Hands Of Enlightenment

လင်းပွင့်လက်များ

ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့

အလိုလို သေသွားမှာ...
ပြောလို့မရတဲ့ အသံတွေကို..
တိတ်တိတ်တိုးတိုး သတ်ပစ်လိုက်ချင်တယ် ၊၊
အလိုလို မသေခင်...
အလိုလို မသေခင် ... ၊၊


‘နာကျည်းလိုက်တာ’

အလိုလို မသေခင်
လေတွေတိုးတိုးလာ
အလိုလို တိုးတိုးလာ
အသက်ရှုရတာ ရောဂါတစ်မျိုးပဲ
အထပ်ထပ် တိုးတိုးလာ
ငါ့ကို ထိုးသတ်သွားတာ
နတ်သမီးဟာ ဓားယောင်ဆောင်လို့
ငါ့ ကို ထိုး သတ် သွား တာ
အထပ်ထပ် တိုးတိုးလာ

‘နာကျည်းလိုက်တာ’

ငါ့ အသံလဲ ငါ ပြန်သိမ်း
နင့် အသံ လဲ ငါ ပြန်ပြန်သိမ်း
နင့်စကားတွေကို ငါ နားမလည်ဘူး
နင့်အသံကို ပဲ ငါ နားလည်တာ
ဆူးလေ တံတားအောက်မှာ
အသံတွေနဲ့လောင်ကျွမ်းသွားတဲ့
ဖိနပ်တစ်ရံ …
တယ်လီဖုန်း ခလုတ်တွေနဲ့
ငါ့လက်ဗွေရာတွေ ဟာ အလာ့ဂျစ်ဖြစ်ဖြစ်နေ ..

‘ငါ နာကျည်းလိုက်တာ’

လေတိုးသံကြားတောင်
ငါ့ဝိဥာဉ်က ငါ့ကိုလန့်
နင့်ဝိဥာဉ်က ငါ့ကိုလှန့်
နှလုံးသွေးဟာ နှေးကွေးလာတယ်
စာလုံးပေါင်းတောင်မြင်လို့မရ
နာမည်လေးလုံးကိုကြားလို့မရ
သွေးကြောတွေထဲမှာ တဆစ်ဆစ်နာတယ်၊၊

ဒေါင်းယောင်ဆောင်တဲ့တောမှာ ကျီးဟာမဲနက်
သစ်ခြောက်ပင်ကိုအစိမ်းချိုးပြီး
လေပြေတွေငိုသွားသည်အထိ
ငါ့ကိုတောခြောက်သွားတာ
ပွင့်ထွက်တော့မဲ့ မွေးရပ်ညမှာ
နတ်ဘုရားကိုဖွဖွဆုတောင်း
ဒီကောင်က ကြားပေမဲ့ မဖြည့်ပေးတတ်တဲ့အမျိုး
ဘာကိုဘယ်လိုနာကျည်းရမယ်မှန်းမသိတဲ့ငါက
ခေါင်းကိုခဏခဏဖြုတ်ထားရမယ်
ငါ့ကိုတောခြောက်သွားတာ
တိတ်တခိုးအသံတို့ သေရွာကပြန်လာပါစေ
အိပ်မက်ကိုနှိုးပြီး မင်းကိုပြောရအုံးမယ်
လေစကားဟာ လေထဲမှာပဲ သေဆုံး
အဖြစ်မရှိပဲရှုံးသွားတဲ့ယုန်တစ်ကောင်ပါ၊၊

အဲ့ဒီလို ငါ့လက်ခုပ်ထဲ ကျလာတဲ့
ကြယ်အပဲ့တွေကို အစိမ်းချုပ်ချုပ်ပြီး
မီးလောင်တိုက်သွင်းရမှာ ..
မှော်မဆန်ဘူး ဒီလိုညလေးလိုမျိုး
သိမ့်သိမ့်တုန်အောင် သိမ့်သိမ့်တုန်အောင်
ငါ့ ရင် ငါ ခြမ်း ..
ဘာမှလဲမရှိတော့ဘူး .
အခုထိလှနေတုန်းပဲ .. ခြေရာတွေ နဲ့ ဆောက်တဲ့ မြို့ထဲ ... ။
တောယောင်ဆောင်သွားတဲ့ ငါ့တိမ်ပျိုရေ ...
ငါ့ကျောရိုးမှာ နူးညံ့တဲ့နိမိတ်တို့သေဆုံးတောက်ပ
ဘ၀ပန်းဝတ်ငုံတွေပွင့်မရဖူးမရ
နာကျည်းစရာမိုးတွေသာ မှတ်ဥာဏ်ထဲမှာ လှိုင်လှိုင်သွန်းချ
ဒီမြေသြဇာနဲ့ နက္ခတ်အကျိုးတွေသာ အပြိုင်ပြိုင်တောက်ပနေတယ် ...။

0 comments:

Post a Comment

အာရုံပေါ်မှုတချို့

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter