Hands Of Enlightenment

လင်းပွင့်လက်များ

ကဗျာထဲက စကားလုံးတွေကို
တစ်မျိုးခြင်းဆီ တိုက်ချွတ်ခွဲခြားလိုက်ပါတယ်


ကောင်မလေးတစ်ယောက် ငွေအိပ်မက် မက်တဲ့
တနင်္လာနံဒေါင့်မှာ ဘာသီလမှ မလုံဘူး
နောက် အိုးတစ်လုံးထဲက ကဗျာလုံးတွေ တန်းစီပြီး
ထိုးချလိုက်တယ် ။
မိုးပေါ်ထောင် ပစ်ရင် ခေါင်း ကိုထိမယ်
မြေကြီးကို စိုက်ပစ်ရင်
ခြေမ ကို ထိမယ်
တစ်
နှစ်
သုံး
လေး
ငါး
ဘယ်နေရာမှာမှ သူ့မ အကြောင်းမလွတ်ဘူး
မကျွတ်ဘူး
စီထားပါလိုက်ပါဆိုလို့ စီထားလိုက်တယ်
နံရံ ကို မော့မော့ကြည့်ပြီး
ဘုရားစာရွတ်တယ်
ဘုရားဘုရားဘုရား
အံတင်းကြိတ်မိလိုက်ရာက စ တာပဲ

လူ တစ် ယောက် ကို သတ် ချင် ရင်
အ ရင် ဆုံး လက် ညိုး လေး ကွေး တတ် ဖို့
ဆယ် နှစ် ဆယ် နှစ် … ။

ငါတို့ ကမ္ဘာဆုံးရင် ကမ္ဘာတစ်ဖက်ခြားမှာတွေ့ကြမယ်
ဘုရား ဘုရား ဘုရား
ခုထိ စီထားတုန်း
တိုက်ချွတ်ဆေးကြောတုန်း
ကမ္ဘာပေါ်မှာ နင် နဲ့ ငါ နှစ်ယောက်ပဲ ရှိတော့တယ်
ဘာကို ရှက်နေဦးမှာလဲ .. ( ဆိုတော့ )
လက်ငါးချောင်းထောင်ပြတယ် ။

“ခဗျား စိတ် နဲ့ ကျုပ် လည်း ခု ထိ ကံ မ ကုန် သေး ဘူး”

ငါလဲ ပြုံးနေနိုင်တာပဲပေါ့
အဲ့သလို မျက်နှာပေါ်မှာ
မရှက်ပြုံးတင်ပြီး
ခဗျားလေးလဲ ရှေ့ကသွား
ဘာကို ရှက်နေဦးမှာလဲ
ဤ ပန်းသီးလဲ ချိုပါတယ် .. ။




ရုပ်သေး
ကျွန်တော်နှင့်ကျောက်ခေတ်နှင်းဆီ
www.yotethay.blogspot.com
လင်းပွင့်လက်များ


အကြွေး ဇာတ်ကား ဇာတ်ဝင်ခန်းမှ >>>
လူ တစ် ယောက် ကို သတ် ချင် ရင်
အ ရင် ဆုံး လက် ညိုး လေး ကွေး တတ် ဖို့
ဆယ် နှစ် ဆယ် နှစ် … ။
( ကျော်ဟိန်း )

0 comments:

Post a Comment

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter