Hands Of Enlightenment

လင်းပွင့်လက်များ

 

ဆွဲကြိုးချသေသွားတဲ့ မနက်ဖြန်



ဘုရားစူးပါရဲ့  ။
ပြင်ရာ ဖျက်ရာမပါတဲ့ နေ့တစ်နေ့တော့
ရှိဖူးချင်တယ် ။
မျှော်စင်ရဲ့  ဟိုးးးးးထိပ်မှာရပ်ပြီး
ကိုယ့်အရိပ်ကိုယ် ငုံ့ကြည့်မိတိုင်း
ကြက်ခြေခတ်တစ်ခု ၊
ဟုတ်တယ် ။
ကြက်ခြေခတ်တွေ အထပ်ထပ်နဲ့
ကြက်ခြေခတ်တစ်ခုပဲ ပြတ်ပြတ်ထင်ထင်တွေ့ရတယ် ။
မြေကြီးတွေကိုတော့ အားနာပါရဲ့   ။
အမာရွတ်တွေပြောတဲ့ မနေ့ကအကြောင်း
အကောင်းချည်းပဲတဲ့ ။
မနက်ဖြန်အကြောင်းရော ဘာတွေပြောကြမလဲ ။
ကြားဖူးချင်သေးတယ် ။
ပြီးခဲ့တဲ့ ငါ က
အခု ဟားတိုက်ရယ်နေလေရဲ့  ။
ဒါနဲ့ မေးရဦးမယ် ။
ဒီလမ်းက သွားရင် ဘယ်ရောက်လဲ ။



                                                   
         
                                                                                       ညီစိမ်း

 

0 comments:

Post a Comment

အာရုံပေါ်မှုတချို့

ကြိုးစားထားသမျှ

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter