Hands Of Enlightenment

လင်းပွင့်လက်များ



အာဇာနည် ခေါင်းဆောင်ကြီးများအား

ဤကဗျာဖြင့် အမှတ်ရ အလေးပြုလျှက်။





ယူရေနီယံ ကြေးရုပ်


...ပန်ကာ ဖွင့်ပေးပါ...
ပလပ်ပေါက်ကို ရေထဲ နှစ်လိုက်
'အူဝဲ'
ဂဠုန်မီးနေစောင့် တွေကို
ဆေးရုံထဲက နှင်ထုတ်ပေးပါ
..............
လူ ကိုးယောက်
လက်တစ်ဖက်ကို နောက်ပစ်ပြီး
နောက် လက်တစ်ဖက်ကို
ရှေ့ုထုတ် ကာတယ်။
အဲဒီ လူတွေ..အတွက်
ကြေးရုပ်
ပန်းခြံထဲမှာ တစ်ရုပ်ပဲ ထားတယ်
အဲဒီနေ့ ဆို...ရည်းစားနဲ့  လျှောက်လည်တယ်
အဲဒီနေ့ ဆို...မိသားစုနဲ့ ပျော်ပွဲစား ထွက်တယ်
အဲဒီနေ့ ဆို...သူငယ်ချင်းတွေနဲ့ Dota ချိန်းခုတ်တယ်
အဲဒီနေ့ ဆို...နေကာမျက်မှန်တပ်ပြီး တည်းခိုခန်း သွားတယ်
..............
ရွှေတိဂုံဘုရား ပေါ်က အနီရောင်အမွှေးတိုင်တွေ ကတော့
ယူရေနီယံမျက်ရည်စက်တွေနဲ့ 
တစ်ယောက် ရင်ဘတ်ပေါ်
တစ်ယောက် ဒူးထောက်ရင်း
ဆယ်နာရီ သုံးဆယ့်ခုနှစ်မိနစ် ကို
...နောက်တကြိမ် ဘယ်တော့မှ မမွေးဖွားရန်...
..............
သမိုင်းမှာ...အဲဒီနေ့ က ရေဒီယိုက ငိုနေတယ်
လှည်းတန်းမှာ...အဲဒီနေ့ က ရေဒီယိုက ငိုနေတယ်
ဘုရင့်နောင်မှာ...အဲဒီနေ့ က ရေဒီယိုက ငိုနေတယ်
ကမ္ဘာတချို့ ... အင်တာနက်ပေါ်က ငိုနေတယ်
မြန်မာတပြည်လုံး...သောင်းသောင်းဖြဖြ ငိုနေတယ်
..............
သူတို့ ဟာ ငါတို့ ရဲ့ အဖေတွေ ဖြစ်တယ်
သူတို့ ဟာ ငါတို့ ရဲ့ အဘိုးတွေ ဖြစ်တယ်
အဲဒီနေ့ က သူတို့ 
ရည်းစားနဲ့  လျှောက်မလည်ဘူး
အဲဒီနေ့ က သူတို့ 
ပျော်ပွဲစား မထွက်ဘူး
အဲဒီနေ့ က သူတို့ 
တည်းခိုခန်း မသွားဘူး
အဲဒီနေ့ က..သူတို့ 
ရေဒီယို နားမထောင်ဘူး
အဲဒီနေ့ က..သူတို့ ဟာ
အစည်းအဝေး တက်သူများ ဖြစ်တယ်
အဲဒီနေ့ က.....သူတို့ ဟာ
သားပစ် ၊ မယားပစ် သူများ ဖြစ်တယ်
အဲဒီနေ့ က..သူတို့ ဟာ
အတိတ်ရဲ့ ထာဝရ အရိုင်းပင်များ ဖြစ်တယ်
...သူတို့ ဟာ...
လမ်း
...သူတို့ ဟာ...
ဂျူလိုင်လရဲ့  ကျောက်စရစ်ခဲများ
........................................
..............................
.....................
...အဲဒီနေ့ မှာ...
မွေးဖွားသန့် စင်သော ရင်သွေးငယ် တချို့ ကတော့
သူတို့  မွေးနေ့  ရောက်တိုင်း
သရဲခြောက်နေတဲ့ ပြတိုက် တစ်ခု ထဲက
တကျပ်တန် ပိုက်ဆံလေးကို
အရောင် ပြောင်းသွားသလား..ရယ်လို့ 
...နားစွင်နားဖျား...
တိုးဝှေ့  ကြည့်နေကြဆဲ။



အနော်မာ

၁၈.၇.၂၀၁၀
မနက် ၆ နာရီ ၃ မိနစ်

0 comments:

Post a Comment

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter