Hands Of Enlightenment

လင်းပွင့်လက်များ

ဥစ္စာစောင့်



ဘယ်လို ငရဲ မျိုး လဲ ။

အဲ့ ဒီ နံပါတ် ၈ ကို ပဲ ရူး နေ ရ ။
ဘယ် ဘ ၀ မှာ မှ ကျွတ် မှာ တဲ့ ။

ငါ့ မှာ

ဘယ် ကမ္ဘာ တိုင်အောင် လွမ်း ရ တယ် ။




ညီစိမ်း


လှမ်းပြီးခေါ်ရုံနဲ့ ငါကိုယ်ငါ မေ့ချင်သလိုလို ဖြစ်ပြတဲ့ အခါ


ငါးပွက်ရာ ငါးစာချ

ငါ့ဘ၀က ကြယ်တွေလည်း ခပ်ဟဟ မပွင့်ဘူး။

ကဲ …

ပြော “မိကြယ်စင်”

ငါ့ရေသောက်မြစ်မှာ ဓါးထစ်ထားတာ ဘယ်သူများလည်း။

ဟိုးရှေးရှေးတုန်းက

ဒုက္ခဆိုတဲ့ ထော့ကျိုးငနဲ ခရီးတွေကို

အမြဲ အမြဲ သွားတယ်တဲ့လား။

သွားစမ်းပါ။

မေ့လို့မရတဲ့ည “သွား”

ငါ့ ဘ ၀ က တစ်ခါနှစ်ခါ သုံးလေးခါ

ပြာပြာပြာ ခါခါ ကျချတယ်တဲ့ ဗျာ။

နေပေရော့ “မိကြယ်စင်”

ခုနှစ်ထပ်ဖွင့်ထားတဲ့ ကြာပွင့်မှာ နင်မတင့်တယ်ဘူး။

နင့်အဆင့်နဲ့ နင် ကောင်းကင်မှာနေ

ငါစေရင်လည်း နင်မကြွေလာပါဘူး ….. ။

ရှိပါစေတော့ကွာ …

တောထွက်ရာ အရပ်မျက်နှာမှာ

အရှေ့သံအနောက်သံ

ကြာသပတေးနံ မပါတဲ့ ကြာသပတေးမ

ငါ ခဏက ဟာကနဲ ကွာကျသွားပုံများ

မတွေ့ရက် မမြင်ရက် နင်သိပ်ရက်စက်တယ်တဲ့ ။

ဒီစကား နှုတ်ထွက်များရင်

ငါ့ လျှာကိုဖြတ်။

အရပ်ရပ်မှာ ပူဇော်ပသ တွေးလို့ မရစေနဲ့။

ခူးပြီး ခပ်ပြီးသားမှာ ငါ့ထမင်းဟင်းတွေ

မကြာမကြာ ၀င်ဆို့ထွက်ဆို့

….. ….. ….. ….. ….. ….. ။

ပြီးပါပြီ ဆိုမှတော့ …..

ပြောနေလည်း မထူးဘူး

လိုသလိုရူးပစ်ပေးပြီးရင်

ဒါပဲကောင်းပါတယ်လေ …..။

ကျောလေးခိုင်းရုံနဲ့

လုံလုံ လောက်လောက် ဝေး ..... ….. ….. … ..။

တွေးတွေးပြီး သေနေပါရစေလား

မှားစရာတွေ ထား

မှားပြီးရင် ခါး … တဟားဟားရယ်

သွေးလွန် ဓါးနက်နက်မှာ

တစ်ရက်ခစား အသွားပျောက် စာချွန်နဲ့

သွားတုတွေချွတ် .. ဟုတ်ပါတယ်

အဆွယ်ဆိုတဲ့ နိယာမနဲ့ နင်က ဂုတ်ချိုးစားခဲ့တာ ။

ငါလေ အပြစ်တွေ လျှော်ထုတ်

အလုပ်ဟုတ်ဟုတ်မဟုတ်ဟုတ်

“မိကြယ်စင်” သာ … ဘ၀ရဲ့

ပန်းတစ်ပုဒ် ဖြစ်စေ ရှိစေ တည်စေ ချင်ရဲ့။

အသက်တစ်သက်ထွက်ပြီးခါစ

နောက်တစ်သက် မ၀င်ခါနီး

နေမြင်ရင် ရေစွတ် … ငါ့ ထွက်လုနီး

ခန်းခြောက်မှုနဲ့ ….. ….. ….. ….. …..။

တစ်မျှော်တစ်ခေါ်လည်း လွမ်းပါတယ်ကွယ်။

“မိကြယ်စင်” ရေ …. …..

နင့် နံနက်ခင်းမရောက်ခင် အသက်စွန့် ကြိုးပမ်း

ရာဇ၀င်တင်မဲ့ နေ့ဆိုတာလည်း

ရာဇ၀င်တင်မဲ့ နေ့ပဲဆိုပါတော့ … .. ……. ။

ဟူး ကနဲ သက်မချ ….. ပြီး … သက်ထီးချ။

ထီးချ … ဦးထုပ်ချ ..

ကဲဆို .. ခဏခဏ

ရထားစီးတဲ့ ည။

သွားဆိုလည်း သွားပါ့မယ် “မိကြယ်စင်” ရယ်

မရောက်ခင် ပေါက်တဲ့ ဖိနပ်

ငါ့ တစ်သက်နဲ့ ငါ့ တစ်ကိုယ်ပဲ

ဝဲ ….. ၀ဲ ….. လည် ….. လည်

တစ်ခါနဲ့ တစ်ခါ မပြောဖူး ဖြစ်ခဲ့တဲ့စကား

တစ်ဟားဟား ရယ်သွမ်းဖြစ်တဲ့ ည

ဟ တ တ နဲ့

တစ်ခါက အခါခါ

တစ်လွှာပြီး တစ်လွှာ ….

ဘ၀ ရယ် … ဟာ ဆိုပြီး မဟာပါနဲ့ ကွယ်

“မိကြယ်စင်” ….. …..

နင် ပြန်ရာလမ်းမှာ

အခန်း ဘယ်နှစ်ရွက်စာ လွင့်ကျော်ဖြတ်ရွေ့

အဲဒါ ….. …..

နေ့ဆိုလည်း နေ့ပေါ့ ။

မပြောဝံ့ ….. မနာသာ

နင် ဆိုတာ ငါ ခါးရာလမ်း …..။

ခရမ်းတော ပန်းမှာ နင်မပွင့်လည်း

လမ်းနဲ့ ကမ်းမှာ နှင်းတလွင့်လွင့် ဟောဆိုရင် ပွင့်

“မိကြယ်စင်” ရယ်

ဒီနာမည်ကို ထပ်မခေါ်ဘဲ ငါရေတစ်ခွက်လောက်

အရင်သောက်

ဒါလည်း အမော မပြေခဲ့ပါဘူးလေ။

ငါက ….. ….. ….. …..

ဟိုးဟိုး ရှေ့ရှေးတုန်းက ငါပါပဲလေ ….. ။



(နေနှင်းစက်)

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter