Hands Of Enlightenment

လင်းပွင့်လက်များ

Jun
15



ကျွန်တော့်ကဗျာများရေးသားရာ
တွင်

ရေးသားထားသော အရာများ

လူသား ဘာသာဘာဝ တွင်ကျယ်မှုများ

လူနေမှုအခက်အခဲများ

လူမနေမှု အခက်အခဲများ

စသည်ဖြင့် . .

ကျွန်တော့်ကဗျာများရေးသားကြသည်

ကျွန်တော့်ကဗျာများရေးသားရာတွင်

ဟိုလူ့ အသုံးအနှုန်းနည်းနည်း

ဟိုလူ့ အသုံးအဖြုန်းနည်းနည်း

ဟိုလူ့ အတုံးအရုံးနည်းနည်း

ဟိုလူ့ အရှုံးအမုန်းနည်းနည်း

ဒီလို ဒီလို

ကျွန်တော့်ကဗျာများရေးသားရာတွင် ဒီလို

ရန်ကုန်မီးစက်များအကြောင်းကလည်း ဒီလို

ပထွေးနှိပ်စက်လို့ ပါဆိုတဲ့ ကေတီဗွီ ကကောင်မလေးက ဒီလို

အဆင်မပြေလို့ပါဆိုတဲ့ နိုက်ကလပ်က ကောင်မလေးလည်း ဒီလို

လူအိုရုံမရောက်နိုင်တဲ့ လမ်းဘေးက သူတောင်းစား အိုအိုကြီးတွေလည်းဒီလို

ဘတ်စ်ကားများအကြောင်းက ဒီလို

ပိုက်ဆံ အကြွေများအကြောင်းကလည်း ဒီလို

ကျွန်တော့်ကဗျာများရေးသားရာတွင် ကို ခွဲကြည့်မယ်ဆိုရင်

စမ်းချောင်းသားများ

တာမွေသားများ

အလင်းဆိုင်များ

စီးကရက်တိုများ

စာရွက်တိုများ

အိမ်များ

နောက်ကျောမှ ဓားရာများ

အရိပ်သုံးပါး

လူ့ကျင့်ဝတ်များ

ဓါတ်ကြီးလေးပါး နှင့်မပြေလည်ခြင်းများ

ကျွန်တော့်ကဗျာများရေးသားရာတွင်

ပတ်ဝန်းကျင်အခြေအနေဆိုးဝါးခြင်း

စားဝတ်နေရေး မပြေလည်ခြင်း

ရေရှားပါးခြင်း

မီးရှားပါးခြင်း

အချို့အချို့ ကြောင့်

သူတို့ က ကျွန်တော့်ကဗျာရေးသားရာတွင်

ဒီလိုဖတ်ကြတယ်

ဒီလိုဖျက်ကြတယ်

ပြီးတော့ ဒီလို နှပ်ကြတယ်

ပြီးတော့ ဒီလို နှပ်ချတယ်

အရာရာ အဆင်မပြေတာကလွဲရင် အရာရာအဆင်ပြေတယ်ဆိုတာ

ကျွန်တော့်ကဗျာရေးသားရာတွင်

တစ်ခါတစ်ခါ ဖတ်ရေး

တစ်ခါတစ်ခါ ကျက်ရေး

တစ်ခါတစ်ခါ မှတ်ရေး

တစ်ခါတစ်ခါ ရပ်ရေး

တစ်ခါတစ်ခါ ဖျက်ရေး

တစ်ခါတစ်ခါ ရေးပြီးရပ်မရ

တစ်ခါတစ်ခါ ရေးပြီး ဖတ်မရ

တစ်ခါတစ်ခါ ရေးပြီး မှတ်မရ

တစ်ခါတစ်ခါ ရေးပြီး ဖတ်မရ

အဲဒီတော့

ကျွန်တော့ကဗျာများရေးသားရာတွင်ကို ။ ။



မောင်မိုးချို

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter