်လည်း)
(တတိယံမိ သုံးကြိမ်မြောက်လည်း)
ဘ၀အတွက်အဆင်းရဲဆုံးက အချိန်
ဘုရားတောင် ပေါက်ဆိန်ပေါက်ဦးချ
ပြက္ခဒိန်တွေ လှန်ရင်းမောလာတယ်။
မွေးကတည်းက လည်း....
အူဝဲ. . . .
သေဆုံးသွားပြန်တော့လည်း
နှောင် ခနဲမြည်တဲ့
ကြေးစည်သံက မျက်ရည်ကို ညှစ်ထုတ်ပြန်တယ်...
ရေပက်မ၀င်အောင်မှန်တဲ့ သင်္ခါရ
ကွေးသောလက် မခြောက်ခင်လား
စိုသောလက် မဆန့် ခင်လား
ရန်သူမျိုးငါးပါးနဲ့  ဒွေးရောယှက်တင်နေရတယ်
ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ 
သင့်ရာဒေသ အမြဲနေ
နယ်ပယ်ချဲ့ ထွင် ကျွန်ခံခြင်း
ငွေကြေးနဲ့ ရွှေ့ လို့ ရတဲ့ ဇယ်ရုပ်တွေဟာ
ဂိတ်မှုးကြီးလက်ထဲမှာ အရောင်လက်လာတယ်..
ပါးကွက်မညီခင် ပါးကွက်ပျက်နေကြခြင်း
ဒါပဲနော်၊ ဒီတစ်ခါပဲရမယ်
အဲသည်လိုနဲ့  ဒုတိယကမ္ဘာစစ်ကို စခဲ့ကြတယ်
ဟီရိုရှီးမားလား၊ နာဝါစကီလားတော့မသိဘူး
ကျွန်တော်တို့ ဖျက်ချခဲ့ကြတယ်...
သမီးခုလို နာမည်ထွက်လာတာဟာ
လက်တွဲဖော်တွေ၊ မြေတောင်မြှောက်ပေးတဲ့သူတွေကို
သမီးနဲ့ 
ကျေးဇူးဆပ်ခဲ့လို့ ပါ
ငါ့သမီးလေးတော်လှ တော်လှနဲ့ 
ဟန်းဖုန်းခါးကြားထိုး
နောက်ဆုံးပေါ် မော်ဒယ် လန်းလန်းလေးနဲ့ 
လဲလိုက်ပါအဖေရာ၊ အဖေ့ကားကြီးက
အဲယားကွန်းလဲ မအေးတော့ဘူး
ချွေးထွက်လွန် သမ္မာအာဇီဝဟာ
အောက်ဆိုက်ဓာတ်ဆားကို မှီဝဲနေ
ကဲ သားတို့ ၊ သမီးတို့  ဒီပုံစံလေးကို ဖြည့်လိုက်ကြနော်
ကြုံတုန်းအလှူငွေလေးလည်း.......
ကင်းခြေများတွေ လမ်းသလားသလို
အသက်ဝင်တဲ့ညနေ
အပြေးအလွှားလမ်းဖြတ်ကူးတဲ့ ကြွပ်ကြွပ်အိတ်ဟောင်းဟာ
ဆယ်လိုတိတ်အကြောင်းမသိတဲ့ ရာတန်ကို
မယုံသလိုလိုကြည့်တယ်
ဘတ်စ်ကားတွေထဲကို ချွေးစက်တွေရဲ့ 
သုံးပုံတစ်ပုံထည့်ရတယ်
ပါးစပ်မပါတဲ့ ညစာစားပွဲတွေနဲ့ 
ညစာစားပွဲမပါတဲ့ပါးစပ်တွေဟာ
webcam နဲ့  chatting ထိုင်
ဂွီ၊ ဂေါ်
ကျွန်ယုံတော တဖက်ကမ်း
သားသမီးယုံတော့ စုံလုံးကန်း
အကြည်ဓာတ်ကလေးလွှာခံထားရတဲ့ ကျွန်တွေရှေ့ မှာ
ယမထာရွှေကြိမ်လုံးရယ်နဲ့ 
သိမ်ပန္နက်ကိုတဲ့ ခြေတော်တင်
အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တာ
ရက် ၂၀ နီးပါးရှိပြီ
အသင်းခေါင်းဆောင်ကလည်း ပွဲပယ်ခံထားရတယ်
အားထားရတဲ့ကစားသမားတွေကလည်း
မုန်တိုင်းတိုက်လို့ တကွဲတပြားစီ
ကြွက်ချေးတွေထဲရောနေတဲ့ ဆွမ်းဆန်နဲ့ 
နှမ်းတစေ့နဲ့ ဆီဖြစ်ခြင်း၊ မဖြစ်ခြင်း
ခင်ဗျာ ပြည်တွင်းမှာပဲထုတ်တာခင်ဗျ
နိုင်ငံခြားကိုမှာလို့ မရပါဘူး
ဟုတ်ကဲ့ ကျွန်တော်တို့ ဆိုင်က ဘူဖေးစနစ်လေ
တနေ့ လုပ်မှ တနေ့ စားရတာဆိုတော့လည်း
စုနိုင်အောင်လုပ်ဖို့ ဆိုတာ
တီ
တို
တေ
တီ
ဟယ်လို၊ ဟယ်လို
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ.............။
- သုဏော်စိုင်း -
“အုံ့ပုန်း”
ညည ဆိုဆိုနေကြ သီချင်းလေးရေ .....
ပေးစရာ နာမည်
ကိုယ် မသိခဲ့ . . . . ၊၊
မင်းကိုရှာဖွေတွေ့ရှိပါစေ
လွှင့်ထုတ်လိုက်တဲ့ မီးခိုးတွေသာ
ပြာဖြစ်သွားတယ်
ရင်ထဲက မီးလေးတော့ မငြိမ်းနိုင်ခဲ့ပေါ့ ၊၊
တစ်စက္ကန့်မှာ
ဘယ်လောက်တောင် ရှည်လျားခဲ့လဲ ..
လွမ်း
မိုင် ... ... ၊၊
- ဇာတိ -
======================
ငါ့လက်ဖျံပေါ်ကျလာတဲ့ အေးစက်စက်မိုးစက်တွေထဲမှာ
မင်းရီသံတွေပါပါလာတာ ဘယ်နှစ်စက်ရှိပြီလဲ
မတွေ့ရတော့ဘူး ရင်တခုလုံးပြိုကျ
ငါ့မျက်နှာပေါ်က အာဟာရချို့တဲ့ လက္ခဏာနဲ့
တူးဆွထားတဲ့ အနာပေါ်မှာ ယင်တွေ အုံနေတယ်
ပခြုပ်ထဲက လိပ်ပြာကလေးရေ
ငါ့နာမည်ကို မကြားဘူးလား
ငါ့အရိပ်ကို မမြင်ဘူးလား
ငါ့ရနံ့ကို မရဘူးလား
ငါ့လက်ဖျံပေါ်က ရီသံတချို့ကို
သိုဝှက်ထားတဲ့ နာကျင်မှုနဲ့ ဖြတ်စီး
ငါ့သွေးတွေ ပြောင်းပြန်စီးကုန်ပြီလေ ။
- နီလေး -
==========================
ခဏခဏမက်ဖြစ်တဲ့ အိပ်မက်ကို
အိပ်မက်ထဲ ပြန်သွင်းလိုက်တယ်
တကူးတကကြီး ပြန်သွင်းကြည့်လိုက်တာ
အနားသတ်မျဉ်းတစ်ကြောင်းအတွက်
ရင်နဲ့ဖြိုချလိုက်ရတာကလည်း
ညတွေ သက်သေပဲ
မင်းပြုံးတာ ငါမမြင်ရတာကြာပြီ
သိပ်သည်းဆ သိပ်များနေတာလည်းမဟုတ်ဘူး
ဟင်း ကနဲ ချလိုက်တဲ့ သက်ပြင်းတွေမှာ
ပြန်မရလိုက်တဲ့ ရောင်နီတွေပါတယ်
မပြောဖြစ်လိုက်တဲ့ ဒဏ်ရာတွေ ပါတယ်
ကျိန်စာပြယ်ဖို့ ကျိန်စာတစ်ပုဒ် ထပ်ရွတ်ရမှာလား
ဒီလိုဆိုရင်တော့
ထိုးစရာလက်ညှိုး ဘယ်ဖက်လှည့်ရမလဲ ။
- အမည်မဲ့ -
========================
သေတ္တာထဲမှာ ဘာတွေ ရှိမလဲ ။
ပန်းသီးတစ်လုံး ၊ ဒါမှမဟုတ်
ပန်းတစ်ပွင့် ၊ ဒါမှမဟုတ်
အခွံသင်/ဆူးနွှင် ဖို့ ဓားတစ်ချောင်းလား ။
နင်လား ၊ ငါလား ။
နင့်ကြောင့်လား ၊ ငါ့ကြောင့်လား ၊ အပြင်မှာမိုးတွေရွာနေတယ် ။
မသိချင်တော့ဘူး ။ ( မဟုတ်သေးဘူး )
မသိချင်သေးဘူး ။ ( တခြားလူတွေ တွေ့မှာစိုးတယ် )
အဲ့လိုနဲ့ ၊ သော့ကို ခေါင်းအုံးအောက်ထဲ ထိုးထည့် ။
နှိုးစက်ကို မနက် ၂ နာရီ ပေးထားလိုက်တယ် ။
- ဆူးခက်မင်း -
=============================
နတ်သမီးရာသီ ပြောင်းတိုင်း
ဗြဟ္မာကြီး ဦးခေါင်း
ဆတ်..ဆတ်..ခါ
မီးတောင် အဟောင်းကြီး
ဂစ်တာ..တီးနေပြီ
ငုံကြည့်မနေပါနဲ့ ...'သူမ'
'ငါ'
လက် ခုပ် ထဲ က ရေ
'ငါ'
ပလက်ဖေါင်းပေါ်က..ပက်လက်ကျွဲ
'ငါ'
ကြားခံမပါတဲ့ ကဗျာ
ငါ့ကို သောက်ပါ
ငါ့ကို သုံးပါ
ငါ့ကို မြိုချလိုက်ပါ
- အနော်မာ -
အာဇာနည် ခေါင်းဆောင်ကြီးများအား
ဤကဗျာဖြင့် အမှတ်ရ အလေးပြုလျှက်။
ယူရေနီယံ ကြေးရုပ်
...ပန်ကာ ဖွင့်ပေးပါ...
ပလပ်ပေါက်ကို ရေထဲ နှစ်လိုက်
'အူဝဲ'
ဂဠုန်မီးနေစောင့် တွေကို
ဆေးရုံထဲက နှင်ထုတ်ပေးပါ
..............
လူ ကိုးယောက်
လက်တစ်ဖက်ကို နောက်ပစ်ပြီး
နောက် လက်တစ်ဖက်ကို
ရှေ့ုထုတ် ကာတယ်။
အဲဒီ လူတွေ..အတွက်
ကြေးရုပ်
ပန်းခြံထဲမှာ တစ်ရုပ်ပဲ ထားတယ်
အဲဒီနေ့ ဆို...ရည်းစားနဲ့  လျှောက်လည်တယ်
အဲဒီနေ့ ဆို...မိသားစုနဲ့ ပျော်ပွဲစား ထွက်တယ်
အဲဒီနေ့ ဆို...သူငယ်ချင်းတွေနဲ့ Dota ချိန်းခုတ်တယ်
အဲဒီနေ့ ဆို...နေကာမျက်မှန်တပ်ပြီး တည်းခိုခန်း သွားတယ်
..............
ရွှေတိဂုံဘုရား ပေါ်က အနီရောင်အမွှေးတိုင်တွေ ကတော့
ယူရေနီယံမျက်ရည်စက်တွေနဲ့ 
တစ်ယောက် ရင်ဘတ်ပေါ်
တစ်ယောက် ဒူးထောက်ရင်း
ဆယ်နာရီ သုံးဆယ့်ခုနှစ်မိနစ် ကို
...နောက်တကြိမ် ဘယ်တော့မှ မမွေးဖွားရန်...
..............
သမိုင်းမှာ...အဲဒီနေ့ က ရေဒီယိုက ငိုနေတယ်
လှည်းတန်းမှာ...အဲဒီနေ့ က ရေဒီယိုက ငိုနေတယ်
ဘုရင့်နောင်မှာ...အဲဒီနေ့ က ရေဒီယိုက ငိုနေတယ်
ကမ္ဘာတချို့ ... အင်တာနက်ပေါ်က ငိုနေတယ်
မြန်မာတပြည်လုံး...သောင်းသောင်းဖြဖြ ငိုနေတယ်
..............
သူတို့ ဟာ ငါတို့ ရဲ့ အဖေတွေ ဖြစ်တယ်
သူတို့ ဟာ ငါတို့ ရဲ့ အဘိုးတွေ ဖြစ်တယ်
အဲဒီနေ့ က သူတို့ 
ရည်းစားနဲ့  လျှောက်မလည်ဘူး
အဲဒီနေ့ က သူတို့ 
ပျော်ပွဲစား မထွက်ဘူး
အဲဒီနေ့ က သူတို့ 
တည်းခိုခန်း မသွားဘူး
အဲဒီနေ့ က..သူတို့ 
ရေဒီယို နားမထောင်ဘူး
အဲဒီနေ့ က..သူတို့ ဟာ
အစည်းအဝေး တက်သူများ ဖြစ်တယ်
အဲဒီနေ့ က.....သူတို့ ဟာ
သားပစ် ၊ မယားပစ် သူများ ဖြစ်တယ်
အဲဒီနေ့ က..သူတို့ ဟာ
အတိတ်ရဲ့ ထာဝရ အရိုင်းပင်များ ဖြစ်တယ်
...သူတို့ ဟာ...
လမ်း
...သူတို့ ဟာ...
ဂျူလိုင်လရဲ့  ကျောက်စရစ်ခဲများ
........................................
..............................
.....................
...အဲဒီနေ့ မှာ...
မွေးဖွားသန့် စင်သော ရင်သွေးငယ် တချို့ ကတော့
သူတို့  မွေးနေ့  ရောက်တိုင်း
သရဲခြောက်နေတဲ့ ပြတိုက် တစ်ခု ထဲက
တကျပ်တန် ပိုက်ဆံလေးကို
အရောင် ပြောင်းသွားသလား..ရယ်လို့ 
...နားစွင်နားဖျား...
တိုးဝှေ့  ကြည့်နေကြဆဲ။
အနော်မာ
၁၈.၇.၂၀၁၀
မနက် ၆ နာရီ ၃ မိနစ်
“ ၂၁ ရာ စု မှာ ”
၂၁ ရာစုမှာ တိုက်အမြင့်ကြီးတွေ
ဆောက်ကြတယ် ။ မီးအကြီးကြီးတွေ
လောင်ကြတယ် ။ ဘာမှန်းမသိတဲ့
သတ္တ၀ါတွေ ၊ သူတို့ကိုယ်သူတို့
လောင်ကျွမ်းကြတယ် ။
(ကိုယ့်ဟာကိုယ်ရော ဘာမှန်းသိရဲ့လားတော့ မသိဘူး )
ဒါတွေဟာ နှင်းဆီမီးညွန့်တွေ ဖြစ်တယ် ။
အမြဲစိမ်း သစ်တောတွေ ဖြစ်တယ် ။
မွေးသမိခင်ရဲ့ မျက်ရည်တွေကို
ကျင်းတူးမြှုပ်နှံလိုက်တဲ့နေ့က
ငါ ရေခဲနဲ့ ကျွမ်းလောင်တယ် ။
ကမ္ဘာပျက်မှာ မသိတဲ့ လူမိုက်တွေ
ကမ္ဘာပေါ်ထိုင်ရင်း ဝေစုခွဲနေကြ ။
အို့ .. အို ၊ သနားစရာ ။
ငါတို့ မြို့လေး အသိုက်ပြောင်းရတော့မယ် ။
ငါ နင်းခဲ့တဲ့ ခြေရာတိုင်းရဲ့ အရိပ်မှာ
သွေးတွေ စွန်းထင်းနေ ။
အဝေးပြေးလမ်းမကြီးကတော့
ငူငူငိုင်ငိုင်နဲ့ ငေးလို့ကောင်းတုန်း ။
ခြေပစ်လက်ပစ် ပစ်စလက်ခတ် နေလို့ ကောင်းတုန်း ။
မြို့တော်သူ မြို့တော်သားတို့ရေ .... ။
ငါတို့ နှင်းဆီခင်းတွေပေါ် ပျံဝဲကြစို့ ... ။
ငါ့ အ၀ါရောင်လယ်ကွင်းထဲ ဘယ်မှော်ဆရာ
ခြေချခဲ့ပါသလဲ ။
ဘယ်ဘက်လက်က ပါးစပ်ဖြစ်ပြီး
ညာဘက်လက်က နားဖြစ်တယ် ။
ကိုယ့်အသံကိုယ်ပြန်ကြားရဖို့ ၊ ငါ့လက်နှစ်ချောင်းကို
တင်းတင်း ဆုပ်ကိုင် ။
ကပိုကရို ဖြာကျနေတဲ့ လရောင်အောက် ၊
စင်ရော်ငှက်တစ်ကောင် လမ်းပျောက်နေ ။
တိုက် ဟောင်း/ပျက် တစ်ခုရဲ့ လှေကားရင်းမှာ
မိန်းမငယ်တစ်ယောက် ၊ မျှော်လင့်ချက်အသေတွေနဲ့
မှောင်ရီခိုးဝေ ။ ဘာတွေကို ဆုပ်ကိုင်ထားမလဲ ။
ဘာတွေကို လွှတ်ချခဲ့မလဲ ။ ဘာတွေကို ၊
ဘာတွေကို ၊ ဘာတွေကို ၊ ဘာတွေကို ။
သဲမှုန်တွေ လွင့်နေတဲ့ ကြားက ၊
ကန္တာရကို စောင့်တဲ့ နတ်သမီး ။
ခင်ဗျား ၊ ညစ်ညစ်ထေးထေး လှတယ် ။
လှေကားထစ်စိုက်ခင်းတွေ
တောင်ပူစာ မို့မို့တွေ
သစ်ပင်တစ်ပင်လောက် စိုက်ခဲ့ပါ ။
ငါ ထိုင်ကြည့်ရင်း လွမ်းနေချင်လို့ ။
သောင်တင်နေတဲ့ ဆည်းဆာနဲ့
ညနေခင်းက စက်ဆုပ်ရွံရှာဖွယ် အတိ ။
ငါတို့ ကျောရိုးတွေနဲ့ ကမ္ဘာကြီးကို ငြမ်းဆင်ကြ ။
ငါတို့ လက်တွေနဲ့ ကမ္ဘာကြီးကို (ကိုယ်တိုင်) တည်ဆောက်ကြ ။
ယန္တရားအရေခွံနဲ့ ဖုံးအုပ်ထားတဲ့ ငါတို့ကမ္ဘာက
သတ္ထုစော် နံ တယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ အနီရောင်ပန်းပွင့်တွေရယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကဗျာဟောင်းတချို့ရယ် ............. ။
ဆူးခက်မင်း
၁၈ ၊ ဂျူလိုင် ၊ ၂၀၁၀ ။
အလင်းည နတ်သမီး
ဖြာကျနေတဲ့ လရောင်အောက်မှာ
တစစီ လွင့်ဝေနေတဲ့
ငါ့ ခြေလက် အပိုင်းအစတွေ တစစီ လိုက်ကောက် ။
ငါ့ ခန္ဓာကိုယ် အထက်ပိုင်းကို
မလွတ်တမ်း ဖက်တွယ် ။
ညခိုးပြာပြာတွေ လွင့်လွင့် တက်လာ ။
ဒီတိုက်ပွဲဟာ ငါတို့အတွက်
ဘ၀တစ်ခုဖြစ်တယ် ။
တိမ်တွေကြားမှာ စိတ္တဇတွေ
ထုတ်လုပ်ပေးမယ့် စက်ရုံတစ်ခုလောက်
ဆောက် ကြ မယ် ။
တောင်ပံတွေကို ဖြန့်ထားပါ နတ်သမီးရေ ။
ပင်လယ်ကဗွီးပင်တွေက ၊ မင်းကို ကြည့်ပြီး
ငိုကောင်း ငိုနေလိမ့်မယ် ။
မီးခလုတ်တွေ ပတ်ပတ်လည် စီထားတဲ့
သော့ပေါက်ကြားက ၊ ၀ံပုလွေတစ်ကောင်
ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့
ငါ့ကို ကြည့်နေတယ် ။
မင်းကိုင်ထားတဲ့ ကြေးနီကွင်းထဲ
ခုန်ဝင်ဖို့ ငါက ၊ ခွေးတစ်ကောင်လောက်တောင်
အစွမ်းအစ မရှိဘူး ။
မှန်ထဲက ငါက ၊ အပြင်လောက က ငါ့ကို
သနားစရာ သတ္တ၀ါတစ်ကောင်လို
ကြည့်နေ ။ သူမမှုတ်ထုတ်လိုက်တဲ့
စီးကရက်မီးခိုးငွေ့တွေက
သူမ ဖြစ်သွား ။ အပိုင်းအစတွေအဖြစ်
ကွဲအက်နေတဲ့ ကားလမ်းမဘေးမှာ
ငိုကြွေးနေတဲ့ ကလေးမတစ်ယောက်က
သူမ ဖြစ်သွား ။ ငါက ကျားသစ်တစ်ကောင်ရဲ့
မျက်လုံးမျိုးနဲ့ သူမကို ကင်မရာမှန်ဘီလူးမှတဆင့်
စိမ်းစိမ်းရဲရဲ စိုက်ကြည့်နေ ။
သဲနဲ့ ဆောက်ထားတဲ့ မြို့တော်ရဲ့
ဝိုင်ပုလင်းထဲ ၊ တိမ်တွေ အသိုက်လုပ် နေကြတယ် ။
ဒီလိုနဲ့ နေရော လရောဟာ ငါတို့ ကန်ရေပြင်ထက်က
ငါးတွေ ဖြစ်တယ် နတ်သမီးရေ ။
မျက်နှာဖုံးတွေနဲ့ ရံထားတဲ့ တံတိုင်းက
နှင်းဆီတစ်ပွင့်အတွက် လုံခြုံမှု ကောင်းကောင်း
ပေးနိုင်မှာပါ ။ Breathing Apparatus မပါပဲနဲ့တော့
Rome မြို့ကြီး မီးလောင်နေတာကို
ငြိမ်းသတ်ဖို့ မကြိုစားနဲ့ နတ်သမီး ။
မင်းလျှောက်နေတာ ၀က်ဝံလေးတစ်ကောင်ရဲ့
အိမ်ပြန်လမ်း မဟုတ်ဘူး ။ မင်းထင်သလောက်
ရိုးစင်းနေလိမ့်မယ် မဟုတ်ဘူး ။
ညာဘက်လက်က ဓားကို ကိုင်ပါ ။
ဘယ်ဘက်လက်က လက်ဝါးကပ်တိုင်ကို ကိုင်ပါ ။
မင်းကို ဘုရားသခင်နဲ့ မိစ္ဆာနတ်ဆိုးတွေ
တလှည့်စီ စောင့်ရှောက်ပါလိမ့်မယ် ။
ချောကလက်ရောင် အဘိဓမ္မာတွေ ကြီးစိုးနေတဲ့
လောကဓံက ၊ မင်းကို ကောင်းချီးပေးပါလိမ့်မယ် ။
ရေနွေးကရားထဲက ထွက်ကျလာမယ့် မီးလျှံတွေ ။
ဇယားကွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဘ၀ထဲက
ရုန်းထွက်ဖို့ ၊ စိုက်ခင်းမှာ ပွင့်နေတဲ့
မျက်လုံးတွေကို လျစ်လျူရှုလိုက်ပါ နတ်သမီး ရေ ။
ကနူးလှေကလေးရဲ့ တစ်ဖက်တစ်ချက်မှာ
မျက်နှာချင်းဆိုင်ထိုင်ရင်း .... ။
ငါတို့ လှော်တက်တစ်ချောင်းစီကိုင်ရင်း .. ။
လောကသမုဒ္ဒရာထဲ လှော်ခတ်ကြမယ် .. ။ ........... ။
ဆူးခက်မင်း
ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့
သစ်ပင်တစ်ပင်ဖြစ်တယ် ၊ ပင်စည်ကျောရိုးမရဲ့
အလယ်တည့်တည့်မှာ လက်ဝါးကပ်တိုင် တစ်ချောင်း
“ထင်း” နေ အောင် စိုက် ထူ လို့ ။
ငါ့ကိုယ်ငါ ပြန်ရှာ မတွေ့တော့ဘူး ။
ဆာလောင်မွတ်သိပ်မှုတွေနဲ့ အသားကျနေတဲ့
မြို့ပျက်ထဲမှာ ကြယ်အပြတ်တွေ လိုက်ဖမ်း ။
ငါ ကောင်းကင်ကို ခိုးတာ မဟုတ်ဘူး ။
တယောတစ်လက်နဲ့ တိမ်တွေကို မိုးပေးဖို့
ကြိုးစားခဲ့တာ ဖြစ်တယ် ။
အပေါက်ခပ်ကျဉ်းကျဉ်းလေးထဲကေ
ကမ္ဘာကြီး ဘာတွေ ဖြစ်နေတယ် ဆိုတာ
ခိုး ခိုး ကြည့်ရတာ ။
မပျော်ဘူးကွာ ၊ မပျော်ဘူး ။
အဲသည့် ကမ္ဘာကြီးထဲ ၀င်ရောက်ကခုန်ခွင့် ပြုပါ ။
ရာသီကြို ယဉ်ကျေးမှုတွေ မရှိတဲ့
အလယ်အလတ်တန်းစား ငရဲဘုံမှာ
ဆလိုက်မီး ခပ်မှိန်မှိန်တွေ ကြားမှာ
ပေါင်သားဖွေးဖွေးတွေ ကြားမှာ
စိမ်းရွှေရွှေ အနံ့တွေ ကြားမှာ
အယ်လ်ကိုဟောတွေကို အစာအိမ်ထဲ ထည့်လွယ်ထားတဲ့
မကောင်းမှု ဒုစရိုက်တွေကို လည်ပင်းက လော့ကက်သီးလေးထဲ
အမြတ်တနိုး ထည့်ဆွဲထားကြတဲ့
အဲသည့် အလယ်အလတ်တန်းစား ငရဲဘုံမှာ
ကပွဲလက်မှတ် မပါတဲ့ ငါ့ကို
ဝ င်ေ ရာ က် က ခု န် ခွ င့် ပြု ပါ ။
အပြုံးတုတွေ ၊ မာယာလတ်လတ်ဆတ်ဆတ်တွေ
လင်စိတ်သားစိတ် ပြင်းထန်နေတဲ့ မျက်လုံးတွေ
လင်ယူသားမွေးကိစ္စကို လွယ်လင့်တကူ
လူကြားသူကြား ဆွေးနွေးနေတဲ့ သတ္တ၀ါတချို့
လမိုင်းကို မကပ်ပါဘူးကွာ ။
လိင်ကိစ္စကို လာရာလမ်းအတိုင်းပြန်သယ်သွားဖို့ထက်
လမ်းဘေးမှာ ၊ လူသူမနီး တစ်နေရာရာမှာ
လူမြင်သူမြင် အမှောင်ခန်းထဲမှာ
လွယ်လွယ်လေးပဲ လွှတ်ချလို လွှတ်ချ ။
လိပ်စာ ပေးထားခဲ့မယ်ဆိုတဲ့ လော်လီမှုတွေ ။
လူဆိုတာ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ် ဆိုတဲ့ သီချင်း ။
လင်းလင်းထင်းထင်း ဖြစ်သွားအောင်
လိမ္မာဖို့ လိုတယ် မိတ်ဆွေ ။
လူသားဆန်ဆန် ၊ လေလွင့်လူ လုပ်နေလိုက်တာ
လောက်လောက်လားလား ဖြစ်မှာပါ ။
အမောပြေသောက်ဖို့ မာလ်တီနီ တစ်ခွက်လောက် ရမလား ။
ငါ ကခုန်ရတာ တော်တော် မောရှနေလို့ပါ ။
အမောပြေ မပြေတော့ မသိဘူး ။
အသွေးအသားထဲ လက်ကျန်ယဉ်ကျေးမှုလေး စိမ့်ဝင်နေတာ
အဆုံးစွန်ထိ ပြေလျော့သွားတယ် ။
ကျေးဇူးပြုပြီး မီးတွေ ခဏ မှိတ်ထားပေးပါ ။
သမ္မာကျမ်းစာထဲက ဆုတောင်းရွတ်ဆိုသံတွေ ခဏ ပိတ်ထားပေးပါ ။
ငါ့ရင်ဘတ်က လက်ဝါးကပ်တိုင်ကို ဆွဲဖြုတ်ခွင့်ပြုပါ ဘုရားသခင် ။
ငါ့ခြေထောက်မှာ နွယ်တက်နေတဲ့ အရှိတရားတွေကို
မသိကျိုးကျွံပြုနေပါရစေ ။
ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့ သစ်ပင်တစ်ပင်ဖြစ်တယ် ။
ဆူးခက်မင်း
........
ပင်လယ်ကို
အမျှောက် နဲ့ ပျစ်ရမှ
ကျေနပ်မယ့်ကလေး
တွေးထား တယ်
သေချင်းဆိုးတရားမှာ
သူ့ မျက်လုံး တဖက် အရော်အစား
ရှိ ကို ရှိ နေ တယ် တဲ့ ။ ။
-ရုပ်သေး-
လူနေ ကွက်
ဝင်ချင်တိုင်းဝင်
ကြ
ထွက်ချင်တိုင်းထွက်
ကြ
ယဉ်ချင်တိုင်းယဉ်
ကြ
ရိုင်းချင်တိုင်းရိုင်း
ကြ
စိတ်ချင်တိုင်းစိတ်
ကြ
ပြုံးချင်တိုင်းပြုံး
ကြ
မုန်းချင်တိုင်းမုန်း
ကြ
ဖြစ်ချင်တိုင်းဖြစ်
ကြ
ဆာချင်တိုင်းဆာ
ကြ
သာချင်တိုင်းသာ
ကြ
ပေါင်းချင်တိုင်းပေါင်း
ကြ
ညာချင်တိုင်းညာ
ကြ
စားချင်တိုင်းစား
ကြ
သတ်ချင်တိုင်းသတ်
ကြ
သေချင်တိုင်းသေ
ကြ
nelay
အာရုံပေါ်မှုတချို့
လင်းပွင့်လက်များ
Followers
အလည်အပတ်
free web counter