Hands Of Enlightenment

လင်းပွင့်လက်များ

“ ပုံပြင် အစ ၊ ပုံပြင်အဆုံး ”




အပိုင်းအစတွေကို ပြန်ကောက် ။

တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ။

အိပ်မက်တွေ ၊ အိပ်မက်တွေ ။

ကြယ်တွေ ၊ ကြယ်တွေ ။

မိုးစက်တွေ ၊ မိုးစက်တွေ ။

တိမ်တွေ ၊ တိမ်တွေ ။

ဘာတွေလဲ ၊ ဘာတွေလဲ ။

ဘာတွေ့ လဲ ၊ ဘာတွေ့ လဲ ။

ခရမ်းနုရောင် ၊ ဇာဘော်လီ ။

ခရမ်းနုရောင် ၊ ဆေးလိပ်ငွေ့  ။

ခရမ်းနုရောင် ၊ ရေသန့်ဘူး ။

ခရမ်းနုရောင် ၊ အဲကွန်းလေ သန့်သန့် ။

မြင်သမျှ ၊ ခရမ်းရောင် ၊ ခရမ်းနုရောင်တွေ ။

တိမ်တွေ ၊ တိမ်တွေ ။

မိုးစက်တွေ ၊ မိုးစက်တွေ ။

ကြယ်တွေ ၊ ကြယ်တွေ ။

အိပ်မက်တွေ ၊ အိပ်မက်တွေ ။

မြင်မြင်သမျှ ၊ ခရမ်းရောင်တွေ ။

ဒီနေ့ ၊ ဒီလို ဖြစ်ရမယ် ။

ဖြစ်ကိုဖြစ်ရမယ်လို့ ပညတ်ပြီးပြီ ဆိုတော့လည်း ။

ဒီလိုပဲ ဖြစ်ကြရတော့မှာပေါ့ ။

ကုတင်ဘေးက မျက်မှန်တစ်လက် ။

ဒါက သူမပေါ့ ။

အင်္ကျီဖြူပေါ်က သွေးစွန်းကွက် ။

ဒါက သူမပေါ့ ။

အိုက်စ်ဘယ်ရီက ကော်ဖီခွက် ။

ဒါက သူမပေါ့ ။

ပုသိမ်မြို့ က လူမသိ သူမသိ အနမ်းတစ်ပွင့် ။

ဒါက သူမပေါ့ ။

ဒါတွေ အားလုံးက သူမ ဖြစ်တယ် ။

ဒါ့အပြင် ၊ မန်းမြို့ ရိုးပေါ်မှာ ပွင့်တဲ့ပန်းကလည်း

သူမဖြစ်ကြောင်း ၊ သူမကို ပြောမပြမိခဲ့ ။





....... အ နမ်း ........... တိမ် ...............................
....... အိပ် မက် ......... ကြယ် .............................
............................ ပန်း ...... သွေး .... ကွက် ......
............................. မိုး ........ စက် .................
................................................................
...... ကော် ဖီ ..... မျက်မှန် ....... ခွက် ....................




အားလုံး တစ်စစီ ဆွဲစုတ် ။

တစ်စစီ ဆွဲဖြည့်ကြည့်လိုက်တော့ ..... ။






ဆူးခက်မင်း
18.4.2010

0 comments:

Post a Comment

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter