Hands Of Enlightenment

လင်းပွင့်လက်များ

ကစဉ့်ကလျား ရုပ်သေး သီချင်း

 

 

ငါ့ကိုငါ ကျကျန်နေခဲ့တာ ကြာပြီ
နန်းတော်ပြတ်ကြီး တခုထဲမှာ
ရုပ်သေးရုပ်အဖြစ်
က လို့ကောင်းတုန်း
ည အလင်း နဲ့ ၀ုန်း ဆို
မှိုတက် ပလ္လင်မှာ မီးထတောက်ခဲ့
ကေသာရှည်ဟာ
မောပန်းနွဲ့  လျ
ရစ်ပတ် ငါ့ ကို ရစ်ပတ်
ငါ့ကိုငါ ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ
ပြန်
ကောက်

တော့
ခြေတခြား ခေါင်းတခြား
ကြိုးတွေ  ရှုပ်လို့ ခက်လို့
နောက် ရာစုအသစ်တခုအထိ
စောင့်ပါရစေဦး
နောက် ခြေလှမ်း တစ်သိန်းပြည့်တဲ့ အချိန်အထိ
စောင့်...........................
........................... ပါ .......................ရ
......စေ...................................
.............................ဦး

မီးခိုးထူဖွေးတွေ ကြားမှာ အသက်ရှုမှားနေရ
ကြိုးဆွဲမှားနေတဲ့ အတိုင်း က နေတဲ့ ရုပ်သေး
အဲ့ဒီ အချိန်
ကြိုးတစ်ချောင်းဖြစ်ခွင့်ရချင်တယ်
ပလ္လင်တခုဖြစ်ခွင့်ရချင်တယ်
နောက် ဘုံငါးဆင့်မှာ မျက်ဝန်း မဟူရာတို့
ပျက် ရွေ့   ပျက် ကွယ်
ပျက် ရွေ့   ပျက် ကွယ်
ဟိုး
ဘုံငါးဆင့်မှာ
တွဲ လို့ ခွဲ လို့  
ရုပ်သေး ကြိုးက
ခုထိ ပြတ်ကျနိုင်ဘူး

နောက် ကမ္ဘာအထိလိုက်ပါရစေဦး
နောက် ကမ္ဘာအထိလိုက်ပါရစေဦး
ဘယ်နေရာကို လှမ်း လှမ်း
ဘယ်နေရာကို ရွှေ့   ရွှေ့  
တထပ်ထဲ ကျအောင် လှမ်းရွှေ့  မယ်
ဘယ် ဘ၀ ကို ရောက်ရောက်
တထပ်ထဲ ကျအောင် လှမ်းရွှေ့  မယ်


                                                

                                                     ရုပ်သေး

0 comments:

Post a Comment

အာရုံပေါ်မှုတချို့

ကြိုးစားထားသမျှ

လင်းပွင့်လက်များ

Followers

အလည်အပတ်

free web counter